May I have your attention, please?

 Unicode Version


ယေ​ရ​မိ​အ​နာ​ဂ​တ္တိ​ကျမ်း ၂၉:၁၃
"ငါ့​ကို​ရှာ​သော​အ​ခါ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​နှင့် ရှာ​လျှင် တွေ့​ကြ​လိမ့်​မည်။"
တစ်စုံတစ်ယောက်ဆီ သင်၏အလေးထားဂရုစိုက်မှုကို ပေးခြင်းက အကောင်းဆုံးသော လက်ဆောင်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်၏အချိန်သည် သင်၏အသက်သာဖြစ်ပါတယ်။
သင်၏မျက်နှာကို တစ်စုံတစ်ယောက်ထံ လှည့်ပြီး ​သူ့ထံသို့ သင်၏မျက်လုံးတို့ကို ထားရှိတဲ့အခါ သူတို့ပြောဆိုမည့်အရာပေါ် သင် စိတ်ဝင်စားကြောင်းနှင့် သင်၏ စစ်မှန်သော သဘောထားကို သူတို့အားခံစားရရှိစေပါတယ်။
ထိုနည်း၎င်းပင် ဘုရားသခင်ထံ သင်ပြုနိုင်ပါတယ်။ သင်၏ဆုတောင်းခြင်းအရာတွင် ဘုရားသခင်ထံ မျက်နှာမူလိုက်ပါ။ အထက်ကိုကြည့်ပါ။ သင်စကားပြောဖို့ အဆင်သင့်ဖြစ်ကြောင်း ဖော်ပြပါ။ သမ္မာကျမ်းစာတွင် မျက်လုံးတို့ကိုမှိတ်ခြင်း (သို့) ဦးခေါင်းညွတ်ရခြင်း အကြောင်းကို မဖော်ပြထားသည့်တိုင် ထိုအရာတို့သည် ကောင်းသော အပြုအမူဖြစ်ပါတယ်။ ကျွန်တော်၏မျက်လုံးများကို မှိတ်ပြီးစဉ်းစားတဲ့ အချိန်အခါတွင် အိပ်ပျော်သွားစေပါတယ်။ ဘုရားထံတော် မျှော်ကြည့်ပြီး ကျယ်သောအသံဖြင့် ကျွန်တော် ​ဝတ်ပြုဆုတောင်းခြင်းကို နှစ်သက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းသည် ကျွန်တော်၏အလေးထားမှုကို ပြန်လည်အာရုံစိုက်နေတယ်ဆိုတာကို သတိပေးသောကြောင့် ဖြစ်ပါတယ်။
ဘုရားသခင်ထံမှ အကူအညီနှင့် ဉာဏ်အမြော်အမြင်ကို လိုအပ်ချိန်တွင် ဒံယေလ ထိုကဲ့သို့ပြုခဲ့ပါတယ်။

ဒံ​ယေ​လ​အ​နာ​ဂ​တ္တိ​ကျမ်း ၉:၃
"အ​စာ​ကို​ရှောင်​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ ပြာ​နှင့် လူး​လျက်၊ အ​ရှင်​ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ချဉ်း​ကပ်၍ ဆု​တောင်း​ပ​တ္ထ​နာ ပြု၏။"

နှုတ်ကပတ်တော်မှတဆင့် ဘုရားသခင်ကို သင်နားထောင်ပြီး နောက်တွင် ဒုတိယခြေလှမ်းဖြစ်တဲ့ဆုတောင်းခြင်းမှတဆင့် ဘုရားသခင်ကို ရှာဖွေခြင်းဖြစ်ပါတယ်။
ဘုရားကိုရှာသောသူတွေအတွက် သမ္မာကျမ်းစာတွင် များစွာသော ကတိတော်တို့ကို ပြုထားပါတယ်။
အာ​မုတ်​အ​နာ​ဂ​တ္တိ​ကျမ်း ၅:၄
"ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အား မိန့်​တော်​မူ​သည်​ကား၊ ငါ့​ကို ရှာ​ကြ​လော့။ ရှာ​လျှင် အ​သက်​ချမ်း​သာ​ရ​ကြ​လိမ့်​မည်။"
ဘုရားသခင်ကို အစဉ်မပျက်ရှာဖွေသည့်အလျာက်  မည်ကဲ့သို့ စစ်မှန်စွာ အသက်ရှင်ရမည်ကို သင့်အားစတင်လေ့လာမှု ပြုစေပါလိမ့်မည်။

သု​တ္တံ​ကျမ်း ၈:၁၇
"ငါ့​ကို​ချစ်​သော သူ​တို့​ကို ငါ​ချစ်၏။ ငါ့​ကို​ကြိုး​စား၍ ရှာ​သော​သူ​တို့​သည် တွေ့​တတ်​ကြ၏။"
ဘုရားသခင်ကို ရှာဖွေခြင်းအရာ၌ သင်ခက်ခဲနေပါငလား။ တစုံတခုကို ဘုရားသခင်ထံမှ ရရှိချင်ရုံလေးမဟုတ်ဘဲ သူ့အား သိကျွမ်းလိုခြင်း စသော စစ်မှန်သောအကြောင်းရင်းဖြင့် ရှာဖွေကြောင်း သေချာစေပါ။

ယေ​ရ​မိ​အ​နာ​ဂ​တ္တိ​ကျမ်း ၂၉:၁၃
"ငါ့​ကို​ရှာ​သော​အ​ခါ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​နှင့် ရှာ​လျှင် တွေ့​ကြ​လိမ့်​မည်။"
ဘုရားသခင်ကို သင်အမှန်တကယ် သိကျွမ်းလိုတဲ့အခါမှာ သင်၏အာရုံပြုချိန်တွင်သာမဟုတ်ဘဲ ဘုရားသခင်ကို ရှာဖွေတွေ့ရှိ ပါလိမ့်မယ်။

ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ ၁၁:၆
"ယုံ​ကြည်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်၏ စိတ်​တော်​
နှင့်​မ​တွေ့​နိုင်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​သည်၊ ဘု​ရား​သ​ခင် ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို ရှာ​သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ရ​မည်။"

သင်၏ဘဏ္ဍာရေး ၊ပေါင်းသင်းဆက်ဆံရေးနှင့် အနာဂတ်အတွက် ဘုရားသခင်၏ ချီးမြှင့်မှုကို အလို ရှိပါသလား။ သူ့အားရှာဖွေလိုက်ပါ။

ရှင်​လု​ကာ​ခ​ရစ်​ဝင် ၁၂:၃၁
"သင်​တို့​မူ​ကား ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍ ပေး​တော်​မူ​လ​တ္တံ့။"

ဘုရားသခင်ကို ဦးစားပေးရှာဖွေပြီး နောက်တော်သို့လိုက်သောသူအဖြစ် ​ ရှိပါလျှင် ကမ္ဘာလောကကြီးကပြောနေတဲ့ စိတ်ဖိစီးစရာတွေနဲ့ပတ်သက်ပြီး သင်စိုးရိမ်စရာ မလိုတော့ပါ။ သင်၏အလေးထားမှုကို ဘုရားသခင်ထံပေးပါ။ ဘုရားသခင်ထံ မျက်နှာမူပြီး သင့်အသက်တာ၏ ပထမနေရာကို ပေးလိုကြောင်း ဖော်ပြလိုက်ပါ။

ဆင်ခြင်ရန်
- သင့်အတွက် လာမည့်နှစ်သည် ပြီးပြည့်စုံသောနှစ်အဖြစ် မြင်ရဖို့ရန် ကြံစည်မည်ဆိုလျှင်သော်လည်းကောင်း ၊ အသက်တာတွင် ပြောင်းလဲမှုအကုန်လုံး ဖြစ်လာဖို့ သင်အလိုရှိလျှင် သော်လည်းကောင်း ထိုအရာတွေက မည်ကဲ့သို့သော ပုံစံဖြစ်မည်ကို သင်ထင်​မြင်ပါသနည်း။
- ဘုရားသခင်ပေါ် အာရုံထားခြင်းက သင်၏အိမ်မက် ပန်းတိုင်နှင့် အကြံအစည်တွေအတွက် မည်ကဲ့သို့သော မှန်ကန်သောရှုထောင့်အမြင်ကိုပေးပါသနည်း။
- သူအားရှာဖွေဖို့ရန် ဘုရားသခင်အလိုရှိခြင်းက ဘာကြောင့်လိုသင်ထင်မြင်ပါသနည်း။