Seek God, Not His Gifts

 Unicode Version 

Seek God, Not His Gifts 

ဆာ​လံ​ကျမ်း ၁၄:၂-၃
"နား​လည်​သော​သူ၊ ဘု​ရား​သ​ခင်​ကို​ရှာ​သော​သူ တစ်​စုံ​တစ်​ယောက်​ရှိ​သည် မ​ရှိ​သည်​ကို​သိ​မြင်​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ကင်​ပေါ်​က လူ​သား​တို့​ကို ငုံ့​၍​ကြည့်​ရှု​တော်​မူ​၏။ လူ​အ​ပေါင်း​တို့​သည် လမ်း​လွဲ​ကြ​ပြီ။ တ​ညီ​တ​ညွတ်​တည်း ဆွေး​မြေ့​ယို​ယွင်း​ခြင်း​ရှိ​ကြ​၏။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မ​ရှိ။ တစ်​ယောက်​မျှ​မ​ရှိ။"
သန်းပေါင်းများစွာသော ခရစ်ယာန်တို့သည် ကိုယ်တိုင်ဘုရားသခင်အားရှာဖွေခြင်းတွင် အချိန်မပေးကြဘဲ ဘုရားသခင်သူတို့ကို မည်သည့်အရာပေးဖို့ရှိမလဲဆိုတဲ့ ရှာဖွေခြင်းထဲမှာ အချိန်ကုန်တတ်ကြပါတယ်။ 
အနာရောဂါပျောက်ကင်းဖို့ရန်နှင့် နဂိုအခြေအနေ ပြန်လည်ရရှိဖို့ရာအတွက် သင်တောင်းတဲ့အခါ အံ့သြဖွယ်ရာ အလိုရှိခြင်းက ကောင်းပါတယ်။ သို့ပေမယ့် အခြေခံအားဖြင့် သင်၏ရှာဖွေခြင်းတွေက အံသြဖွယ်ရာတွေ၊ နမိတ် လက္ခဏာတွေ ၊ ကြွယ်ဝမှုတွေ ၊တခြားသောဆုကျေးဇူးတွေထက် ဘုရားသခင်ကိုယ်တိုင်ဖြစ်သင့်ပါတယ်။ 
" အဖဘုရားသခင်.... သခင့်အား ကျွန်ုပ် အလိုရှိပါ၏ ။ သခင့်အား ရင်းနှီးကျွမ်းဝင်ချင်ပါသည်" မှာ သင်၏ ဖြစ်သင့်သော ဆုတောင်းချက်ဖြစ်ပါတယ်။ ဘုရားသခင်ကို သင်ရှာဖွေတဲ့အခါမှာ နောက်ထပ်အရာများစွာ သင်ရရှိပါမည်။ 

ဘုရားသခင်ကို ရှာဖွေသောသူအဖို့ သမ္မာကျမ်းစာတွင် များစွာသောကတိတော်တို့ကို ဘုရားသခင်ကိုယ်တိုင် ပေးထားပြီးဖြစ်ပါတယ်။ 

ရာ​ဇ​ဝင်​ချုပ်​ဒု​တိ​ယ​စောင် ၇:၁၄
"ငါ့​နာ​မ​ဖြင့်​သ​မုတ်​သော ငါ့​လူ​တို့​သည် ကိုယ်​ကို​နှိမ့်​ချ​သ​ဖြင့်၊ ငါ့​မျက်​နှာ​ကို​ရှာ​လျက် ဆု​တောင်း​ပ​တ္ထ​နာ​ပြု၍ အ​ဓ​မ္မ​လမ်း​ကို​လွှဲ​ရှောင်​လျှင် ငါ​သည် ကောင်း​ကင်​ဘုံ၌ နား​ထောင်​မည်။ သူ​တို့​အ​ပြစ်​ကို​ဖြေ၍ သူ​တို့​ပြည်​ကို ချမ်း​သာ​ပေး​မည်။" 

သု​တ္တံ​ကျမ်း ၈:၁၇
​"ငါ့​ကို​ချစ်​သော သူ​တို့​ကို ငါ​ချစ်၏။ ငါ့​ကို​ကြိုး​စား၍ ရှာ​သော​သူ​တို့​သည် တွေ့​တတ်​ကြ၏။"
ဟေ​ဗြဲ​ဩ​ဝါ​ဒ​စာ ၁၁:၆
"ယုံ​ကြည်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​သည်၊ ဘု​ရား​သ​ခင် ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို ရှာ​သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ရ​မည်။" 

တရားဟောရာကျမ်း ၄:၂၉-၃၁
"သို့​သော်​လည်း၊ ထို​အ​ရပ်​တို့၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို တစ်​ဖန်​ရှာ​လို​သော​အ​ခါ၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ရှာ​လျှင် တွေ့​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် နောင်​ကာ​လ၌ ဒု​က္ခ​ဆင်း​ရဲ​ကို​ခံ​ရ၍၊ ဤ​အ​မှု​အ​လုံး​စုံ​တို့​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ၍ စ​ကား​တော်​ကို​နား​ထောင်​လျှင်၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​တတ်​သော​ဘု​ရား ဖြစ်​တော်​မူ​သော​ကြောင့် သင်​တို့​ကို စွန့်​ပစ်​ဖျက်​ဆီး​တော်​မ​မူ။ သင်​တို့​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပ​ဋိ​ညာဉ်​တ​ရား​ကို မေ့​လျော့​တော်​မ​မူ။"


ဘုရားသခင်၏ကောင်းချီးထက် ဘုရားသခင်ကိုရှာပါ။ ဆိုလိုသည်မှာ သင်အလိုရှိသောအဖြေကို ရသည်ဖြစ်စေ ၊မရသည်ဖြစ်စေ ဘုရားသခင်ကို ပိုမိုသိရှိခြင်း အရာ၌ ဝမ်းမြောက်ခြင်းကို သင်ရှာဖွေတွေ့ရှိပါလိမ့်မည်။
သင့်အတွက်ကောင်းပါတယ်လို့ သင်ထင်မြင်တဲ့အရာကို  သင်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သင့်အတွက်အကောင်းဆုံးပါလို့ ဘုရားသခင် တွေးမြင်တဲ့အရာပေါ်မှာ သင်ကျေနပ်နေပါလိမ့်မည်။
ကွာရှင်း​ပြတ်စဲခြင်း (သို့)အကြံအစည် ပျက်စီးခြင်း (သို့)အလုပ်ဆုံးရှုံးရခြင်းတို့ကို သင်ရင်ဆိုင်ဖြတ်သန်းရတဲ့အခါမှာ ဘုရားသခင်ကိုရှာပါ။ သင်၏နာကျင်မှုများမှ သင့်ကို လွှတ်မြောက်ခြင်း ပေးပါမည်။ 

ကုန်လွန်ခဲ့​​သော ကာလတွေသည် ပေါ့ပေါ့တန်တန်  မဟုတ်ပါဘူး။ သင်၏ အလုပ်ပြီးချိန် (သို့) social media မှာ ရှာဖွေမှု ပြုပြီး နောက်ပိုင်း အပိုချိန်ဖြင့် ဘုရားသခင်ကို မရှာပါနှင့်။ သင့်အသက်တာ၏ အဓိကဦးစားပေးမှုအ​ဖြစ်  ဘုရားသခင်ကို အာရုံစိုက်ခြင်းအားဖြင့် ပိုမိုသိကျွမ်းဖို့ရန် လုပ်ဆောင်ပါ။ 
ဆာ​လံ​ကျမ်း ၁၄:၂
"နား​လည်​သော​သူ၊ ဘု​ရား​သ​ခင်​ကို​ရှာ​သော​သူ တစ်​စုံ​တစ်​ယောက်​ရှိ​သည် မ​ရှိ​သည်​ကို​သိ​မြင်​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ကင်​ပေါ်​က လူ​သား​တို့​ကို ငုံ့​၍​ကြည့်​ရှု​တော်​မူ​၏။" 

ဘုရားသခင်အား အလေးအနက်ထားပြီး ရှာဖွေသောသူတွေကို တွေ့ရခက်ပါတယ်။ မိမိအား ဘုရားသခင် ပြောင်းလဲမှု ပြုပေးဖို့ရန်မဟုတ်ဘဲ ကောင်းချီး အလုံအလောက်ပေးဖို့ရန်သာ ကျွန်ုပ်တို့အများစု အလိုရှိကြပါတယ်။ 
သင်၏အပိုချိန်တွေဖြင့် အိုလံပစ်အားကစားသမားမဖြစ်လာနိုင်ပါဘူး။ ထိုနည်းတူစွာ သင်၏လက်ကျန်အချိန်ပိုအား သခင်ယေရှုကိုပေးခြင်းအားဖြင့်လည်း သစ္စာရှိသောတပည့်တော် မဖြစ်လာနိုင်ပါ။ ဘုရားသခင်အား သင်၏အဦးဆုံးသော၊ အကောင်းဆုံးသောအရာကို ပေးအပ်လိုက်ပါ။ ဘုရားသခင်ကိုယ်တိုင် ကတိတော်တွေကို တည်စေပါလိမ့်မည်။