Unicode Version
ဒံယေလအနာဂတ္တိကျမ်း ၉:၂
"ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ပရောဖက်ယေရမိ ခံဖူးသည်ဖြစ်၍၊ ခါလဒဲနိုင်ငံကို အစိုးရသော မေဒိအမျိုး၊ အာရွှေရုသားဒါရိ နန်းစံပထမနှစ်တွင်၊ ငါ ဒံယေလသည် ထိုနှစ်ပေါင်းအရေအတွက်ကို ကျမ်းစာအားဖြင့် သိရသောကြောင့်၊ အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ ပြာနှင့် လူးလျက်၊ အရှင်ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပတ္ထနာ ပြု၏။"
သင်၏ ဆုတောင်းချက်ကို ထိရောက်မှုဖြစ်စေရန်အတွက် ပထမဦးစွာ သမ္မာကျမ်းစာရှိ နှုတ်ကပတ်တော်တို့ကို ဖတ်ရှုခြင်းအားဖြင့် ဘုရားသခင်ဆီ နားထောင်ပါ။ သင့်အား ဘုရားသခင်စကားပြောဖို့ရန် သင်ခွင့်ပြုဖို့ လိုအပ်ပါတယ်။ သို့မှသာ ဘယ်ကဲ့သို့ဆုတောင်းရမည်၊ ဘယ်နေရာမှာဆုတောင်းရမည်နှင့် ဘယ်အချိန်တွင်ဆုတောင်းရမည်ကို သင်သိရှိနားလည်ပါမည်။
ဒံယေ လသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သိရှိသောကြောင့် ထိရောက်စွာ ဆုတောင်းခဲ့ပါတယ်။ သူသည် စစ်သုံ့ပန်း အုပ်ချုပ်မှု (၃) မျိုးလုံးမှလွှတ်မြောက်ခဲ့ပြီး ၎င်းတို့အတွင်း၌ပင် ရာထူးတိုးမြင့်ခြင်းတောင် ရရှိခံစားခဲ့ရပါတယ်။ သူသည်အသက် ၈၅ နှစ်ရှိပြီး ဘုရားသခင်၏ကတိတော်ဖြစ်တဲ့ ဘာဗာဗုလုန် တွင် နှစ်ပေါင်း (၇၀) အကြာ၌ ဣသရေလလူမျိုးတို့ကို အိမ်သို့ပို့ဆောင်ပေးမည်ဆိုတဲ့အရာကို သိရှိခဲ့ပါတယ်။ သို့ပေမဲ့လည်း ဣသရေလလူမျိုးတို့ ဘုရားသခင်ထံ ပြန်မလှည့်ဖူးဆိုတာကို သူသိနေခဲ့ပါတယ်။ နှစ်ပေါင်း (၇၀) ကြာပြီးနောက်တွင် ဣသရေလလူမျိုးတို့သည် အရင်လိုပဲ အသက်တာ သပွတ်အူလိုက် ဖြစ်နေစဲ ဖြစ်ပါတယ်။
သမ္မာတရားကို ဒံယေလ လေ့လာခဲ့ခြင်းကြောင့် ဣသရေလတို့အတွက် လိုအပ်သောအရာနှင့် ဘုရားသခင်၏ကတိတော်ကို သူသိရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဉာဏ်အမြော်အမြင်ရှိတဲ့ဆုံးဖြတ်ချက်ကို သူချနိုင်ခဲ့ပါတယ်။
နေ့စဉ်နေ့တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားတို့ကို ဒံယေလလို သင် မလေ့လာသရွေ့ သင်၏ဆုတောင်းသည် ဘယ်တော့မှထိရောက်မှာမဟုတ်ပါဘူး။ သမ္မာတရားကို သင်သိရှိလေလေ သင့်ဆုတောင်းချက် တို့အဖြေ ရရှိလေဖြစ်ပါတယ်။ နေ့ စဉ်နေ့တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်ဖတ်ရှုလေ့လာဖို့ လိုပါတယ်။ သို့မှသာ ဘုရားသခင် သင့်အား ပြုထားတော်မူသောကတိတော်တို့ကို သင်အမှတ်ရနေမှာ ဖြစ်ပါတယ်။
အိပ်ရာမဝင်ခင်တွင် အချိန်မယူပဲမနေပါနဲ့။ ဘယ်လောက်ပင် ကြာညောင်းနေပါစေ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး ဘုရားသခင်နှင့် စကားပြောခြင်းအားဖြင့် ဘုရားထံတော် ချဉ်းကပ်တိုးဝင်နားထောင်ပါ။ ဤအရာကို ဒံယေလသည် တစ်နေ့ကို (၃) ကြိမ်တိုင် နှစ်ပေါင်း ၇၀ မက လုပ်ဆောင်ခဲ့ပါတယ်။ သူ့အတွက် ထိုသို့ပြုခြင်းသည် နေ့စဉ်ဓူဝ အမူအကျင့် ဖြစ်ခဲ့ပါတယ်။
သင့်အသက်တာ တစ်ခုလုံးအတွက် တစ်ရက်ကို (၃) ကြိမ် ဘုရားနှင့်စကားပြောခဲ့မယ်ဆိုလျှင် အသက်တာထူးခြားမှု ဖြစ်လိမ့်မည်ဟု သင်ထင်မြင်ပါသလား။ ဒံယေလသည် ပြသနာများကို ရှောင်ရှားခဲ့ပြီး ဉာဏ်အမြော်အမြင်ရှိလာခဲ့ပါတယ်။ ရာထူးတိုးမြှင့် ခံရသည်မှာလည်း အံ့သြစရာ မဟုတ်ပါ။
နေ့စဉ်သမ္မာတရားလေ့လာခြင်းနှင့် ဆုတောင်းခြင်းအမူအကျင့်ကို ဖွံ့ဖြိုး တိုးတက်စေခြင်းသည် သင်၏အသက်တာကို လုံးဝဥဿုံ ပြောင်းလဲပေးပါလိမ့်မည်။ သင်၏စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်များနှင့် ဝိညာဉ်ရေးရာကဏ္ဍ တို့ကို ခိုင်မာလာစေပါမည်။ မိမိကိုယ်ကို ယုံကြည်မှုပိုမို များလာပြီး ကြောက်ရွံ့သောစိတ်တွေ စိတ်ဖိစီးတွေမှုတွေ လျော့နည်းသွားစေပါလိမ့်မယ်။ ၎င်းသည် သင့်အသက်တာ နေ့စဉ်အခန်းကဏ္ဍတိုင်းကို တိုးတက်လာစေပါလိမ့်မယ်။
ဆုတောင်ခြင်း နှင့် နှုတ်ကပတ်တော် လေ့လာခြင်းဆိုင်ရာ စိတ်အားထက်သန်ခြင်းကို ယနေ့တွင် သင်စတင်လိုက်ပါ။ သို့မှသာ ဘုရားသခင်ထံ သင်နားဆင်နိုင်ပြီး စကားပြောနိုင်ပါမည်။
ဆင်ခြင်ရန်
- သမ္မာတရား လေ့လာခြင်းအတွက် သင့်အားအနှောက်အယှက်ဖြစ်စေသော အရာတစ်ခု (သို့) ဝေးကွာစေသော အရာတစ်ခုကို ဖော်ပြပါ။ ထိုအရာက ဘုရား၏နှုတ်ကပတ်တော်ထက် မည်ကဲ့သို့ဦးစားပေးမှုအရာအဖြစ် နေရာယူနေပါသနည်း။
-ငြိမ်သက်ပြီး နားထောင်ခြင်းပြုဖို့ရန် မကြာခဏဆိုသလို ခက်ခဲတယ်လို သင်ဘာကြောင့် ထင်မြင်ပါသနည်း။
- ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို ဖတ်ရှုသည့်အလေ့အထကို သင်စတင်တဲ့အခါ ကြီးကြီးမားမား လုပ်စရာ မလိုပါ။ နေ့စဉ်သမ္မာကျမ်းစာ ဖတ်ရှုခြင်း၊ အချိန်မည်မျှနှစ်မြှုပ်ခြင်း နှင့် သင့်အတွက်အကောင်းဆုံး ပြုမည့်အချိန် ကိုဆုံးဖြတ်ပါ။