God will make a way

 Unicode Version


သု​တ္တံ​ကျမ်း ၃:၅-၆
"ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကိုး​စား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။ သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။"

ယခုအချိန်တွင် ဘဏ္ဍာရေး၊  စိတ်ခံစားမှုအရေး (သို့) ပေါင်းသင်းဆက်ဆံရေးတို့တွင် သေခြင်း၏ လမ်းဆုံးအရာဖြစ်တယ်လို့ သင်ခံစားရကောင်း ခံစားရပါမည်။ သို့ပေမဲ့ ရှေ့လာမည့် အနာဂတ်ကို သင်မမြင်ရသည့်တိုင် ဘုရားသခင်အား ကိုးစားပြီး ယုံကြည်ခြင်းဖြင့် ဆက်သွားပါလျှင် သင်၏လမ်းကို ပြုပြင်ပေးပါလိမ့်မည်။
သင်၏ရှေ့မှ ချမှတ်ပေးသော ဘုရားရဲ့လမ်းကြောင်းကို သင်ဦးတည်လိုက်တဲ့အလျောက် ဘုရားသခင်၏ အကြံအစည်တော်ကို ပိုပြီးနားလည်လာစေမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ လမ်းကြောင်းပေါ် သင်စတင်ဖို့ရန်အတွက် နားလည်ခြင်းအရာက သင့်အတွက်လို့အပ်မှုမဟုတ်တော့ပါဘူး။
သု​တ္တံ​ကျမ်း ၄:၁၈
"ဖြောင့်​မတ်​သော​သူ​တို့၏​လမ်း​သည် တက်​သော​အ​ရုဏ်​ကဲ့​သို့​ဖြစ်၍၊ နေ​ထွက်​သည်​တိုင်​အောင် တိုး​ပွား​ထွန်း​လင်း​တတ်၏။"
တနေ့တွင် နိစ္စထာဝရ၌ အလင်းရောင်အပြည့်ဖြင့် မတ်တတ်ရပ်ပြီး ပြီးပြည့်စုံတဲ့ ပန်းချီကားကြီးကို မြင်ရပါလိမ့်မည်။ သင့်အတွက် အထူးရွေးချယ်ထားသော လမ်း၏နောက်ကွယ်က ဘုရားသခင်၏ ရည်ရွယ်ချက်တို့ကို သင်တွေ့မြင်ပါလိမ့်မည်။

ယခုအချိန်တွင် သုတ္တံကျမ်း တွင်ဆိုသည့်အတိုင်း လုပ်ဆောင်နေပါ။
သု​တ္တံ​ကျမ်း ၃:၅-၆
"ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကိုး​စား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။ သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​ကို မျက်​မှောက်​ပြု​လော့။ သို့​ပြု​လျှင်၊ သင်၏​လမ်း​ခ​ရီး​တို့​ကို ပဲ့​ပြင်​တော်​မူ​မည်။"

သည်းခံပါ။ ဘုရားသခင်သည် သူ၏လုပ်ဆောင်နေမှုတွေကို သိရှိနားလည်ပါတယ်။ သင့်အတွက် အကောင်းဆုံးသောအရာကို သူသိပါတယ်။ ဘုရားသခင် ကောင်းမြတ်သောကြောင့် သင်သူ့အားယုံကြည်နိုင်ပါတယ်။ အဆုံး၏ရလဒ်တို့ကို သင်မမြင်နိုင်ပေမယ့် ဘုရားသခင်မြင်ပါတယ်။ ပြဿနာအားလုံး ၊အခက်အခဲအားလုံး ၊ကြန့်ကြာမှုအားလုံး၊  သင်က "ဘာကြောင့်" လို့ မေးရတဲ့အရာအားလုံးတို့သည် တစ်နေ့တွင်ဘုရားသခင်၏ ချစ်ခြင်းအလင်းရောင်အောက်တွင် ရှင်းလင်းသွားစေပါလိမ့်မယ်။
ယခုအချိန်တွင်တော့ ဘုရားသခင်ကို ယုံကြည်ဖို့ရန် သင်လေ့လာစဲဖြစ်ပါတယ်။ ဆက်လက်ယုံကြည်ပြီး သင်အတွက် ချမှတ်ပေးသော လမ်းကြောင်းပေါ်ဦးတည်လိုက်ပါ။

ဆင်ခြင်ရန်
- သင်လမ်းပျောက်နေခဲ့စဉ်တွင် ဘုရားသခင် သင့်အတွက် မည်ကဲ့သို့လမ်းပြပေးခဲ့ပါသနည်း။
- ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ ကိုးစားခြင်းမှ သင့်အားမည်သည့်အရာက ဝေးကွာစေပါသနည်း။