God designed you to hear His Voice

 Unicode Version


ယော​ဘ​ဝ​တ္တု ၃၃:၁၄
"ဘု​ရား​သ​ခင်​သည် တစ်​ကြိမ်​မိန့်​မြွက်​တော်​မူ၏။ လူ​မ​ရိပ်​မိ​လျှင် နှစ်​ကြိမ်​တိုင်​အောင် မိန့်​မြွက်​တော်​မူ၏။"

ဘုရားသခင်သည် သူ၏အသံတော်ကိုကြားရဖို့ရန် သင့်အားစီမံထားပါတယ်။ သဘောတရားအားဖြင့် ဘုရားသခင်ထံမှ သင်လမ်းညွှန်မူရရှိဖို့ရန် "လက်ခံသူ" တစ်မျိုးတစားကို ခွင့်ပြုထားခဲ့ပါတယ်။

မည်သို့​သော ဆက်သွယ်မှုလမ်းကြောင်းကို ဘုရားသခင် အသုံးပြုပါသနည်း။ အခြေခံသဘောတရားအားဖြင့် ဘုရားသခင်သည် သမ္မာတရားအားဖြင့် စကားပြောပါတယ်။ ဒါကြောင့်လည်း  သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုဖို့ရန် အရေးကြီးခြင်းဖြစ်ပါတယ်။ ဘုရားသခင်၏ အလိုတော်တို့ကို သူ၏နှုတ်ကပတ်တော်တွင် တွေ့​မြင်ရပါတယ်။ ၎င်းသည် ဘုရားသခင်ထံမှလာသော သတင်းစကားဖြစ်ပါလျှင် ခံစားမှုတစ်ခုအဖြစ် သင်သိရှိခြင်းဖြစ်ပါတယ်။
ဓမ္မဆရာများထံမှတဆင့်လည်း ဘုရားသခင်စကားပြောပါတယ်။ ဘုရားကျောင်းရောက်ရှိခဲ့စဉ် (သို့) သမ္မာကျမ်းစာလေ့လာစဉ်တွင် ဆရာသမားတို့၏ ပြောကြားချက်တွေက သင့်ကိုတိုက်ရိုက်ပြောနေကြောင်း သင်ခံစားရခဲ့ရဖူးပါသလား။ ထိုအခိုက်အတန့်သည် ဘုရားသခင်သင့်အား  တိုက်ရိုက်စကားပြောခြင်းဖြစ်ပါတယ်။
တခြားသောယုံကြည်သူခရစ်ယာန်တို့အားဖြင့် ဘုရားသခင်သည် သင့်အား စကားပြောပါတယ်။ သင့်အားဖြင့်လည်း စကားပြောပါတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လေ့လာပြီး သခင့်ဆီအစဉ် နားထောင်နေတဲ့အခါမှာ ကြားနာစေလိုသောလူတို့ဆီ ပြောလိုသောစကားတို့ကို တစ်ခါတစ်ရံ သင့်အားပြောစေခြင်းဖြင့် အသုံးပြုပါလိမ့်မည်။ ဘုရားသခင်သည် တစ်စုံတစ်ရာကို သင်းအုပ်ဆရာတို့ကိုသာ ဖော်ပြပေးသည်မဟုတ်ပါ။ ယုံကြည်သူတိုင်းဆီ မတူနီသောအချိန်ကာလတွေမှာ စကားပြောပါတယ်။ သင့်၏ အခြေအနေ (သို့) နာကျင်မှုများမှတဆင့် ဘုရားသခင် စကားပြောပါတယ်။
ယော​ဘ​ဝ​တ္တု ၃၃:၁၄
"ဘု​ရား​သ​ခင်​သည် တစ်​ကြိမ်​မိန့်​မြွက်​တော်​မူ၏။ လူ​မ​ရိပ်​မိ​လျှင် နှစ်​ကြိမ်​တိုင်​အောင် မိန့်​မြွက်​တော်​မူ၏။"

ဘုရားသခင်သည် အချိန်တိုင်း စကားပြောပါသည်။ သို့ပေမယ့် သင်နားထောင်ဖို့တော့လိုပါတယ်။ ဘုရားသခင်ထံ အသံတော်ကိုကြားရဖို့ရန် အသံညှိယူပါ။ သမ္မာတရားလမ်း၊ မှန်သောလမ်းပေါ် သင့်အားဦးဆောင်သွားပါလိမ့်မည်။
ဆင်ခြင်ရန်
-ဘုရားသခင်သည် သင့်အားစကားပြောဖို့ မည်သို့​သောနည်းလမ်းကို မကြာခဏ အသုံးပြုပါသနည်း။ -တစ်ဦးတစ်ယောက်သောသူအဖြစ် စကားပြောဖို့ရန် ဘုရားသခင်သင့်အား မည်သို့အသုံးပြုပါသနည်း။
- ဘုရားသခင်နှင့် သူ၏ချစ်ခြင်းမေတ္တာသည် သင့်အတွက်ဖြစ်ကြောင်းကို သင်နာကျင်ခံစားရချိန်တွေမှာ သင့်အား မည်သို့သွန်သင်ပါသနည်း။