Expect God to answer your prayers.

 Unicode Version


ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ ၁:၅-၈
"သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။- သို့​ရာ​တွင် တွေး​တော​ခြင်း​မ​ရှိ​ဘဲ ယုံ​ကြည်​သော​စိတ်​နှင့် တောင်း​ရ​မည်။ တွေး​တော​ခြင်း​ရှိ​သော သူ​သည်​ကား၊ လေ​ခတ်၍​လှုပ်​ရှား​တတ်​သော လှိုင်း​တံ​ပိုး​နှင့်​တူ၏။- ထို​သို့​သော​သူ​သည် စိတ်​နှစ်​ခွ​ရှိ​သော​သူ၊ ပြု​လေ​သ​မျှ​တို့၌ မ​တည်​ကြည်​သော​သူ​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​မှ တစ်​စုံ​တစ်​ခု​ကို ရ​မည်​ဟု မ​ထင်​မ​မှတ်​စေ​နှင့်။"

အသက်တာတွင် သင့်အားဘုရားသခင် လမ်းညွှန်မှု ပြုချင်ပါတယ်။ သို့ပေမယ့် (၂) မျိုးသောအရာကိုသင်သိထားရပါမည်။ မှန်ကန်သောသူ၊  မှန်ကန်သောစိတ်သဘောထားဖြင့် မေးဖို့တော့ လိုပါတယ်။ မှန်ကန်သောသူသည် ဘုရားသခင်ဖြစ်ပြီး ၊ မှန်ကန်သောစိတ်သဘောထားသည် ယုံကြည်ခြင်းဖြစ်ပါတယ်။အဖြေ ရရှိဖို့ရန် ယုံကြည်ခြင်းဖြစ်ပါတယ်။
တစ်စုံတစ်ခုကို ရရှိဖို့ရန် မျှော်လင့်ခြင်းမထားရှိဘဲ ဘုရားသခင်ထံ သင်တောင်းလျှောက် ခဲ့ဖူးပါသလား။ ဒါကြောင့်လည်း သင် မရရှိတာဖြစ်ပါတယ်။ ယုံကြည်ခြင်းအားဖြင့် သင့်အသက်သာကို ဘုရားသခင် လုပ်ဆောင်မှုပြုပါတယ်။

ကျွန်ုပ်တို့သည် မကြာခဏပင် " အဖဘုရားသခင်...  ကျွန်ုပ်အား လမ်းပြတော်မူပါ" ဆိုပြီး လမ်းညွှန်မှုကိုမစောင့်ဆိုင်းဘဲ ကျွန်ပ်တို့လုပ်ချင်တာလုပ်ကြပါတယ်။  ပြဿနာပေါ် လုပ်ဆောင်မှုချက်ချင်း ပြုကြ ပါတယ်။ မှန်ကန်သောဆုံးဖြတ်ချက်ကို ပြုဖို့ရန် အကူအညီနှင့် ဉာဏ်အမြော်အမြင်ကို ဘုရားသခင်ပေးဖို့ရန် အလိုရှိကြပါတယ်လို့ ကျွန်ုပ်တို့ပြောကြပါတယ်။ သို့ပေမယ် ဘုရားသခင်ပြုဖို့ရန် ကျွန်တော်တို့အမှန်တကယ်မမျှော်လင့်ကြပါဘူး။ အရာအားလုံး ကျွန်ုပ်တို့ပေါ်မှာ မူတည်တယ်လို့ပဲ ထင်မြင် ကြပါတယ်။
သို့ပေမဲ့ သင်တောင်းဆိုပါလျှင် ဉာဏ်အမြော်အမြင်ပေးမည်ဆိုတဲ့ ကတိတော် ဘုရားသခင်၌ ရှိပါတယ်။ ဉာဏ်အမြော်အမြင်ဆိုသည်မှာ ဘုရားသခင်၏ ရှုထောင့်အမြင်ဖြင့် အသက်တာကိုရှုမြင်ခြင်းဖြစ်ပါတယ်။ ဘုရားသခင်ပြုသော ဆုံးဖြတ်ချက်နည်းလမ်းအတိုင်း ဆုံးဖြတ်နိုင်စွမ်းကို ဆိုလိုပါတယ်။

ဤအကြောင်းကိုဆင်ခြင်ကြည့်ပါ။ မကောင်းသောဆုံးဖြတ်ချက်ကို ဘုရားသခင် ဘယ်တော့မှမလုပ်ဆောင်ပါ။ မှားယွင်းမှုကိုလည်း ဘယ်တော့မှမပြုပါ။ သူ့အား ယုံကြည်ပြီး နားထောင်ပါလျှင် သင့်အား လမ်းညွှန်မူပြုမည်ဟု ဆိုပါသည်။ ယုံကြည်ခြင်းဖြင့် ဦးစွာ သင်တောင်းဆိုဖို့​တော့ လိုပါတယ်။

ဆင်ခြင်ရန်
- သင်မမျှော်မှန်းသောအရာအတွက် ဘုရားသခင်ထံ တောင်းလျှောက်ဖူးပါသလား။ မည်သည့်အရာကိုတောင်းဆိုခဲ့ပါသနည်း။ ဘုရားမည်သို့အဖြေပေးပါသနည်း။
- ဘုရားသခင်ထံမှအဖြေကို စောင့်ဆိုင်းစဉ် သင်ငည့်အရာကို ပြုလေ့ရှိသနည်း။
- ဘုရားဆီမှအဖြေကို မျှော်လင့်ရင်း ယနေ့တွင် ယုံကြည်ခြင်းဖြင့် ဘုရားသခင်ထံ မည်သည့်အရာကို သင်တောင်းလျှောက်မည်နည်း။