Unicode Version
ဆာလံကျမ်း ၂၅:၉ "နှိမ့်ချလျက်ရှိသောသူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏။ နှိမ့်ချလျက်ရှိသောသူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏။"
ဘုရားသခင်ထံမှ လမ်းညွှန်မူရရှိဖို့ရန် လုပ်ဆောင်စရာတစ်ချို့ကို သင်လုပ်ဆောင်ဖို့ရန် လိုအပ်ကြောင်းကို သမ္မာကျမ်းစာက ဆိုထားပါတယ်။ သို့ပေမဲ့ ပထမဦးဆုံး သင်လမ်းညွှန်မှုလိုအပ်တယ်ဆိုတာကို ဝန်ခံဖို့တော့ လိုပါတယ်။
လူအများနည်းတူ သင်ဖြစ်နေတဲ့အခါမှာ ဘုရားသခင် (သို့) တစ်ဦးတစ်ယောက်ကိုမှ သင်နားထောင်ချင်မှာမဟုတ်ပါဘူး။ သင်၏နည်းလမ်းအတိုင်း သင်သွားနေမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဘုရားသခင်ကိုပင်လျှင် သင်ဟန်ဆောင်ပြီး သင်၏ရွေးချယ်မှုကိုသာ သင်ပြုပါတယ်။ အကြောင်းကိစ္စတို့ကို သင်၏အကြံအစည်ဖြင့်သာ သင်ကိုင်တွယ်ဖြေရှင်းပါတယ်။ လမ်းညွှန်မှု (သို့) လမ်းပြမှုကို သင်လိုအပ်ကြောင်း ဝန်ခံဖို့ပင်လျှင် သင်အခက်ခဲဖြစ်နေပါတယ်။
သိုးတို့သည် သဘာဝအရ အားနည်းသောအမြင်ရှိကြပါတယ်။ အဝေးကိုမမြင်နိုင်ကြပါဘူး။ ဒါကြောင့်လဲ သူတို့ သိုးထိန်းကို လိုအပ်ကြပါတယ်။
သင်မည်မျှပင်ကြိုးစားသော်ငြားလည်း အနာဂတ်ဆီကိုသင်မြင်နိုင်စွမ်း မရှိအောင် ဘုရားဖန်ဆင်ထားပါတယ်။ ဘုရားဘာကြောင့် ဤသို့ပြုရသနည်း။ သူအား သင်ယုံကြည်အားကိုးဖို့ရန် ပြုရခြင်းဖြစ်ပါတယ်။
သုတ္တံကျမ်း ၁၄:၁၂ "လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏။"
ကျွန်တော်တို့အားလုံး အချိန်တန်သည်ဟု ထင်ရတဲ့အချိန်တွင် ဆုံးဖြတ်ချက်တွေ ပြုကြပေမယ့် နောက်ပိုင်းတွင် မှားယွင်းသော လုပ်ဆောင်မှုတစ်ခုဖြစ်နေတတ်ပါတယ်။ တချို့ဆုံးဖြတ်ချက်က သေခြင်းသို့ပို့ဆောင်ပြီး ၊ လမ်းကြောင်း လွှဲပြီး ချော်ထွက်သွားစေပါတယ်။ ဒါကြောင့် "အဖဘုရား . . . ကျွန်ုပ်အကူအညီလိုပါတယ်" လို့ သင်ဝန်ခံဖို့လိုအပ်ခြင်းဖြစ်ပါတယ်။
ဘုရားသခင်သင့်အား မှန်ကန်သောလမ်းပေါ် ဦးဆောင်သွားလိုပါတယ်။ ဤအရာက တိကျသေချာပါတယ်။ ဘုရားသခင်အား သင်၏လမ်းညွှန်ဆရာအဖြစ် ခွင့်ပြုပြီး အသက်တာကိုအပ်နှံတဲ့အခါမှာ ဘုရားသခင် လုပ်ဆောင်မှုပြုပါတော့မည်။
ဆင်ခြင်ရန်
- ယနေ့တွင် ဘုရားသခင်၏လမ်းညွန်မှုရရှိနိုင်ဖို့ရန် မည်သို့သောအရာကို ဘုရားရှင်ထံ ဝန်ခံဖို့ရှိပါသနည်း။
- သင့်အသက်တာရှိ မည်သည့်ကဏ္ဍကို ဘုရားသခင်ထံအပ်နှံဖို့ရန် ခက်ခဲနေပါသနည်း။