There Is More to Your Story

 Unicode Version

ရောမဩဝါဒစာ ၈:၁၁ “ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ဝိညာဉ်တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝတ်သောမိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။

 

ယုံကြည်သူတွေ ဖြစ်သည့်အလျှောက် ကျွနုပ်တို့မှာ မျှော်လင့်ခြင်း ရှိခြင်းသည် ထာဝရအသက်ရှင်သွားရမည့် အတွက်ကြောင့် ဖြစ်ပါတယ်။ သေခြင်းတရားက အဆုံးသတ်မဟုတ်ပါ။ အသက်တာ ဖြစ်စဉ် တွေမှာ အများကြီးရှိနေပါတယ်။

 

တစ်နေ့မှာ သင်၏ နှလုံးခုန်မှု ရပ်တန့်ပါလိမ့်မည်။ သင်၏ခန္ဓာသည်လည်း အဆုံးသတ်ဖြစ်သွားလိမ့်မည်။ သို့ပေမဲ့ သင့်အတွက် အဆုံးသတ်သွားခြင်း မဟုတ်ပါဘူး။ ဘုရားသခင်၏ သဏ္ဍာန်တော်အတိုင်း သင့်အား ဖန်ဆင်းထားခြင်း ဖြစ်ပါတယ်။ ထာဝရ တည်စေနိုင်ဖို့ရန် ပြုလုပ်ထားပါတယ်။

 

ကျွန်ုပ်တို့၌ ဘာကြောင့် မျှော်လင့်ခြင်း ရှိရသနည်း။ ဘာကြောင့်လဲဆိုတော့ လောကကြီးမှာ ဘယ်လောက်ပင် ဆိုးဝါးစေကာမူ အရေးမကြီးပါ။ ခဏတာ အတွက်သာ ဖြစ်ပါတယ်။ သခင်ယေရှုကို သင်ယုံကြည်ပါလျှင် တခြားတဖက်မှာ ရှိတဲ့ နိစ္စထာဝရ- ဝမ်းနည်းခြင်းတွေ ၊ မကျန်းမာခြင်းတွေ ၊ နာကျင်ခြင်းတွေ မရှိသောအရပ်တွင် နှစ်ပေါင်း ကုဋေများစွာ နေထိုင်သွားရမည်ကို သင်သိပါသည်။

 

ရောမဩဝါဒစာ ၈:၁၁ တွင် ဆိုထားသည်မှာ “ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ ဝိညာဉ်တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝတ်သောမိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။

 

သင်းအုပ်ဆရာတော် ဖြစ်သည့်အလျှောက် ရာပေါင်းများစွာသော သင်္ချိုင်းတစ်လျှောက် ကျွန်ုပ်ရပ်ခဲ့ပြီး မျှော်လင့်ခြင်း ရှိသောသူ နှင့် မရှိသောသူတို့ ကြားက ကွဲပြားခြားနားမှုကို နားလည်ပါသည်။ ထိုအရာက သူတို့၏ မျက်လုံးတို့တွင် တွေ့မြင်နိုင်ပါတယ်။ မျှော်လင့်ခြင်းမရှိသော လူတို့တွင် ကြောက်မက်ဖွယ်အရာကို တွေ့မြင်ခဲ့ရပါတယ်။ “ ငါ၏ ပိုင်ဆိုင်မှု အရာအားလုံး ပြီးဆုံးသွားပြီး။ ဤလူကို ဘယ်တော့မှ မတွေ့ရတော့ဘူး။ ပြီးသွားပြီ။ ဤအရာက ဘဝအသက်ရှင်ဖို့ ရှိသမျှပါဘဲ”လို့ သူတို့တွေ တွေးမြင်ကြပါတယ်။

 

ဤအရာကို ဈာပနအခမ်းအနားရှိ ယုံကြည်သူတို့နှင့် ကျွန်ုပ်နှိုင်းယှဉ်ကြည့်ပါတယ်။ ဤအရာက အကူးအပြောင်း ခြေလှမ်းတစ်ခုသာ ဖြစ်ကြောင်း သူတို့ သိကြပါတယ်။ သူတို့ချစ်သောသူသည် စစ်မှန်သော အသက်တာဆီ ကူးပြောင်းသွားခြင်းဖြစ်ပါတယ်။ နိစ္စထာဝရအတွက် ဘုရားသခင်နှင့်အတူ သူတို့ရှိတော့မည်။ ကြေကွဲဝမ်းနည်းမှုကတော့ ရှိပါမည်။ သို့ပေမဲ့ မျှော်လင့်ခြင်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နေ့တွင် ယေရှုနောက်လိုက်သော သင်၏ချစ်မြတ်နိုးရသောသူတို့နှင့် ပြန်လည်ဆုံးဆည်းရမည်ကို သူတို့သိကြပါတယ်။ ယုံကြည်သူတစ်ဉီးအတွက် သေခြင်းသည် အိမ်ကိုစွန့်ခွာသွားခြင်းမဟုတ်ပါ။ အိမ်တော်ကနေ ကြိုဆိုခြင်း ဖြစ်ပါတယ်။

 

ထို မျှော်လင့်ခြင်းကို သင်ရရှိပြီလား။ သခင်ယေရှုနှင့်အတူ နိစ္စထာဝရတွင် အတူရှိမည်ကို သိပါသလား။ မသိသေးဘူးဆိုလျှင် မကြန့်ကြာစေနှင့်။ ယနေ့တွင် ဆုံးဖြတ်ချက် ချလိုက်ပါ။

 

ဆင်ခြင်ရန်

- သခင်ယေရှု၌ရှိသော ကယ်တင်ခြင်းသည် နိစ္စထာဝရတွင် ကွဲပြားမှုတွေ ပြုပေးပါတယ်။ သို့ပေမဲ့ ထိုအရာက ဤလောကတွင် သင်၏ အသက်ရှင်သန်နေမှုပေါ် မည်သို့ သက်ရောက်မှု ရှိပါသနည်း။

- သင်၏ ကယ်တင်ခြင်းအားဖြင့် ဤအသက်တာမှ မည်သည့်အရာတို့ လွှတ်မြောက်စေခဲ့သနည်း။

-ယေရှုခရစ်တော်အားဖြင့် သင်ရရှိသော မျှော်လင့်ခြင်းနှင့် ပတ်သက်ပြီး ယနေ့တွင် မည်သူနှင့် သင်ဝေမျှနိုင် မည်နည်း။

-------------------------------------------------------------------------------------

Zawgyi Version

ေရာမဩဝါဒစာ ၈:၁၁ “ထိုမွ်မက၊ ေယရႈကိုေသျခင္းမွ ထေျမာက္ေစေတာ္မူေသာ ဘုရား၏ဝိညာဥ္ေတာ္သည္ သင္တို႔ အထဲ၌ က်ိန္းဝပ္ေတာ္မူလွ်င္၊ ခရစ္ေတာ္ကို ေသျခင္းမွ ထေျမာက္ေစေတာ္မူေသာ ဘုရားသည္ သင္တို႔အထဲ၌ က်ိန္းဝတ္ေသာမိမိဝိညာဥ္ေတာ္အားျဖင့္၊ ေသတတ္ေသာ သင္တို႔၏ ကိုယ္ကာယကိုပင္ ရွင္ေစေတာ္မူမည္။”



ယုံၾကည္သူေတြ ျဖစ္သည့္အေလွ်ာက္ ကြၽႏုပ္တို႔မွာ ေမွ်ာ္လင့္ျခင္း ရွိျခင္းသည္ ထာဝရအသက္ရွင္သြားရမည့္ အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ေသျခင္းတရားက အဆုံးသတ္မဟုတ္ပါ။ အသက္တာ ျဖစ္စဥ္ ေတြမွာ အမ်ားႀကီးရွိေနပါတယ္။


တစ္ေန႔မွာ သင္၏ ႏွလုံးခုန္မႈ ရပ္တန႔္ပါလိမ့္မည္။ သင္၏ခႏၶာသည္လည္း အဆုံးသတ္ျဖစ္သြားလိမ့္မည္။ သို႔ေပမဲ့ သင့္အတြက္ အဆုံးသတ္သြားျခင္း မဟုတ္ပါဘူး။ ဘုရားသခင္၏ သ႑ာန္ေတာ္အတိုင္း သင့္အား ဖန္ဆင္းထားျခင္း ျဖစ္ပါတယ္။ ထာဝရ တည္ေစႏိုင္ဖို႔ရန္ ျပဳလုပ္ထားပါတယ္။


ကြၽႏ္ုပ္တို႔၌ ဘာေၾကာင့္ ေမွ်ာ္လင့္ျခင္း ရွိရသနည္း။ ဘာေၾကာင့္လဲဆိုေတာ့ ေလာကႀကီးမွာ ဘယ္ေလာက္ပင္ ဆိုးဝါးေစကာမူ အေရးမႀကီးပါ။ ခဏတာ အတြက္သာ ျဖစ္ပါတယ္။ သခင္ေယရႈကို သင္ယုံၾကည္ပါလွ်င္ တျခားတဖက္မွာ ရွိတဲ့ နိစၥထာဝရ- ဝမ္းနည္းျခင္းေတြ ၊ မက်န္းမာျခင္းေတြ ၊ နာက်င္ျခင္းေတြ မရွိေသာအရပ္တြင္ ႏွစ္ေပါင္း ကုေဋမ်ားစြာ ေနထိုင္သြားရမည္ကို သင္သိပါသည္။ 


ေရာမဩဝါဒစာ ၈:၁၁ တြင္ ဆိုထားသည္မွာ “ထိုမွ်မက၊ ေယရႈကိုေသျခင္းမွ ထေျမာက္ေစေတာ္မူေသာ ဘုရား၏ ဝိညာဥ္ေတာ္သည္ သင္တို႔ အထဲ၌ က်ိန္းဝပ္ေတာ္မူလွ်င္၊ ခရစ္ေတာ္ကို ေသျခင္းမွ ထေျမာက္ေစေတာ္မူေသာ ဘုရားသည္ သင္တို႔အထဲ၌ က်ိန္းဝတ္ေသာမိမိဝိညာဥ္ေတာ္အားျဖင့္၊ ေသတတ္ေသာ သင္တို႔၏ ကိုယ္ကာယကိုပင္ ရွင္ေစေတာ္မူမည္။”


သင္းအုပ္ဆရာေတာ္ ျဖစ္သည့္အေလွ်ာက္ ရာေပါင္းမ်ားစြာေသာ သခ်ႋဳင္းတစ္ေလွ်ာက္ ကြၽႏ္ုပ္ရပ္ခဲ့ၿပီး ေမွ်ာ္လင့္ျခင္း ရွိေသာသူ ႏွင့္ မရွိေသာသူတို႔ ၾကားက ကြဲျပားျခားနားမႈကို နားလည္ပါသည္။ ထိုအရာက သူတို႔၏ မ်က္လုံးတို႔တြင္ ေတြ႕ျမင္ႏိုင္ပါတယ္။ ေမွ်ာ္လင့္ျခင္းမရွိေသာ လူတို႔တြင္ ေၾကာက္မက္ဖြယ္အရာကို ေတြ႕ျမင္ခဲ့ရပါတယ္။ “ ငါ၏ ပိုင္ဆိုင္မႈ အရာအားလုံး ၿပီးဆုံးသြားၿပီး။ ဤလူကို ဘယ္ေတာ့မွ မေတြ႕ရေတာ့ဘူး။ ၿပီးသြားၿပီ။ ဤအရာက ဘဝအသက္ရွင္ဖို႔ ရွိသမွ်ပါဘဲ”လို႔ သူတို႔ေတြ ေတြးျမင္ၾကပါတယ္။ 


ဤအရာကို ဈာပနအခမ္းအနားရွိ ယုံၾကည္သူတို႔ႏွင့္ ကြၽႏ္ုပ္ႏႈိင္းယွဥ္ၾကည့္ပါတယ္။ ဤအရာက အကူးအေျပာင္း ေျခလွမ္းတစ္ခုသာ ျဖစ္ေၾကာင္း သူတို႔ သိၾကပါတယ္။ သူတို႔ခ်စ္ေသာသူသည္ စစ္မွန္ေသာ အသက္တာဆီ ကူးေျပာင္းသြားျခင္းျဖစ္ပါတယ္။ နိစၥထာဝရအတြက္ ဘုရားသခင္ႏွင့္အတူ သူတို႔ရွိေတာ့မည္။ ေၾကကြဲဝမ္းနည္းမႈကေတာ့ ရွိပါမည္။ သို႔ေပမဲ့ ေမွ်ာ္လင့္ျခင္း ရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တစ္ေန႔တြင္ ေယရႈေနာက္လိုက္ေသာ သင္၏ခ်စ္ျမတ္ႏိုးရေသာသူတို႔ႏွင့္ ျပန္လည္ဆုံးဆည္းရမည္ကို သူတို႔သိၾကပါတယ္။ ယုံၾကည္သူတစ္ဉီးအတြက္ ေသျခင္းသည္ အိမ္ကိုစြန႔္ခြာသြားျခင္းမဟုတ္ပါ။ အိမ္ေတာ္ကေန ႀကိဳဆိုျခင္း ျဖစ္ပါတယ္။


ထို ေမွ်ာ္လင့္ျခင္းကို သင္ရရွိၿပီလား။ သခင္ေယရႈႏွင့္အတူ နိစၥထာဝရတြင္ အတူရွိမည္ကို သိပါသလား။ မသိေသးဘူးဆိုလွ်င္ မၾကန႔္ၾကာေစႏွင့္။ ယေန႔တြင္ ဆုံးျဖတ္ခ်က္ ခ်လိုက္ပါ။


ဆင္ျခင္ရန္

- သခင္ေယရႈ၌ရွိေသာ ကယ္တင္ျခင္းသည္ နိစၥထာဝရတြင္ ကြဲျပားမႈေတြ ျပဳေပးပါတယ္။ သို႔ေပမဲ့ ထိုအရာက ဤေလာကတြင္ သင္၏ အသက္ရွင္သန္ေနမႈေပၚ မည္သို႔ သက္ေရာက္မႈ ရွိပါသနည္း။

- သင္၏ ကယ္တင္ျခင္းအားျဖင့္ ဤအသက္တာမွ မည္သည့္အရာတို႔ လႊတ္ေျမာက္ေစခဲ့သနည္း။

-ေယရႈခရစ္ေတာ္အားျဖင့္ သင္ရရွိေသာ ေမွ်ာ္လင့္ျခင္းႏွင့္ ပတ္သက္ၿပီး ယေန႔တြင္ မည္သူႏွင့္ သင္ေဝမွ်ႏိုင္ မည္နည္း။