နာခံခြင်းက ဘုရားသခင်၏ တန်ခိုးတော်ကို ဖွင့်သွားစေသည်။ | Obedience Unlocks God’s Power
 Unicode Version
နာခံခြင်းက ဘုရားသခင်၏ တန်ခိုးတော်ကို ဖွင့်သွားစေသည်။
ဧဖက်ဩဝါဒစာ ၄:၂၃ “သန့်ရှင်းခြင်း ပါရမီ အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း၊ ခရစ်တော် ၏စကားကို ကြားနာရသည်ဖြစ်၍ ….၊
ယုံကြည်ခြင်း၏ ခြေလှမ်းတစ်ခုကို သင်ပြုသည့်အခိုက်အတန့်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ တန်ခိုးကို ထုတ်လွှတ်ကြောင်းဆိုသည့် အရေးကြီးသော ဤအမှန်တရားကို သမ္မာကျမ်းစာက ထပ်ခါထပ်ခါ ဖော်ပြပါတယ်။
မတိုက်ခိုက်နိုင်ဘူးလို့ ထင်ရတဲ့ စစ်ပွဲကို ယောရှုရင်ဆိုင်ခဲ့စဉ်က ဂျော်ဒန်မြစ်ရေသည် ပြန်လည်ဆုတ် သွားခဲ့ပါ တယ်။ သို့ပေမဲ့ ခေါင်းဆောင်တို့သည် နာခံမှုနှင့် ယုံကြည်ခြင်း၌ တဟုန်ထိုး စီးဆင်းနေ သော စီးဆင်းမှု ထဲသို့ ဝင်ရောက်ပြီးမှသာ ဖြစ်ပေါ်ပါသည်။ နာခံခြင်းက ဘုရားသခင်၏တန်ခိုးတော်ကို ဖွင့်သွားစေပါတယ်။
ဤသို့သော အခြေအနေတို့တွင် ဘုရားသခင်၏ တန်ခိုးတော်သည် သင်၏ လုပ်ဆောင်ချက်နောက်သို့ လိုက်ပါသည်။ သို့ပေမဲ့ တန်ခိုးတော် (သို့) ယုံကြည်ချက်ကို ခံစားရသည့်အထိ သင်စောင့်ဆိုင်းဖို့ မလိုပါ။ သင်၏ ကြောက်ရွံ့စိတ် နှင့် ခံစားချက်ကို ဖယ်ရှားပါ ၊ မှန်ကန်သောအရာကို လုပ်ဆောင်ပါ။ သင်၏ အားနည်းချက်ထဲမှပင် ရှေ့ဆက်သွားပါ။ ၎င်းသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမျိုး ဖြစ်ပြီး သင်၏ စရိုက်လက္ခဏာကို ပြုစုခြင်း နှင့် ဝိညာဉ်ရေးရာ ကြီးထွားမှုမျိုး ဖြစ်စေပါသည်။
သမ္မာကျမ်းစာက ဝိညာဉ်ရေးရာ ကြီးထွားမှုကို မျိုးစေ့အားဖြင့် လည်းကောင်း၊ အဆောက်အဉီးနှင့် ကြီးပြင်းသော ကလေးသူငယ်နှင့် နှိုင်းယှဉ်ထားပါတယ်။ ဉပမာတစ်ခုစီတိုင်းတွင် တက်ကြွသော ပါဝင်မှုတွေ လိုအပ်ပါပါသည်။ မျိုးစေ့သည်လည်း စိုက်ပျိုးခြင်း နှင့် ပျိုးထောင်ပေးဖို့ လိုအပ်သလို အဆောက်အအုံသည်လည်း တည်ဆောက်မှု ရှိသင့်သည်။ အလိုအလျောက်တော့ ဖြစ်မလာပါ။ ကလေးသူငယ်တို့သည်လည်း အစာအဟာရ တွေရရှိသင့်တယ်၊ ကြီးထွားဖို့ရန် လှုပ်ရှားမှုတွေ ရှိသင့်ပါသည်။
အစွမ်းအစ ၊ ကြိုးစားအားထုတ်မှုတို့သည် သင်၏ ကယ်တင်ခြင်းနှင့် လုံးဝမသက်ဆိုင်ပါ။ သို့ပေမဲ့ ထိုကြိုးစားမှုတို့သည် သင်၏ ဝိညာဉ်ရေးရာ ကြီးထွားဖို့ရန် လိုအပ်မှု ဖြစ်ပါတယ်။ သခင်ယေရှုနည်းတူ သင်၌ကြီးထွားမှု ဖြစ်လာဖို့ရန် “ကြိုးစားအားထုတ်လော့” ဆိုတဲ့ အကြောင်းကို ဓမ္မသစ်ကျမ်းတွင် အနည်းဆုံး (၇) ကြိမ် ပြောပြနေပါတယ်။ လုကာ ၁၃:၂၄ “ကျဉ်းမြောင်းသောတံခါးဝကို ဝင်ခြင်းငှါ ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား၊ အများသော သူတို့သည် ဝင်ခြင်းငှါအလိုရှိသော်လည်း မစွမ်းနိုင်ကြဟု ငါဆို၏။
ရောမ ၁၄:၁၉ “ထိုကြောင့်၊ ငြိမ်သက်ခြင်းနှင့်၎င်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်၎င်း ယှဉ်သောအရာတို့ကို မှီအောင်လိုက်ကြကုန်အံ့။
ဧဖက် ၄:၃ “အသင့်အတင့် ပေါင်းဘော်ခြင်း အဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြား မနားတလုံးတဝတည်းဖြစ်အံ့သောငှါ ကြိုးစားအားထုတ်ကြလော့။
၂ တိ ၂:၁၅ “သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက် စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှါ ကြိုးစား အားထုတ် လော့။
ဟေဗြဲ ၄:၁၁ “ ထို့ကြောင့်၊ ဣသရေလလူတို့သည် မယုံကြည်သော စိတ်ရှိသဖြင့် လဲသကဲ့သို့ ငါတို့သည်မလဲ၊ ထိုချမ်းသာထဲသို့ ဝင်ရမည် အကြောင်းကြိုးစား အားထုတ်ကြကုန်အံ့။
ဟေဗြဲ ၁၂:၁၄ လူအပေါင်းတို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်းပါရမီကို၎င်း၊ မှီအော် လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။
၂ ပေ ၃:၁၄ ထိုသို့မြော်လင့်ခြင်းရှိသောကြောင့်၊ ချစ်သူတို့၊ သင်တို့သည် အညစ်အကြေးနှင့် ကင်းစင်၍ အဘယ် အပြစ်မျှမပါဘဲ၊ ရှေ့တော်သို့ ငြိမ်ဝပ်စွာ ရောက်မည် အကြောင်း ကြိုးစားအားထုတ်ကြလော့။
ဖြစ်ပျက်လာဖို့ အတွက် ထိုင်စောင့်နေလို့မရနိုင်ပါ။ လုပ်ဆောင်ဖို့ လိုပါတယ်။
သခင်ယေရှုနည်းတူ သင်၌ ဖြစ်လာဖို့ရန် တာဝန်ယူမှု (၃) မျိုးအကြောင်းကို တမန်တော်ရှင်ပေါလုက ဧဖက် အခန်းကြီး (၄) တွင် ရှင်းပြထားပါတယ်။
(၁) သင်၏ အမူအကျင့်ဟောင်းကို လက်လွှတ်ဖို့ရန် ရွေးချယ်ပါ။ “”
ဧဖက် ၄:၂၂-၂၃ “စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင်၊ မှန်သောဖြောင့်မတ်ခြင်း၊သန့်ရှင်းခြင်း ပါရမီ အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း၊ ခရစ်တော် ၏စကားကို ကြားနာရသည်ဖြစ်၍၊  ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။”
သင်၏ အသစ်သော အသက်တာက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုက်လျှောက်အသက်ရှင်ခြင်းနှင့် ဘုရား၏ သမ္မာတရားပေါ် တည်မှီခြင်းခြင်းဖြစ်သည်။ သင်၏ အသက်တာတွင်  ပြုပြင်ပြောင်းလဲရန် လိုအပ်သည့် အမူအကျင့်တစ်ချို့ ရှိကောင်းရှိနေခြင်းကို ဆိုလိုသည်။
(၂) သင်၏ တွေးခေါ်ပုံ ၊ တွေးခေါ်နည်းတို့ကို ပြောင်းလဲပါ။
ဧဖက် ၄:၂၃ “သန့်ရှင်းခြင်း ပါရမီ အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ် ဆောင်မည်အကြောင်း၊ ခရစ်တော် ၏စကားကို ကြားနာရသည်ဖြစ်၍၊  ယေရှု၌ သမ္မာတရားရှိသည် နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။”
ရောမဩဝါဒစာ ၁၂:၂ “သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။” ဂရိစကားလုံးတွင် ပြောင်းလဲခြင်းသည် အသွင်ပြောင်းခြင်းဖြစ်သည်။ ဖောက်ဖတ်ကနေ လိပ်ပြာသို့ ကူးပြောင်းသွားခြင်းဆိုတဲ့ အံ့ဩဖွယ်ရာကို ယနေ့တွင် ဖော်ပြမှုအဖြစ် အသုံးပြုထားပါတ်။ သင်၏ အတွေးအခေါ်ကို ဘုရားသခင်အား လမ်းညွှန်ခွင့်ပေးတဲ့အချိန်သည် ဝိညာဉ်ရေးရာအရ သင်၌ လှပသော ပုံကိုဖော်ညွှန်းစေပါသည်။ အတွင်းကနေ ပြောင်းလဲမှုဖြစ်ခြင်း ဖြစ်ပါတယ်။ သင်ပိုပြီးလှပလာမည်။ အသစ်သော အမြင့်အရပ်သို့ ပျံသန်းဖို့ရန် လွှတ်လပ်မှုကို ဖြစ်တည်စေလိုက်ခြင်း ဖြစ်ပါတယ်။
(၃) ဘုရားဝတ်၌ မွေ့လျော်သော ဓလေ့ ၊ အမူအကျင့် အသစ်များအားဖြင့် ခရစ်တော်၏ သဏ္ဍာန်ကို ယူတင်ဝတ်ဆင်ပါ။
သင်၏ အကျင့်စရိုက်သည် သင်၏ လုပ်ဆောင်နေကြ မရှိမဖြစ် လိုအပ်သော အမူအကျင့်တို့ စုပေါင်းထားခြင်း ဖြစ်သည်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ “ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။” ဧဖက် ၄:၂၄
ဝိညာဉ်ရေးရာ ဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် ထိုင်ပြီး စောင့်မနေပါနှင့်။ ဘယ်တော့မှ မဖြစ်လာနိုင်ပါ။ ၎င်းအစား သင့်အသက်တာ၌ ဘုရားသခင်၏ တန်ခိုးတော်ကို ဖွင့်နိုင်ဖို့ရန် နာခံမှု ပြုလိုက်ပါ။
ဆင်ခြင်ရန်
- သင်၌ အားနည်းခြင်းအရာ ရှိသော်ငြားလည်း ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းတဲ့အခါမှာ ဘုရားသခင် မည်ကဲ့သို့ တုံ့ပြန်မည်ကို သင်တွေးမြင်ပါသနည်း။
- ဝိညာဉ်ရေးရာ ကြီးထွားလာနိုင်ဖို့ရန် မည်သို့သော အမူအကျင့်ကို သင်မွေးဖွားရန် လိုအပ်ပါသနည်း။
- မည်သို့သော နည်းလမ်းတို့ဖြင့် သင်၏ အတွေးအခေါ်ကို အသစ်တဖန် ပြုလုပ်ခြင်း (သို့) သင်၏ အတွေးအခေါ်ကို ပြောင်းလဲခြင်း ပြုနိုင်မည်နည်း။
--------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်