ဘယ်အရာကမှ သင်အား ဘုရားသခင်၏ချစ်ခြင်းမေတ္တာမှ မခွဲခွာစေနိုင်ပါ။ | Nothing Can Separate You from God’s Love
Unicode Version
ဘယ်အရာကမှ သင်အား ဘုရားသခင်၏ချစ်ခြင်းမေတ္တာမှ မခွဲခွာစေနိုင်ပါ။
ဧဖက်ဩဝါဒစာ ၄:၁ “ခေါ်တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့်
အထိုက်အလျောက် ကျင့်ဆောင်မည် အကြောင်း၊ သခင်ဘုရားအတွက်ကြောင့် အကျဉ်းခံရသော ငါသည် သင်တို့ကို
တိုက်တွန်းနှိုးဆော်ပါ၏။”
ရောမဩဝါဒစာ ၈: ၃၈-၃၉ တွင် ဆိုထားသည်မှာ “ အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊
အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊
မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊
ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့်
ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။”
သင်၏
အသက်တာကို ဘုရားသခင်၏ လက်တော်ထဲ အပ်နှံတဲ့အခါမှာ သင့်အား ဖမ်းဆုပ်ထားမည်ဖြစ်ပြီး ဘယ်တော့မှ
လက်လွှတ်ပေးမည် မဟုတ်ပါ။ သင်ကတော့ တစ်ကြိမ်တစ်ခါတော့ ထွက်ခွါသွားချင်သလို ဖြစ်ကောင်းဖြစ်မည်။
သို့ပေမဲ့ ဘုရားသခင် ဘယ်တော့မှ မထွက်သွားစေပါ။ သင်ထာဝရ လုံခြုံပါပြီ။
မိသားစု တစ်ခုထဲတွင် သင်မွေးဖွားလာသည်နှင့် တစ်ပြိုင်နက် ထိုအထဲမှ ပြန်လည် မမွေးဖွားချင်လို့
မရနိုင်ပါ။ ဘုရားသခင်၏ မိသားစုတွင် မွေးဖွားခြင်းရှိသည်နှင့် တစ်ပြိုက်နက် “မမွေးဖွားခြင်း”
မဖြစ်နိုင်တော့ပါ။ ကျွန်ုပ်တို့၏ နာမည်သည် အသက်စာစောင်တွင် ရေးလိုက်သည်နှင့် တစ်ပြိုင်နက်
ပယ်ဖျက်လို့မရနိုင်တော့ပါ။ မပြယ်သော မင် ဖြစ်ပါတယ်။
ဘယ်လောက်ပင်
များပြားတဲ့ သံသယ (သို့) ကြောက်စိတ်တွေ (သို့) အပြစ်များစွာ လုပ်ထားသော်လည်း ကိစ္စမရှိပါ။
သခင်ယေရှုကို သင်ယုံကြည်ပါလျှင် ဘယ်အရာကမှ သင့်အား သခင်ယေရှု၏ ချစ်ခြင်းကနေ မခွဲခွာစေနိုင်တော့ပါ။
အသက်တာတွင် ဘယ်လိုအရာကိုပင် သင်ရင်ဆိုင်ကြုံတွေ့ရပါစေ ဘယ်တော့မှ သင်တစ်ဉီးတည်း ရင်ဆိုင်ရမည်
မဟုတ်ပါ။
ဤအရာသည်
သတင်းကောင်းဖြစ်ပါတယ်။ သင်ခွင့်လွှတ်ခြင်းခံရပြီ၊ လွှတ်ပြီ။ ဘုရားသခင်သည် သင့်အတွက်
ဖြစ်သည်။ သူ၏ချစ်ခြင်းသည် သင့်အပေါ် ဘယ်တော့မှ မရပ်တန့်သွားပါ။
ဤသတင်းကောင်းကို
နားလည်ထားခြင်းသည် သင့် နှင့် ဤကမ္ဘာပေါ်တွင် ရှိသော လူသားအားလုံးအတွက် အလွန် အရေးကြီးပါတယ်။
ဒါကြောင့်လည်း ဤမျှော်လင့်ခြင်း သတင်းစကားကို ကျွန်ုပ်တို့ ဖြန့်ဝေနိုင်ဖို့ရန် ထောင်ပေါင်းများစွာသော
လူတို့သည် ကျွန်ုပ်တို့၏ “Daily Hope” အတွက် ဆုတောင်းပေးခြင်း ၊ ပေးလှူခြင်းတွေ ပြုခဲ့ကြပါတယ်။
ဒါကြောင့်လည်း “ Saddleback Church” ဆိုတာ ဖြစ်တည်လာခဲ့ခြင်း ၊ ကမ္ဘာပေါ်ရှိ သင်းအုပ်ဆရာတို့ကိုလည်း
သင်တန်းပေးနိုင်ခြင်း ဖြစ်လာခဲ့ပါတယ်။ သင်တန်းသား/သူ သာသနာအမှု ၊ ကလေးသူငယ် သာသနာ နှင့်
တခြားသော ရာပေါင်းမျာစွာသော သာသနာပြုမှုများ ပြုလုပ်လာနိုင်ခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်းရှိ
တခြားသော မရေတွက်နိုင်တဲ့ အသင်းတော်တို့သည်လည်း အလားတူသော အရာတို့ကို နေ့စဉ် လုပ်ဆောင်မှုတွေ
ပြုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သခင်ယေရှု ကမ်းလှမ်းသော
အရာတွေတို့ကို ဘယ်သူမှ မကမ်းလှမ်းနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ “အသက်တာ ထာဝရ လွှတ်ခြင်း ၊ ခွင့်လွှတ်ခြင်း ၊ တန်ခိုး၊ ငြိမ်သက်ခြင်း
နှင့် နိစ္စထာဝရအတွက် ရည်ရွယ်ရာတို့” ဖြစ်ပါတယ်။
သင်၏
တုံ့ပြန်ချက်က ဘာဖြစ်သင့်သလဲ။ “ခေါ်တော်မူခြင်းကျေးဇူးတော်ကို
သင်တို့သည် ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင်မည် အကြောင်း၊ သခင်ဘုရားအတွက်ကြောင့်
အကျဉ်းခံရသော ငါသည် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။” ဧဖက်ဩဝါဒစာ ၄:၁
ကျေးဇူးတော်နှင့် ထိုက်တန်သည့်နည်းအတိုင်း
နေထိုင်အသက်ရှင်ပါ။ မျှော်လင့်ခြင်းဖြင့် အသက်ရှင်ပြီး ၎င်းမျှော်လင့်ခြင်းတို့ကို
တခြားသူတို့နှင့် မျှဝေပါ။
ဆင်ခြင်ရန်
-
ဘုရားသခင်၏ မေတ္တာတော်နှင့် ကွဲကွာလိမ့်မည်ဟု သင်အား မည့်သည့်အချိန်တွင် ကြောက်ရွံ့သွားစေခဲ့သနည်း။
-
ဘုရားသခင်သည် သင့်အား အမြဲတမ်းချစ်မည်ကို သိရှိခြင်းက သင်၏နေထိုင်မှုပုံစံကို မည်သို့
ပြောင်းလဲစေသနည်း။
-
ကျေးဇူးတော်နှင့် ထိုက်တန်သော နည်းလမ်းအတိုင်း အသက်ရှင်နေထိုင်ခြင်းဆိုသည်မှာ မည်သို့နည်း။
--------------------------------------------------------------------------------------
Zawgyi Version
ဘယ္အရာကမွ သင္အား ဘုရားသခင္၏ခ်စ္ျခင္းေမတၱာမွ မခြဲခြာေစႏိုင္ပါ။
ဧဖက္ဩဝါဒစာ ၄:၁ “ေခၚေတာ္မူျခင္းေက်းဇူးေတာ္ကို သင္တို႔သည္ ခံရသည္ႏွင့္ အထိုက္အေလ်ာက္ က်င့္ေဆာင္မည္ အေၾကာင္း၊ သခင္ဘုရားအတြက္ေၾကာင့္ အက်ဥ္းခံရေသာ ငါသည္ သင္တို႔ကို တိုက္တြန္းႏႈိးေဆာ္ပါ၏။”
သင့္အေပၚထားရွိေသာ ဘုရားသခင္၏ ခ်စ္ျခင္းသည္ ဘယ္ေတာ့မွ မရပ္တန႔္သြားပါ။ သင္အၿမဲတမ္း ခ်စ္ျခင္းခံရပါလိမ့္မည္။ ဘုရားသခင္ႏွင့္ သင္၏ ေပါင္းသင္းဆက္ဆံေရးကို ဘယ္အရာကမွ မပ်က္စီးႏိုင္ပါ။ အကယ္၍ ဤအေၾကာင္းအရာကို သင္က နားလည္သေဘာေပါက္မည္ဆိုလွ်င္ သင္၏အသက္တာကို ေျပာင္းလဲေပးပါလိမ့္မည္။
ေရာမဩဝါဒစာ ၈: ၃၈-၃၉ တြင္ ဆိုထားသည္မွာ “ အေၾကာင္းမူကား၊ ေသျခင္းျဖစ္ေစ၊ အသက္ရွင္ ျခင္းျဖစ္ေစ၊ ေကာင္းကင္တမန္ျဖစ္ေစ၊ အထြဋ္အျမတ္ ျဖစ္ေစ၊ အာဏာတန္ခိုးျဖစ္ေစ၊ မ်က္ေမွာက္အရာျဖစ္ေစ၊ ေနာင္လာလတံ့ေသာအရာျဖစ္ေစ၊ အျမင့္ျဖစ္ေစ၊ အနိမ့္ျဖစ္ေစ၊ ဤအရာမွစ၍ အဘယ္နိမၼိတအရာမွ်သည္၊ ငါတို႔သခင္ေယရႈခရစ္ အားျဖင့္ ခံရေသာဘုရားသခင္၏ ေမတၱာေတာ္ႏွင့္ ငါတို႔ကို မကြာေစႏိုင္ဟု ငါသည္သေဘာက်လ်က္ရွိ၏။”
သင္၏ အသက္တာကို ဘုရားသခင္၏ လက္ေတာ္ထဲ အပ္ႏွံတဲ့အခါမွာ သင့္အား ဖမ္းဆုပ္ထားမည္ျဖစ္ၿပီး ဘယ္ေတာ့မွ လက္လႊတ္ေပးမည္ မဟုတ္ပါ။ သင္ကေတာ့ တစ္ႀကိမ္တစ္ခါေတာ့ ထြက္ခြါသြားခ်င္သလို ျဖစ္ေကာင္းျဖစ္မည္။ သို႔ေပမဲ့ ဘုရားသခင္ ဘယ္ေတာ့မွ မထြက္သြားေစပါ။ သင္ထာဝရ လုံၿခဳံပါၿပီ။
မိသားစု တစ္ခုထဲတြင္ သင္ေမြးဖြားလာသည္ႏွင့္ တစ္ၿပိဳင္နက္ ထိုအထဲမွ ျပန္လည္ မေမြးဖြားခ်င္လို႔ မရႏိုင္ပါ။ ဘုရားသခင္၏ မိသားစုတြင္ ေမြးဖြားျခင္းရွိသည္ႏွင့္ တစ္ၿပိဳက္နက္ “မေမြးဖြားျခင္း” မျဖစ္ႏိုင္ေတာ့ပါ။ ကြၽႏ္ုပ္တို႔၏ နာမည္သည္ အသက္စာေစာင္တြင္ ေရးလိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ ပယ္ဖ်က္လို႔မရႏိုင္ေတာ့ပါ။ မျပယ္ေသာ မင္ ျဖစ္ပါတယ္။
ဘယ္ေလာက္ပင္ မ်ားျပားတဲ့ သံသယ (သို႔) ေၾကာက္စိတ္ေတြ (သို႔) အျပစ္မ်ားစြာ လုပ္ထားေသာ္လည္း ကိစၥမရွိပါ။ သခင္ေယရႈကို သင္ယုံၾကည္ပါလွ်င္ ဘယ္အရာကမွ သင့္အား သခင္ေယရႈ၏ ခ်စ္ျခင္းကေန မခြဲခြာေစႏိုင္ေတာ့ပါ။ အသက္တာတြင္ ဘယ္လိုအရာကိုပင္ သင္ရင္ဆိုင္ႀကဳံေတြ႕ရပါေစ ဘယ္ေတာ့မွ သင္တစ္ဉီးတည္း ရင္ဆိုင္ရမည္ မဟုတ္ပါ။
ဤအရာသည္ သတင္းေကာင္းျဖစ္ပါတယ္။ သင္ခြင့္လႊတ္ျခင္းခံရၿပီ၊ လႊတ္ၿပီ။ ဘုရားသခင္သည္ သင့္အတြက္ ျဖစ္သည္။ သူ၏ခ်စ္ျခင္းသည္ သင့္အေပၚ ဘယ္ေတာ့မွ မရပ္တန႔္သြားပါ။
ဤသတင္းေကာင္းကို နားလည္ထားျခင္းသည္ သင့္ ႏွင့္ ဤကမာၻေပၚတြင္ ရွိေသာ လူသားအားလုံးအတြက္ အလြန္ အေရးႀကီးပါတယ္။ ဒါေၾကာင့္လည္း ဤေမွ်ာ္လင့္ျခင္း သတင္းစကားကို ကြၽႏ္ုပ္တို႔ ျဖန႔္ေဝႏိုင္ဖို႔ရန္ ေထာင္ေပါင္းမ်ားစြာေသာ လူတို႔သည္ ကြၽႏ္ုပ္တို႔၏ “Daily Hope” အတြက္ ဆုေတာင္းေပးျခင္း ၊ ေပးလႉျခင္းေတြ ျပဳခဲ့ၾကပါတယ္။ ဒါေၾကာင့္လည္း “ Saddleback Church” ဆိုတာ ျဖစ္တည္လာခဲ့ျခင္း ၊ ကမာၻေပၚရွိ သင္းအုပ္ဆရာတို႔ကိုလည္း သင္တန္းေပးႏိုင္ျခင္း ျဖစ္လာခဲ့ပါတယ္။ သင္တန္းသား/သူ သာသနာအမႈ ၊ ကေလးသူငယ္ သာသနာ ႏွင့္ တျခားေသာ ရာေပါင္းမ်ာစြာေသာ သာသနာျပဳမႈမ်ား ျပဳလုပ္လာႏိုင္ခဲ့ပါတယ္။
ကမာၻတစ္ဝန္းရွိ တျခားေသာ မေရတြက္ႏိုင္တဲ့ အသင္းေတာ္တို႔သည္လည္း အလားတူေသာ အရာတို႔ကို ေန႔စဥ္ လုပ္ေဆာင္မႈေတြ ျပဳၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သခင္ေယရႈ ကမ္းလွမ္းေသာ အရာေတြတို႔ကို ဘယ္သူမွ မကမ္းလွမ္းႏိုင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ “အသက္တာ ထာဝရ လႊတ္ျခင္း ၊ ခြင့္လႊတ္ျခင္း ၊ တန္ခိုး၊ ၿငိမ္သက္ျခင္း ႏွင့္ နိစၥထာဝရအတြက္ ရည္႐ြယ္ရာတို႔” ျဖစ္ပါတယ္။
သင္၏ တုံ႔ျပန္ခ်က္က ဘာျဖစ္သင့္သလဲ။ “ေခၚေတာ္မူျခင္းေက်းဇူးေတာ္ကို သင္တို႔သည္ ခံရသည္ႏွင့္ အထိုက္အေလ်ာက္ က်င့္ေဆာင္မည္ အေၾကာင္း၊ သခင္ဘုရားအတြက္ေၾကာင့္ အက်ဥ္းခံရေသာ ငါသည္ သင္တို႔ကို တိုက္တြန္းႏႈိးေဆာ္ပါ၏။” ဧဖက္ဩဝါဒစာ ၄:၁
ေက်းဇူးေတာ္ႏွင့္ ထိုက္တန္သည့္နည္းအတိုင္း ေနထိုင္အသက္ရွင္ပါ။ ေမွ်ာ္လင့္ျခင္းျဖင့္ အသက္ရွင္ၿပီး ၎ေမွ်ာ္လင့္ျခင္းတို႔ကို တျခားသူတို႔ႏွင့္ မွ်ေဝပါ။
ဆင္ျခင္ရန္
- ဘုရားသခင္၏ ေမတၱာေတာ္ႏွင့္ ကြဲကြာလိမ့္မည္ဟု သင္အား မည့္သည့္အခ်ိန္တြင္ ေၾကာက္႐ြံ႕သြားေစခဲ့သနည္း။
- ဘုရားသခင္သည္ သင့္အား အၿမဲတမ္းခ်စ္မည္ကို သိရွိျခင္းက သင္၏ေနထိုင္မႈပုံစံကို မည္သို႔ ေျပာင္းလဲေစသနည္း။
- ေက်းဇူးေတာ္ႏွင့္ ထိုက္တန္ေသာ နည္းလမ္းအတိုင္း အသက္ရွင္ေနထိုင္ျခင္းဆိုသည္မွာ မည္သို႔နည္း။