လက်ပေါက်ကပ်တဲ့သူတွေ ၊ ဆက်ဆံရခက်ခဲတဲ့သူတွေကို မေတ္တာထားရှိဖို့ရန် လေ့လာခြင်း | Learning to Love Difficult People
 Unicode Version
လက်ပေါက်ကပ်တဲ့သူတွေ ၊ ဆက်ဆံရခက်ခဲတဲ့သူတွေကို မေတ္တာထားရှိဖို့ရန် လေ့လာခြင်း
ရောမဩဝါဒစာ ၁၂:၁၈ “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။
သခင်ယေရှုနှင့်အတူ လျှောက်လှမ်းတဲ့သင့်အဖို့ ဖွံ့ဖြိုးတိုးတက်နိုင်သည့် အရေးအကြီးဆုံးသော စွမ်းရည်တစ်ခုမှာ လက်ပေါက်ကပ်တဲ့သူတွေကို မေတ္တာထားဖို့ ဖြစ်ပါတယ်။
ဆက်ဆံရ ခက်ခဲတဲ့သူတွေကို ယေရှုတွေ့ဆုံခဲ့စဉ်တွင် မေတ္တာဖြင့်တုံ့ပြန်မှုပြုခဲ့သော စံနမူနာယူစရာ (၄) မျိုးကို ဖော်ပြလိုက်ပါတယ်။
(၁) လူတိုင်းကို သင်မရောင့်ရဲစေနိုင်ကြောင်းကို နားလည်ပါ။
ဘုရားသခင်ကိုယ်တော်တိုင် ၎င်းကို မတတ်စွမ်းနိုင်ပါ။ ဘာသာရေးခေါင်းဆောင်ဆိုတဲ့ ဖာရိရှိတွေကို သခင်ယေရှု စကားပြောတဲ့အခါမှာ ချေပစကားလုံးတို့ကို မပြုခဲ့ပါ။  ရှင်မဿဲခရစ်ဝင်ကျမ်း “ယေရှုသည် ထိုသူတို့၏ ဆိုးညစ် သောသဘောကို သိတော်မူလျှင်၊ လျှို့ဝှက်သောသူတို့၊ အဘယ်ကြောင့် ငါ့ကို စုံစမ်းနှောင့် ရှက်ကြသနည်း။” လို့ ယေရှုသည် ထိုဖာရိရှဲတို့ကို ပြောခဲ့ပါတယ်။ အချေအတင်ပြောဆိုခြင်းကို ယေရှုငြင်းပယ်ခဲ့ပါတယ်။ သင်လည်း ငြင်းပယ်နိုင်ပါတယ်။
(၂) ယုတ္တိမရှိသော မျှော်လင့်ချက်တို့ကို ငြင်းဆန်ပြောဆိုဖို့ရန် လေ့လာပါ။
ဧဖက်ဩဝါဒစာ ၄:၁၅ “မေတ္တာစိတ်နှင့်သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်းတည်းဟူသောခရစ်တော်မှာ အရာရာတို့၌ ကြီးပွားကြမည် အကြောင်းတည်း။
“မေတ္တာစိတ်နှင့်ပြောကြားခြင်း”ပြုခြင်းက သခင်ယေရှုနှင့် တူကြောင်းကို သမ္မာကျမ်းစာက ဆိုပါတယ်။ ငြင်းပယ်သော စကားကို ပြောဆိုနိုင်ပါတယ်။ မေတ္တာစိတ်ဖြင့် ပြောဆိုရုံပါ။
(၃) ဘယ်တော့မှ လက်တုံ့မပြန်ပါနှင့်။
ထိုသို့ ပြုခြင်းအရာက သင့်ကို ထိုသူတို့အဆင့်အထိ နိမ့်ကျစေခြင်းသာ ဖြစ်ပါတယ်။ ရှင်မဿဲခရစ်ဝင်ကျမ်း ၅:၃၈-၃၉ “သူ့မျက်စိကို ဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကိုခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကို ခံစေဟူသော ပညတ်စကားကို သင်တို့ကြားရပြီ။ငါပညတ်သည်ကား၊ နှောင့်ရှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတဘက် ကို သူတပါးပုတ်လျှင် ပါးတဘက်ကို လှည့်၍ပေးဦးလော့။
(၄) သူတို့အတွက် ဆုတောင်းလိုက်ပါ။
ဆုတောင်းပေးခြင်းက သင့်အတွက် နှင့် သင့်အသက်တာရှိ တွေ့ကြုံရတဲ့ လက်ပေါက်ကပ်တဲ့သူတွေအတွက် အကူအညီဖြစ်စေပါလိမ့်မည်။ သခင်ယေရှု၏ လမ်းညွှန်ချက်တွေက ရိုးရှင်းပြီး ရှင်းလင်းပါတယ်။ ရှင်မဿဲခရစ်ဝင်ကျမ်း ၅:၄၄ “ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသော ငှါ။ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်း သောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင် ကို ဆုတောင်း ကြလော့။လက်ပေါက်ကပ်တဲ့သူတွေ ၊ ဆက်ဆံရ ခက်ခဲတဲ့သူတွေအတွက် ဆုတောင်းပေး လိုက်ပါ။ ပြီးနောက် ထိုသူတို့ကို ဘုရားသခင် စကားပြောမည်ကို သင် ယုံကြည်လိုက်ပါ။
ပြောဆိုဆက်ဆံရ ခက်ခဲတဲ့သူတွေကို သင်နေ့တိုင်း တွေ့ရမှာပါ။ အနုတ်သဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ ပြန်တုံ့ပြန်ဖို့ကို အမြဲလိုလို သင်သွေးဆောင်ခံရနိုင်ပါသည်။ ထိုသို့ပြုမည့်အစား အထက်ဖော်ပြပါ တုံ့ပြန်ချက် (၄) မျိုးအားဖြင့် သူတို့အား ကြိုးစားမေတ္တာထားကြည့်လိုက်ပါ။ သင်၏ ပေါင်းသင်းဆက်ဆံရေးကို ပိုမိုခိုင်မာလာစေပြီး သင်၏ အကျင့်စရိုက်သသည် သခင်ယေရှုနှင့်ပို၍ တူလာပါလိမ့်မည်။
ဆင်ခြင်ရန်
- ချစ်ခြင်းမေတ္တာဖြင့် အမှန်တရားကို ပြောဆိုခြင်းအဓိပ္ပါယ်ကား မည်သို့နည်း။
- လက်တုံ့မပြန်ဖို့ရန် နောက်လိုက်တို့အား သခင်ယေရှုဘာကြောင့် ပြောဆိုကြောင်း သင်ထင်မြင်ပါသနည်း။ ၎င်းကို ယေရှုမည်သို့ ပုံဖော်ပါသနည်း။
- ပြောဆိုရ ခက်ခဲတဲ့သူတွေအတွက် ဆုတောင်းပေးတဲ့အခါ ဘာတွေ ထူးခြားသွားပါသနည်း။
----------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်