Unicode Version
ရှင်မာကုခရစ်ဝင်ကျမ်း ၁၁:၂၄ “ထိုကြောင့်ငါဆိုသည်ကား၊ သင်တို့သည် ကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှ တို့ကို ရကြလိမ့်မည်။”ယုံကြည်ခြင်းဆိုတာ ဘုရားသခင် တတ်နိုင်ကြောင်းကို ယုံကြည်ရုံသာ မဟုတ်ပါ။ တစ်စုံတစ်ခုကို ဘုရားလုပ် ဆောင်လိမ့်မည်ဟု မျှော်လင့်ရုံသာ မဟုတ်ပါ။ ယုံကြည်ခြင်းဆိုတာ ဘုရားသခင်ကို ကြိုတင်ကျေးဇူး တင်ရှိခြင်း ဖြစ်ပါတယ်။
သခင်ယေရှုဆိုထားသည်မှာ
“ခဏစောင့်ပါ ၊ ရဖို့အလို့ငှာ မရခင်မှာ ဘုရားသခင်ကို ကြိုတင်ကျေးဇူးတင်ရအုံးမယ်”။
လို့သင်ပြောမည်။ ဟုတ်ပါတယ်။
ရရှိပြီးမှ ဘုရားကို ကျေးဇူးတင်မယ်ဆိုလျှင် ကျေးဇူးတင်ခြင်းသဘောဖြစ်ပါတယ်။
ကြိုတင်ပြီး ကျေးဇူးတင်တဲ့ အခါမှာတော့ ယုံကြည်ခြင်းသဘော ဖြစ်ပါတယ်။
ကျေးဇူးတင်ခြင်းဆိုတာ ကောင်းပါတယ် ၊ မှန်ကန်ပါတယ်။ သို့ပေမဲ့ သင်၏ ပန်းတိုင်က
နက်နဲသော ယုံကြည်ခြင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ဉီး ဖြစ်သင့်ပါတယ်။ ထိုကဲ့သို့ လုပ်ဆောင်ဖို့ရန်
ဘုရားသခင်ကို သင်ကြိုတင် ကျေးဇူးတင်ဖို့ လိုပါတယ်။
အကယ်၍
ယခုတွင် သင့်အား ဒေါ်လာတစ်ထောင်တန် ချက်လက်မှတ် တစ်ခုကို သင့်အား ပေးပါလျှင် ငွေသားရရှိပြီးချိန်မှ
ကျွန်ုပ်ကို ကျေးဇူးတင်မည်လား။ သင်ယခုပင် ကျေးဇူးတင်မှာဖြစ်ပါတယ်။ သို့ပေမဲ့ သင် ငွေသားမရရှိသရွေ့တော့
ငွေပိုင်ဆိုင်ရရှိခြင်း မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ ၎င်းချက်လက်မှတ်က ကတိသဘော သက်သေ
ဖြစ်တည်ခြင်းမျိုး ဖြစ်သည်။ ၎င်းချက်လက်မှတ်ကို ကျွန်ုပ်ပေးတဲ့အခါမှာ “ကျေးဇူးတင်ပါတယ်
…”လို့ သင်ပြောပါမည်။ ဒေါ်လာတစ်ထောင်တန် ချက်လက်မှတ်အတွက် ကျွန်ုပ်၏ ဘဏ်စာရင်းတွင်
ငွေများဖူလုံကြောင်းကို သင်ယုံကြည်လို့ ဖြစ်ပါတယ်။
ထိုနည်း၎င်းပင်
ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကြိုတင်ကျေးဇူးတင်ခြင်း
ဖြစ်ပါတယ်။ ဘုရားသခင်၌ ကတိ တော် ပေးထားကြောင်း ၊ ပံ့ပိုးပေးမည်ဆိုသော ကတိတော်တို့ကို
သင်ယုံကြည်ခြင်းဖြစ်ပါတယ်။ သင့်အတွက် ဘုရားလုပ်ပေးနိုင်တဲ့အရာအတွက်သာမက ဘုရားသခင်အား
သင်ချစ်ကြောင်းကို ဆိုလိုပါသည်။ ဘုရားလုပ် ဆောင် မည်ဟု ပြောထားသောအရာပေါ် သင်ယုံကြည်ကြောင်းကို
ဖော်ပြခြင်း ဖြစ်သည်။
တစ်နေ့တွင်
မျက်မမြင်နှစ်ဉီး သခင်ယေရှုထံ ရောက်ရှိလာပြီး သူတို့အား သနားခြင်းဂရုဏာ ထားပေးဖို့ရန်
တောင်းလျှောက်ခဲ့ပါတယ်။ သခင်ယေရှုက သင်တို့၌ ယုံကြည်ခြင်းရှိလျှင် အနာပျောက်ကင်းနိုင်ကြောင်း
ပြောခဲ့ပါတယ်။ သူတို့က ယုံကြည်ကြောင်း ဆိုလျှင် ယေရှုက “သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေ” မဿဲ ၉:၂၉
ကျွန်ုပ်ဆိုလိုသော
အကြောင်းရင်းသည် - အကယ်၍ Moby Dick အရပ်သို့ လှေလှော်စီးဖို့ရန် ဘုရားသခင်သင့်အား ဆိုပါလျှင်
အချည်ရည်ပါ တစ်ခါတည်း ယူသွားပါ။ သင် ဤညတွင် ငါးကင်စားရတော့မည်။
ဆင်ခြင်ရန်
-
ဆုတောင်းတဲ့အခါမှာ အသုံးများသော စကားစုတစ်ချို့အကြောင်းကို စဉ်းစားလိုက်ပါ။ ၎င်းတို့သည်
ဘုရားသခင် အား ယုံကြည်ခြင်းပေါ် သက်ရောက်ပါသလား။
-
သင် တောင်းဆိုသမျှသော အရာတိုင်းပေါ် ဘုရားသခင် ပံ့ပိုးပေးမည်ဟု အကယ်၍ သင်အမှန်တကယ်ပင်
ယုံကြည်ခဲ့ပါလျှင် သင်၏ အတွေးအခေါ်နှင့် သဘောထားတွေ ပြောင်းလဲသွားမည်လား။
-
ယုံကြည်ခြင်းဖြင့် စစ်မှန်စွာ ဆုတောင်းခြင်းပါလျှင် သင်၏ ဆုတောင်းချက်များ မည်သို့
ပြောင်းလဲသွားမည်နည်း။ သင်၏ယုံကြည်ခြင်းကို ဆက်သွယ်ပြသော ဘာသာစကားအားဖြင့် ယခုပင် ဆုတောင်း
ဖို့ရန် အချိန်ယူပါ။
--------------------------------------------------------------------------------------
Zawgyi Version
ရှင်မာကုခရစ်ဝင်ကျမ်း ၁၁:၂၄ “ထိုကြောင့်ငါဆိုသည်ကား၊ သင်တို့သည် ကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှ တို့ကို ရကြလိမ့်မည်။”
ဆင်ခြင်ရန်