သင်၏ ဝိညာဉ်ရေးရာဆုကျေးဇူးတို့အား အသုံးပြုဖို့ရန် နည်းလမ်း (၄) မျိုး | Four Ways to Use Your Spiritual Gifts

 Unicode Version

သင်၏ ဝိညာဉ်ရေးရာဆုကျေးဇူးတို့အား အသုံးပြုဖို့ရန် နည်းလမ်း (၄) မျိုး

ရောမဩဝါဒစာ ၆:၁၃ “သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့။”

 

သခင်ယေရှု နောက်လိုက်တစ်ဉီး ဖြစ်လာတဲ့အချိန်မှာ ဘုရားသခင်သင့်ကို ဝိညာဉ်ဆုကျေးဇူးပေးပါသည်။ သို့ပေမဲ့ သင်၏ အတွင်းသို့ သွင်းပေးလိုက်သော ထိုဝိညာဉ်ဆုကျေးဇူးကို သင်မည်ကဲ့သို့ စတင်အသုံးပြုပါသနည်း။ စတင်မှုရရှိစေတဲ့ နည်းလမ်း (၄) မျိုးကို ဖော်ပြလိုက်ပါတယ်။

 

(၁) သင်၏ ဆုကျေးဇူးကို ရှာဖွေပါ။

သင်၏ ဆုကျေးဇူးကို အသုံးမပြုနိုင်ခင်မှာ ထိုအရာတွေကို မည်သို့သော အရာတွေဖြစ်သည်ကို သင်သိရှိဖို့တော့ လိုပါတယ်။ ငုပ်နေတဲ့ ဆုကျေးဇူးတို့သည် ခရစ်တော်တော်များများမှာ ရှိကြပါတယ်။ သူတို့တွေသည် ထိုဆုကျေး ဇူးတို့ကို မသိရှိကြသလို အသုံးမပြုကြပါဘူး။ လစ်လျူရှုထားကြပါတယ်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ တိမောသေဩဝါဒစာ ပဌမစောင် ၄:၁၄ “ ဗျာဒိတ်တော်ကို ခံ၍၊ သင်းအုပ်များတို့သည် လက်တင်ခြင်းနှင့်တကွ၊ သင်၌အပ်ပေးသော ဆုကျေးဇူး ကို မပြုစုဘဲမနေနှင့်။”

 

သင်၏ ဆုကျေးဇူးတို့ကို မည်ကဲ့သို့ ရှာဖွေမည်နည်း။ အဆင့် (၃) ဆင့်ရှိပါတယ်။ ဆန်းစစ်ခြင်း ၊ ချင့်ချိန်တွက်ချက်ခြင်း နှင့် သုတေသန ပြုခြင်းတို့ ဖြစ်ပါတယ်။ ပထမဉီးစွာ ဝိညာဉ်ဆုကျေးဇူး တစ်ခုချင်းစီကို လေ့လာခြင်းဖြင့် ဆန်းစစ်နိုင်ပါတယ်။ သင် မည်သည့်အရာပေါ်မှာ တတ်ကျွမ်းသလဲဆိုတာကို ဆန်းစစ်လိုက်ပါ။ သင်အထဲရှိ မည်သို့သော ဆုကျေးဇူးကို သူငယ်ချင်းတွေ မည်သို့မြင်သလဲ ဆိုတာကိုလည်း စတင်မေးမြန်းနိုင်ပါတယ်။ နောက်ဆုံးမှာ မတူညီတဲ့အရာတွေကို ကြိုးစားကြည့်ခြင်းအားဖြင့် သုတေသန ပြုပါ။ သင်၏ အသင်းတော်ရှိ မတူညီသော လုပ်ဆောင်မှုတွေမှာ စေတနာဖြင့်ပါဝင် လုပ်ဆောင်ခြင်းအတွက် သင်၏ဆုကျေးဇူးကို တွေ့ရှိရဖို့ အကူအညီ ဖြစ်စေပါလိမ့်မည်။ တစ်နည်းအားဖြင့် သင်က သင်ကြားရေးထက် စီစဉ်ခြင်းအရာတွေမှာ ပိုပြီးကျွမ်းကျင်ကောင်း ကျွမ်းကျင်ပါမည်။

 

(၂)  သင်၏ ဆုကျေးဇူးတို့ကို ဘုရားသခင်ထံ ဆပ်ကပ်အပ်နှံပါ။

ရောမဩဝါဒစာ ၆:၁၃ တွင် ဆိုထားသည်မှာ “သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက် ကြ လော့။

 

သင်၏ ဆုကျေးဇူးကို သင်သိကောင်းသိနှင့်နေပါမည်။ သို့ပေမဲ့ ဘုရားသခင်အတွက် သင်အသုံးပြုခြင်း မရှိသေးတာဖြစ်ပါမည်။ သင့်အတွက်သာ သင်အသုံးပြုနေမည်။ သင့်ကိုယ်သင် နှိမ့်ချခြင်းနှင့်အတူ သင်ရရှိနေသော ဆုကျေးဇူးမှန်သမျှတို့ကို ဘုရားသခင်ထံ ဆပ်ကပ်ဖို့ လိုအပ်ပါတယ်။ သင်၏ ဆင်ခြေအားလုံး တို့ကို ဖယ်ရှားပြီး “အဖဘုရားသခင်… ကျွန်ုပ်အား ပေးတော်မူသော ဆုကျေးဇူးတို့ကို ပြန်အပ် ဆပ်ကပ်ပါသည်” ဟု ဆိုလိုက်ပါ။

 

(၃) သင်၏ ဆုကျေးဇူးတို့ကို ဖွံ့ဖြိုးတိုးတက်စေပါ။

ဆုကျေးဇူးတွေသည် ခန္ဓာကိုယ်တွင်းရှိ ကြွက်သားများနှင့် တူပါသည်။ အသုံးပြုလေလေ ပိုကြီးလာလေ ဖြစ်ပါတယ်။ ဘုရားသခင် သင့်အား ပေးတော်မူသော ဆုကျေးဇူး တစ်ခုခုကိုတော့ ကြီးထွားလာအောင် ၊ တိုးတက်လာအောင် ၊ ခိုင်ခံလာအောင်တော့ သင် လုပ်သင့်ပါတယ်။ လုပ်နိုင်ပါတယ်။ တူညီသော ဆုကျေးဇူးရှိတဲ့ လူတွေဆီကနေလည်း သင်ယူခြင်း ၊ လေ့လာခြင်း ၊ လေ့ကျင့်ခြင်းအားဖြင့် သင်၏ ဆုကျေးဇူးကို အသုံးချခြင်းဖြင့် ပိုမိုကောင်းမွန်လာစေပါတယ်။

 

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီးခံရကြသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေ ငှပေးကမ်း ကြလော့။” ရှင်ပေတရုဩဝါဒစာ ပဌမစောင် ၄ ၁၀

 

(၄) သင်၏ ဆုကျေးဇူးတို့ကို အသုံးချပါ။

ရောမဩဝါဒစာ ၁၂:၆ “ထိုသို့ပေးတော်မူသော ကျေးဇူးတော်အတိုင်း ငါတို့သည် အသီးသီးအပြားပြားသော ဆုများကိုခံရသည် ဖြစ်၍၊ ပရောဖက်အရာရှိလျှင်၊ ယုံကြည်ခြင်း၏ပမာဏကို ရသည်အတိုင်း ပရောဖက်ပြု ကြကုန်အံ့။

 

သင်၏ ဆုကျေးဇူးတို့ကို ရှာဖွေရန် ၊ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် အသုံးချဖို့ရန် ဘယ်အရာက အကောင်းဆုံးဖြစ်သနည်း။ တခြားသော ယုံကြည်သူခရစ်ယာန် အဖွဲ့ငယ်တွေသည် စမ်းသပ်မှု နေရာတစ်ရပ်နှင့် တူပါတယ်။ သင်၏ အသင်းတော် ဖြစ်နိုင်ပါတယ်။ Sunday School အတန်း (သို့) ပုံမှန် ယုံကြည်သူတွေ တွေ့ဆုံတဲ့ အဖွဲ့ငယ် လေးလည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ သင်က ထိုကဲ့သို့သော အဖွဲ့တွင်း မပါဝင်ရသေးဘူးဆိုလျှင် ယခုတစ်ပတ်တွင် ပါဝင်ဖို့ရန် ကျွန်ုပ်တိုက်တွန်းပါရစေ။ သို့မှသာ သင်၏ ဆုကျေးဇူး တို့ကို ကြီးထွားစေနိုင်ဖို့ရန် နှင့် စမ်းသပ်နိုင်ဖို့ရန် စိတ်ချရပြီး အထောက်အမပေးနိုင်တဲ့ မိတ်ဆွေတွေဆီကနေ သင်အားပေးမှုတွေ ရရှိနိုင်မည် ဖြစ်သည်။

 

ဆင်ခြင်ရန်

- မည်ကဲ့သို့သော ဆုကျေးဇူးကို သင့်အတွက်သာ သင်အသုံးပြုနေပြီး ဘုရားအတွက် အသုံးပြုခြင်းမရှိပါသနည်း။ ထိုဆုကျေးဇူးကို ဘုရားသခင်ထံ ဆပ်ကပ်ဖို့ရန် ယနေ့တွင် မည်သို့သော ပြောင်းလဲမှုတစ်ခုကို သင်စတင်နိုင်မည်နည်း။

- သင်၏ ဆုကျေးဇူးကို သင်မည်ကဲ့သို့ တိုးတက်စေပါသနည်း။ (သို့) တခြားသော ခရစ်ယာန်တစ်ဉီး သူ၏ ဆုကျေးဇူးတို့ကို မည်သို့တိုးတက်စေသည်ကို သင်တွေ့မြင်ပါသနည်း။

- တစ်စုံတစ်ယောက်က သူ၏ ဆုကျေးဇူးကို အသုံးချနေခြင်းအားဖြင့် သင့်အား မည်သို့သော နည်းလမ်း တစ်မျိုးဖြင့် ကောင်းချီးဖြစ်စေခဲ့ပါသနည်း။


----------------------------------------------------------

Zawgyi Version

သင္၏ ဝိညာဥ္ေရးရာဆုေက်းဇူးတို႔အား အသုံးျပဳဖို႔ရန္ နည္းလမ္း (၄) မ်ိဳး

ေရာမဩဝါဒစာ ၆:၁၃ “သင္တို႔၏ကိုယ္အဂၤါမ်ားကို ဒုစ႐ိုက္လက္နက္ ျဖစ္ေစ၍၊ အျပစ္တရားအား မဆက္ၾကႏွင့္။ ေသျခင္းမွ ထေျမာက္၍ အသက္ရွင္ေသာသူကဲ့သို႔၊ ဘုရားသခင္အား ကိုယ္ကိုကိုယ္ဆက္ၾကေလာ့။”



သခင္ေယရႈ ေနာက္လိုက္တစ္ဉီး ျဖစ္လာတဲ့အခ်ိန္မွာ ဘုရားသခင္သင့္ကို ဝိညာဥ္ဆုေက်းဇူးေပးပါသည္။ သို႔ေပမဲ့ သင္၏ အတြင္းသို႔ သြင္းေပးလိုက္ေသာ ထိုဝိညာဥ္ဆုေက်းဇူးကို သင္မည္ကဲ့သို႔ စတင္အသုံးျပဳပါသနည္း။ စတင္မႈရရွိေစတဲ့ နည္းလမ္း (၄) မ်ိဳးကို ေဖာ္ျပလိုက္ပါတယ္။


(၁) သင္၏ ဆုေက်းဇူးကို ရွာေဖြပါ။

သင္၏ ဆုေက်းဇူးကို အသုံးမျပဳႏိုင္ခင္မွာ ထိုအရာေတြကို မည္သို႔ေသာ အရာေတြျဖစ္သည္ကို သင္သိရွိဖို႔ေတာ့ လိုပါတယ္။ ငုပ္ေနတဲ့ ဆုေက်းဇူးတို႔သည္ ခရစ္ေတာ္ေတာ္မ်ားမ်ားမွာ ရွိၾကပါတယ္။ သူတို႔ေတြသည္ ထိုဆုေက်း ဇူးတို႔ကို မသိရွိၾကသလို အသုံးမျပဳၾကပါဘူး။ လစ္လ်ဴရႈထားၾကပါတယ္။ သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ တိေမာေသဩဝါဒစာ ပဌမေစာင္ ၄:၁၄ “ ဗ်ာဒိတ္ေတာ္ကို ခံ၍၊ သင္းအုပ္မ်ားတို႔သည္ လက္တင္ျခင္းႏွင့္တကြ၊ သင္၌အပ္ေပးေသာ ဆုေက်းဇူး ကို မျပဳစုဘဲမေနႏွင့္။”


သင္၏ ဆုေက်းဇူးတို႔ကို မည္ကဲ့သို႔ ရွာေဖြမည္နည္း။ အဆင့္ (၃) ဆင့္ရွိပါတယ္။ ဆန္းစစ္ျခင္း ၊ ခ်င့္ခ်ိန္တြက္ခ်က္ျခင္း ႏွင့္ သုေတသန ျပဳျခင္းတို႔ ျဖစ္ပါတယ္။ ပထမဉီးစြာ ဝိညာဥ္ဆုေက်းဇူး တစ္ခုခ်င္းစီကို ေလ့လာျခင္းျဖင့္ ဆန္းစစ္ႏိုင္ပါတယ္။ သင္ မည္သည့္အရာေပၚမွာ တတ္ကြၽမ္းသလဲဆိုတာကို ဆန္းစစ္လိုက္ပါ။ သင္အထဲရွိ မည္သို႔ေသာ ဆုေက်းဇူးကို သူငယ္ခ်င္းေတြ မည္သို႔ျမင္သလဲ ဆိုတာကိုလည္း စတင္ေမးျမန္းႏိုင္ပါတယ္။ ေနာက္ဆုံးမွာ မတူညီတဲ့အရာေတြကို ႀကိဳးစားၾကည့္ျခင္းအားျဖင့္ သုေတသန ျပဳပါ။ သင္၏ အသင္းေတာ္ရွိ မတူညီေသာ လုပ္ေဆာင္မႈေတြမွာ ေစတနာျဖင့္ပါဝင္ လုပ္ေဆာင္ျခင္းအတြက္ သင္၏ဆုေက်းဇူးကို ေတြ႕ရွိရဖို႔ အကူအညီ ျဖစ္ေစပါလိမ့္မည္။ တစ္နည္းအားျဖင့္ သင္က သင္ၾကားေရးထက္ စီစဥ္ျခင္းအရာေတြမွာ ပိုၿပီးကြၽမ္းက်င္ေကာင္း ကြၽမ္းက်င္ပါမည္။


(၂)  သင္၏ ဆုေက်းဇူးတို႔ကို ဘုရားသခင္ထံ ဆပ္ကပ္အပ္ႏွံပါ။

ေရာမဩဝါဒစာ ၆:၁၃ တြင္ ဆိုထားသည္မွာ “သင္တို႔၏ကိုယ္အဂၤါမ်ားကို ဒုစ႐ိုက္လက္နက္ ျဖစ္ေစ၍၊ အျပစ္တရားအား မဆက္ၾကႏွင့္။ ေသျခင္းမွ ထေျမာက္၍ အသက္ရွင္ေသာသူကဲ့သို႔၊ ဘုရားသခင္အား ကိုယ္ကိုကိုယ္ဆက္ ၾက ေလာ့။”


သင္၏ ဆုေက်းဇူးကို သင္သိေကာင္းသိႏွင့္ေနပါမည္။ သို႔ေပမဲ့ ဘုရားသခင္အတြက္ သင္အသုံးျပဳျခင္း မရွိေသးတာျဖစ္ပါမည္။ သင့္အတြက္သာ သင္အသုံးျပဳေနမည္။ သင့္ကိုယ္သင္ ႏွိမ့္ခ်ျခင္းႏွင့္အတူ သင္ရရွိေနေသာ ဆုေက်းဇူးမွန္သမွ်တို႔ကို ဘုရားသခင္ထံ ဆပ္ကပ္ဖို႔ လိုအပ္ပါတယ္။ သင္၏ ဆင္ေျခအားလုံး တို႔ကို ဖယ္ရွားၿပီး “အဖဘုရားသခင္… ကြၽႏ္ုပ္အား ေပးေတာ္မူေသာ ဆုေက်းဇူးတို႔ကို ျပန္အပ္ ဆပ္ကပ္ပါသည္” ဟု ဆိုလိုက္ပါ။


(၃) သင္၏ ဆုေက်းဇူးတို႔ကို ဖြံ႕ၿဖိဳးတိုးတက္ေစပါ။

ဆုေက်းဇူးေတြသည္ ခႏၶာကိုယ္တြင္းရွိ ႂကြက္သားမ်ားႏွင့္ တူပါသည္။ အသုံးျပဳေလေလ ပိုႀကီးလာေလ ျဖစ္ပါတယ္။ ဘုရားသခင္ သင့္အား ေပးေတာ္မူေသာ ဆုေက်းဇူး တစ္ခုခုကိုေတာ့ ႀကီးထြားလာေအာင္ ၊ တိုးတက္လာေအာင္ ၊ ခိုင္ခံလာေအာင္ေတာ့ သင္ လုပ္သင့္ပါတယ္။ လုပ္ႏိုင္ပါတယ္။ တူညီေသာ ဆုေက်းဇူးရွိတဲ့ လူေတြဆီကေနလည္း သင္ယူျခင္း ၊ ေလ့လာျခင္း ၊ ေလ့က်င့္ျခင္းအားျဖင့္ သင္၏ ဆုေက်းဇူးကို အသုံးခ်ျခင္းျဖင့္ ပိုမိုေကာင္းမြန္လာေစပါတယ္။


သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “သင္တို႔သည္ ဆုေက်းဇူးေတာ္ကို အသီးသီးခံရၾကသည္ႏွင့္အညီ၊ ဘုရားသခင္၏ အထူးထူး အျပားျပားေသာ ေက်းဇူးေတာ္ဘ႑ာစိုးေကာင္းကဲ့သို႔၊ အခ်င္းခ်င္းေဝ ငွေပးကမ္း ၾကေလာ့။” ရွင္ေပတ႐ုဩဝါဒစာ ပဌမေစာင္ ၄ ၁၀


(၄) သင္၏ ဆုေက်းဇူးတို႔ကို အသုံးခ်ပါ။

ေရာမဩဝါဒစာ ၁၂:၆ “ထိုသို႔ေပးေတာ္မူေသာ ေက်းဇူးေတာ္အတိုင္း ငါတို႔သည္ အသီးသီးအျပားျပားေသာ ဆုမ်ားကိုခံရသည္ ျဖစ္၍၊ ပေရာဖက္အရာရွိလွ်င္၊ ယုံၾကည္ျခင္း၏ပမာဏကို ရသည္အတိုင္း ပေရာဖက္ျပဳ ၾကကုန္အံ့။” 


သင္၏ ဆုေက်းဇူးတို႔ကို ရွာေဖြရန္ ၊ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ႏွင့္ အသုံးခ်ဖို႔ရန္ ဘယ္အရာက အေကာင္းဆုံးျဖစ္သနည္း။ တျခားေသာ ယုံၾကည္သူခရစ္ယာန္ အဖြဲ႕ငယ္ေတြသည္ စမ္းသပ္မႈ ေနရာတစ္ရပ္ႏွင့္ တူပါတယ္။ သင္၏ အသင္းေတာ္ ျဖစ္ႏိုင္ပါတယ္။ Sunday School အတန္း (သို႔) ပုံမွန္ ယုံၾကည္သူေတြ ေတြ႕ဆုံတဲ့ အဖြဲ႕ငယ္ ေလးလည္း ျဖစ္ႏိုင္ပါတယ္။ အကယ္၍ သင္က ထိုကဲ့သို႔ေသာ အဖြဲ႕တြင္း မပါဝင္ရေသးဘူးဆိုလွ်င္ ယခုတစ္ပတ္တြင္ ပါဝင္ဖို႔ရန္ ကြၽႏ္ုပ္တိုက္တြန္းပါရေစ။ သို႔မွသာ သင္၏ ဆုေက်းဇူး တို႔ကို ႀကီးထြားေစႏိုင္ဖို႔ရန္ ႏွင့္ စမ္းသပ္ႏိုင္ဖို႔ရန္ စိတ္ခ်ရၿပီး အေထာက္အမေပးႏိုင္တဲ့ မိတ္ေဆြေတြဆီကေန သင္အားေပးမႈေတြ ရရွိႏိုင္မည္ ျဖစ္သည္။


ဆင္ျခင္ရန္

- မည္ကဲ့သို႔ေသာ ဆုေက်းဇူးကို သင့္အတြက္သာ သင္အသုံးျပဳေနၿပီး ဘုရားအတြက္ အသုံးျပဳျခင္းမရွိပါသနည္း။ ထိုဆုေက်းဇူးကို ဘုရားသခင္ထံ ဆပ္ကပ္ဖို႔ရန္ ယေန႔တြင္ မည္သို႔ေသာ ေျပာင္းလဲမႈတစ္ခုကို သင္စတင္ႏိုင္မည္နည္း။

- သင္၏ ဆုေက်းဇူးကို သင္မည္ကဲ့သို႔ တိုးတက္ေစပါသနည္း။ (သို႔) တျခားေသာ ခရစ္ယာန္တစ္ဉီး သူ၏ ဆုေက်းဇူးတို႔ကို မည္သို႔တိုးတက္ေစသည္ကို သင္ေတြ႕ျမင္ပါသနည္း။

- တစ္စုံတစ္ေယာက္က သူ၏ ဆုေက်းဇူးကို အသုံးခ်ေနျခင္းအားျဖင့္ သင့္အား မည္သို႔ေသာ နည္းလမ္း တစ္မ်ိဳးျဖင့္ ေကာင္းခ်ီးျဖစ္ေစခဲ့ပါသနည္း။