Unicode Version
ဘုရားသခင်၏ လက်တော်ထဲတွင် သင်လုံခြုံပါသည်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၀:၂၈-၂၉ “ထာဝရအသက်ကိုလည်း ငါပေး၏။ သိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွှတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ မနုတ်မယူရာ။ ထိုသိုးတို့ကို ငါ၌ အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသော သူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့ခမည်းတော်၏ လက်မှ မနုတ်မယူနိုင်ရာ”
ကျွန်တော်ငယ်စဉ်ချိန်က ကျွန်တော့၏ ဖခင်နှင့်ပတ်သက်ပြီး သဘောကျစေခဲ့တဲ့ အရာတစ်ခုက အဖေ့ရဲ့ လက်တစ်စုံပါဘဲ။ ကလေးအမြင်ဖြစ်သည့်အလျောက် အဖေ့၏ လက်တွေက ကြီးမားနေပါတယ်။ လက်သမား အလုပ်တွေ လုပ်ဆောင်တဲ့အခါတွင် အဖေ့၏ လက်ထဲမှာ တူတစ်ခုက သေးနေသယောင် ထင်မြင်ခဲ့ရ ပါတယ်။
ကျွန်ုပ်တို့၏ ကောင်းကင်ဘုံအရှင် ထာဝရဘုရားတွင် တကယ့်ကိုကြီးမားတဲ့ လက်တော်ရှိပါတယ်။ ဤကမ္ဘာ တစ်ခုလုံးကို သူ၏ လက်တော်ထဲတွင် ပိုင်ဆိုင်ထားပါတယ်။
သူ၏ လက်တော်က ဘယ်လောက်တောင် ကြီးသလဲ။
(၁) သင့်အား လုံလောက်သော ကောင်းချီးပေးဖို့ရန် ဘုရားသခင်၏ လက်တော်က ကြီးမားပါသည်။
လူသားတွေပေါ်မှာ သခင်ယေရှုသည် သူ၏ လက်တော်ကို တင်ပြီး ကောင်းကြီးပေးပါသည်။ သင့်အပေါ်၌လည်း ထိုနည်း၎င်းပင် ဖြစ်ပါတယ်။ ယေရှာယ အနာဂတ္တိကျမ်း ၆၂: ၃ “သင်သည် ထာဝရဘုရား၏ လက်တော်၌ တင့်တယ်သော ဉီးရစ် ၊ သင်၏ ဘုရားသခင်ကိုင်တော်မူသော မင်းမြောက်သရဖူ ဖြစ်လိမ့်မည်”
(၂) သင့်အား ဘယ်တော့မှ မမေ့စေသာ အမာရွတ်တွေ ဘုရားသခင်၏ လက်တော်တွင်ရှိပါသည်။
ကောင်းကင်ဘုံတွင် တစ်ခုတည်းသော အမာရွတ်သည် သခင်ယေရှု၌သာ ရှိပါလိမ့်မည်။ ဘုရားသခင် သင့်အား မေ့ပစ်နိုင်တယ်လို့ သင်ယူဆပါသလား။ သင်ကို အစဉ်သတိရစေမည့် သတိပေးနေသော လက်တော်ရှိ အမာရွတ်ရှိနေပါတယ်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ “မိန်းမသည် မိမိဘွားသော သားကို မသနားသည်တိုင်အောင် ၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း သင့်ကို ငါမမေ့လျော့။ ငါသည် ကိုယ်လက်ဝါး၌ သင့်ကို စာထိုးပြီ။ သင်၏ မြို့ရိုးသည် ငါ့ရှေ့မှာ အစဉ်ရှိ၏” ယေရှာယ အနာဂတ္တိကျမ်း ၄၉: ၁၅-၁၆
(၃) သင့်အား ထာဝရ လုံခြုံမှုတွင် ထားရှိဖို့ရန် ဘုရားသခင်၌ ကြံ့ခိုင်သော လက်တော်ရှိပါသည်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၀:၂၈-၂၉ “ထာဝရအသက်ကိုလည်း ငါပေး၏။ သိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွှတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ မနုတ်မယူရာ။ ထိုသိုးတို့ကို ငါ၌ အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသော သူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့ခမည်းတော်၏ လက်မှ မနုတ်မယူနိုင်ရာ”
သင်၏အသက်တာကို ဘုရားသခင်၏ လက်တော်သို့ အပ်နှံလိုက်သည်နှင့် တစ်ပြိုင်နက် ဘယ်သူမှ လုယူ လို့မရနိုင်ပါ။ “အပြင်ဘက်ကို ခုန်ထွက်လို့မရနိုင်ဘူးလား” လို့ သင်တွေးကောင်းတွေးပါမည်။ ဘုရားသခင်၏ လက်တော်က ဘယ်လောက်ကြီးသလဲလို့ သင်ထင်ပါသလဲ။ ဘုရားသခင်၏ လက်တော်အစွန်းနာထိ သင်ဘယ် တော့မှ ရောက်ရှိသွားဖို့ မရှိပါ။ သင့်အသက် ကဏ္ဍအားလုံးတို့သည် ဘုရား၏ လက်ထဲမှာဘဲ ရှိပါတယ်။
ယနေ့တွင် သင်ခုန်ထွက်ဖို့ရန် သင်၏ အဖဘုရားရှင်သည် စောင့်ဆိုင်းနေပါတယ်။ “ငါ့ကို ယုံကြည်ပါ။ ယုံကြည်နိုင် ပါတယ်။ ငါသည် အဖြစ်အပျက်တို့၏ နောက်ကွယ်တွင် လုပ်ဆောင်မှု ပြုနေပါတယ်။ သင်ပေးမည့် မည့်သည့်အရာကိုမဆို ငါကိုင်တွယ်နိုင်ပါတယ်”။
သင်၏ အသက်တာကို ဘုရားသခင်၏ လက်တော်တွင် ရှိဖို့ရန် အလိုရှိပါသလား။ ဘုရားသခင်အား ယနေ့နှင့် ထာဝရအတွက် ယုံကြည်စိတ်ချနိုင်ပါတယ်။
ဆင်ခြင်ရန်
- အရင်အချိန်တုန်းက ဘုရားသခင် သင့်အား ထောက်ပံ့ပေး ၊ ဂရုစိုက်ပေးမှုတွေကို မည်သို့ တွေ့ကြုံခဲ့ရပါသနည်း။
- သင်၏ အသက်တာရှိ မည်သို့သော ကြီးမားဆုံးသော အခြေအနေ (သို့) ပြသနာတွေကို ဘုရားသခင်ထံ အပ်နှံဖို့ရန် ဝန်လေးနေပါသနည်း။
- ဘုရားသခင်၏ လက်တော်တွင် သင်ထာဝရ လုံခြုံပါသည်။ ဤအရာက သင်၏ အသက်တာ အသက်ရှင်သန်ဖို့ရန် မည်သို့ ပြောင်းလဲပေးမည်နည်း။
-------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်