သင်၏ လိုအင်တွေ မဟုတ် ၊ လိုအပ်ချက်တွေကို ဘုရားသခင် ဖြည့်ဆည်းပေးပါမည်။ |

 Unicode Version

ဖိလိပ္ပိ ဩဝါဒစာ ၄:၁၉ “ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။”

 

ကျွန်ုပ်တို့၏ အကြီးမားဆုံး ဖြစ်လေ့ရှိတဲ့ ပူပန်မှုတစ်ခုမှာ ကျွန်ုပ်တို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ရန် ကျွန်ုပ်တို့၏ အစွမ်းအစနှင့် ပတ်သက်တယ်ဆိုတာပါဘဲ။ ထိုသို့ မဖြစ်သင့်ပါ။

 

သမ္မာကျမ်းစာက ဆိုထားသည်မှာ “ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည် အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။” ဖိလိပ္ပိ ဩဝါဒစာ ၄:၁၉

ခရစ်တော်၌ရှိသော သူတို့အတွက် ၎င်းသည် ဝမ်းမြောက်ဖွယ်ကတိတော် ဖြစ်ပါတယ်။

 

သင်၏ လိုအင်ဆန္ဒ အားလုံးကို ဖြည့်ဆည်းဖို့ရန် ဘုရားသခင် ကတိမပေးပါဘူး။ အဆောက်အအုံ (သို့) ကြိုက်နှစ်သက်တဲ့ ကားတွေကိုလည်း ကတိမပေးပါဘူး။ မီးခွက်စောင့် နတ်သမီးလိုမျိုး လိုအင်ဆန္ဒတိုင်းကို တောင်းယူလို့ ရတဲ့ ဘုရားမဟုတ်ပါ။ သို့ပေမဲ့ သင်၏ လိုအပ်ချက်အားလုံးကို ပေးပါမည်။

 

ကျွန်ုပ်တို့ လူအများစုတွေက ဤအကြောင်းအရာကို တကယ်နားမလည်ကြပါ။ ဒါကြောင့်လဲ ထိုအရာအတွက် ဆုမတောင်းကြပါ။ ကျွန်ုပ်နှစ်သက်မိတဲ့ ကျမ်းပိုဒ်တစ်ခုတွင် ဆိုထားသည်မှာ ဆာလံ ၈၄:၁၁ “ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကို ပေးတော်မူ၏။ ဖြောင့်မတ်စွာ ကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။

ဖြောင့်မတ်စွာ ကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။

“The Lord will withhold no good thing from those who do what is right” (NLT).

ဤစကားလုံး ကို မှတ်သားပါ။ no good thing

 

‌ကျွန်ုပ်၏ သားသမီးတို့ ကြီးပြင်းလာတဲ့ အချိန်တွေမှာ သူတို့လေးတွေကို ကောင်းတဲ့အရာဘဲ ကျွန်ုပ် ပေးချင်ပါတယ်။ သူတို့လေးတွေကို ထိခိုက်စေမဲ့ တစ်စုံတရာ (သို့) သူတို့၏ ဝိညာဉ်ရေးရာ ၊ ခန္ဓာပိုင်းဆိုင်ရာ ၊ (သို့) စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုတွေမှာ အညွှန့်ချိုးစေမဲ့ အရာတွေ မကောင်းတဲ့အရာတစ်စုံတစ်ရာကို သူတို့ဆီကနေ ကျွန်ုပ် ထုတ်ယူရပါတယ်။ သို့ပေမဲ့ သူတို့ဆီကနေ ကောင်းကျိုးဖြစ်စေမည့် မည်သည့်အရာတွေကိုမဆို ကျွန်ုပ် မငြင်းပယ်ပါဘူး။

 

ကျွန်ုပ်သည် ဖခင်တစ်ဉီး ဖြစ်သည့်အလျောက် သားသမီးတို့ကို ကောင်းတဲ့အရာတွေကိုဘဲ ပေးချင်ပါတယ်။ ပြည့်ဝစုံလင်တဲ့ ဘုရားသခင်သည်လည်း ထိုထက်မက များစွာ ဘယ်လောက်ပြုချင်နေမလဲ။

 

သင့်အတွက် လောကကို ကြွဆင်းပြီး အသေခံခဲ့တဲ့အချိန်တွင် သင်၏ အပြစ်တွေ ၊ အကြီးမားဆုံးပြသနာကို ဘုရားသခင် ဖြေရှင်းခဲ့ပြီးဖြစ်သည်။ ထိုအရာတို့ကို အဖဘုရားရှင်သည် ဆန္ဒရှိနေပါလျှင် သင်ရင်ဆိုင်နေရတဲ့ တခြားသော အရာတွေနှင့် ပတ်သက်ပြီး သူအလေးထားတယ်ဆိုတာကို သင်မစဉ်းစားမိဘူးလား။

 

လုံးဝ သေချာပါတယ်။ သင်၏ ငွေကြေး၊ ကျန်းမာရေး နှင့် အသက်မွေးဝမ်းကျောင်းအလုပ်တွေ အပါအဝင် သင့်ကို အလေးထား ဂရုစိုက်သော ဘုရားရှင်ဖြစ်ပါတယ်။

ဆင်ခြင်ရန်

- သင် လိုအပ်နေချိန်တွင် သင့်အတွက် ဘုရားသခင် မည်ကဲ့သို့ ထောက်ပံ့မှုပေးကြောင်းကို သင်တွေ့မြင် ဖူးပါသနည်း။

- သင် လိုအပ်နေချိန်တွင် ဘုရားသခင်ကို ယုံကြည်ဖို့ရန် တစ်ခါတစ်ရံ ဘာကြောင့်များ ခက်ခဲနေပါသနည်း။

- သင်လိုအပ်နေချိန်တွင် ဘုရားသခင်ထံ အကူအညီ တောင်းလျှောက်ဖို့ရန် ဘာကြောင့်များ ဘုရား အလိုတော် ရှိတယ်လို့ သင်ထင်မြင်ပါသနည်း။

-----------------------------------------------------------------------------------------------