Unicode Version
သင်၏ ယုံကြည်ခြင်းကို မည်သို့ခိုင်ခံ့စေမည်နည်း။

သင့်အသက်တာရှိ
ကြီးမားတဲ့ အခက်အခဲသည် သင်၏ယုံကြည်ခြင်းကို တုန်လှုပ်စေတဲ့ အလားအလာ ရှိပါတယ်။ သို့ပေမဲ့
ဆန့်ကျင်ဘက်လည်း မှန်နိုင်ပါတယ်။ သင်ခွင့်ပြုပါက သင်၏ ယုံကြည်ခြင်းသည် အခက်အခဲများကို
ကျော်လွှားနိုင်ပါတယ်။
သားဆုံးခြင်း
အပါအဝင် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးကို ဒါဝိလ်မင်းကြီး ခံစားခဲ့ရပါတယ်။ သူ၏ အသက်တာရှိ
အခက်အခဲကြီးပြီးတဲ့နောက်တွင် ဒါဝိလ်မင်းကြီး ဆာလံ ၂၇:၁၃ ကို ရေးသားခဲ့ပါတယ်။ ဒါဝိလ်မင်းကြီး၏
မှောင်မိုက်အချိန်ကာလတွင် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကိုသာ ယုံကြည်ချက်က သူ့အား ဆက်လက်ရှင်
သန်စေခဲ့ပါတယ်။
သင်၌လည်း အလားတူ မှန်ကန်ပါတယ်။ အသက်တာတွင် မခံမရပ်နိုင်စရာတွေကို ခံစားရချိန်မှာပင်
ဘုရားသခင် ကောင်းမြတ်တယ်ဆိုတာကို ယုံကြည်ပါ။ အရာရာအားလုံး မှားယွင်းနေလျှင်တောင် ဘုရားသခင်၏
ကောင်းမြတ်ခြင်းက သင့်အား ဆွဲထူမည်ကို ယုံကြည်ပါ။ သင့်အသက်တာအတွက် ဘုရားသခင်၏ အကြံအစည်က
သင်ဖြတ်သန်းနေရတဲ့ ပြသနာထက် ပိုပြီး ကောင်းမြတ်တယ်ဆိုတာကို ယုံကြည်လိုက်ပါ။
ထိုကဲ့သို့သော ယုံကြည်ခြင်းမျိုးကို ဘယ်လိုရနိုင်မလဲ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကနေ
ရနိုင်ပါတယ်။ ပြီးတော့ ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းဆီကနေ အားပေးမှုဆီကနေလည်း ရနိုင်ပါတယ်။
သမ္မာကျမ်းစာကို သင်ကောင်းစွာ သိရှိပါလျှင် သင်၌ ကြီးမားတဲ့ ယုံကြည်ခြင်းရှိပါမည်။
သမ္မာကျမ်းစာကို အနည်းငယ်သာ သိပါလျှင် အနည်းငယ်သော ယုံကြည်ခြင်းသာ ရှိပါမည်။ သမ္မာကျမ်းစာကို
မသိဘူးဆိုလျှင် သင်၌ ယုံကြည်ခြင်း လုံးဝရှိမည် မဟုတ်ပါ။
သမ္မာကျမ်းစာတွင်
သင့်အတွက် ပြုထားသော ကတိတော် ၇၀၀၀ ထက်မက ရှိတာကို သင်သိပါသလား။ သို့ပေမဲ့ အဲဒီကတိတော်တွေကို
သင်မသိဘူးဆိုလျှင် သင်တောင်းဆိုလို့မရရှိနိုင်ပါ။ သင်၏ ယုံကြည်ခြင်းကို တိုးပွားစေပါ လျှင်
ဘဝ၏ ကြမ်းတမ်းသော တိုက်ခတ်မှုကို ကိုင်တွယ်ဖို့ရန် တတ်နိုင်ပါမည်။ သမ္မာကျမ်းစာကို
လေ့လာခြင်း ၊ တွေးတောဆင်ခြင်ခြင်း နှင့် သိုမှီးခြင်းအားဖြင့် သိကျွမ်းနိုင်ပါမည်။
ပြီးနောက်
ဘုရားသခင်၏ ကောင်းမြတ်ခြင်းသည် သင်၏ ယုံကြည်ခြင်းကို ကြီးထွားစေတဲ့အလျှောက် သင်၏ မိတ်ဆွေသူငယ်ချင်းတို့
အခက်အခဲဖြတ်သန်းရချိန်တွေမှာ သင်၏ ယုံကြည်ခြင်းကို ဝေမျှနိုင်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းတို့၏
ယုံကြည်ခြင်းကို သူငယ်ချင်းတွေက ခိုင်ခံ့စေပါတယ်။
ဆင်ခြင်ရန်
-
လွန်ခဲ့တဲ့နှစ်က ဘုရားသခင်သည် သူ၏ ကောင်းမြတ်ခြင်းကို သင့်အား မည်ကဲ့သို့ ဖော်ပြခဲ့ပါသနည်း။
-
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပိုမိုသိရှိဖို့ရန် သင်ဘာကို လုပ်ဆောင်နိုင်မည်နည်း
- သင်၏ အသက်တာ မုန်တိုင်းတိုက်ခတ်ချိန်တွင် သင်တောင်းဆိုတနိုင်တဲ့ ဘုရား၏ ကတိတော်ကို ရေးချလိုက်ပါ။ သင်၏ မိတ်ဆွေသူငယ်ချင်းအတွက် တောင်းဆိုနိုင်မည့် ဘုရား၏ ကတိတော်ကို ရှာဖွေပြီး သူ့ထံ ယနေ့တွင် ပေးပို့လိုက်ပါ။
--------------------------------------------------------------------------------
Zawgyi Version
သင္၏ ယုံၾကည္ျခင္းကို မည္သို႔ခိုင္ခံ့ေစမည္နည္း။

ဆာလံ ၂၇:၁၃ “အကယ္စင္စစ္ အသက္ရွင္ေသာသူတို႔၏ ေနရာတြင္၊ ထာဝရဘုရား၏ ေက်းဇူးေတာ္ကို ငါေတြ႕ျမင္ ၿပီဟု ယုံမွတ္စြဲလမ္းျခင္းရွိ၏။”
သင့္အသက္တာရွိ ႀကီးမားတဲ့ အခက္အခဲသည္ သင္၏ယုံၾကည္ျခင္းကို တုန္လႈပ္ေစတဲ့ အလားအလာ ရွိပါတယ္။ သို႔ေပမဲ့ ဆန႔္က်င္ဘက္လည္း မွန္ႏိုင္ပါတယ္။ သင္ခြင့္ျပဳပါက သင္၏ ယုံၾကည္ျခင္းသည္ အခက္အခဲမ်ားကို ေက်ာ္လႊားႏိုင္ပါတယ္။
သားဆုံးျခင္း အပါအဝင္ ႀကီးမားတဲ့ ဆုံးရႈံးမႈႀကီးကို ဒါဝိလ္မင္းႀကီး ခံစားခဲ့ရပါတယ္။ သူ၏ အသက္တာရွိ အခက္အခဲႀကီးၿပီးတဲ့ေနာက္တြင္ ဒါဝိလ္မင္းႀကီး ဆာလံ ၂၇:၁၃ ကို ေရးသားခဲ့ပါတယ္။ ဒါဝိလ္မင္းႀကီး၏ ေမွာင္မိုက္အခ်ိန္ကာလတြင္ ဘုရားသခင္၏ ေကာင္းျမတ္ျခင္းကိုသာ ယုံၾကည္ခ်က္က သူ႔အား ဆက္လက္ရွင္ သန္ေစခဲ့ပါတယ္။
သင္၌လည္း အလားတူ မွန္ကန္ပါတယ္။ အသက္တာတြင္ မခံမရပ္ႏိုင္စရာေတြကို ခံစားရခ်ိန္မွာပင္ ဘုရားသခင္ ေကာင္းျမတ္တယ္ဆိုတာကို ယုံၾကည္ပါ။ အရာရာအားလုံး မွားယြင္းေနလွ်င္ေတာင္ ဘုရားသခင္၏ ေကာင္းျမတ္ျခင္းက သင့္အား ဆြဲထူမည္ကို ယုံၾကည္ပါ။ သင့္အသက္တာအတြက္ ဘုရားသခင္၏ အႀကံအစည္က သင္ျဖတ္သန္းေနရတဲ့ ျပသနာထက္ ပိုၿပီး ေကာင္းျမတ္တယ္ဆိုတာကို ယုံၾကည္လိုက္ပါ။
ထိုကဲ့သို႔ေသာ ယုံၾကည္ျခင္းမ်ိဳးကို ဘယ္လိုရႏိုင္မလဲ။ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကေန ရႏိုင္ပါတယ္။ ၿပီးေတာ့ ယုံၾကည္စိတ္ခ်ရတဲ့ သူငယ္ခ်င္းဆီကေန အားေပးမႈဆီကေနလည္း ရႏိုင္ပါတယ္။
သမၼာက်မ္းစာကို သင္ေကာင္းစြာ သိရွိပါလွ်င္ သင္၌ ႀကီးမားတဲ့ ယုံၾကည္ျခင္းရွိပါမည္။ သမၼာက်မ္းစာကို အနည္းငယ္သာ သိပါလွ်င္ အနည္းငယ္ေသာ ယုံၾကည္ျခင္းသာ ရွိပါမည္။ သမၼာက်မ္းစာကို မသိဘူးဆိုလွ်င္ သင္၌ ယုံၾကည္ျခင္း လုံးဝရွိမည္ မဟုတ္ပါ။
သမၼာက်မ္းစာတြင္ သင့္အတြက္ ျပဳထားေသာ ကတိေတာ္ ၇၀၀၀ ထက္မက ရွိတာကို သင္သိပါသလား။ သို႔ေပမဲ့ အဲဒီကတိေတာ္ေတြကို သင္မသိဘူးဆိုလွ်င္ သင္ေတာင္းဆိုလို႔မရရွိႏိုင္ပါ။ သင္၏ ယုံၾကည္ျခင္းကို တိုးပြားေစပါ လွ်င္ ဘဝ၏ ၾကမ္းတမ္းေသာ တိုက္ခတ္မႈကို ကိုင္တြယ္ဖို႔ရန္ တတ္ႏိုင္ပါမည္။ သမၼာက်မ္းစာကို ေလ့လာျခင္း ၊ ေတြးေတာဆင္ျခင္ျခင္း ႏွင့္ သိုမွီးျခင္းအားျဖင့္ သိကြၽမ္းႏိုင္ပါမည္။
ၿပီးေနာက္ ဘုရားသခင္၏ ေကာင္းျမတ္ျခင္းသည္ သင္၏ ယုံၾကည္ျခင္းကို ႀကီးထြားေစတဲ့အေလွ်ာက္ သင္၏ မိတ္ေဆြသူငယ္ခ်င္းတို႔ အခက္အခဲျဖတ္သန္းရခ်ိန္ေတြမွာ သင္၏ ယုံၾကည္ျခင္းကို ေဝမွ်ႏိုင္ပါတယ္။ မိတ္ေဆြ သူငယ္ခ်င္းတို႔၏ ယုံၾကည္ျခင္းကို သူငယ္ခ်င္းေတြက ခိုင္ခံ့ေစပါတယ္။
ဆင္ျခင္ရန္
- လြန္ခဲ့တဲ့ႏွစ္က ဘုရားသခင္သည္ သူ၏ ေကာင္းျမတ္ျခင္းကို သင့္အား မည္ကဲ့သို႔ ေဖာ္ျပခဲ့ပါသနည္း။
- ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို ပိုမိုသိရွိဖို႔ရန္ သင္ဘာကို လုပ္ေဆာင္ႏိုင္မည္နည္း
- သင္၏ အသက္တာ မုန္တိုင္းတိုက္ခတ္ခ်ိန္တြင္ သင္ေတာင္းဆိုတႏိုင္တဲ့ ဘုရား၏ ကတိေတာ္ကို ေရးခ်လိုက္ပါ။ သင္၏ မိတ္ေဆြသူငယ္ခ်င္းအတြက္ ေတာင္းဆိုႏိုင္မည့္ ဘုရား၏ ကတိေတာ္ကို ရွာေဖြၿပီး သူ႔ထံ ယေန႔တြင္ ေပးပို႔လိုက္ပါ။