ခွင့်လွှတ်မှာလား ၊ မေ့ပစ်မှာလား။ | Forgive and Forget?

 Unicode Version

ခွင့်လွှတ်မှာလား ၊ မေ့ပစ်မှာလား။

ရောမဩဝါဒစာ ၈:၂၈ “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသော သူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။

 

ခွင့်လွှတ်ခြင်းနှင့် မေ့ပစ်ခြင်းဆိုတဲ့စကားရပ်ကို သင်ကြိမ်ဖန်မက ကြားခဲ့ဖူးမှာပါ။ ၎င်းနှင့်ပတ်သက်ပြီး တစ်ခုတည်းသော ပြသနာရှိပါတယ်။ သင်မလုပ်ဆောင်နိုင်ပါဘူး။ မဖြစ်နိုင်ပါဘူး။

သင်၏ အသက်တာတွင် နာကျင်မှုကို တကယ်မမေ့ပစ်နိုင်ပါဘူး။ တကယ်တော့ မေ့ပစ်ဖို့ရန်တောင် သင်မကြိုးစားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင်မေ့ပစ်ဖို့ ကြိုးစားတဲ့အခါမှာ သင်မေ့ပစ်ချင်သောအရာပေါ်ကို တကယ့်စင်စစ် သင်အာရုံစိုက်နေခြင်း ဖြစ်ပါတယ်။

 

အမှန်တရားကတော့ သင်မေ့ပစ်ဖို့ရန် ဘုရားသခင် အလိုတော်မရှိပါ။ ၎င်းအစား ဘုရားသခင်အား သူ့အား ယုံကြည်ဖို့ရန် နှင့် နာကျင်မှုတွေကနေ ကောင်းကျိုးကို မည်သို့သယ်ဆောင်နိုင်သည်ကို စောင့်ကြည့်ဖို့ရန် အလို တော်ရှိပါတယ်။ ၎င်းက မေ့ပစ်ခြင်းထက် ပိုပြီးအရေးကြီးပါတယ်။ ဆိုးဝါးသော အခြေအနေကနေ ဘုရားသခင် သည် ကောင်းကျိုးသယ်ဆောင်နိုင်လို့ သင်မြင်တဲ့အခါမှာ ထိုကောင်းသောအမှုအတွက် သင်ကျေးဇူး တင်နိုင်ပါ တယ်။ သင်မေ့ပစ်လိုက်တဲ့အရာအတွက် ဘုရားသခင်ကို သင်ကျေးဇူးမတင်နိုင်ပါ။

 

ရောမဩဝါဒစာ ၈:၂၈ တွင်ဆိုထားသည်မှာ “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်း အတိုင်း ခေါ်တော်မူသော သူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။

 

အရာအားလုံးက ကောင်းပါတယ်လို့ ဆိုလိုနေတာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရာအားလုံး ကောင်းတာချည်းမဟုတ်ပါဘူး။ ရောဂါဝေဒနာဆိုတာ မကောင်းပါဘူး။ ကျိုးပဲ့သွားတဲ့ ပေါင်းသင်းဆက်ဆံ ရေးသည် လည်းကောင်း၊ စစ်ဆင်ရေးသည်လည်းကောင်း နိုင်ထက်စီးနှင်းပြုမှုသည် လည်းကောင်း မကောင်းပါ။

 

အသက်တာတွင် မကောင်းမှုများစွာ ရှိပါတယ်။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့အရာအားလုံးတို့သည် ဘုရားသခင်၏ အလိုတော်မဟုတ်ပါ။

သို့ပေမဲ့ ဘုရားသခင်အား သင်ယုံကြည်ပါလျှင် အသက်တာရှိ ဆိုးသောအရာတို့ကို ကောင်းကျိုးအဖြစ် ယူဆောင်သွားလိမ့်မည်ဟု ဘုရားသခင် ဆိုပါတယ်။ “အဖဘုရား ကျွန်ုပ်အသက်တာ အစိတ်အပိုင်းအားလုံးတို့ကို ကိုယ်တော်ထံ အပ်နှံပါတယ်” လို့ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ပြီး သင်ပြောနိုင်ပါတယ်။

 

သင်၏ အသက်တာ အစိတ်အပိုင်းတို့ကို သူယူဆောင်ပြီး သင်၏ စိတ်နှလုံးဆီ ငြိမ်သက်ခြင်းပေးပါမည်။ အသက်တာရှိ နာကျင်မှုတွေကို သင်နားမလည်သင့်တိုင် သင်ခွင့်လွှတ်နိုင်တယ်လို့ သင်သဘောပေါက်တဲ့အချိန်မှာ ထိုငြိမ်သက်ခြင်း ရောက်လာပါလိမ့်မည်။ ဘာကြောင့်လဲဆိုတော့ မကောင်းမှုကနေ ကောင်းမှုဘက်ဖြစ်လာအောင် ဘုရားသခင် လုပ်ဆောင်နိုင်တယ်ဆိုတာကို သင်သိမြင်လို့ ဖြစ်ပါတယ်။

 

တစ်စုံတစ်ယောက်က သင့်ပေါ် မှားယွင်းထားမှုကို သင်မေ့ပစ်ဖို့ရန် မလိုပါ။ အကယ်၍ သင်ကြိုးစားပြီး လျှင်တောင် သင်မမေ့ပစ်နိုင်ပါဘူး။ သို့ပေမဲ့ သင်မေ့ပစ်ဖို့ မလိုဘူးလို့ ဘုရားသခင်ဆိုပါတယ်။ ခွင့်လွှတ်ဖို့ရန်သာ လိုအပ်ပြီး နာကျင်မှုကနေ ကောင်းကျိုးအဖြစ်သို့ ဘုရားသခင် မည်သို့သယ်ဆောင်ပေးလိမ့်မည်ကို စောင့်ကြည့်ဖို့ ဖြစ်ပါတယ်။

 

ဆင်ခြင်ရန်

- ခက်ခဲတဲ့ အခြေအနေတွေကနေ သင့်အသက်တာ အကျိုးအတွက် ဘုရား၏ မည်ကဲ့သို့ လုပ်ဆောင်မှုကို သင်မြင်တွေ့ပါသနည်း။


--------------------------------------------------------------------------------

Zawgyi Version

ခြင့္လႊတ္မွာလား ၊ ေမ့ပစ္မွာလား။

ေရာမဩဝါဒစာ ၈:၂၈ “ဘုရားသခင္ကို ခ်စ္ေသာသူတည္းဟူေသာ ႀကံစည္ေတာ္မူျခင္းအတိုင္း ေခၚေတာ္မူေသာ သူတို႔၏ အက်ိဳးကို ခပ္သိမ္းေသာအရာတို႔သည္ တညီတၫြတ္တည္း ျပဳစုၾကသည္ကို ငါတို႔သိၾက၏။”


“ခြင့္လႊတ္ျခင္းႏွင့္ ေမ့ပစ္ျခင္း” ဆိုတဲ့စကားရပ္ကို သင္ႀကိမ္ဖန္မက ၾကားခဲ့ဖူးမွာပါ။ ၎ႏွင့္ပတ္သက္ၿပီး တစ္ခုတည္းေသာ ျပသနာရွိပါတယ္။ သင္မလုပ္ေဆာင္ႏိုင္ပါဘူး။ မျဖစ္ႏိုင္ပါဘူး။

သင္၏ အသက္တာတြင္ နာက်င္မႈကို တကယ္မေမ့ပစ္ႏိုင္ပါဘူး။ တကယ္ေတာ့ ေမ့ပစ္ဖို႔ရန္ေတာင္ သင္မႀကိဳးစားႏိုင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သင္ေမ့ပစ္ဖို႔ ႀကိဳးစားတဲ့အခါမွာ သင္ေမ့ပစ္ခ်င္ေသာအရာေပၚကို တကယ့္စင္စစ္ သင္အာ႐ုံစိုက္ေနျခင္း ျဖစ္ပါတယ္။


အမွန္တရားကေတာ့ သင္ေမ့ပစ္ဖို႔ရန္ ဘုရားသခင္ အလိုေတာ္မရွိပါ။ ၎အစား ဘုရားသခင္အား သူ႔အား ယုံၾကည္ဖို႔ရန္ ႏွင့္ နာက်င္မႈေတြကေန ေကာင္းက်ိဳးကို မည္သို႔သယ္ေဆာင္ႏိုင္သည္ကို ေစာင့္ၾကည့္ဖို႔ရန္ အလို ေတာ္ရွိပါတယ္။ ၎က ေမ့ပစ္ျခင္းထက္ ပိုၿပီးအေရးႀကီးပါတယ္။ ဆိုးဝါးေသာ အေျခအေနကေန ဘုရားသခင္ သည္ ေကာင္းက်ိဳးသယ္ေဆာင္ႏိုင္လို႔ သင္ျမင္တဲ့အခါမွာ ထိုေကာင္းေသာအမႈအတြက္ သင္ေက်းဇူး တင္ႏိုင္ပါ တယ္။ သင္ေမ့ပစ္လိုက္တဲ့အရာအတြက္ ဘုရားသခင္ကို သင္ေက်းဇူးမတင္ႏိုင္ပါ။


ေရာမဩဝါဒစာ ၈:၂၈ တြင္ဆိုထားသည္မွာ “ဘုရားသခင္ကို ခ်စ္ေသာသူတည္းဟူေသာ ႀကံစည္ေတာ္မူျခင္း အတိုင္း ေခၚေတာ္မူေသာ သူတို႔၏ အက်ိဳးကို ခပ္သိမ္းေသာအရာတို႔သည္ တညီတၫြတ္တည္း ျပဳစုၾကသည္ကို ငါတို႔သိၾက၏။”


အရာအားလုံးက ေကာင္းပါတယ္လို႔ ဆိုလိုေနတာမဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အရာအားလုံး ေကာင္းတာခ်ည္းမဟုတ္ပါဘူး။ ေရာဂါေဝဒနာဆိုတာ မေကာင္းပါဘူး။ က်ိဳးပဲ့သြားတဲ့ ေပါင္းသင္းဆက္ဆံ ေရးသည္ လည္းေကာင္း၊ စစ္ဆင္ေရးသည္လည္းေကာင္း ၊ ႏိုင္ထက္စီးႏွင္းျပဳမႈသည္ လည္းေကာင္း မေကာင္းပါ။


အသက္တာတြင္ မေကာင္းမႈမ်ားစြာ ရွိပါတယ္။ ကမာၻေပၚမွာ ျဖစ္ပ်က္ေနတဲ့အရာအားလုံးတို႔သည္ ဘုရားသခင္၏ အလိုေတာ္မဟုတ္ပါ။

သို႔ေပမဲ့ ဘုရားသခင္အား သင္ယုံၾကည္ပါလွ်င္ အသက္တာရွိ ဆိုးေသာအရာတို႔ကို ေကာင္းက်ိဳးအျဖစ္ ယူေဆာင္သြားလိမ့္မည္ဟု ဘုရားသခင္ ဆိုပါတယ္။ “အဖဘုရား ကြၽႏ္ုပ္အသက္တာ အစိတ္အပိုင္းအားလုံးတို႔ကို ကိုယ္ေတာ္ထံ အပ္ႏွံပါတယ္” လို႔ ဘုရားသခင္ထံ တိုးဝင္ခ်ဥ္းကပ္ၿပီး သင္ေျပာႏိုင္ပါတယ္။


သင္၏ အသက္တာ အစိတ္အပိုင္းတို႔ကို သူယူေဆာင္ၿပီး သင္၏ စိတ္ႏွလုံးဆီ ၿငိမ္သက္ျခင္းေပးပါမည္။ အသက္တာရွိ နာက်င္မႈေတြကို သင္နားမလည္သင့္တိုင္ သင္ခြင့္လႊတ္ႏိုင္တယ္လို႔ သင္သေဘာေပါက္တဲ့အခ်ိန္မွာ ထိုၿငိမ္သက္ျခင္း ေရာက္လာပါလိမ့္မည္။ ဘာေၾကာင့္လဲဆိုေတာ့ မေကာင္းမႈကေန ေကာင္းမႈဘက္ျဖစ္လာေအာင္ ဘုရားသခင္ လုပ္ေဆာင္ႏိုင္တယ္ဆိုတာကို သင္သိျမင္လို႔ ျဖစ္ပါတယ္။


တစ္စုံတစ္ေယာက္က သင့္ေပၚ မွားယြင္းထားမႈကို သင္ေမ့ပစ္ဖို႔ရန္ မလိုပါ။ အကယ္၍ သင္ႀကိဳးစားၿပီး လွ်င္ေတာင္ သင္မေမ့ပစ္ႏိုင္ပါဘူး။ သို႔ေပမဲ့ သင္ေမ့ပစ္ဖို႔ မလိုဘူးလို႔ ဘုရားသခင္ဆိုပါတယ္။ ခြင့္လႊတ္ဖို႔ရန္သာ လိုအပ္ၿပီး နာက်င္မႈကေန ေကာင္းက်ိဳးအျဖစ္သို႔ ဘုရားသခင္ မည္သို႔သယ္ေဆာင္ေပးလိမ့္မည္ကို ေစာင့္ၾကည့္ဖို႔ ျဖစ္ပါတယ္။


ဆင္ျခင္ရန္

- ခက္ခဲတဲ့ အေျခအေနေတြကေန သင့္အသက္တာ အက်ိဳးအတြက္ ဘုရား၏ မည္ကဲ့သို႔ လုပ္ေဆာင္မႈကို သင္ျမင္ေတြ႕ပါသနည္း။