အဆင်မပြေ ၊စိုးရိမ်စရာ ၊ မသက်မသာ ဖြစ်ခြင်းလမ်းကြောင်းမှသည် အံ့ဩဖွယ်ရာဆီသို့ | The Uncomfortable Path to a Miracle
 Unicode Version
ဓမ္မရာဇဝင် တတိယစောင် ၁၇:၈-၁၀ “ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ရောက်လာသည်ကား၊ သင်ထလော့။ ဇိဒုန်ပြည်၊ ဇရတ္တမြို့သို့ သွား၍ နေလော့။ ထိုမြို့၌ နေသောမုတ်ဆိုးမတယောက်သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊ ဧလိယသည် ထ၍ ဇရတ္တမြို့သို့သွား၏။ မြို့တံခါး သို့ရောက်သောအခါ၊ မုတ်ဆိုးမသည် ထင်းခွေလျက်ရှိ၏။ ဧလိယက၊ ငါသောက်စရာ ရေအနည်းငယ်ကို ခွက်နှင့် ယူခဲ့ပါလော့ဟု ဟစ်၍ဆို၏။”
တစ်ခါတစ်ရံတွင် သင်သည် အားငယ်တတ်ပြီး သေခြင်းတရားကို ကြောက်ရွံ့တတ်ပါတယ်။ သင် ဘယ်နေရာကို သွားမလဲ၊ ဘယ်လောက်ကြာမလဲ (သို့) ရောက်သွားရင် ဘာတွေဖြစ်မလဲ ဆိုတာ သင်မသိပါ။ ဒါဆို သင်ဘာကို လုပ်ဆောင်မလဲ။
အံ့ဩဖွယ်ရာတို့သည် အဆင်မပြေမှု နယ်ပယ်ကို ဖြတ်သန်းသွားတယ်ဆိုတာ သင်သတိရပါ။
ဓမ္မရာဇဝင် တတိယစောင် ၁၇:၈-၁၀ တွင် သမ္မာကျမ်းစာက သာဓကပြ ပုံဆောင်ထားသည်မှာ “ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ရောက်လာသည်ကား၊ သင်ထလော့။ ဇိဒုန်ပြည်၊ ဇရတ္တမြို့သို့ သွား၍ နေလော့။ ထိုမြို့၌ နေသောမုတ်ဆိုးမတယောက်သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊ ဧလိယသည် ထ၍ ဇရတ္တမြို့သို့သွား၏။ မြို့တံခါး သို့ရောက်သောအခါ၊ မုတ်ဆိုးမသည် ထင်းခွေလျက်ရှိ၏။ ဧလိယက၊ ငါသောက်စရာ ရေအနည်းငယ်ကို ခွက်နှင့် ယူခဲ့ပါလော့ဟု ဟစ်၍ဆို၏။”
ဘုရားသခင်၏ လမ်းညွှန်ချက်အရ ဧလိယသည် အန္တရာယ်ရှိသော နယ်မြေကို မိုးခေါင်တဲ့ကာလချိန်တွင် မိုင်ပေါင်း ၁၀၀ မက လျှောက်လှမ်းရဖို့ရှိတယ်လို့ ဆိုပါတယ်။ သူတွေ့သမျှသော လူတိုင်းက သူ့ကို မည်သူမည်ဝါဖြစ်ကြောင်း သိလိမ့်မည်။ ဧလိယ၏ ခရီးလမ်းသည် အဆင်မပြေမှုတွေကတော့ သေချာနေခဲ့ပါတယ်။
နောက်ဆုံးတွင် ဇရတ္တမြို့သို့ ဧလိယဝင်ရောက်တဲ့အခါမှာ သူ့အား ကျွေးမွေးသည့် ဆင်းရဲသော မုဆိုးမတစ်ဉီးကို တွေ့ဆုံခဲ့ပါတယ်။ သို့ပေမဲ့ ထိုမြို့ငယ်လေးတွင် သူ့အား သတ်ဖို့ရန် ဝန်မလေးသော ဒိဠိ လိုလူတွေ ပြည့်နေပါတယ်။ ဆင်းရဲသော မုဆိုးမက သူ့ကို ဘယ်လို ကာကွယ်နိုင်မလဲ (သို့) ခုခံပေးနိုင်မလဲ။
အရာရာ အဆင်ပြေနေချိန်မှာ အံ့ဩဖွယ်ရာတွေက မဖြစ်လာပါဘူး။ အဆင်မပြေမှုတွေ ရှိတဲ့အခါမှ အံ့ဩဖွယ်ရာတို့ က ဖြစ်ပေါ်လာပါတယ်။
“ဘုရားသခင် …ဤအစီအစဉ်တွေမှာ မှားယွင်းနေတာရှိပါတယ်။ မှားယွင်းနေတဲ့ နေရာကို ကျွန်ုပ်အား ပို့ဆောင်နေတာဖြစ်တယ်။ တည်နေရာ မှားနေတယ်။ ကာကွယ်မှုလည်း မှားနေတယ်” ဆိုပြီး ဧလိယ ဘယ်တော့မှ မဆိုခဲ့ပါ။
ဧလိယက နာခံခြင်းကိုသာ ပြုခဲ့ပါတယ်။
ဘုရားသခင်၏ အံ့ဩဖွယ်ရာ လမ်းကြောင်းတွေက သင်၏ အဆင်မပြေမှုတွေထဲကို မကြာခဏဆိုသလို ဝင်ရောက်လာတတ်ပါတယ်။ သို့မှသာ ဘုရားသခင်အား သင်အားကိုးဖို့ရန် လေ့လာသင်ယူနိုင်ပါလိမ့်မည်။ ၎င်းသည် သမ္မာကျမ်းစာရှိ ဘုရားသခင်၏ လူတွေနှင့် ဧလိယအတွက် မှန်ကန်ခဲ့ပါတယ်။
သာဓကအားဖြင့်
- ကျွန်ခံနေခဲ့ရသော ဣသရေလ လူမျိုးတော်ကို အဲဂုတ္တုပြည်မှာ မောရှေ ခေါ်ထုတ်လာစဉ်တွင် ပင်လယ်နီကို သူတို့ဖြတ်ကျော်ခဲ့ရပါတယ်။
- ဒါဝိဒ်သည် ဂေါလျတ်ကို မသတ်ခင်မှာ စစ်မြေပြင်သို့ လျှောက်လှမ်းခဲ့ရပါတယ်။
- ယုဒလူတို့ကို ထာဝရဘုရား၏ ဂုဏ်တော်ကို ရန်သူတပ်ရှေ့တွင် ချီးမွမ်းကြဖို့ရန် ယောရှဖတ်အား ဘုရားသခင် ဆိုခဲ့ပါတယ်။ သူတို့ အောင်ပွဲခံခဲ့ကြရပါတယ်။ ယုံကြည်ခြင်း ဘယ်လောက်ရှိသလဲလို့ သင်ထင်ပါသလဲ။
သင်၏ သက်တောင့်သက်သာ အဆင်ပြေမှု နယ်ပယ်တွင် အံ့ဩဖွယ်ရာတို့သည် ဘယ်တော့မှ မဖြစ်လာပါ။ သင့်အသက်တာတွင် အရာအားလုံး တည်ရှိနေတဲ့အခါ ၊ အရာအားလုံး အဆင်ပြေနေတဲ့အခါ အံ့ဩဖွယ်ရာတို့ကို လည်း သင်မလိုအပ်တော့ပါ။ သင် အားနည်း လျော့ရဲနေတဲ့ အခြေအနေရှိချိန်တွင်သာ အံ့ဩဖွယ်ရာကိုသာ သင်လိုအပ်ပါမည်။
ခန္ဓာပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ၊ ပေါင်းသင်းဆက်ဆံရေးရာတို့တွင် အနည်းငယ် အဆင်မပြေမှု ရှိနေပါသလား။ စိတ်မတည်ငြိမ်ခြင်း ၊ စိုးရိမ်ထိတ်လန့်ခြင်း (သို့) မလုံခြုံခြင်းတို့ ဖြစ်ကောင်းဖြစ်နေမည်။ ဂုဏ်ယူပါတယ်။ အံ့ဩဖွယ်ရာလမ်းကြောင်းဆီ သင်ရှိနေပါပြီ။
သင်၏ အဆင်မပြေမှု လမ်းကြောင်းပေါ်တွင် ဧလိယ၏ သာဓက ကိုလေ့လာလိုက်လျှောက်ပါ။ လမ်း၏ အဆုံးတွင် အံ့ဩဖွယ်ရာကို မြင်နိုင်ဖို့ရန် ဘုရားသခင်ကို နာခံလိုက်ပါ။
ဆင်ခြင်ရန်
- သင့်အား အဆင်မပြေစေသောအရာပေါ် ဘာကိုလုပ်ဆောင်ဖို့ရန် ဘုရားသခင် တောင်းဆိုနေပါသနည်း။
- သင် (သို့) တစ်စုံတစ်ဉီးအတွက် အဆင်မပြေမှုအခြေအနေတွေမှာ မည်သည့်အချိန်၌ ဘုရားသခင်၏ အံ့ဩအမှုကို တွေ့မြင်ခဲ့ရပါသနည်း။ ၎င်းသည် သင် ဘုရားသခင်အား အားကိုးဖို့ရန် ဖြစ်စေသော အကြောင်း ပြချက် မည်ကဲ့သို့ ဖြစ်လာပါသနည်း။
- သင်၏ ယခုလျှောက်လှမ်းသော အဆင်မပြေမှုလမ်းကြောင်းပေါ်တွင် မည်သူက သင့်အား အားပေးလှုံ့ဆော်မှု ပေးနိုင်ပါသနည်း။
----------------------------------------------------------------------------------------
Zawgyi Version
သာဓကအားဖြင့်
ဆင်ခြင်ရန်