Unicode Version
ဟေရှာယအနာဂတ္တိကျမ်း ၅၅:၈ “ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏ အကြံ အစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏ အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။”
သင်၏
အသက်တာတွင် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု တွေ့ကြုံခဲ့ဖူးပါသလား။ အံ့ဩရခြင်း မပါဘဲနဲ့
ဖြေရှင်းလို့ မရနိုင်တဲ့ တစ်ခုခုရှိသလား။
အကယ်၍
သင်၌ မရှိဘူးဆိုလျှင်လည်း ရှိလာပါလိမ့်မည်။ အဲဒီအချိန်ရောက်လာတဲ့အခါတွင် သင်၌ ရွေးချယ်စရာ
ရှိပါလိမ့်မည်။ ဘုရားသခင်၏ လမ်းနှင့် အချိန်ကိုက်မှုကို သင်စောင့်ဆိုင်းနိုင်ပါတယ်။
(သို့) သင်ကိုယ်တိုင် အမှုကို ကိုင်တွယ်နိုင်ပြီး အံ့ဩဖွယ်ရာ ဖြစ်ပျက်လာဖို့ရန် ကြိုးစားနိုင်ပါတယ်။
သို့ပေမဲ့
သင်မျှော်လင့်သောနေရာကနေ အံ့ဩဖွယ်ရာတို့က မဖြစ်လာဘူးဆိုတာ အမှန်တရား ဖြစ်ပါတယ်။ ပြီးတော့
သင်၏ ကြိုးပမ်းမှုရလဒ်ကြောင့်လည်း အံ့ဩဖွယ်ရာတွေက ဖြစ်မလာပါ။ အံ့ဩဖွယ်ရာ အရင်းအမြစ်
တွေသည် အမြဲတမ်း မမျှော်လင့်နိုင်စရာတွေကနေ ဖြစ်ပေါ်ပါတယ်။
သာဓကအားဖြင့် အာဗြံဟံကို ကြည့်ပါ။ ဘုရားသခင်က သူ့အား သားတစ်ယောက်ရမည်ဖြစ်ပြီး
ထိုသားသည် များစွားသော လူမျိုးတို့၏ ဖခင်အရာတွင် ရှိလိမ့်မည်ဟု ပြောခဲ့ပါတယ်။ အာဗြံဟံသည်
အသက် ၁၀၀ နီးပါးရှိပြီး သားသ္မီးမရှိပါ။ ဖြစ်လာဖို့ရန်ကလည်း အံ့ဩဖွယ်ရာ ရှိမှသာ ဖြစ်မည်။
သို့ပေမဲ့ ဘုရားသခင် အံ့ဩဖွယ်အမှုပြုဖို့ရန်ကို သူမစောင့်ဆိုင်းခဲ့ပါ။ ဘုရား၏ ကတိတော်ကို
ယုံကြည်ခြင်းအရာ၌ သူပြသနာ အခက်အခဲ ဖြစ်နေခဲ့ပါတယ်။ ထိုအရာအစား မိမိအကြံအစည်ဖြင့် သူ၏ဇနီးမဟုတ်သော
တခြားသော အမျိုးသမီးတစ်ဉီးနှင့် ကလေးရယူခဲ့ပါတယ်။
သို့ပေမဲ့ ထိုအရာက ဘုရားသခင်၏ အကြံအစည် မဟုတ်ခဲ့ပါ။ အာဗြံဟံ၏ ဇနီးကနေ အံ့ဩဖွယ်အမှုတစ်ခု
လုပ်ဆောင်ဖို့ရန် ဘုရားသခင်၌ အကြံအစည်ရှိခဲ့ပြီး ဖြစ်ပါတယ်။ အာဗြံဟံ၏ လုပ်ရပ်ကတော့
ဘုရားသခင်ဆီ သိမ်ငယ်စရာ ဖြစ်စေခဲ့ပါတယ်။
ထိုနည်းတူစွာ
သင်၌လည်း ထပ်တူမှန်ကန်ပါတယ်။ ဘုရားသခင်၏ နည်းလမ်းက အကောင်းဆုံးဖြစ်ပါတယ်။ သင်၏ အကြံအစည်ဖြင့်
လုပ်ဆောင်သောအရာက ဒုတိယ အကောင်းဆုံးဖြစ်ပါတယ်။
အကယ်၍
သင်က ဘုရားသခင်ကို နားလည်နိုင်မယ်ဆိုလျှင် သင်ကိုယ်တိုင် ဘုရားသခင် ဖြစ်ပါလိမ့်မည်။
သို့ပေမဲ့ အမှန်တကယ် မဖြစ်ပါ။ ဟေရှာယအနာဂတ္တိကျမ်း ၅၅:၈
“ထာဝရဘုရားမိန့်တော်မူသည်ကား၊
ငါ၏ အကြံ အစည်သည် သင်တို့၏
အကြံအစည်နှင့်မတူ။ ငါ၏ အကျင့်သည်လည်း သင်တို့၏
အကျင့်နှင့်မတူ။”
မမျှော်လင့်သော
နည်းလမ်းတွေဖြင့် အံ့ဩဖွယ်ရာတွေ အမြဲရောက်လာပါတယ်။ ဒါကြောင့် သောကရောက်စရာ ၊ ကြောက်စရာ
(သို့) ကြိုးစားဖြေရှင်းစရာတွေ မလိုအပ်ပါ။
ဘုရားသခင်ကို
ယုံကြည်ပြီး ဆိုပါ “ဘုရားမည်သို့ လုပ်ဆောင်မည်ကို ကျွန်တော်မသိပါ။
သို့ပေမဲ့ လုပ်ဆောင်မည်ကို ကျွန်တော်သိပါသည်”
ဘုရားသခင်
ဉီးဆောင်တဲ့နေရာကို ရိုးရှင်းစွာဖြင့် နာခံပြီး လိုက်လျှောက်ပါ။ ပြီးတော့ အံ့ဩဖွယ်ရာတွေအတွက်
အဆင်သင့် ရှိနေလိုက်ပါ။
ဆင်ခြင်ရန်
-
သင်၏ အသက်တာ၌ အံ့ဩဖွယ်ရာ လိုအပ်နေသော အခြေအနေမျိုး ရှိပါသလား။ ထိုအရာကို သင်၏အကြံအစည်ဖြင့်
လုပ်ဆောင်ရန် ကြိုးစားခဲ့ဖူးပါသလား။ (သို့) ဘုရားသခင်ကို ယုံကြည်ပါသလား။
-
သင်လိုအပ်သော အံ့ဩဖွယ်ရာကို ဘုရားပေးဖို့ရန် သင်ဘုရားကို ယုံကြည်ကြောင်း မည်သို့ ဖော်ပြနိုင်မည်နည်း။
-
မည်ကဲ့သို့သော ယုတ္တိမရှိတဲ့အရာလို့ ထင်ရတဲ့အရာကို လုပ်ဆောင်ဖို့ရန် ဘုရားသင့်ကို ပြောပါသနည်း။
--------------------------------------------------------------------------------------
Zawgyi Version
ေဟရွာယအနာဂတၱိက်မ္း ၅၅:၈ “ထာဝရဘုရားမိန္႔ေတာ္မူသည္ကား၊ ငါ၏ အႀကံ အစည္သည္ သင္တို႔၏ အႀကံအစည္ႏွင့္မတူ။ ငါ၏ အက်င့္သည္လည္း သင္တို႔၏ အက်င့္ႏွင့္မတူ။”
သင္၏ အသက္တာတြင္ ႀကီးမားတဲ့ စိန္ေခၚမႈတစ္ခု ေတြ႕ႀကဳံခဲ့ဖူးပါသလား။ အံ့ဩရျခင္း မပါဘဲနဲ႔ ေျဖရွင္းလို႔ မရႏိုင္တဲ့ တစ္ခုခုရွိသလား။
အကယ္၍ သင္၌ မရွိဘူးဆိုလွ်င္လည္း ရွိလာပါလိမ့္မည္။ အဲဒီအခ်ိန္ေရာက္လာတဲ့အခါတြင္ သင္၌ ေ႐ြးခ်ယ္စရာ ရွိပါလိမ့္မည္။ ဘုရားသခင္၏ လမ္းႏွင့္ အခ်ိန္ကိုက္မႈကို သင္ေစာင့္ဆိုင္းႏိုင္ပါတယ္။ (သို႔) သင္ကိုယ္တိုင္ အမႈကို ကိုင္တြယ္ႏိုင္ၿပီး အံ့ဩဖြယ္ရာ ျဖစ္ပ်က္လာဖို႔ရန္ ႀကိဳးစားႏိုင္ပါတယ္။
သို႔ေပမဲ့ သင္ေမွ်ာ္လင့္ေသာေနရာကေန အံ့ဩဖြယ္ရာတို႔က မျဖစ္လာဘူးဆိုတာ အမွန္တရား ျဖစ္ပါတယ္။ ၿပီးေတာ့ သင္၏ ႀကိဳးပမ္းမႈရလဒ္ေၾကာင့္လည္း အံ့ဩဖြယ္ရာေတြက ျဖစ္မလာပါ။ အံ့ဩဖြယ္ရာ အရင္းအျမစ္ ေတြသည္ အၿမဲတမ္း မေမွ်ာ္လင့္ႏိုင္စရာေတြကေန ျဖစ္ေပၚပါတယ္။
သာဓကအားျဖင့္ အာၿဗံဟံကို ၾကည့္ပါ။ ဘုရားသခင္က သူ႔အား သားတစ္ေယာက္ရမည္ျဖစ္ၿပီး ထိုသားသည္ မ်ားစြားေသာ လူမ်ိဳးတို႔၏ ဖခင္အရာတြင္ ရွိလိမ့္မည္ဟု ေျပာခဲ့ပါတယ္။ အာၿဗံဟံသည္ အသက္ ၁၀၀ နီးပါးရွိၿပီး သားသၼီးမရွိပါ။ ျဖစ္လာဖို႔ရန္ကလည္း အံ့ဩဖြယ္ရာ ရွိမွသာ ျဖစ္မည္။ သို႔ေပမဲ့ ဘုရားသခင္ အံ့ဩဖြယ္အမႈျပဳဖို႔ရန္ကို သူမေစာင့္ဆိုင္းခဲ့ပါ။ ဘုရား၏ ကတိေတာ္ကို ယုံၾကည္ျခင္းအရာ၌ သူျပသနာ အခက္အခဲ ျဖစ္ေနခဲ့ပါတယ္။ ထိုအရာအစား မိမိအႀကံအစည္ျဖင့္ သူ၏ဇနီးမဟုတ္ေသာ တျခားေသာ အမ်ိဳးသမီးတစ္ဉီးႏွင့္ ကေလးရယူခဲ့ပါတယ္။
သို႔ေပမဲ့ ထိုအရာက ဘုရားသခင္၏ အႀကံအစည္ မဟုတ္ခဲ့ပါ။ အာၿဗံဟံ၏ ဇနီးကေန အံ့ဩဖြယ္အမႈတစ္ခု လုပ္ေဆာင္ဖို႔ရန္ ဘုရားသခင္၌ အႀကံအစည္ရွိခဲ့ၿပီး ျဖစ္ပါတယ္။ အာၿဗံဟံ၏ လုပ္ရပ္ကေတာ့ ဘုရားသခင္ဆီ သိမ္ငယ္စရာ ျဖစ္ေစခဲ့ပါတယ္။
ထိုနည္းတူစြာ သင္၌လည္း ထပ္တူမွန္ကန္ပါတယ္။ ဘုရားသခင္၏ နည္းလမ္းက အေကာင္းဆုံးျဖစ္ပါတယ္။ သင္၏ အႀကံအစည္ျဖင့္ လုပ္ေဆာင္ေသာအရာက ဒုတိယ အေကာင္းဆုံးျဖစ္ပါတယ္။
အကယ္၍ သင္က ဘုရားသခင္ကို နားလည္ႏိုင္မယ္ဆိုလွ်င္ သင္ကိုယ္တိုင္ ဘုရားသခင္ ျဖစ္ပါလိမ့္မည္။ သို႔ေပမဲ့ အမွန္တကယ္ မျဖစ္ပါ။ ေဟရွာယအနာဂတၱိက်မ္း ၅၅:၈ “ထာဝရဘုရားမိန္႔ေတာ္မူသည္ကား၊ ငါ၏ အႀကံ အစည္သည္ သင္တို႔၏ အႀကံအစည္ႏွင့္မတူ။ ငါ၏ အက်င့္သည္လည္း သင္တို႔၏ အက်င့္ႏွင့္မတူ။”
မေမွ်ာ္လင့္ေသာ နည္းလမ္းေတြျဖင့္ အံ့ဩဖြယ္ရာေတြ အၿမဲေရာက္လာပါတယ္။ ဒါေၾကာင့္ ေသာကေရာက္စရာ ၊ ေၾကာက္စရာ (သို႔) ႀကိဳးစားေျဖရွင္းစရာေတြ မလိုအပ္ပါ။
ဘုရားသခင္ကို ယုံၾကည္ၿပီး ဆိုပါ “ဘုရားမည္သို႔ လုပ္ေဆာင္မည္ကို ကြၽန္ေတာ္မသိပါ။ သို႔ေပမဲ့ လုပ္ေဆာင္မည္ကို ကြၽန္ေတာ္သိပါသည္”
ဘုရားသခင္ ဉီးေဆာင္တဲ့ေနရာကို ႐ိုးရွင္းစြာျဖင့္ နာခံၿပီး လိုက္ေလွ်ာက္ပါ။ ၿပီးေတာ့ အံ့ဩဖြယ္ရာေတြအတြက္ အဆင္သင့္ ရွိေနလိုက္ပါ။
ဆင္ျခင္ရန္
- သင္၏ အသက္တာ၌ အံ့ဩဖြယ္ရာ လိုအပ္ေနေသာ အေျခအေနမ်ိဳး ရွိပါသလား။ ထိုအရာကို သင္၏အႀကံအစည္ျဖင့္ လုပ္ေဆာင္ရန္ ႀကိဳးစားခဲ့ဖူးပါသလား။ (သို႔) ဘုရားသခင္ကို ယုံၾကည္ပါသလား။
- သင္လိုအပ္ေသာ အံ့ဩဖြယ္ရာကို ဘုရားေပးဖို႔ရန္ သင္ဘုရားကို ယုံၾကည္ေၾကာင္း မည္သို႔ ေဖာ္ျပႏိုင္မည္နည္း။
- မည္ကဲ့သို႔ေသာ ယုတၱိမရွိတဲ့အရာလို႔ ထင္ရတဲ့အရာကို လုပ္ေဆာင္ဖို႔ရန္ ဘုရားသင့္ကို ေျပာပါသနည္း။