အားနည်းချက်ထဲမှ အားသာချက် (၄) မျိုး | Four Strengths in Vulnerability
 Unicode Version
အားနည်းချက်ထဲမှ အားသာချက် (၄) မျိုး
ရှင်ယာကုပ်ဩဝါဒစာ ၄:၆ “ထိုဝိညာဉ်တော်သည် သာ၍များသော ကျေးဇူးကိုပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာ သည်ကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ဟုလာသတည်း။
သင်၏ ခုခံနိုင်စွမ်းမရှိခြင်းသည် သင်၏အားနည်းချက် မဟုတ်ပါ။ တကယ်တော့ အားနည်းချက် ၊ အစွမ်း မရှိခြင်းတွေက အားသာချက်တစ်ခု ဖြစ်ပါတယ်။ ဘုရားသခင်သည် သင်၏ အားနည်းချက်များကို ဝိညာဉ်ရေးရာ စွမ်းအားမြှင့်တင်ခြင်း ၊ စိတ်ခံစားမှု ကုစားခြင်း ၊ ကောင်းသော လူမှုဆက်သွယ်ရေး ၊ ခေါင်းဆောင်မှုအတွက် ဖွဲ့စည်းပေးခြင်းများကို ပြုပေးနိုင်ပါတယ်။
ပထမဉီးစွာ သင်၏ အားနည်းချက်နှင့်ပတ်သက်ပြီး တခြားသူတွေနှင့် ပွင့်လင်း ရိုးသားစွာ ရှိခြင်းက ဝိညာဉ်ရေးရာ စွမ်းအားဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းသည် ဘုရားသခင်၏ ကျေးဇူးတော်တံခါးကို ဖွင့်စေပါတယ်။ ရှင်ယာကုပ်ဩဝါဒစာ ၄:၆ “ထိုဝိညာဉ်တော်သည် သာ၍များသော ကျေးဇူးကိုပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာ သည်ကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ဟုလာသတည်း။” ကျေးဇူးတော်သည် သင်ပြောင်းလဲဖို့ရန် လိုအပ်သော စွမ်းအားဖြစ်ပြီး သင်၏ အားနည်းခြင်းနှင့် ဆိုးသော အကျင့်စရိုက် တို့ကို ကျိုးပဲ့စေပါတယ်။
ခုခံနိုင်စွမ်းမရှိခြင်းသည်လည်း စိတ်တပိုင်းဆိုင်ရာ ကုစားမှု ဖြစ်ပါတယ်။ ရှင်ယာကုပ်ဩဝါဒစာ ၅:၁၆ “အချင်းချင်းတယောက် နှင့်တယောက်၊ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည် အကြောင်း၊ အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီး သောပဌနာ သည် အလွန် တန်ခိုးပါ၏။ အကယ်၍ သင်က ခွင့်လွှတ်ခြင်းကို အလိုရှိရုံဆိုလျှင် ဘုရားသခင်ထက် တခြားသော သူတွေဆီမှာ သင်၏ အပြစ်တွေကို ဝန်ခံစရာ မလိုအပ်ပါဘူး။ သို့ပေမဲ့ သင်ကုစားမှု လိုချင်ပါလျှင် သင်၏ အားနည်းချက်တို့ကို လူတစ်ဉီးဉီးနှင့် ဝေမျှဖို့တော့ လိုပါတယ်။ သင်၏ ခံစားချက်တို့ကို ဖော်ပြခြင်းသည် ကုစားမှု၏ အစ ဖြစ်သည် ဟူသော ဘုရားသခင်၏ လုပ်ဆောင်ထားမှု နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
နောက်ထပ်အနေဖြင့် ခုခံနိုင်စွမ်းမရှိခြင်းက လူမှုဆက်ဆံရေးကို ပိုပြီးဆွဲဆောင်မှုဖြစ်စေပါတယ်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ ရှင်ယာကုပ်ဩဝါဒစာ ၃:၂ “ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏။ စကားအား ဖြင့် မှားခြင်းမရှိသောသူ မည်သည်ကား၊ စုံလင်သောသူဖြစ်၏။ မိမိကိုယ်ကို တကိုယ်လုံးကို ချုပ်တည်း နိုင်သော သူဖြစ်၏။ ရှင်ယာကုပ်ကိုယ်တိုင် သူ့၏ ဖော်ပြချက်တွင် သူ့ကိုယ်သူ      ပါဝင်စေခဲ့ပါတယ်။ တစ်စုံတစ်ယောက်က သင့်ကို သူတို့ရှုပ်ထွေးနေတယ်လို့ ဆိုတဲ့အခါမှာ သူတိုပိုပြီး ဆက်သွယ်မှုရှိလာခြင်းဖြစ်ပါတယ်။ တစ်ကိုယ်ကောင်း ဆန်တဲ့သူငယ်ချင်း (သို့) လူတွေကို မည်သူမျှ  လက်မထပ်ချင်ပါ။ သို့ပေမဲ့ သင်က ခုခံနိုင်စွမ်း မရှိတဲ့အခါ ၊ သင်၏ အားနည်းချက်တို့ကို လက်ခံတာအခါ ၊ သင့်ကိုသင်တောင် ဟားတိုက်ရပါလျှင် ..ဤအရာတွေသည် လူတွေကို သင့်ဆီ ချဉ်းကပ်လာစေပါတယ်။
ခုခံနိုင်စွမ်း အားနည်းခြင်းက ဝိညာဉ်ရေးရာ ခွန်အားကို ပေးပါတယ်။ ကုစားပေးတယ် ၊ အကူအညီပေးတယ်။ ပိုပြီး ဆွဲဆောင်နိုင်စွမ်းရှိစေပါတယ်။ ခေါင်းဆောင်မှုအတွက် လိုအပ်မှုလည်း ဖြစ်ပါတယ်။ သင်၌ အားနည်းမှု ၊ ခုခံနိုင်မှုတွေ မဖြစ်နိုင်ပါလျှင် ခေါင်းဆောင်တစ်ဉီး မဟုတ်ပါ။ သူဌေးတစ်ဉီးတော့ ဖြစ်ရုံဖြစ်မည်။ ရှင်ယာကုပ်ဩဝါဒစာ ၃:၁၃ “သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိတစုံတယောက်ရှိလျှင်၊ ထိုသူ သည် ပညာ၏ နှုးညံ့သိမ်မွေ့ခြင်းနှင့်တကွ၊ ကောင်းမြတ်သော ကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကို ပြပါစေ။
သင်သည် ဘုရားသခင်၏ ဉာဏ်ပညာကို ရသကဲ့သို့ နှိမ့်ချသောသူ ဖြစ်လာပါတယ်။ ရှင်ယာကုပ်ဩဝါဒစာ ၄:၁၀ “ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင်၊ သင်တို့ကို ချီးမြှောက်တော် မူလိမ့်မည်။” ဘုရားသခင်သည် သင်၏နှိမ့်ချမှုနှင့် အားနည်းချက်များကို ဂုဏ်တင်ပြီး သင့်အားခေါင်းဆောင်တစ်ဉီးအဖြစ် ဖွဲ့စည်းရန် အသုံးပြုပါသည်။
သမ္မာကျမ်းစာက ယဉ်ကျေးမှု ၊ အတွေးအခေါ် နှင့် ရည်မှန်းချက်များကို ဖော်ပြပါတယ်။ မဖော်ပြနိုင်ဘူးလား။ အားနည်းမှုကို မပေါ်လွင်အောင် ထိန်းသိမ်းဖို့ရန် သင့်အား ကမ္ဘာကြီးက ပြောပါမည်။ သို့ပေမဲ့ အားနည်းချက်ကို ဂုဏ်ယူဖို့ရန် ဘုရားသခင်က ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်သည် သူ၏ တန်ခိုးတန်ခိုးကို ဖော်ပြပြီး သင့်အား ပိုပြီး မှီခိုအားထားစေသည်။
သင်၏ အားနည်းချက်တွေဖြင့် သခင်ယေရှုဆီ လမ်းညွှန်မှုပြုနိုင်ဖို့ရန်အတွက် သင်၏ဂုဏ်ယူရမှုကို နှိမ့်ချမည် လား။
ဆင်ခြင်ရန်
- အားနည်းချက်များကိုအခြားသူများအားဝေမျှခြင်းဖြင့်သူတို့ကိုယ်သူတို့အားနည်းချက်ရှိသူများဟုသင်ဘယ်လိုထင်သနည်း။
- ဘုရားသခင့်ဉာဏ်ပညာကိုရယူခြင်းကသင့်ကိုဘာကြောင့်နှိမ့်ချစေတာလဲ။
-သင်၏အားသာချက်များနှင့်ဘုရားသခင်၏တန်ခိုးတော်ကိုလူသိများစေရန်သင်ပိုမိုစိတ်ဝင်စားပါသလား။ သင်၏အသက်တာတွင်သင်၏အဖြေကိုမည်သို့သက်သေပြသနည်း။
----------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်