သင်၏ ဆုကျေးဇူးတို့သည် သင်၏အကျိုးအတွက်သာ မဟုတ်ပါ။ | Your Gifts and Talents are not just for your Good.
Unicode Version
သင်၏
ဆုကျေးဇူးတို့သည် သင်၏အကျိုးအတွက်သာ မဟုတ်ပါ။
ကောရိန္သုဩဝါဒစာပဌမစောင် ၁:၄-၇ “အထက်ခရစ်တော်၏ သက်သေကို သင်တို့တွင် တည်စေသည်ရှိ သော်၊ သင်တို့သည် ထိုခရစ်တော်အားဖြင့်၊ အရာရာ၌ နှုတ်သတ္တိ၊ ဉာဏ်သတ္တိအပေါင်းနှင့် ကြွယ်ဝပြည့်စုံကြ သည်ဖြစ်၍၊ ယေရှုခရစ်အားဖြင့် သင်တို့အားပေးတော်မူသော ဆုကျေးဇူးတော်ကို ငါထောက်၍၊ သင်တို့ အကြောင်းကြောင့် ငါ့ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်း၏။ ထိုကြောင့်သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်းကို မြော်လင့်၍နေစဉ်၊ ဆုတော် တစုံတခုမျှ မလျော့ဘဲ စုံလင်လျက်ရှိကြ၏။ ”
ဘုရားသခင်
သင့်အား စိတ်တိုင်းကျ ဖြစ်သည့်အခါတွင် သင့်အား ထူးခြားသော ဆုလဒ်တွေ ၊ အရည်အချင်းတွေ
၊ စွမ်းရည်တွေ ၊ ကျွမ်းကျင်မှုတို့များစွာဖြင့် ဖန်တီးပါတယ်။ သဘာဝအတိုင်း သင်ကောင်းသောအမှုတွေ
၊ လုပ်ဆောင်နေသောအရာတွေ ၊ တွေးမြင်သောအရာတွေက ဘုရားသခင့်အား ဖန်တီးထားသော ဆုလဒ်တွေ
ဖြစ်ပါတယ်။
သို့ပေမဲ့ ဘုရားသခင်သည် သင့်အကျိုးအတွက် ထူးခြားစွာ သင့်ကို ပုံဖော်ထားတာမဟုတ်ပါ။
သင့်အား ပေးထားသော ဆုလဒ်တွေသည် သင်တစ်ဉီးတည်းအကျိုးအတွက် မဟုတ်ပါ။ လူတိုင်းနှင့် သက်ဆိုင်ပါတယ်။
ဆိုလိုသည်မှာ တခြားသူတို့ဆီက ဆုကျေးဇူးတို့သည်လည်း သင့်အတွက် ဖြစ်ပါတယ်။
ကျွန်ုပ်၏
ဆုကျေးဇူးများထဲမှ တစ်ခုက စာသင်ခြင်းဖြစ်ပါတယ်။ ထိုဆုကျေးဇူးကို နှစ်ပေါင်းများစွာ
တခြားသူတို့၏ အကျိုးအတွက် လုပ်ဆောင်ဖို့ရန် ကျွန်ုပ်ထားရှိပါတယ်။ ထိုနည်းတူစွာပင် သင်၏
ဆုကျေးဇူးတို့ကိုလည်း သင့်အသက်တာရှိ တွေ့မြင်ရသော လူတို၏ အကျိုးအတွက် ဖြစ်စေနိုင်ပါတယ်။
သင်
မည်သည့်အရာ၌ ကျွမ်းကျင်ပိုင်နိုင်တယ်ဆိုတာ သင်သိရှိပါမည်။ ထိုအရာ၌ ကျွမ်းကျင်ပိုင်နိုင်ခြင်းပေါ်
ဘုရားဘာကြောင့် ပြုသလဲလို့ သင်တွေးမြင်ပါသလား။ ထိုဆုကျေးဇူးတို့ကို သူတစ်ပါးအတွက် သင်အသုံးပြုဖို့ရန်
အလိုတော်ရှိပါတယ်။
သခင်ယေရှု
ပြန်မကြွလာခင်မှာ ထိုဆုကျေးဇူးတို့ကို မည်ကဲ့သို့ အသုံးပြုသင့်ပါသနည်း။ ထိုအရာတို့ကို
တခြားသူတို့ သခင်ယေရှုထံရောက်ရှိဖို့ရန် သင်အသုံးပြုသင့်ပါတယ်။ ၎င်းတို့ကို ကမ္ဘာကြီးတွင်
မေတ္တာသံတမန် တစ်ဉီးအဖြစ် သင်အသုံးပြုသင့်ပါတယ်။ တကယ်တော့ ဘုရားသခင် ရည်ရွယ်ထားတဲ့အတိုင်း
ထိုထူးခြားတဲ့ ဆုကျေးဇူးတို့ကို အသုံးပြုခြင်း သင်မပြုပါလျှင် ထိုအရာတို့ကို သင်ဖြုန်းတီးခြင်း
ဖြစ်ပါတယ်။
ထိုဆုကျေးဇူးတို့ကို
သင့်အကျိုးအတွက်သာ အသုံးပြုဖို့ ဘုရားပေးအပ်လိုက်ခြင်းမဟုတ်ပါ။ ရှင်ယာကုပ်ဩဝါဒစာ ၄ :၁၇ တွင် “ထိုကြောင့်၊ ကောင်းသောအကျင့်ကို
သိလျက် မကျင့်ဘဲနေသော သူသည်အပြစ်ရှိ၏။”
ဘယ်အရာက
ကောင်းတယ်ဆိုတာကို သင်သိရှိမယ်ဆိုလျှင်သော်လည်းကောင်း ၊ လူပေါင်းများစွာ သင်၏အကူအညီကို
လိုအပ်နိုင်ခြေရှိတယ်ဆိုတာကို သင်သိရှိမယ်ဆိုလျှင်သော်လည်းကောင်း ထိုအရာတို့နှင့် ပတ်သက်ပြီး
သင်ဘာကို လုပ်ဆောင်မည်နည်း။ မည်သူ့အား သင်ဝန်ထမ်း ပေးနေပါသနည်း။ ယခုအချိန် နှင့် လောကအသက်တာကာလကုန်ဆုံးချိန် နှင့် နိစ္စထာဝရကာလ စတင်ချိန်
စပ်ကြားတွင် မည်သူ့အား သင်ကူညီဖို့ ရှိပါသနည်း။
အမှုတော်ထမ်းရွက်ဖို့ရန်
လိုအပ်သောအရာအားလုံးကို သင့်အား ဘုရားသခင် ပေးထားပါတယ်။ ကောရိန္သုဩဝါဒ
စာပဌမစောင် ၁:၄-၇ “အထက်ခရစ်တော်၏ သက်သေကို သင်တို့တွင် တည်စေသည်ရှိ သော်၊ သင်တို့သည် ထိုခရစ်တော်အားဖြင့်၊ အရာရာ၌ နှုတ်သတ္တိ၊ ဉာဏ်သတ္တိအပေါင်းနှင့်
ကြွယ်ဝပြည့်စုံကြ သည်ဖြစ် ၍၊ ယေရှုခရစ်အားဖြင့်
သင်တို့အားပေးတော်မူသော ဆုကျေးဇူးတော်ကို ငါထောက်၍၊ သင်တို့ အကြောင်းကြောင့် ငါ့ဘုရားသခင်၏ကျေးဇူးတော်ကို
အစဉ်မပြတ် ချီးမွမ်း၏။ ထိုကြောင့်သင်တို့သည် ငါတို့သခင်
ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်းကို မြော်လင့်၍နေစဉ်၊ ဆုတော် တစုံတခုမျှ မလျော့ဘဲ စုံလင်လျက်ရှိကြ၏။ ”
ပေးသနားတော်မူသော စွမ်းရည် ၊ အရည်အချင်းတို့ကို မဖြုန်တီးပါနှင့်။ ထိုဆုကျေးဇူးတို့ကို
တခြားသောသူတို့အား ဝန်ထမ်းပေးခြင်းဖြင့် ဘုရား၏အမှုတော်ကို ထမ်းရွက်ဖို့ရန် အသုံးပြုလိုက်ပါ။
ဆင်ခြင်ရန်
-
သင်၏ ရည်ရွယ်ချက်ဆိုတာ ဘာဖြစ်မလဲလို့ သင်စဉ်းစားဖူးပါသလား။ သင်၏ ဆုကျေးဇူးနှင့် စွမ်းရည်တို့သည်
သင်၏ ရည်ရွယ်ချက်တို့ကို မည်ကဲ့သို့ သက်ရောက်မှုဖြစ်စေတယ်လို့ ထင်မြင်ပါသနည်း။
-
ဤသီတင်းတစ်ပတ်တွင် သင်၏ စွမ်းရည် ၊ ကျွမ်းကျင်မှုတို့ဖြင့် တစ်စုံတစ်ယောက်ကို အကူအညီပေးနိုင်
ပါမည်နည်း။
-
ဤ(၃)ရက်ကာလအတွင်း သခင်ယေရှုပြန်လာမည်ကို သိသိရှိခဲ့ပါလျှင် ထို (၃) ရက်အတွင်း သင်မည်သို့
အချိန်ကုန်လွန်စေမည်နည်း။ ထိုရှုထောင့်အမြင်က သင်၏ နေ့စဉ်အချိန်ဖြုန်းမှုတွေကို မည်ကဲ့သို့
ပြောင်းလဲ စေသင့်ပါသနည်း။
------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်