သင်၏ ယုံကြည်ခြင်းသည် တောင်ကို ရွေ့စေနိုင်သည်။ | Your Faith can move Mountains
 Unicode Version
ရှင်မာကု ခရစ်ဝင်ကျမ်း ၁၁:၂၂-၂၄ “ယေရှုကလည်း၊ သင်တို့သည်ဘုရားသခင်ကို ယုံကြည်ခြင်းရှိ ကြလော့။ 
ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့်ကင်း၍ မိမိဆိုသည်အတိုင်း ဖြစ်မည်ဟု ယုံကြည် လျက်။ ထိုတောင်ကို နေရာမှရွေ့လော့၊ ပင်လယ်၌ ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည် အတိုင်း၊ ဖြစ်လိမ့် မည်။ ထိုကြောင့်ငါဆိုသည်ကား၊ သင်တို့သည် ကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှ တို့ကို ရကြလိမ့်မည်။”
အံ့ဩဖွယ်ရာ ပြတင်းတံခါးကို ယုံကြည်ခြင်းက ဖွင့်ပေးပါတယ်။ အကယ်၍ သမ္မာကျမ်းစာနှင့် သမိုင်းကြောင်းကို သင်လေ့လာပါလျှင် အချိန်တိုင်းတွင် ဘုရားသခင်သည် ဤကမ္ဘာပေါ်တွင် လှုပ်ရှားပြီး အံ့ဩဖွယ်အမှုကို တစ်စုံတစ်ယောက်၏ ယုံကြည်ခြင်းကြောင့် ပြုတယ်ဆိုတာကို သင်တွေ့ရှိရပါလိမ့်မည်ည။
ရှင်မာကု ခရစ်ဝင်ကျမ်း ၁၁ ၂၂-၂၄ တွင် သခင်ယေရှု ဆိုထားသည်မှာ “ယေရှုကလည်း၊ သင်တို့သည်ဘုရားသ ခင်ကို ယုံကြည်ခြင်းရှိ ကြလော့။  ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့်ကင်း၍ မိမိဆိုသည်အတိုင်း ဖြစ်မည်ဟု ယုံကြည် လျက်။ ထိုတောင်ကို နေရာမှရွေ့လော့၊ ပင်လယ်၌ ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည် အတိုင်း၊ ဖြစ်လိမ့် မည်။ ထိုကြောင့်ငါဆိုသည်ကား၊ သင်တို့သည် ကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှ တို့ကို ရကြလိမ့်မည်။”
ယုံကြည်ခြင်းက တောင်ကြီးကိုပင် ရွေ့စေနိုင်ပါတယ်။
ဤစကြာဝဋာကြီးက ကြီးစဉ်ငယ်လိုက် နည်းဉပဒေသတို့ဖြင့် ဘုရားသခင် ပြုတော်မူပါသည်။ ယုံကြည်ခြင်းနည်း ဉပဒေသသည် သဘာဝ နည်းဉပဒေသတို့ထက် အမှန်တကယ် မြင့်မားပါတယ်။ ၎င်းသည် အံ့ဩဖွယ်ရာ ဖြစ်လာသောနေရာ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်၌ ယုံကြည်ခြင်းရှိတဲ့အခါ ယုံကြည်ခြင်းနည်းဉပဒေသက အလေ့အကျင့်အဖြစ် ပြောင်းလဲပြီး သဘာဝထက်ကို အမှန်တကယ် လုပ်ဆောင်မှု ပြုပါတယ်။ ယုံကြည်ခြင်း ဆိုင်ရာ နည်းဉပဒေသသည် အံ့ဩဖွယ်ရာ အမှုတို့ကို လုပ်ဆောင်ပါတယ်။
ယနေ့တွင် ဘုရားသခင် အံ့ဩဖွယ်ရာတို့ကို ပြုစဲလား။ သင့်အသက်တာရှိ မည်သို့သော တောင်ကြီးက ရွေ့ဖို့ရန် လိုအပ်နေပါသနည်း။ ဘယ်တော့မှ ပြောင်းလဲသွားနိုင်မည် မဟုတ်သော အရာလို့ မြင်နေရတဲ့အရာက မည်သို့နည်း။ ထိုတောင်ကို ရွေ့ဖို့ရန် သဘာဝနည်းဉပဒေသတွင် သင်၏ ယုံကြည်ခြင်းကို အစားထိုးဖို့ရန် ဘုရားအလိုတော် ရှိကောင်းရှိနေပါမည်။
စီးပွားရေးကို ရွေ့လျားစေသော တောင်၌ ဘုရားသခင်ရှိနေသည်။ အရင်တုန်းတည်းက ဘုရားရွေ့ခဲ့ပါတယ်။ ယနေ့ ဤလောကတွင်လည်း ဘုရားလုပ်ဆောင်နေတုန်းပါဘဲ။ သင်၏ အသက်တာတွင် ဘုရားလုပ်ဆောင်ချင် သောအရာကို သံသယမဖြစ်ပါနဲ့။ မလျော့တွက်လိုက်ပါနဲ့။ အထင်မသေးလိုက်ပါနဲ့။
ရှင်မဿဲခရစ်ဝင်ကျမ်း ၁၃: ၅၈ “မြို့သားများတို့သည် မယုံကြည်ကြသောကြောင့်၊ ထိုအရပ်၌ များစွာသောတန်ခိုး ကို ပြတော်မမူ။
“ကျွန်ုပ်အသက်တာတွင် မည်သည့် အံ့ဩဖွယ်အမှုများစွာကို မတွေ့ရပါ” လို့ သင်ပြောပါမည်။ ထိုအရာကို သင်က ကြောက်ရွံ့ခြင်း မျက်လုံးဖြင့် ရှာဖွေနေသလား (သို့) ယုံကြည်ခြင်း မျက်လုံးဖြင့် ရှာဖွေနေပါသလား။
ဤ၂၀၂၁ ခုနှစ်ကို “အံ့ဩဖွယ်ရာ တံခါးကို ယုံကြည်ခြင်းက ဖွင့်ပေးတယ်” လို့ မြင်စေဖို့ရန် ခွင့်ပြုလိုက်ပါ။
ဆင်ခြင်ရန်
- သင့်အသက်တာရှိ မည်သို့သော တစ်စုံတစ်ရာကို အရှုံးပေးနေပါသနည်း။ (သို့) ဘယ်တော့မှ မပြောင်းလဲဘူးလို့ ယုံကြည်နေသော အရာ ရှိနေပါသနည်း။
- ထိုအရာအတွက် စတင်ဆုတောင်းဖို့ရန် ဘုရားသခင် အလိုတော်ရှိကြောင်းကို သင်မည်ကဲ့သို့ ထင်မြင်ပါသနည်း။
-      ယုံကြည်ခြင်းဖြင့် မည်သည့်အရာကို ဘုရားသင့်အား လုပ်ဆောင်စေလိုပါသနည်း။
-      ကြောက်ရွံ့ခြင်းမျက်လုံးဖြင့် မဟုတ်ဘဲ ၊ ယုံကြည်ခြင်း မျက်လုံးဖြင့် မြင်ဖို့ရန် ဆိုသည်မှာ မည်သို့သော အဓိပ္ပါယ်နည်း။
---------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်