မတော်တဆအားဖြင့် သင်ပြောင်းလဲလို့ မရပါဘူး။ | You Can’t Change by Accident

 Unicode Version

မတော်တဆအားဖြင့် သင်ပြောင်းလဲလို့ မရပါဘူး။


ဧဖက်ဩဝါဒစာ ၄:၂၂ “စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင်၊ မှန်သောဖြောင့်မတ်ခြင်း၊ 
သန့်ရှင်းခြင်း ပါရမီ အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း၊ ခရစ်တော် ၏စကားကို ကြားနာရသည်ဖြစ်၍၊ ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။”

 

ပြောင်းလဲခြင်းအတွက် ရွေးချယ်မှုပြုခြင်းတို့ လိုပါတယ်။ ပြောင်းလဲဖို့ရန် လုံလောက်သောအတွေးတွေ ၊ ဆန္ဒရှိမှုတွေ ရှိရုံနဲ့ မရပါ။ ဆုံးဖြတ်ချက်ချဖို့ လိုအပ်ပါလိမ့်မည်။ ပြောင်းလဲဖို့ရန် ရွေးချယ်ရပါမည်။

ပြောင်းလဲခြင်းသည် ရည်ရွယ်ချက်ရှိခြင်းဖြစ်ပါတယ်။ နောင်လာမည့် ခြောက်လ (သို့) တစ်နှစ် တွင် သင်ပိုပြီး ကျန်းမာ မလား ၊ သန်မာနေမလား ၊ ပိုပြီး ရင့်ကျက်မှုရှိမလား။ ပိုပြီး ပျော်ရွှင်နေမလား ၊ အကြွေးနည်းသွား မလား ၊ ဘုရားသခင်အလိုတော်ရှိသောသူတစ်ဉီးအဖြစ် ပိုပြီးဖြစ်နေမလား။

 

ယခုပင် သင့်အား ကျွန်တော်အဖြေပေးနိုင်ပါတယ်။ အရာရာတို့သည် မတော်တဆ ဖြစ်ပျက်မလာတဲ့ အတွက်ကြောင့် သင်ပြောင်းလဲဖို့ရန် ရွေးချယ်မှု မပြုသရွေ့ ဖြစ်လာမည် မဟုတ်ပါ။ ဤနှစ်ကုန် (သို့) လာမည့် ၃ နှစ် (သို့) ၆ နှစ်တွင် သင်ဘယ်ကို ရောက်ဖို့လိုသလဲဆိုတာကို ကြိုတင်စဉ်းစားဖို့ လိုအပ်ပါတယ်။ နောင်လာမည့် ၁၀ နှစ်တွင် သင့်အား ယနေ့ထက် ပိုပြီး ကောင်းမွန်ခြင်းအရာတွေ ဖြစ်စေချင်ပါတယ်။ သို့ပေမဲ့ ထိုအရာတွေက သင်ရွေးချယ်မှု မပြုသရွေ့ ဖြစ်လာမည့် မဟုတ်ပါ။

 

ပြောင်းလဲခြင်းတွင် ရွေးချယ်မှုရှိဖို့ လိုပါတယ်။

ဘုရားသခင် ကျွန်ုပ်တို့ကို ပြောင်းလဲပေးဖို့ရန် စောင့်ဆိုင်းကြတယ်လို့ ကျွန်ုပ်တို့ အချိန်တော်တော်များများ တွေးမြင်ကြပါတယ်။ မဟုတ်ပါ။ သင်ဘုရားသခင်ကို မစောင့်ဆိုင်းပါ။ ဘုရားသခင်ကသာ သင့်ကို စောင့်ဆိုင်း နေတာ ဖြစ်ပါတယ်။

 

ကြီးထွားဖွံ့ဖြိုးဖို့ရန် ရည်ရွယ်ချက်ရှိသော ရွေးချယ်မှုကို ကျွန်ုပ်တို့ ပြုဖို့ လိုအပ်ပါတယ်။ ပြောင်းလဲခြင်း မပါဘဲ မကြီးထွားနိုင်ပါ။ ဆုံးရှုံးခြင်းမရှိဘဲ မပြောင်းလဲပါ။ နာကျင်ခြင်းမရှိပဲ အောင်မြင်ခြင်းမရှိပါ။ အကယ်၍ သင်က တိုးတက်ကြီးထွားချင်ပါလျှင် ပြောင်းလဲဖို့ လိုအပ်ပါလိမ့်မည်။ ပြောင်းလဲခြင်းဆိုသည်မှာ ဟောင်းသောအရာကို စွန့်လွှတ်ပြီး အသစ်သောအရာကို ဆုပ်ကိုင်လိုက်ခြင်းဖြစ်ပါတယ်။

 

ကောင်းကင်ဘားတန်းကစားသမားလိုပေါ့။ တဖက်ဘားတန်းကို ရောက်ရှိဖို့အတွက် သူ့ကိုင်ထားတဲ့ ဘားတန်းကို လက်လွှတ်ရပါတယ်။ တကယ်လို့ သူက လက်မလွှတ်ဘဲ နှစ်ဖက်လုံးကို ကိုင်ထားပါလျှင် ဘာတွေဖြစ်လာမလဲ။ သူအလယ်မှာ ဒုက္ခရောက်ပြီး အောက်ကို ပြုတ်ကျပါတော့မည်။

သင်သည်လည်း အလယ်မှာ ဒုက္ခတွေ့ကောင်းတွေ့နေပါမည်။ ဘာကြောင့်လဲဆိုတော့ သင်၏ ပုံစံဟောင်း ၊ အကျင့်စရိုက်ဟောင်း နှင့် အိုဟောင်းသော အတွေးတွေကို မစွန့်ပယ်လို့ ဖြစ်ပါတယ်။ ထိုအိုဟောင်းသော အရာအားလုံးတို့ကို သင်လက်လွှတ်သင့်ပါတယ်။

 

သမ္မာကျမ်းစာက ဖော်ပြထားသည်မှာ ဧဖက်ဩဝါဒစာ ၄:၂၂ “စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင်၊ မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း ပါရမီ အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း၊ ခရစ်တော် ၏စကားကို ကြားနာရသည်ဖြစ်၍၊ ယေရှု၌ သမ္မာတရားရှိသည် နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။”

 

တစ်နည်းအားဖြင့် စွန့်လွှတ်ဖို့ ဖြစ်ပါတယ်။ ထိုအကျင့်ဟောင်း ၊ ပုံစံဟောင်းကဲ့သို့သော အသက်တာရှိ အပြစ်ဟောင်းတို့ကို လက်လွှတ်လိုက်ပါ။ ထိုအရာတွေကို လက်လွှတ်ပြီး ဘုရားသခင် အမှုဆောင်ရွက်နေသည်ကို ယုံကြည်လိုက်ပါ။ ဖိလိပ္ပိ ၂:၁၃ “အကြောင်းမူကား၊ သင်တို့သည် အလိုရှိစေခြင်းငှါ၎င်း၊ အကျင့်ကျင့်စေခြင်းငှါ၎င်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း။ 

 

ဆင်ခြင်ရန်

- ပြောင်းလဲမှု၌ ဘာကြောင့် အရှုံးလိုပါသနည်း။ ထိုသို့သောအရာသည် သင်၏အသက်တာ မည်ကဲ့သို့ မှန်ကန်ခဲ့ဖူးပါသနည်း။

- ယခုနှစ်တွင် သင်ကြီးထွားရန် နှင့် ပြောင်းလဲဖို့ရန် မည်ကဲ့သို့သော ပုံစံဟောင်း ၊ အကျင့်ဟောင်းတို့ကို စွန့်ပစ်ဖို့ရန် သင်လိုအပ်နေပါသနည်း။-

- နေ့တိုင်း ကြီးထွားဖို့ရန် နှင့် ပြောင်းလဲရန် ရွေးချယ်မှုပြုခြင်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ မည်သို့ ကတိတော်များကို သင်တောင်းဆိုနိုင်ပါသနည်း။

--------------------------------------------------------------------------------

Zawgyi Version

မေတာ္တဆအားျဖင့္ သင္ေျပာင္းလဲလို႔ မရပါဘူး။


ဧဖက္ဩဝါဒစာ ၄:၂၂ “စိတ္ႏွလုံးသေဘာသစ္ကိုရၿပီးလွ်င္၊ မွန္ေသာေျဖာင့္မတ္ျခင္း၊ သန္႔ရွင္းျခင္း ပါရမီ အားျဖင့္ ဘုရားသခင္ႏွင့္အတူအမွ် ဖန္ဆင္းေသာ လူသစ္ကို ယူတင္ဝတ္ေဆာင္မည္အေၾကာင္း၊ ခရစ္ေတာ္ ၏စကားကို ၾကားနာရသည္ျဖစ္၍၊ ေယရႈ၌ သမၼာတရားရွိသည္ႏွင့္အညီ၊ ထိုသခင္ထံ၌ နည္းခံၾကၿပီသတည္း။”


ေျပာင္းလဲျခင္းအတြက္ ေ႐ြးခ်ယ္မႈျပဳျခင္းတို႔ လိုပါတယ္။ ေျပာင္းလဲဖို႔ရန္ လုံေလာက္ေသာအေတြးေတြ ၊ ဆႏၵရွိမႈေတြ ရွိ႐ုံနဲ႔ မရပါ။ ဆုံးျဖတ္ခ်က္ခ်ဖို႔ လိုအပ္ပါလိမ့္မည္။ ေျပာင္းလဲဖို႔ရန္ ေ႐ြးခ်ယ္ရပါမည္။

ေျပာင္းလဲျခင္းသည္ ရည္႐ြယ္ခ်က္ရွိျခင္းျဖစ္ပါတယ္။ ေနာင္လာမည့္ ေျခာက္လ (သို႔) တစ္ႏွစ္ တြင္ သင္ပိုၿပီး က်န္းမာ မလား ၊ သန္မာေနမလား ၊ ပိုၿပီး ရင့္က်က္မႈရွိမလား။ ပိုၿပီး ေပ်ာ္႐ႊင္ေနမလား ၊ အေႂကြးနည္းသြား မလား ၊ ဘုရားသခင္အလိုေတာ္ရွိေသာသူတစ္ဉီးအျဖစ္ ပိုၿပီးျဖစ္ေနမလား။


ယခုပင္ သင့္အား ကြၽန္ေတာ္အေျဖေပးႏိုင္ပါတယ္။ အရာရာတို႔သည္ မေတာ္တဆ ျဖစ္ပ်က္မလာတဲ့ အတြက္ေၾကာင့္ သင္ေျပာင္းလဲဖို႔ရန္ ေ႐ြးခ်ယ္မႈ မျပဳသေ႐ြ႕ ျဖစ္လာမည္ မဟုတ္ပါ။ ဤႏွစ္ကုန္ (သို႔) လာမည့္ ၃ ႏွစ္ (သို႔) ၆ ႏွစ္တြင္ သင္ဘယ္ကို ေရာက္ဖို႔လိုသလဲဆိုတာကို ႀကိဳတင္စဥ္းစားဖို႔ လိုအပ္ပါတယ္။ ေနာင္လာမည့္ ၁၀ ႏွစ္တြင္ သင့္အား ယေန႔ထက္ ပိုၿပီး ေကာင္းမြန္ျခင္းအရာေတြ ျဖစ္ေစခ်င္ပါတယ္။ သို႔ေပမဲ့ ထိုအရာေတြက သင္ေ႐ြးခ်ယ္မႈ မျပဳသေ႐ြ႕ ျဖစ္လာမည့္ မဟုတ္ပါ။


ေျပာင္းလဲျခင္းတြင္ ေ႐ြးခ်ယ္မႈရွိဖို႔ လိုပါတယ္။

ဘုရားသခင္ ကြၽႏ္ုပ္တို႔ကို ေျပာင္းလဲေပးဖို႔ရန္ ေစာင့္ဆိုင္းၾကတယ္လို႔ ကြၽႏ္ုပ္တို႔ အခ်ိန္ေတာ္ေတာ္မ်ားမ်ား ေတြးျမင္ၾကပါတယ္။ မဟုတ္ပါ။ သင္ဘုရားသခင္ကို မေစာင့္ဆိုင္းပါ။ ဘုရားသခင္ကသာ သင့္ကို ေစာင့္ဆိုင္း ေနတာ ျဖစ္ပါတယ္။


ႀကီးထြားဖြံ႕ၿဖိဳးဖို႔ရန္ ရည္႐ြယ္ခ်က္ရွိေသာ ေ႐ြးခ်ယ္မႈကို ကြၽႏ္ုပ္တို႔ ျပဳဖို႔ လိုအပ္ပါတယ္။ ေျပာင္းလဲျခင္း မပါဘဲ မႀကီးထြားႏိုင္ပါ။ ဆုံးရႈံးျခင္းမရွိဘဲ မေျပာင္းလဲပါ။ နာက်င္ျခင္းမရွိပဲ ေအာင္ျမင္ျခင္းမရွိပါ။ အကယ္၍ သင္က တိုးတက္ႀကီးထြားခ်င္ပါလွ်င္ ေျပာင္းလဲဖို႔ လိုအပ္ပါလိမ့္မည္။ ေျပာင္းလဲျခင္းဆိုသည္မွာ ေဟာင္းေသာအရာကို စြန႔္လႊတ္ၿပီး အသစ္ေသာအရာကို ဆုပ္ကိုင္လိုက္ျခင္းျဖစ္ပါတယ္။


ေကာင္းကင္ဘားတန္းကစားသမားလိုေပါ့။ တဖက္ဘားတန္းကို ေရာက္ရွိဖို႔အတြက္ သူ႔ကိုင္ထားတဲ့ ဘားတန္းကို လက္လႊတ္ရပါတယ္။ တကယ္လို႔ သူက လက္မလႊတ္ဘဲ ႏွစ္ဖက္လုံးကို ကိုင္ထားပါလွ်င္ ဘာေတြျဖစ္လာမလဲ။ သူအလယ္မွာ ဒုကၡေရာက္ၿပီး ေအာက္ကို ျပဳတ္က်ပါေတာ့မည္။ 

သင္သည္လည္း အလယ္မွာ ဒုကၡေတြ႕ေကာင္းေတြ႕ေနပါမည္။ ဘာေၾကာင့္လဲဆိုေတာ့ သင္၏ ပုံစံေဟာင္း ၊ အက်င့္စ႐ိုက္ေဟာင္း ႏွင့္ အိုေဟာင္းေသာ အေတြးေတြကို မစြန႔္ပယ္လို႔ ျဖစ္ပါတယ္။ ထိုအိုေဟာင္းေသာ အရာအားလုံးတို႔ကို သင္လက္လႊတ္သင့္ပါတယ္။


သမၼာက်မ္းစာက ေဖာ္ျပထားသည္မွာ ဧဖက္ဩဝါဒစာ ၄:၂၂ “စိတ္ႏွလုံးသေဘာသစ္ကိုရၿပီးလွ်င္၊ မွန္ေသာေျဖာင့္မတ္ျခင္း၊ သန္႔ရွင္းျခင္း ပါရမီ အားျဖင့္ ဘုရားသခင္ႏွင့္အတူအမွ် ဖန္ဆင္းေသာ လူသစ္ကို ယူတင္ဝတ္ေဆာင္မည္အေၾကာင္း၊ ခရစ္ေတာ္ ၏စကားကို ၾကားနာရသည္ျဖစ္၍၊ ေယရႈ၌ သမၼာတရားရွိသည္ ႏွင့္အညီ၊ ထိုသခင္ထံ၌ နည္းခံၾကၿပီသတည္း။”


တစ္နည္းအားျဖင့္ စြန႔္လႊတ္ဖို႔ ျဖစ္ပါတယ္။ ထိုအက်င့္ေဟာင္း ၊ ပုံစံေဟာင္းကဲ့သို႔ေသာ အသက္တာရွိ အျပစ္ေဟာင္းတို႔ကို လက္လႊတ္လိုက္ပါ။ ထိုအရာေတြကို လက္လႊတ္ၿပီး ဘုရားသခင္ အမႈေဆာင္႐ြက္ေနသည္ကို ယုံၾကည္လိုက္ပါ။ ဖိလိပၸိ ၂:၁၃ “အေၾကာင္းမူကား၊ သင္တို႔သည္ အလိုရွိေစျခင္းငွါ၎၊ အက်င့္က်င့္ေစျခင္းငွါ၎၊ သင္တို႔အထဲ၌ ေစတနာေတာ္အားျဖင့္ ျပဳျပင္ေတာ္မူေသာသူကား ဘုရားသခင္ေပတည္း။ ”


ဆင္ျခင္ရန္

- ေျပာင္းလဲမႈ၌ ဘာေၾကာင့္ အရႈံးလိုပါသနည္း။ ထိုသို႔ေသာအရာသည္ သင္၏အသက္တာ မည္ကဲ့သို႔ မွန္ကန္ခဲ့ဖူးပါသနည္း။

- ယခုႏွစ္တြင္ သင္ႀကီးထြားရန္ ႏွင့္ ေျပာင္းလဲဖို႔ရန္ မည္ကဲ့သို႔ေသာ ပုံစံေဟာင္း ၊ အက်င့္ေဟာင္းတို႔ကို စြန႔္ပစ္ဖို႔ရန္ သင္လိုအပ္ေနပါသနည္း။-

- ေန႔တိုင္း ႀကီးထြားဖို႔ရန္ ႏွင့္ ေျပာင္းလဲရန္ ေ႐ြးခ်ယ္မႈျပဳျခင္း၌ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္မွ မည္သို႔ ကတိေတာ္မ်ားကို သင္ေတာင္းဆိုႏိုင္ပါသနည္း။