စစ်မှန်သော ဉာဏ်ပညာကို မည့်သည့်နေရာတွင် ရှာဖွေမည်နည်း။ | Where to Find Real Wisdom

 Unicode Version

စစ်မှန်သော ဉာဏ်ပညာကို မည့်သည့်နေရာတွင် ရှာဖွေမည်နည်း။


ကောရိန္သုဩဝါဒစာ ပဌမစောင် ၃: ၁၈ “အဘယ်သူမျှ ကိုယ်ကို မလှည့်ဖြားစေနှင့်။ သင်တို့တွင် အကြင်သူသည် ဤလောက၌ ပညာရှိဖြစ်သည်ဟု ကိုယ်ကိုထင်၏။ ထိုသူသည်ပညာရှိ အဖြစ်သို့ ရောက်လိုသောငှါ လူမိုက် ဖြစ်ပါစေ။”


လက်ရှိ ဖြစ်နေခြင်း (ခေတ်စားနေခြင်း) နှင့် ပညာရှိခြင်းကို သင်ရှုပ်ထွေးလိုက်တဲ့အခါမှာ သင့်ကိုယ်သင် လှည့်ဖြားခြင်း ဖြစ်ပါတယ်။ ဘုရားသခင်၏ နိစ္စထာဝရ သမ္မာတရားကို လစ်လျူရှုပြီး လက်ရှိ သတင်းများနှင့်  အတင်းအဖျင်းစကားတွေ အားလုံးပေါ်သို့ သင် နောကြေကျင်လည် နေခြင်းသည် မိုက်မဲခြင်း ဖြစ်ပါတယ်။ သမ္မာတရားဆိုင်ရာ သတင်းကောင်းကို လေ့လာခြင်း ၊ ဖတ်ရှုခြင်းထက် သတင်းဌာနတွေမှ လွှင့်သော သတင်းတို့ကိုသာ အချိန်များစွာပေးပြီး စောင့်ကြည့်နေခြင်းသည် အခက်အခဲ ပြသနာဖြစ်ပါတယ်။ 


ကြော်ကြား သောနောက်ဆုံးပေါ် သီချင်းစာသားတွေ ၊ မကြာသေးမှီက ပြီးခဲ့တဲ့ အားကစားသတင်း အချက်အလက်တွေ ၊ ကုန်ပစ္စည်းဈေးနှုန်း (သို့) နောက်ဆုံးပေါ် နိုင်ငံရေးအခြေအနေတို့ အားလုံးအပေါ် သင်ကိုးကားနိုင်ခြင်းကြောင့် အားလုံးကို သိတယ်လို့ သင်ယူဆနေခြင်းသည် မိုက်မဲခြင်း ၊ စဉ်းစားဉာဏ်မရှိခြင်း ဖြစ်ပါတယ်။ သင့်ကိုယ်သင် ထင်မြင်တာလောက် သင်ချက်ချာ ပါးနပ်မှု မရှိပါဘူး။

ဘုရားသခင်၏ နှုတ်ကပတ်တော် -သမ္မာကျမ်းစာ တစ်ခုတည်းတွင်သာ ပညာအမြော်အမြင် ရရှိပါလိမ့်မည်။


Facebook ပေါ် အချိန်လျော့သုံးဖို့ရန်နှင့် ဉာဏ်ပညာ ၊ အသိပညာ ဆိုင်ရာ ဘုရားသခင်၏ သမ္မာတရားဖြစ်တဲ့ သမ္မာကျမ်းစာ စာအုပ်တွင် အချိန်ပိုပေးဖို့ရန် ခရစ်ယာန်တော်တော်များများ လိုအပ်နေကြပါတယ်။ ဘုရားသခင် ဆိုထားသည်မှာ .. “အဘယ်သူမျှ ကိုယ်ကို မလှည့်ဖြားစေနှင့်။ သင်တို့တွင် အကြင်သူသည် ဤလောက၌ ပညာရှိဖြစ်သည်ဟု ကိုယ်ကိုထင်၏။ ထိုသူသည်ပညာရှိ အဖြစ်သို့ ရောက်လိုသောငှါ လူမိုက် ဖြစ်ပါစေ။” ကောရိန္သုဩ ဝါဒစာ ပဌမစောင် ၃: ၁၈


ဤလောကအရာကို သင်၏လက်ထိပ်ကလေးဖြင့်သာ ရယူနိုင်ကောင်း ရယူနိုင်ပါမည်။ သတင်းအချက်အလက် အစအန အားလုံးတို့ကို ခလုတ်တစ်ချက်ဖြင့် ရယူနိုင်ပါတယ်။ သို့ပေမဲ့ ထိုအရာက သင့်ကို ဉာဏ်ပညာ မရရှိစေပါဘူး။ ဦးစွာ စစ်ဆေးခြင်းမပြုဘဲ သင်လက်မခံနိုင်တဲ့ မှားယွင်းသော အချက်အလက်တွေ ၊ သတင်းတွေ များစွာရှိနေပါတယ်။ 


အကယ်၍ သင်၌ ဤလောကရှိ တစ်စုံတစ်ခုနှင့်ပတ်သက်သော မှန်ကန်တဲ့ သတင်းအချက်အလက်အားလုံး ရှိနေသည့်တိုင် ထိုအချက်အလက်တို့ဖြင့် မှန်ကန်သောအရာကို သင်လုပ်ဆောင်တော့မယ်လို့ မဆိုလိုပါဘူး။

ဉာဏ်အမြော်အမြင် ရှိဖို့ရန် တစ်ခုတည်းသော နည်းလမ်းမှာ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်းဖြစ်ပါတယ်။ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်းသည် သမ္မာကျမ်းစာကို လေ့လာခြင်း နှင့် ဖတ်ရှုခြင်းဖြစ်ပါတယ်။ ဉာဏ်ပညာအမြော်အမြင်ရှိဖို့ရန် ဖြတ်လမ်းမရှိပါ။


လောကဆိုင်ရာ အတတ်ပညာတွေထက် ဘုရားသခင်၏ ဉာဏ်ပညာအား သင့်အလိုဆန္ဒအတွက် ပေးဖို့ရန် ဘုရား သခင်ထံ တောင်းလျှောက်ပါ။ နှုတ်ကပတ်တော်အားဖြင့် သင့်အား ဖော်ပြသောအရာတို့ဖြင့် သင်အသက်ရှင် နေထိုင်တဲ့အခါမှာ ဤလောကရှိ အရာအားလုံးတို့ကို သင်သိရှိဖို့တောင် လိုမည်မဟုတ်ပါ။ အချိန်တိုင်း တွင်လည်း လူတိုင်းနှင့်လည်း မှန်ကန်ဖြောင့်မတ်စရာ လိုမည် မဟုတ်ပါ။


ဘုရားသခင်နှင့် သူ၏ချစ်ခြင်းမေတ္တာကို ပိုမိုသိလိုရုံသာ သင်၌ ဖြစ်လာခြင်းသည် ကျေနပ်လောက်စေသော တစ်ခုတည်းသော အရာဖြစ်ပါတယ်။ 


ဆင်ခြင်ရန်

- ပညာရှိခြင်းနှင့် ပါးနပ်ခြင်းကြား မည်သို့ ခြားနားမှု ရှိပါသနည်း။

- သင်၏ ဖုန်းအား ပွတ်နေခြင်း (သို့) နှုတ်ကပတ်တော်ကို လေ့လာခြင်း တွင် မည်သည့်အရာကို သင်ပိုပြီး ဆန္ဒရှိပါသနည်း။ ဘာကြောင့်နည်း။

- ဘုရားသခင်အား ဉာဏ်ပညာတောင်းခံခြင်းသည် အရေးကြီးသည်ဟု သင်ဘာကြောင့် ထင်မြင်ပါသနည်း။


---------------------------------------------------------------------------------------------

Zawgyi Version

စစ္မွန္ေသာ ဉာဏ္ပညာကို မည့္သည့္ေနရာတြင္ ရွာေဖြမည္နည္း။


ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၃: ၁၈ “အဘယ္သူမွ် ကိုယ္ကို မလွည့္ျဖားေစႏွင့္။ သင္တို႔တြင္ အၾကင္သူသည္ ဤေလာက၌ ပညာရွိျဖစ္သည္ဟု ကိုယ္ကိုထင္၏။ ထိုသူသည္ပညာရွိ အျဖစ္သို႔ ေရာက္လိုေသာငွါ လူမိုက္ ျဖစ္ပါေစ။”


လက္ရွိ ျဖစ္ေနျခင္း (ေခတ္စားေနျခင္း) ႏွင့္ ပညာရွိျခင္းကို သင္ရႈပ္ေထြးလိုက္တဲ့အခါမွာ သင့္ကိုယ္သင္ လွည့္ျဖားျခင္း ျဖစ္ပါတယ္။ ဘုရားသခင္၏ နိစၥထာဝရ သမၼာတရားကို လစ္လ်ဴရႈၿပီး လက္ရွိ သတင္းမ်ားႏွင့္  အတင္းအဖ်င္းစကားေတြ အားလုံးေပၚသို႔ သင္ ေနာေၾကက်င္လည္ ေနျခင္းသည္ မိုက္မဲျခင္း ျဖစ္ပါတယ္။ သမၼာတရားဆိုင္ရာ သတင္းေကာင္းကို ေလ့လာျခင္း ၊ ဖတ္ရႈျခင္းထက္ သတင္းဌာနေတြမွ လႊင့္ေသာ သတင္းတို႔ကိုသာ အခ်ိန္မ်ားစြာေပးၿပီး ေစာင့္ၾကည့္ေနျခင္းသည္ အခက္အခဲ ျပသနာျဖစ္ပါတယ္။ 


ေၾကာ္ၾကား ေသာေနာက္ဆုံးေပၚ သီခ်င္းစာသားေတြ ၊ မၾကာေသးမွီက ၿပီးခဲ့တဲ့ အားကစားသတင္း အခ်က္အလက္ေတြ ၊ ကုန္ပစၥည္းေဈးႏႈန္း (သို႔) ေနာက္ဆုံးေပၚ ႏိုင္ငံေရးအေျခအေနတို႔ အားလုံးအေပၚ သင္ကိုးကားႏိုင္ျခင္းေၾကာင့္ အားလုံးကို သိတယ္လို႔ သင္ယူဆေနျခင္းသည္ မိုက္မဲျခင္း ၊ စဥ္းစားဉာဏ္မရွိျခင္း ျဖစ္ပါတယ္။ သင့္ကိုယ္သင္ ထင္ျမင္တာေလာက္ သင္ခ်က္ခ်ာ ပါးနပ္မႈ မရွိပါဘူး။

ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ -သမၼာက်မ္းစာ တစ္ခုတည္းတြင္သာ ပညာအေျမာ္အျမင္ ရရွိပါလိမ့္မည္။


Facebook ေပၚ အခ်ိန္ေလ်ာ့သုံးဖို႔ရန္ႏွင့္ ဉာဏ္ပညာ ၊ အသိပညာ ဆိုင္ရာ ဘုရားသခင္၏ သမၼာတရားျဖစ္တဲ့ သမၼာက်မ္းစာ စာအုပ္တြင္ အခ်ိန္ပိုေပးဖို႔ရန္ ခရစ္ယာန္ေတာ္ေတာ္မ်ားမ်ား လိုအပ္ေနၾကပါတယ္။ ဘုရားသခင္ ဆိုထားသည္မွာ .. “အဘယ္သူမွ် ကိုယ္ကို မလွည့္ျဖားေစႏွင့္။ သင္တို႔တြင္ အၾကင္သူသည္ ဤေလာက၌ ပညာရွိျဖစ္သည္ဟု ကိုယ္ကိုထင္၏။ ထိုသူသည္ပညာရွိ အျဖစ္သို႔ ေရာက္လိုေသာငွါ လူမိုက္ ျဖစ္ပါေစ။” ေကာရိႏ္သဳဩ ဝါဒစာ ပဌမေစာင္ ၃: ၁၈


ဤေလာကအရာကို သင္၏လက္ထိပ္ကေလးျဖင့္သာ ရယူႏိုင္ေကာင္း ရယူႏိုင္ပါမည္။ သတင္းအခ်က္အလက္ အစအန အားလုံးတို႔ကို ခလုတ္တစ္ခ်က္ျဖင့္ ရယူႏိုင္ပါတယ္။ သို႔ေပမဲ့ ထိုအရာက သင့္ကို ဉာဏ္ပညာ မရရွိေစပါဘူး။ ဦးစြာ စစ္ေဆးျခင္းမျပဳဘဲ သင္လက္မခံႏိုင္တဲ့ မွားယြင္းေသာ အခ်က္အလက္ေတြ ၊ သတင္းေတြ မ်ားစြာရွိေနပါတယ္။ 


အကယ္၍ သင္၌ ဤေလာကရွိ တစ္စုံတစ္ခုႏွင့္ပတ္သက္ေသာ မွန္ကန္တဲ့ သတင္းအခ်က္အလက္အားလုံး ရွိေနသည့္တိုင္ ထိုအခ်က္အလက္တို႔ျဖင့္ မွန္ကန္ေသာအရာကို သင္လုပ္ေဆာင္ေတာ့မယ္လို႔ မဆိုလိုပါဘူး။

ဉာဏ္အေျမာ္အျမင္ ရွိဖို႔ရန္ တစ္ခုတည္းေသာ နည္းလမ္းမွာ ဘုရားသခင္ႏွင့္အတူ ေလွ်ာက္လွမ္းျခင္းျဖစ္ပါတယ္။ ဘုရားသခင္ႏွင့္အတူ ေလွ်ာက္လွမ္းျခင္းသည္ သမၼာက်မ္းစာကို ေလ့လာျခင္း ႏွင့္ ဖတ္ရႈျခင္းျဖစ္ပါတယ္။ ဉာဏ္ပညာအေျမာ္အျမင္ရွိဖို႔ရန္ ျဖတ္လမ္းမရွိပါ။


ေလာကဆိုင္ရာ အတတ္ပညာေတြထက္ ဘုရားသခင္၏ ဉာဏ္ပညာအား သင့္အလိုဆႏၵအတြက္ ေပးဖို႔ရန္ ဘုရား သခင္ထံ ေတာင္းေလွ်ာက္ပါ။ ႏႈတ္ကပတ္ေတာ္အားျဖင့္ သင့္အား ေဖာ္ျပေသာအရာတို႔ျဖင့္ သင္အသက္ရွင္ ေနထိုင္တဲ့အခါမွာ ဤေလာကရွိ အရာအားလုံးတို႔ကို သင္သိရွိဖို႔ေတာင္ လိုမည္မဟုတ္ပါ။ အခ်ိန္တိုင္း တြင္လည္း လူတိုင္းႏွင့္လည္း မွန္ကန္ေျဖာင့္မတ္စရာ လိုမည္ မဟုတ္ပါ။


ဘုရားသခင္ႏွင့္ သူ၏ခ်စ္ျခင္းေမတၱာကို ပိုမိုသိလို႐ုံသာ သင္၌ ျဖစ္လာျခင္းသည္ ေက်နပ္ေလာက္ေစေသာ တစ္ခုတည္းေသာ အရာျဖစ္ပါတယ္။ 


ဆင္ျခင္ရန္

- ပညာရွိျခင္းႏွင့္ ပါးနပ္ျခင္းၾကား မည္သို႔ ျခားနားမႈ ရွိပါသနည္း။

- သင္၏ ဖုန္းအား ပြတ္ေနျခင္း (သို႔) ႏႈတ္ကပတ္ေတာ္ကို ေလ့လာျခင္း တြင္ မည္သည့္အရာကို သင္ပိုၿပီး ဆႏၵရွိပါသနည္း။ ဘာေၾကာင့္နည္း။

- ဘုရားသခင္အား ဉာဏ္ပညာေတာင္းခံျခင္းသည္ အေရးႀကီးသည္ဟု သင္ဘာေၾကာင့္ ထင္ျမင္ပါသနည္း။