ရက်ရောပေးကမ်းဖို့ရန် လေ့လာတဲ့အခါမှာ ဘာတွေ ဖြစ်မည်နည်း။ | What Happens When You Learn to Be Generous?
 Unicode Version
ရက်ရောပေးကမ်းဖို့ရန် လေ့လာတဲ့အခါမှာ ဘာတွေ ဖြစ်မည်နည်း။
သုတ္တံကျမ်း ၁၀:၂၂ “ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။
 McDonald’s ဆိုင်တစ်ဆိုင်သို့ ဖခင်တစ်ဉီးက သားကို ခေါ်ပြီး အာလူးကြော် အကြီးကြီး ပမာဏ တစ်ခုကို ဝယ်ယူခဲ့တယ်လို့ တွေးမြင်ကြည့်လိုက်ပါ။ အိမ်ပြန်လာသော လမ်းတွင် ဖခင်က အာလူးကြော်အနံ့လေးက မွှေးနေတာဘဲ ဆိုပြီး တစ်ခုနှိုက်ယူဖို့ရန် လုပ်တဲ့အခါမှာ သူ၏ သားသည် ဖခင်၏လက်ကို တွန်းထုတ်လိုက်ပြီး “အဖေ… ယူစားလို့မရပါဘူး ၊ ဒါတွေအားလုံး သားရဲ့ အားလူးကြော်ပါ” လို့ပြောပါတယ်။
အချိန်အတော်ကြာ ကားကို မောင်းနှင့်နေရင်းနဲ့ ဖခင်က စဉ်းစားမိသည်မှာ “ငါ့သား ရရှိထားတဲ့ အရာအားလုံး တို့၏ အရင်းအမြစ်တွေက ငါ့ဆီက လာတယ်ဆိုတာကို ငါ့သား မေ့နေတာဘဲ။ သူ့ကို ဆိုင်ခေါ်သွားပြီး အားလူးကြော်တွေ မှာပေးခဲ့တယ်။ တန်ဖိုးလည်း ပေးချေပေးခဲ့တယ်။ သူ့ကိုလည်း အားလူးကြော်တွေ ပေးခဲ့တယ်။ ဒီအာလူးကြော်တွေ ရရှိခြင်းအကြောင်းရင်းကလည်း ငါ့ကြောင့်ဖြစ်တယ်” လို့ တွေးနေမိခဲ့ပါတယ်။
ပြီးတော့ ဒီအားလူးကြော်တွေကို ငါလုပ်ချင်သလို လုပ်လို့ ရတယ်ဆိုတာ ငါ့သား နားမလည်ပါလား ။ အားလူးကြော်တစ်ဗူးလုံးကို ယူပြီး ငါစားလိုက်လို့ရပါတယ် (သို့) အနည်းငယ်သော ပမာဏကိုသာ သားအတွက် ငါဝယ်လို့ရပါတယ်။ ဒါ့အပြင် သူ၏ အားလူးကြော်ကို ငါမလိုအပ်ပါ။ အနည်းငယ် လိုချင်ခဲ့ပါလျှင် ကိုယ့်အတွက် ကိုယ် ဝယ်ယူလိုက်မှာပေါ့။ သို့ပေမဲ့ ကိုယ်ကျိုးမငဲ့တတ်ခြင်းကို သားအား လေ့လာစေချင်ပါတယ်။”
ဘုရားသခင်ဆီသို့ ရောက်လာတဲ့အခါဖြစ်စေ ၊ သင်၏ ဘဏ္ဍာရေးရာ ကိစ္စတွေ ဆိုက်ရောက်လာတဲ့အခါဖြစ်စေ သင့်ကိုယ်သင် ထိုကလေးငယ်ကဲ့သို့ ပြုမူပါသလား။ သင်၏ငွေကြေးတို့ကို မှန်ကန်သော ၊ သေချာသော နည်းလမ်းဖြင့် အသုံးပြုဖို့ရန် ဘုရားသခင် တိုက်တွန်းနှိုးဆော်တယ်လို့ သင်ခံစားရတဲ့အခါမှာ ဘုရားသခင်အား ဘေးဖယ်ပြီး ငွေကြေးတို့ကို သင့်အတွက်သာ ထားရှိစေပါသလား။
ယနေ့ဖော်ပြသော ဇာတ်ကြောင်းတွင် ဖခင်သည် သူ၏သားအား (၃) မျိုးသော အကြောင်းအရာကို နားလည်စေဖို့ရန် အလိုရှိနေခြင်းအကြောင်းရင်းတူညီစွာပင် ဘုရားသခင်သည်လည်း သင့်အား ငွေကြေးနှင့် ပတ်သက်ပြီး လေ့လာစေလိုသော သင်ခန်းစာဖြစ်ပါတယ်။
ပထမဉီးစွာ သင်ရရှိပိုင်ဆိုင်သော ငွေကြေးတို့သည် သင်၏ငွေမဟုတ်ကြောင်းကို သိစေချင်ပါတယ်။ မည်သည့်အရာကိုမျှ သင်မပိုင်ဆိုင်ပါဘူး။ သင်ပိုင်ဆိုင်သည်ဟု သင်ထင်နေသော အရာတို့သည် ဘုရားသခင် သင့်အား ငှားရမ်းထားခြင်း ဖြစ်ပါတယ်။ နောက်ပြီး သင့်၏ငွေတို့ကို ဘုရားသခင် ချက်ချင်း ဖယ်ရှားလိုက်လို့ ရပါတယ် (သို့) နှစ်ဆ ၊ သုံးဆ တိုးပွားစေနိုင်ပါတယ်။ နောက်ဆုံး တကိုယ်ကောင်းမဆန်ဖို့ရန် နှင့် ဘုရားသခင် နည်းတူ ပိုမိုဖြစ်လာစေခြင်းကို လေ့လာဖို့ရန် သင့်အား လေ့လာသင်ယူစေချင်ပါသည်။
သင်၏ငွေကြေးတို့ဖြင့် ပိုပြီး ရက်ရောပေးကမ်းမှုပြုဖို့ရန် လေ့လာတဲ့အခါမှာ ဘာတွေ ဖြစ်လာမလဲ။ တစ်ကိုယ် ကောင်းဆန်ခြင်းတွေ လျော့နည်းလာမည် - ဘုရားနည်းတူ ပိုပြီးတူလာမည်။ ပြီးနောက် သင့်အား ဘုရားသခင် ယုံကြည်နိုင်ခြင်းကြောင့် ပိုပြီး ပေးအပ်ပါလိမ့်မည်။ ပေးအပ်မည့်အရာတို့သည် ရှက်ကြောက်ခြင်း ၊ အပြစ်ရှိခြင်း (သို့) ဝမ်းနည်းခြင်းတွေ ကင်းမဲ့သော အရာတွေ ဖြစ်ပါတယ်။
သုတ္တံကျမ်း ၁၀:၂၂ “ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။
သင်၏ ငွေကြေးဖြင့် ဘုရားသခင်ကို ယုံကြည်ကိုးစားဖို့ရန် နှင့် သူ့နည်းတူသော နည်းလမ်းတွေဖြင့် လေ့လာခြင်းသည် ထာဝရဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ပန်းတိုင်ဆီသို့ ရွေ့လျားမည့် ရွေးချယ်မှုတို့ကို ယနေ့တွင် စတင်လုပ်ဆောင်လိုက်ပါ။
ထိုအရာပေါ်မှာ သင် နောင်တရမည် မဟုတ်ပါ။
ဆင်ခြင်ရန်
- ဘုရားသခင်အား ရက်ရောစွာ ပေးကမ်းခြင်းအတွက် သင်နောင်တရဖူးပါသလား။
- သင်၏ငွေကြေးဖြင့် ဘုရားသခင်အား နာခံခြင်းဖြစ်ဖို့ရန် ယနေ့တွင် မည်သည့်အရာ တစ်ခုကို လုပ်ဆောင်နိုင် ပါမည်နည်း။
- ဘုရားသခင်သည် သင့်အား ငွေကြေးများစွာဖြင့် ပိုမို ကောင်းချီးပေးချင်တယ်ဆိုတာကို သင်ယုံကြည်ပါသလား။ ဘာကြောင့်နည်း (သို့) ဘာကြောင့်မဟုတ်သနည်း။
--------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်