မည်ကဲ့သို့သော ယုံကြည်ခြင်းက သင်၏ အိမ်မက်ကို လုပ်ဆောင်မှုပြုပါသနည်း။ | What Faith does to your dreams
 Unicode Version
မည်ကဲ့သို့သော ယုံကြည်ခြင်းက သင်၏ အိမ်မက်ကို လုပ်ဆောင်မှုပြုပါသနည်း။
ဧဖက်ဩဝါဒစာ ၃:၂၀ “ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူး ခြားစွာ ပြုခြင်း ငှါ တတ်နိုင်တော်မူသော ဘုရားသခင်သည်၊ 
၂၁ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက် ဆက်ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
ယုံကြည်ခြင်းအားဖြင့် အိမ်မက်တွေကို တကယ်ဖြစ်လာဖို့ ဘုရားသခင်သည် ပေးပါတယ်။ အိမ်မက်တွေနှင့် ယုံကြည်ခြင်းတို့နှင့်အတူတကွ လုပ်ဆောင်ခြင်းမစတင်သရွေ့ ဘာမှ မဖြစ်လာပါ။
သမ္မာကျမ်းစာတွင် ဘုရားသခင် အိမ်မက်ပေးခဲ့သော လူပေါင်းများစွာ ရှိပါတယ်။ အာဗြံဟံ သည်လည်း လူမျိုးကြီး၏ ဖခင်ဖြစ်စေမယ်လို့ အိမ်မက်ခဲ့ပါတယ်။ မောရှေသည်လည်း ဘုရားသခင်၏ လူမျိုးတော်ကို လွှတ်ခြင်းအခွင့်၌ ပါဝင်စေမယ်လို့ အိမ်မက်ခဲ့ပါတယ်။ ယောသပ်သည်လည်း သူ၏ မိသားစု နှင့် လူမျိုးကို ကယ်တင်ခြင်းအကြောင်း အိမ်မက်ခဲ့ပါတယ်။ ကျမ်းပိုဒ်တွေတိုင်းမှာ လူအမျိုးမျိုးတို့၌ လှုံ့ဆော်သော အိမ်မက်အား ဖြင့် ဒံယေလ ၊ ရှင်ပေါလုနှင့် ဒါဝိလ်တို့ ပါဝင်ကြပါတယ်။
ဧဖက်ဩဝါဒစာ ၃:၂၀ “ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူး ခြားစွာ ပြုခြင်း ငှါ တတ်နိုင်တော်မူသော ဘုရားသခင်သည်၊ ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက် ဆက်ဘုန်းကြီးတော်မူစေသတည်း။ အာမင်။”
ယခုတွင် သမ္မာကျမ်းစာ၌ “ဗလာ ချက်လက်မှတ်” တစ်ခုရှိတယ်ဆိုလျှင် ၎င်းသည် ထိုအရာ ဖြစ်ပါတယ်။ သင်တောင်းပန်သမျှသောအရာတွေထက်ကို ဘုရားသခင်သည် အလွန်ထူးခြားစွာ ပြုတော်မူနိုင်ပါသည်။ ဘုရားသခင်ထံ တောင်းလျှောက်ဖို့ရန် သင်ဘာကို ကြောက်နေပါသနည်း။ သင်ထင်မြင်ထားတာထက်ကို ဘုရားသခင် အများကြီး ပိုလုပ်နိုင်ပါတယ်။
သင့်အကြောင်းကိုတော့ ကျွန်တော်မသိပါ။ သို့ပေမဲ့ ကျွန်တော့မှာ ကြီးမားတဲ့ အိမ်မက်ရှိပါတယ်။ သို့သော် အိမ်မက်များသည် ဘုရားသခင် ကျွန်တော့ ဘဝအတွက် စီစဉ်ထားသော အရာများနှင့် နှိုင်းယှဉ်လို့ မရပါ။ ဘုရားသခင်က “ Rick..သင်အိမ်မက်နိုင်တာထက်ကို ကြီးများတဲ့အရာကို စဉ်းစားလိုက်ပါ။ သင်ထင်မြင်သော အကြီးဆုံးသောအရာကို သင့်အသက်တာတွင် ငါလုပ်ဆောင်နိုင်တယ်။ ဘာလို့ထင်လဲ။ ထိုအရာကို အမြင့်ဆုံးမှာ ငါထားနိုင်တယ်။”
အကယ်၍ သင်၌ ဘုရားသခင်ကို အနည်းငယ်ပိုယုံကြည်ရုံဖြင့် ကောင်းကင်ဘုံရောက်ချိန် သင်ငိုနေမယ်ဆိုလျှင် ထိုမျက်ရည်တွေက သင်ပြုခဲ့သော အရာအားလုံးအတွက် ဖြစ်ပါလိမ့်မည်။
ကျွန်တော်သည် ဖခင်တစ်ဉီးအဖြစ် ၊ ခင်ပွန်းတစ်ဉီးအဖြစ် ၊ သင်းအုပ်ဆရာတစ်ပါးအဖြစ် ဖြစ်လာခြင်းတွေနှင့် ကျွန်ုပ်ပြီးမြောက် စေခဲ့တဲ့ အရာအားလုံးကို ဖော်ပြခံရခြင်းကတော့ ကျွန်တော့အတွက် ငရဲဖြစ်ပါတယ်။
သို့ပေမဲ့ ကောင်းကင်ဘုံမှာ မည့်သည့် မျက်ရည်မျှမရှိပါ။ သင့်အတွက် အကြံအစည်ရှိထားပြီးသောအရာကို သင်ပြီးမြောက်စေဖို့ရန် လိုအပ်သောအရာအားလုံးကို ယခုပင် ဘုရားသခင် သင့်အား ပေးပါသည်။ ဒါကြောင့် သင်၏ ပေါင်းသင်းဆက်ဆံရေး ၊ အိမ်ထောင်ရေး ၊ မိသားစု နှင့် အသက်မွေးဝမ်းကျောင်းနှင့် ပတ်သက်ပြီး ကြီးမားတဲ့ အိမ်မက်ကို မက်လိုက်ပါ။ သင်၏ ယုံကြည်ခြင်းက ထိုအိမ်မက်တွေကို တကယ် အကောင်အထည် ဖော်နိုင်ပါသည်။
သင် တောင်းဆိုနိုင်တာထက် (သို့) သင်အိမ်မက်နိုင်တာတွေထက်ကို ဘုရားသခင်သည် ပိုပြီး လုပ်ဆောင် နိုင်ပါတယ်။
ဆင်ခြင်ရန်
- အကယ်၍ သင်၏ အိမ်မက်သည် ဘုရားထံမှ လာခဲ့လျှင် သင်မည်သို့ သိရှိပါသနည်း။
- သင်၏ ယုံကြည်ခြင်းကို လက်တွေ့ ကျင့်သုံးခြင်းဆိုသည်မှာ အဘယ်နည်း။
- ကျွန်တော်တို့၏ အိမ်မက်အားလုံးသည် ဘာကြောင့် တကယ်မဖြစ်လာပါသနည်း။
---------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်