အတိတ် ၊ ပစ္စုပ္ပန် နှင့် အနာဂတ်အတွက် သဿမေဓခွန် | Tithe for the Past, Present, and Future
 Unicode Version
အတိတ် ၊ ပစ္စုပ္ပန် နှင့် အနာဂတ်အတွက် သဿမေဓခွန်
သုတ္တံကျမ်း
:-၁၀ “သင်သည်ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီး အနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။ သို့ပြုလျှင်၊ သင်၏စပါးကျီတို့သည် ကြွယ်ဝ၍၊ စပျစ်သီးနယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည် လျှံလိမ့်မည်။”
သင်လုပ်ဆောင်၍ ရရှိသောပိုင်ဆိုင်အရာအားလုံးတို့၏ ပထမဆုံးသော ဆယ်ပုံ တစ်ပုံကို ဘုရားထံ ပေးဖို့ရန် ဘုရားသခင် ပြောထားပါတယ်။ ၎င်းကို  သဿမေဓအခွန် လို့ခေါ်ပါတယ်။
ထိုအရာကို လုပ်ဆောင်ဖို့ရန် ဘာကြောင့် ဘုရားတောင်းဆိုရသနည်း။ သင်၏ ငွေကိုလည်း သူ မလိုအပ်တာ သေချာပါတယ်။ ဘုရားသခင်ကို ပထမနေရာ ပေးဖို့ဖြစ်ပါတယ်။ သင်အသက်ရှင်နေထိုင်စဉ်အချိန်တွင် သင်အသုံးပြုနေသောအရာတို့သည် သင့်အား ငှားရမ်းပေးထားခြင်း ဖြစ်ပါတယ်။
အတိတ် ၊ ပစ္စုပ္ပန် နှင့် အနာဂတ် ဆိုတဲ့ အကြောင်းရင်း (၃) မျိုးအတွက် သင်၏ ဝင်ငွေတွင် ဘုရားသခင်ကို ဉီးစားပေးခြင်း၏ အခြေခံသဘောကို သင်လေ့ကျင့်မှု ပြုသင့်ပါတယ် လို့ သမ္မာကျမ်းစာက ဖော်ပြပါတယ်။
ပထမဉီးစွာ လွန်လေပြီးသော (အတိတ်) ကာလအတွက် အခွန်ကို ပေးလှူပါ။ သင်ရရှိပိုင်ဆိုင်သော အရာအားလုံးတို့သည် ဘုရားသခင်ဆီမှ လာသော ဆုကျေးဇူး ဖြစ်တယ်ဆိုတာကို အမှတ်ရပါ။ ဘုရားသခင် ရက်ရောခြင်း မဟုတ်ခဲ့ပါလျှင် မည်သည့်အရာကိုမှ သင်ရရှိပိုင်ဆိုင်မှာ မဟုတ်ပါဘူး။
ဒုတိယအနေဖြင့် ပစ္စုပ္ပန်တွင် သင်၏ ဉီးစားပေးမှုကို သဿမေဓခွန်ဖြင့် ထားရှိပါ။ ဘုရားသခင် ကောင်းချီးပေး စေချင်သော ကဏ္ဍအားလုံးပေါ်မှာ ဘုရားကို ဉီးစားပေးပါ။ နိုင်ငံတော်ကို ဉီးစွာရှာပြီး ဘုရားသခင်ကို ဉီးစားပေးအရာမှာ ထားရှိသောသူကို အသက်တာလိုအပ်ချက်မှန်သမျှကို ပေးမည်ဟု သခင်ယေရှု ဆိုပါသည်။
တတိယအနေဖြင့် ဘုရားသခင်အား ယုံကြည်ကြောင်းပြဖို့ရန် အနာဂတ်အတွက် သဿမေဓခွန် ထားရှိပါ။ ဘုရားသခင် သင့်အား အနာဂတ်တွင် ဂရုစိုက်မည် ၊ ကတိတော်သည် လိမ်ညာခြင်းမဟုတ်ကြောင်းကို ပြသဖို့ရန် ဤအခွန်ကိုထားရှိမှုက ဖော်ပြပါတယ်။ ယနေ့တွင် ဘုရားသခင်၏ ပြဠာန်းမှုတွေကို သင်က သစ္စာရှိစွာဖြင့် ယုံကြည်ပါလျှင် သင်၏အနာဂတ်တွင်လည်း ဘုရားသခင် သစ္စာရှိပါမည်။
ကျွန်ုပ်၌ နားလည်ဖို့ရန် ခက်ခဲ့တဲ့အရာတွေ ရှိတယ်ဆိုတာ သင်သိပါတယ်။ တစ်ချို့သော သူတွေက ဘုရားသခင်သည် ကတိတော်တွေကို တည်မည်ဖြစ်ပြီး သူတို့အား ကောင်းကင်ဘုံသို့ ခေါ်ဆောင်မည်လို့ ယုံကြည် ကြပါတယ်။ သို့ပေမဲ့ ထိုသူတို့သည် သူတို့၏ ငွေကြေးကိစ္စတို့တွင် သဿမေဓခွန်ပေးခြင်းအတွက် ဘုရားသခင် စောင့်ရှောက်မည်ဆိုတဲ့ ကတိတော်ကို မယုံကြည်ကြပါ။ သင်၏ ငွေကြေးကိစ္စအတွက် ဘုရားသခင်ကို သင်မယုံကြည်နိုင်ပါလျှင် ဤလောကတွင် သင်၏ ကယ်တင်ခြင်းအတွက် မည်ကဲ့သို့ ယုံကြည် နိုင်ပါမည်နည်း။
သုတ္တံကျမ်း :-၁၀ “သင်သည်ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီး အနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။ သို့ပြုလျှင်၊ သင်၏စပါးကျီတို့သည် ကြွယ်ဝ၍၊ စပျစ်သီးနယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည် လျှံလိမ့်မည်။”
ဘုရားသခင်အား သင်၏ ကြွင်းကျန်မှုတွေကို မပေးပါနှင့်။ သင်ရရှိပိုင်ဆိုင်သောအရာအားလုံး၏ အဉီးအသီးကို သူ့အား ပေးဖို့ရန် သင်ရွေးချယ်တဲ့အခါမှာ သင်လိုအပ်သောအရာ နှင့် များစွာသော အရာတို့ကို သင့်အား ပေးမည်ဟု ဘုရားကတိပေးပါတယ်။
ဆင်ခြင်ရန်
- သင်၏ သဿမေဓခွန်ဖြင့် ဘုရားသခင်အား သစ္စာရှိပါလျှင် သင်အရှုံးပေးဖို့ရန် ကြောက်နေသောအရာကား မည်သို့နည်း။ ဘုရားသခင်အား နာခံခြင်းအရာမှ ကင်းဝေးစေတဲ့ သင်ဆုပ်ကိုင်မိသော အရာ နှင့် သင်၏ ကြောက်ရွံ့ခြင်းတို့ကို အပ်နှံဖို့ရန် ယနေ့တွင် အချိန်ယူပါ။
- သဿမေဓခွန်၌ အစဉ်မပြတ် ဖြစ်စေဖို့ရန် ချွေတာမှုက မည်ကဲ့သို့ အကူအညီ ဖြစ်စေပါသနည်း။
- သင်၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင်ယုံကြည်ပါလျှင် သူ့ထံ အပ်နှံဖို့ရန် လေ့လာမှု၌ သင်မည် သည့်အရာတို့ကို လိုအပ်ပါသနည်း။
-------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်