သင် မမြင်သော သင်၏ လုပ်ဆောင်ချက် ၊ အားနည်းချက်တို့ကို ဖော်ပြစေသော အဆင့် (၃) မျိုး | Three Steps to Reveal Your Blind Spots

 Unicode Version

သင် မမြင်သော သင်၏ လုပ်ဆောင်ချက် ၊ အားနည်းချက်တို့ကို ဖော်ပြစေသော အဆင့် (၃) မျိုး



ယောဘဝတ္တု ၃၄:၃၂ “အကျွန်ုပ်နားမလည်သောအရာကို သွန်သင်တော်မူပါ။ ဒုစရိုက်ကို ပြုမိသည်ဖြစ်၍၊ နောက်တဖန် မပြုဘဲ နေပါမည်ဟု ဘုရားသခင်အား လျှောက်သင့်သည် မဟုတ်လော။”

သင်၏ ဗီဇသဘော သဘာဝသည်သင့်ကိုယ်သင် လိမ်ညာလှည့်ဖြားဖို့” ဖြစ်ပါတယ်။ သင်၏ ခံစားချက်တို့က အမြဲတမ်း လွှဲမှားနိုင်သော်လည်း ထိုခံစားချက်ပေါ် သင်ယုံကြည်ပါတယ်။

 

ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့အားလုံးတွင် မမြင်နိုင်တဲ့ အခန်းကဏ္ဍတွေ ရှိပါတယ်။ ထိုအရာတို့သည် တခြားသူတွေနှင့် ပဋိပက္ခ ဖြစ်စေသည့်တိုင် ကျွန်ုပ်တို့ သိမြင်နိုင်ဖို့ ငြင်းပယ်ခြင်း (သို့) မိမိအားနည်းချက် ၊ မိမိအကျင့်စရိုက် တို့ကို မမြင်ခြင်းဖြစ်ပါတယ်။

 

ထိုသို့ဆိုလျှင် မိမိကိုယ်ကို လှည့်စားခြင်းထက် အမှန်တရားကို မည်သို့ ပြင်နိုင်မည်နည်း။ သင်၏ မျက်ကန်းအခြေအေနဖြစ်တဲ့ မမြင်နိုင် ၊ မသိရှိနိုင်ခြင်းအရာတွေပေါ် စတင်လုပ်ဆောင်နိုင်ဖို့ရန် ရိုးရှင်းသော နည်းလမ်း (၃) မျိုးရှိပါတယ်။

 

ပထမဉီးစွာ ရှင်းလင်းစွာဖော်ပြဖို့ရန်အတွက် ဘုရားသခင်ထံ တောင်းလျှောက်ပါ။ ယောဘဝတ္တု ၃၄:၃၂ “အကျွန်ုပ် နားမလည်သောအရာကို သွန်သင်တော်မူပါ။ ဒုစရိုက်ကို ပြုမိသည်ဖြစ်၍၊ နောက်တဖန် မပြုဘဲ နေပါမည်ဟု ဘုရားသခင်အား လျှောက်သင့်သည် မဟုတ်လော။  သင်၏ စိတ်နှလုံးတို့သည် လှည့်စားတတ် ကြောင်းကို သင်နားလည်တဲ့အခါမှာ ဘုရားသခင်နှင့် သင်၏အကြောင်းတွင် မှန်ကန်သောအရာတို့ကို သင့်အား သတိပေးဖို့ရန် ဘုရားသခင်အား တောင်းလျှောက်ပါ။ ဘုရားကိုသာ ယုံကြည်ကိုးစားစေသော အကူအညီကို တောင်းလျှောက်ပါ။

 

ဘုရားသခင်ထံ ရှင်းလင်းသော ဖော်ပြမှုကို တောင်းလျှောက်ပြီးနောက်တွင် ယုံကြည်နိုင်တဲ့ ခရစ်ယာန် မိတ်ဆွေ သူငယ်ချင်းတစ်ချို့ (သို့) မိသားစုဝင်တွေကိုလည်း အကူအညီ ဖြစ်ဖို့ မေးမြန်းပါ။ သင်မမြင်နိုင်တဲ့အရာကို တခြားသူတွေ မြင်တဲ့အတွက်ကြောင့် သင့်အသက်တာအတွက် အကူအညီဖြစ်စေဖို့ လူတွေကို ဘုရားသခင် ထားရှိပေးပါတယ်။ သူတို့က သင်၏ အားနည်းချက်အရာ ၊ သင်မမြင်နိုင်တဲ့အရာတွေကို မြင်နိုင်သလိုမျိုး သင်သည်လည်း သူတို့၌ ထိုအရာတို့ကို မြင်ပါတယ်။ သုတ္တံကျမ်း ၁၂: ၁၅ တွင် ဆိုထားသည်မှာ “မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည် ဟု ထင်တတ်၏။ အကြံပေးသောစကားကို နားထောင် သော သူမူကားပညာရှိ၏။အကယ်၍ သင့်ကိုယ်သင် မွမ်းမံမှု ၊ လုပ်ဆောင်မှု ပြုနိုင်တယ်လို့ သင်ထင်မြင်ပါလျှင် ထိုအရာသည် မျက်ကန်း သဘောဖြစ်ပါတယ်။ သင့်ကိုယ်သင် လှည့်ဖြားခြင်းဖြစ်ပါတယ်။ မိုက်မဲတဲ့သူတွေက အကြံဉာဏ် မလိုဘူးလို့ ထင်ပေမဲ့ ပညာအမြော်အမြင်ရှိတဲ့သူတွေကတော့ တခြားသူတွေ၏ အကြံဉာဏ်ကို နားထောင်ကြပါတယ်။

 

ပြီးနောက် သင့်အား ပြောင်းလဲပေးဖို့ရန် သခင်ယေရှုကို တောင်းလျှောက်လိုက်ပါ။ သခင်ယေရှု ဆိုထားသည်မှာ “ ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” ရှင်ယောဟန်ခရစ်ဝင်ကျမ်း  ၁၄:၆

သင့်အား သမ္မာတရားက လွှတ်လိမ့်မည်ဟု ကျမ်းစာတွင် ဆိုထားပါတယ်။ ဒါကြောင့် သခင်ယေရှုနှင့် သိကျွမ်းလေလေ သင်၏ အသက်တာသည်လည်း သမ္မာတရား ၊ အမှန်တရားတို့ဖြင့် ပြည့်ဝစေပါလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားအလင်းဖြင့် လျှောက်လှမ်းသည့်အလျှောက် မိမိကိုယ်ကို လှည့်စားခြင်းဖြစ်စေမှုကို အားနည်းသွားစေကြောင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဘုရားသခင်၏ သမ္မာတရားသည် သင်နှင့် တခြားသူတွေပေါ် မှန်ကန်စွာ မြင်တတ်ဖို့ရန် အကူအညီပေးပါတယ်။

 

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၉:၃၉ တွင် သခင်ယေရှု ဆိုထားသည်မှာ “ထိုအခါ ယေရှုကလည်း၊ မျက်စိမမြင်သော သူသည် မြင်စေခြင်းငှါ၎င်း၊ မြင်သောသူကို မျက်စိကန်းစေ ခြင်းငှါ၎င်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။  ရုပ်ပိုင်းဆိုင်ရာ မျက်စိကွယ်ခြင်းအကြောင်းကို သခင်ယေရှု ဆိုလိုခြင်းမဟုတ်ပါ။ “သင်၏ အားနည်းချက်ကို မြင်ဖို့ရန် နှင့် သင်၏ မျက်စိကို မြင်နိုင်ဖို့ရန် ငါဤလောကသို့ ကြွလာသည်” ဟု ဆိုလို ခြင်း ဖြစ်ပါတယ်။

 

သင်၏ လျှို့ဝှက်ထားသော အပြစ်တွေ ၊ အားနည်းချက် တွေနှင့် မိမိကိုယ်ကို လှည့်စားခြင်းတွေမှ ဘုရားသခင် ကယ်တင်နိုင်ပါတယ်။ သူ့အား ရှင်းလင်းဖော်ပြပေးဖို့ရန် တောင်းခံပါ။ အကူအညီအတွက်လည်း သင်ယုံကြည် ရသော သူတွေထံမှာ တောင်းခံပါ။ ပြီးနောက် သင့်အား ပြောင်းလဲပေးဖို့ရန် သခင်ယေရှုကို တောင်းလျှောက် လိုက်ပါ။ သမ္မာတရားသည် သင့်အား လွှတ်မြောက်ခြင်းပေးပါလိမ့်မည်။

 

ဆင်ခြင်ရန်

- သင့်ကိုယ်သင် လိမ်ညာနေကြောင်းကို ကြိမ်ဖန်များစွာ သင့်ကိုယ်သင် ပြန်ပြောနေသော သင်၏ အတွေးအခေါ်တစ်ချို့က ဘာတွေဖြစ်မည်နည်း။

- ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိရှိခြင်းသည် သင်၏မျက်ကန်းအခြေအနေကို မည်ကဲ့သို့ မြင်နိုင်ဖို့ရန် အကူအညီဖြစ်စေပါသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပိုမိုသိရှိဖို့ရန် မည်သည့်အရာကို သင်လုပ်ဆောင်နိုင်ပါသနည်း။

- သင်၏ အားနည်းချက် ၊ မျက်ကန်းဖြစ်နေသည့်နေရာကို ပြောပြပေးမည့်သူ ရှိပါသလား။ ထိုသို့ ပြောပြဖို့ရန် လည်း  သင်ခွင့်ပြုထားပါသလား။ ဘာကြောင့်လဲ (သို့) ဘာကြောင့် မဟုတ်သလဲ။

------------------------------------------------------------------------------------


Zawgyi Version

သင္ မျမင္ေသာ သင္၏ လုပ္ေဆာင္ခ်က္ ၊ အားနည္းခ်က္တို႔ကို ေဖာ္ျပေစေသာ အဆင့္ (၃) မ်ိဳး



ေယာဘဝတၱဳ ၃၄:၃၂ “အကြၽႏ္ုပ္နားမလည္ေသာအရာကို သြန္သင္ေတာ္မူပါ။ ဒုစ႐ိုက္ကို ျပဳမိသည္ျဖစ္၍၊ ေနာက္တဖန္ မျပဳဘဲ ေနပါမည္ဟု ဘုရားသခင္အား ေလွ်ာက္သင့္သည္ မဟုတ္ေလာ။”


သင္၏ ဗီဇသေဘာ သဘာဝသည္ “သင့္ကိုယ္သင္ လိမ္ညာလွည့္ျဖားဖို႔” ျဖစ္ပါတယ္။ သင္၏ ခံစားခ်က္တို႔က အၿမဲတမ္း လႊဲမွားႏိုင္ေသာ္လည္း ထိုခံစားခ်က္ေပၚ သင္ယုံၾကည္ပါတယ္။ 


ဘာေၾကာင့္လဲဆိုေတာ့ ကြၽႏ္ုပ္တို႔အားလုံးတြင္ မျမင္ႏိုင္တဲ့ အခန္းက႑ေတြ ရွိပါတယ္။ ထိုအရာတို႔သည္ တျခားသူေတြႏွင့္ ပဋိပကၡ ျဖစ္ေစသည့္တိုင္ ကြၽႏ္ုပ္တို႔ သိျမင္ႏိုင္ဖို႔ ျငင္းပယ္ျခင္း (သို႔) မိမိအားနည္းခ်က္ ၊ မိမိအက်င့္စ႐ိုက္ တို႔ကို မျမင္ျခင္းျဖစ္ပါတယ္။


ထိုသို႔ဆိုလွ်င္ မိမိကိုယ္ကို လွည့္စားျခင္းထက္ အမွန္တရားကို မည္သို႔ ျပင္ႏိုင္မည္နည္း။ သင္၏ မ်က္ကန္းအေျခေအနျဖစ္တဲ့ မျမင္ႏိုင္ ၊ မသိရွိႏိုင္ျခင္းအရာေတြေပၚ စတင္လုပ္ေဆာင္ႏိုင္ဖို႔ရန္ ႐ိုးရွင္းေသာ နည္းလမ္း (၃) မ်ိဳးရွိပါတယ္။


ပထမဉီးစြာ ရွင္းလင္းစြာေဖာ္ျပဖို႔ရန္အတြက္ ဘုရားသခင္ထံ ေတာင္းေလွ်ာက္ပါ။ ေယာဘဝတၱဳ ၃၄:၃၂ “အကြၽႏ္ုပ္ နားမလည္ေသာအရာကို သြန္သင္ေတာ္မူပါ။ ဒုစ႐ိုက္ကို ျပဳမိသည္ျဖစ္၍၊ ေနာက္တဖန္ မျပဳဘဲ ေနပါမည္ဟု ဘုရားသခင္အား ေလွ်ာက္သင့္သည္ မဟုတ္ေလာ။ ” သင္၏ စိတ္ႏွလုံးတို႔သည္ လွည့္စားတတ္ ေၾကာင္းကို သင္နားလည္တဲ့အခါမွာ ဘုရားသခင္ႏွင့္ သင္၏အေၾကာင္းတြင္ မွန္ကန္ေသာအရာတို႔ကို သင့္အား သတိေပးဖို႔ရန္ ဘုရားသခင္အား ေတာင္းေလွ်ာက္ပါ။ ဘုရားကိုသာ ယုံၾကည္ကိုးစားေစေသာ အကူအညီကို ေတာင္းေလွ်ာက္ပါ။


ဘုရားသခင္ထံ ရွင္းလင္းေသာ ေဖာ္ျပမႈကို ေတာင္းေလွ်ာက္ၿပီးေနာက္တြင္ ယုံၾကည္ႏိုင္တဲ့ ခရစ္ယာန္ မိတ္ေဆြ သူငယ္ခ်င္းတစ္ခ်ိဳ႕ (သို႔) မိသားစုဝင္ေတြကိုလည္း အကူအညီ ျဖစ္ဖို႔ ေမးျမန္းပါ။ သင္မျမင္ႏိုင္တဲ့အရာကို တျခားသူေတြ ျမင္တဲ့အတြက္ေၾကာင့္ သင့္အသက္တာအတြက္ အကူအညီျဖစ္ေစဖို႔ လူေတြကို ဘုရားသခင္ ထားရွိေပးပါတယ္။ သူတို႔က သင္၏ အားနည္းခ်က္အရာ ၊ သင္မျမင္ႏိုင္တဲ့အရာေတြကို ျမင္ႏိုင္သလိုမ်ိဳး သင္သည္လည္း သူတို႔၌ ထိုအရာတို႔ကို ျမင္ပါတယ္။ သုတၱံက်မ္း ၁၂: ၁၅ တြင္ ဆိုထားသည္မွာ “မိုက္ေသာသူသည္ မိမိျပဳေသာအမႈကို မွန္သည္ ဟု ထင္တတ္၏။ အႀကံေပးေသာစကားကို နားေထာင္ ေသာ သူမူကားပညာရွိ၏။” အကယ္၍ သင့္ကိုယ္သင္ မြမ္းမံမႈ ၊ လုပ္ေဆာင္မႈ ျပဳႏိုင္တယ္လို႔ သင္ထင္ျမင္ပါလွ်င္ ထိုအရာသည္ မ်က္ကန္း သေဘာျဖစ္ပါတယ္။ သင့္ကိုယ္သင္ လွည့္ျဖားျခင္းျဖစ္ပါတယ္။ မိုက္မဲတဲ့သူေတြက အႀကံဉာဏ္ မလိုဘူးလို႔ ထင္ေပမဲ့ ပညာအေျမာ္အျမင္ရွိတဲ့သူေတြကေတာ့ တျခားသူေတြ၏ အႀကံဉာဏ္ကို နားေထာင္ၾကပါတယ္။


ၿပီးေနာက္ သင့္အား ေျပာင္းလဲေပးဖို႔ရန္ သခင္ေယရႈကို ေတာင္းေလွ်ာက္လိုက္ပါ။ သခင္ေယရႈ ဆိုထားသည္မွာ “ ေယရႈက၊ ငါသည္လမ္းခရီးျဖစ္၏။ သမၼာတရားကိုလည္းျဖစ္၏။ အသက္သည္လည္းျဖစ္၏။ ငါ့ကို အမွီ မျပဳလွ်င္ အဘယ္သူမွ် ခမည္းေတာ္ထံသို႔မေရာက္ရ။” ရွင္ေယာဟန္ခရစ္ဝင္က်မ္း  ၁၄:၆

သင့္အား သမၼာတရားက လႊတ္လိမ့္မည္ဟု က်မ္းစာတြင္ ဆိုထားပါတယ္။ ဒါေၾကာင့္ သခင္ေယရႈႏွင့္ သိကြၽမ္းေလေလ သင္၏ အသက္တာသည္လည္း သမၼာတရား ၊ အမွန္တရားတို႔ျဖင့္ ျပည့္ဝေစပါလိမ့္မည္။ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ သမၼာတရားအလင္းျဖင့္ ေလွ်ာက္လွမ္းသည့္အေလွ်ာက္ မိမိကိုယ္ကို လွည့္စားျခင္းျဖစ္ေစမႈကို အားနည္းသြားေစေၾကာင္းကို ဆိုလိုျခင္း ျဖစ္ပါတယ္။ ဘုရားသခင္၏ သမၼာတရားသည္ သင္ႏွင့္ တျခားသူေတြေပၚ မွန္ကန္စြာ ျမင္တတ္ဖို႔ရန္ အကူအညီေပးပါတယ္။


ရွင္ေယာဟန္ခရစ္ဝင္က်မ္း ၉:၃၉ တြင္ သခင္ေယရႈ ဆိုထားသည္မွာ “ထိုအခါ ေယရႈကလည္း၊ မ်က္စိမျမင္ေသာ သူသည္ ျမင္ေစျခင္းငွါ၎၊ ျမင္ေသာသူကို မ်က္စိကန္းေစ ျခင္းငွါ၎၊ ငါသည္ တရားစီရင္၍ ဤေလာကသို႔ ေရာက္လာၿပီဟု မိန္႔ေတာ္မူ၏။ ” ႐ုပ္ပိုင္းဆိုင္ရာ မ်က္စိကြယ္ျခင္းအေၾကာင္းကို သခင္ေယရႈ ဆိုလိုျခင္းမဟုတ္ပါ။ “သင္၏ အားနည္းခ်က္ကို ျမင္ဖို႔ရန္ ႏွင့္ သင္၏ မ်က္စိကို ျမင္ႏိုင္ဖို႔ရန္ ငါဤေလာကသို႔ ႂကြလာသည္” ဟု ဆိုလို ျခင္း ျဖစ္ပါတယ္။


သင္၏ လွ်ိဳ႕ဝွက္ထားေသာ အျပစ္ေတြ ၊ အားနည္းခ်က္ ေတြႏွင့္ မိမိကိုယ္ကို လွည့္စားျခင္းေတြမွ ဘုရားသခင္ ကယ္တင္ႏိုင္ပါတယ္။ သူ႔အား ရွင္းလင္းေဖာ္ျပေပးဖို႔ရန္ ေတာင္းခံပါ။ အကူအညီအတြက္လည္း သင္ယုံၾကည္ ရေသာ သူေတြထံမွာ ေတာင္းခံပါ။ ၿပီးေနာက္ သင့္အား ေျပာင္းလဲေပးဖို႔ရန္ သခင္ေယရႈကို ေတာင္းေလွ်ာက္ လိုက္ပါ။ သမၼာတရားသည္ သင့္အား လႊတ္ေျမာက္ျခင္းေပးပါလိမ့္မည္။


ဆင္ျခင္ရန္

- သင့္ကိုယ္သင္ လိမ္ညာေနေၾကာင္းကို ႀကိမ္ဖန္မ်ားစြာ သင့္ကိုယ္သင္ ျပန္ေျပာေနေသာ သင္၏ အေတြးအေခၚတစ္ခ်ိဳ႕က ဘာေတြျဖစ္မည္နည္း။

- ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို သိရွိျခင္းသည္ သင္၏မ်က္ကန္းအေျခအေနကို မည္ကဲ့သို႔ ျမင္ႏိုင္ဖို႔ရန္ အကူအညီျဖစ္ေစပါသနည္း။ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ကို ပိုမိုသိရွိဖို႔ရန္ မည္သည့္အရာကို သင္လုပ္ေဆာင္ႏိုင္ပါသနည္း။

- သင္၏ အားနည္းခ်က္ ၊ မ်က္ကန္းျဖစ္ေနသည့္ေနရာကို ေျပာျပေပးမည့္သူ ရွိပါသလား။ ထိုသို႔ ေျပာျပဖို႔ရန္ လည္း  သင္ခြင့္ျပဳထားပါသလား။ ဘာေၾကာင့္လဲ (သို႔) ဘာေၾကာင့္ မဟုတ္သလဲ။