Unicode Version
နာမခံခြင်းအတွက်
အကျိုးဆက်တွေ ရှိပါတယ်။

ဆာလံကျမ်း ၁၀၆:၁၄-၁၅ “သို့သော်လည်း၊ အမှုတော်ကို အလျင်အမြန် မေ့လျော့သည်ဖြစ်၍၊ အကြံအစည် တော်ကို မဆိုင်းမလင့်ဘဲ၊ တော၌အလွန်တပ်မက်၍၊ လူဆိတ်ညံရာအရပ်၌ ဘုရားသခင်ကို စုံစမ်းကြ ၏။ သူ တို့တောင်းသော ဆုကို ပေးတော်မူ၏။ သို့သော်လည်း၊ သူတို့၌ ပိန်ကြုံခြင်းကို သွင်းပေးတော်မူ၏။”
အသက်ရှင်ခြင်းအတွက်
သင်လိုအပ်သော စည်းမျဉ်းများအားလုံးကို ဘုရားသခင် သင့်အား ပေးထားပါတယ်။ သမ္မာကျမ်းစာသည်
အသက်တာအတွက် လမ်းညွှန်မှု (လက်စွဲစာအုပ်) ဖြစ်ပါတယ်။ အသက်တာတွင် ပျော်ရွှင်စွာ ၊ ကျန်းမာစွာ
နှင့် စင်ကြယ်စွာ အသက်ရှင်ရေးအတွက် ဘုရားသခင် ဖော်ပြထားတဲ့ နည်းဉပေဒေသတွေအားလုံးကို
သမ္မာကျမ်းစာတွင် သင်တွေ့ရှိပါမည်။
ဘုရားသခင်၏ အကြံအစည်တော်နောက် သင်လိုက်လျှောက်မယ်ဆိုလျှင် အမှုအရာ ကောင်းစွာဖြစ်
ပေါ်လာ ပါမည်။ သို့ပေမဲ့ ဘုရားသခင်ကို သင်မေ့နေသောအချိန် နှင့် သမ္မာတရားတို့ကို သင်လစ်လျှူရှုမိလိုက်သော
အချိန်တို့တွင် သင်၏ ခန္ဓာပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ၊ ပေါင်းသင်းဆက်ဆံရေးနှင့်
တခြားသောအရာတို့သည် စတင်ပြိုလဲဖို့ ဖြစ်လာပါသည်။
ဘုရားသခင်၏
ကောင်းမြတ်ခြင်း ကို သင်သံသယဖြစ်တဲ့အခါ နာခံခြင်းမရှိတော့ခြင်းသည် သင့်ကိုယ်သင်နှင့်
တခြားသူတွေကိုပါ ထိခိုက်စေပါတယ်။
ဤကဲ့သို့အရာမျိုး
သမ္မာကျမ်းစာတွင် အကြိမ်ပေါင်းများစွာ ဖြစ်ပျက်ခဲ့ပါတယ်။ လူတစ်ဉီး (သို့) လူတစ်စု တို့သည်
ဘုရားသခင်ကို မေ့လျော့ပြီး ဘုရားထံမှ သွေဖယ်သွားကြတဲ့အခါတိုင်းတွင် ကြီးမားတဲ့ ပြသနာတစ်ချို့
ရှိခဲ့ကြပါတယ်။
ဆာလံ
၁၀၆ တွင် ဇာတ်ကြောင်းတစ်ခုနှင့် ပတ်သက်ပြီး ပြောဆိုထားပါတယ်။ ဆာလံကျမ်း ၁၀၆:၁၄-၁၅ “သို့သော်လည်း၊ အမှုတော်ကို အလျင်အမြန်
မေ့လျော့သည်ဖြစ်၍၊ အကြံအစည် တော်ကို မဆိုင်းမလင့် ဘဲ၊ တော၌အလွန်တပ်မက်၍၊ လူဆိတ်ညံရာအရပ်၌ ဘုရားသခင်ကို စုံစမ်းကြ ၏။ သူတို့တောင်းသော ဆုကို ပေးတော်မူ၏။ သို့သော်လည်း၊ သူတို့၌ ပိန်ကြုံခြင်းကို
သွင်းပေးတော်မူ၏။”
သင်က
ဘုရားသခင်အား “ကျွန်ုပ် လုပ်ချင်တာကို လုပ်ချင်တဲ့အချိန်မှာ
လုပ်ချင်ပါတယ်” လို့ပြောပါလျှင် ဘုရားသခင်သည် တခါတရံတွင် သင်လိုချင်သောအရာကို
ပေးပါလိမ့်မည်။ သို့ပေမဲ့ သင်လိုချင်သောအရာ အားလုံးတို့ကို ရရှိခြင်းအတွက် မလိုအားအပ်သော
အကျိုးဆက်တွေ မကြာခဏ ရှိပါတယ်။
သင်နှစ်သက်သော အစာတွေ သင်စားချင်တဲ့ အချိန်တိုင်း ရှိခြင်းသည် အဝလွန်ခြင်းနှင့်
သွေးအတွင်းရှိ သကြားဓါတ်ကို တိုးစေပါတယ်။ သင်နှစ်သက်သော အရည် (အရက်) ကို သင်ကြိုက်တဲ့အချိန်
ရရှိခြင်းသည်လည်း အရက်စွဲစေပြီး နှလုံးရောဂါကိုပါ ရရှိစေနိုင်ပါတယ်။ ဘုရားသခင်ပေးထားသော
ဆုကျေးဇူးတစ်ခုဖြစ်တဲ့ လိင်နှင့် ပတ်သက်၍လည်း ရှင်းလင်းပြတ်သားသော လမ်းညွှန်ချက်များကို
လစ်လျူရှုခြင်းသည် လိင်ပိုင်းဆိုင်ရာ ရောဂါကို ရရှိစေမှာဖြစ်ပြီး မိသားစုကိုလည်း ပြိုကွဲစေနိုင်ပါတယ်။
သမ္မာကျမ်းစာတွင်
ဘုရားသခင် သွန်သင်ထားသော ကျန်းမာရေးနှင့်ပတ်သက်သောအခြေခံသဘောတို့ကို သင်လစ်လျူရှုလိုက်ခြင်းသည်
ဘုရားသခင်ထက် သိပိုပြီးသိနားလည်းတယ်လို့ ဆိုလိုက်ခြင်းဖြစ်ပါတယ်။ သို့ပေမဲ့ နာမခံခြင်းတွင်
အမြဲတမ်း အကျိုးဆက်တွေ ရှိပါတယ်။ တစ်ခါတစ်ရံတွင် အကျိုးဆက်သည် ကြီးမားပြီး တစ်ခါတစ်ရံတွင်
သေးငယ်ပါတယ်။
ဘုရားသခင်၏ နှုတ်ကပတ်တွေကို နာခံဖို့ရန် ရွေးချယ်မှုပြုခြင်းကို စတင်ဖို့ရန်
ယနေ့ထက် ကောင်းသော အချိန်မရှိပါ။ ဘုရားသခင်ကို ချီးမွမ်းသော အသက်တာဖြင့် အသက်ရှင်နေထိုင်ပါလျှင်
ကြီးမားသော ကောင်းချီးမင်္ဂလာတွေ လိုက်လာမည်ကို သင်တွေ့ရှိပါလိမ့်မည်။
ဆင်ခြင်ရန်
-
ဘုရားသခင်အား နာမခံခြင်းကြောင့် သင်ရင်ဆိုင်ဖူးသော ကြီးမားသော အကျိုးဆက်ကား မည်သို့နည်း။
-
သင်လိုချင်တဲ့အရာအားလုံးကို ဘုရားမပေးခဲ့တဲ့အချိန်ကို ပြန်လည် စဉ်းစားကြည့်လိုက်ပါ။
ထိုအတွေ့ အကြုံကနေ မည်သို့သောအရာကို သင်လေ့လာသင်ယူခဲ့ပါသနည်း။
-
ဘုရားသခင်နှင့်အတူ ပိုပြီး ရင်းနှီးကျွမ်းဝင်စွာ လျှောက်လှမ်းခြင်းတွင် ဤကပ်ရောဂါကြီးကို
ဘုရားသခင်မည်သို့ အသုံးပြုခဲ့ပါသနည်း။ ဤအခြေအနေကာလအတွင်းတွင် ဘုရားသင့်အား ခေါ်တော်မူသောအရာတွေပေါ်
သင်နာခံမှုရှိခဲ့ပါသလား။
---------------------------------------------------------------------------
Zawgyi Version
နာမခံျခင္းအတြက္ အက်ိဳးဆက္ေတြ ရွိပါတယ္။

ဆာလံက်မ္း ၁၀၆:၁၄-၁၅ “သို႔ေသာ္လည္း၊ အမႈေတာ္ကို အလ်င္အျမန္ ေမ့ေလ်ာ့သည္ျဖစ္၍၊ အႀကံအစည္ ေတာ္ကို မဆိုင္းမလင့္ဘဲ၊ ေတာ၌အလြန္တပ္မက္၍၊ လူဆိတ္ညံရာအရပ္၌ ဘုရားသခင္ကို စုံစမ္းၾက ၏။ သူ တို႔ေတာင္းေသာ ဆုကို ေပးေတာ္မူ၏။ သို႔ေသာ္လည္း၊ သူတို႔၌ ပိန္ႀကဳံျခင္းကို သြင္းေပးေတာ္မူ၏။”
အသက္ရွင္ျခင္းအတြက္ သင္လိုအပ္ေသာ စည္းမ်ဥ္းမ်ားအားလုံးကို ဘုရားသခင္ သင့္အား ေပးထားပါတယ္။ သမၼာက်မ္းစာသည္ အသက္တာအတြက္ လမ္းၫႊန္မႈ (လက္စြဲစာအုပ္) ျဖစ္ပါတယ္။ အသက္တာတြင္ ေပ်ာ္႐ႊင္စြာ ၊ က်န္းမာစြာ ႏွင့္ စင္ၾကယ္စြာ အသက္ရွင္ေရးအတြက္ ဘုရားသခင္ ေဖာ္ျပထားတဲ့ နည္းဉေပေဒသေတြအားလုံးကို သမၼာက်မ္းစာတြင္ သင္ေတြ႕ရွိပါမည္။
ဘုရားသခင္၏ အႀကံအစည္ေတာ္ေနာက္ သင္လိုက္ေလွ်ာက္မယ္ဆိုလွ်င္ အမႈအရာ ေကာင္းစြာျဖစ္ ေပၚလာ ပါမည္။ သို႔ေပမဲ့ ဘုရားသခင္ကို သင္ေမ့ေနေသာအခ်ိန္ ႏွင့္ သမၼာတရားတို႔ကို သင္လစ္လွ်ဴရႈမိလိုက္ေသာ အခ်ိန္တို႔တြင္ သင္၏ ခႏၶာပိုင္းဆိုင္ရာ ၊ စိတ္ပိုင္းဆိုင္ရာ ၊ ေပါင္းသင္းဆက္ဆံေရးႏွင့္ တျခားေသာအရာတို႔သည္ စတင္ၿပိဳလဲဖို႔ ျဖစ္လာပါသည္။
ဘုရားသခင္၏ ေကာင္းျမတ္ျခင္း ကို သင္သံသယျဖစ္တဲ့အခါ နာခံျခင္းမရွိေတာ့ျခင္းသည္ သင့္ကိုယ္သင္ႏွင့္ တျခားသူေတြကိုပါ ထိခိုက္ေစပါတယ္။
ဤကဲ့သို႔အရာမ်ိဳး သမၼာက်မ္းစာတြင္ အႀကိမ္ေပါင္းမ်ားစြာ ျဖစ္ပ်က္ခဲ့ပါတယ္။ လူတစ္ဉီး (သို႔) လူတစ္စု တို႔သည္ ဘုရားသခင္ကို ေမ့ေလ်ာ့ၿပီး ဘုရားထံမွ ေသြဖယ္သြားၾကတဲ့အခါတိုင္းတြင္ ႀကီးမားတဲ့ ျပသနာတစ္ခ်ိဳ႕ ရွိခဲ့ၾကပါတယ္။
ဆာလံ ၁၀၆ တြင္ ဇာတ္ေၾကာင္းတစ္ခုႏွင့္ ပတ္သက္ၿပီး ေျပာဆိုထားပါတယ္။ ဆာလံက်မ္း ၁၀၆:၁၄-၁၅ “သို႔ေသာ္လည္း၊ အမႈေတာ္ကို အလ်င္အျမန္ ေမ့ေလ်ာ့သည္ျဖစ္၍၊ အႀကံအစည္ ေတာ္ကို မဆိုင္းမလင့္ ဘဲ၊ ေတာ၌အလြန္တပ္မက္၍၊ လူဆိတ္ညံရာအရပ္၌ ဘုရားသခင္ကို စုံစမ္းၾက ၏။ သူတို႔ေတာင္းေသာ ဆုကို ေပးေတာ္မူ၏။ သို႔ေသာ္လည္း၊ သူတို႔၌ ပိန္ႀကဳံျခင္းကို သြင္းေပးေတာ္မူ၏။”
သင္က ဘုရားသခင္အား “ကြၽႏ္ုပ္ လုပ္ခ်င္တာကို လုပ္ခ်င္တဲ့အခ်ိန္မွာ လုပ္ခ်င္ပါတယ္” လို႔ေျပာပါလွ်င္ ဘုရားသခင္သည္ တခါတရံတြင္ သင္လိုခ်င္ေသာအရာကို ေပးပါလိမ့္မည္။ သို႔ေပမဲ့ သင္လိုခ်င္ေသာအရာ အားလုံးတို႔ကို ရရွိျခင္းအတြက္ မလိုအားအပ္ေသာ အက်ိဳးဆက္ေတြ မၾကာခဏ ရွိပါတယ္။
သင္ႏွစ္သက္ေသာ အစာေတြ သင္စားခ်င္တဲ့ အခ်ိန္တိုင္း ရွိျခင္းသည္ အဝလြန္ျခင္းႏွင့္ ေသြးအတြင္းရွိ သၾကားဓါတ္ကို တိုးေစပါတယ္။ သင္ႏွစ္သက္ေသာ အရည္ (အရက္) ကို သင္ႀကိဳက္တဲ့အခ်ိန္ ရရွိျခင္းသည္လည္း အရက္စြဲေစၿပီး ႏွလုံးေရာဂါကိုပါ ရရွိေစႏိုင္ပါတယ္။ ဘုရားသခင္ေပးထားေသာ ဆုေက်းဇူးတစ္ခုျဖစ္တဲ့ လိင္ႏွင့္ ပတ္သက္၍လည္း ရွင္းလင္းျပတ္သားေသာ လမ္းၫႊန္ခ်က္မ်ားကို လစ္လ်ဴရႈျခင္းသည္ လိင္ပိုင္းဆိုင္ရာ ေရာဂါကို ရရွိေစမွာျဖစ္ၿပီး မိသားစုကိုလည္း ၿပိဳကြဲေစႏိုင္ပါတယ္။
သမၼာက်မ္းစာတြင္ ဘုရားသခင္ သြန္သင္ထားေသာ က်န္းမာေရးႏွင့္ပတ္သက္ေသာအေျခခံသေဘာတို႔ကို သင္လစ္လ်ဴရႈလိုက္ျခင္းသည္ ဘုရားသခင္ထက္ သိပိုၿပီးသိနားလည္းတယ္လို႔ ဆိုလိုက္ျခင္းျဖစ္ပါတယ္။ သို႔ေပမဲ့ နာမခံျခင္းတြင္ အၿမဲတမ္း အက်ိဳးဆက္ေတြ ရွိပါတယ္။ တစ္ခါတစ္ရံတြင္ အက်ိဳးဆက္သည္ ႀကီးမားၿပီး တစ္ခါတစ္ရံတြင္ ေသးငယ္ပါတယ္။
ဘုရားသခင္၏ ႏႈတ္ကပတ္ေတြကို နာခံဖို႔ရန္ ေ႐ြးခ်ယ္မႈျပဳျခင္းကို စတင္ဖို႔ရန္ ယေန႔ထက္ ေကာင္းေသာ အခ်ိန္မရွိပါ။ ဘုရားသခင္ကို ခ်ီးမြမ္းေသာ အသက္တာျဖင့္ အသက္ရွင္ေနထိုင္ပါလွ်င္ ႀကီးမားေသာ ေကာင္းခ်ီးမဂၤလာေတြ လိုက္လာမည္ကို သင္ေတြ႕ရွိပါလိမ့္မည္။
ဆင္ျခင္ရန္
- ဘုရားသခင္အား နာမခံျခင္းေၾကာင့္ သင္ရင္ဆိုင္ဖူးေသာ ႀကီးမားေသာ အက်ိဳးဆက္ကား မည္သို႔နည္း။
- သင္လိုခ်င္တဲ့အရာအားလုံးကို ဘုရားမေပးခဲ့တဲ့အခ်ိန္ကို ျပန္လည္ စဥ္းစားၾကည့္လိုက္ပါ။ ထိုအေတြ႕ အႀကဳံကေန မည္သို႔ေသာအရာကို သင္ေလ့လာသင္ယူခဲ့ပါသနည္း။
- ဘုရားသခင္ႏွင့္အတူ ပိုၿပီး ရင္းႏွီးကြၽမ္းဝင္စြာ ေလွ်ာက္လွမ္းျခင္းတြင္ ဤကပ္ေရာဂါႀကီးကို ဘုရားသခင္မည္သို႔ အသုံးျပဳခဲ့ပါသနည္း။ ဤအေျခအေနကာလအတြင္းတြင္ ဘုရားသင့္အား ေခၚေတာ္မူေသာအရာေတြေပၚ သင္နာခံမႈရွိခဲ့ပါသလား။