အပြုသဘောဆောင်တဲ့ ဆုတောင်းမှုတွေက ခိုင်မာတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို တည်ဆောက်ပါတယ်။ | Positive Prayer Produces Strong Relationships

 Unicode Version

အပြုသဘောဆောင်တဲ့ ဆုတောင်းမှုတွေက ခိုင်မာတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို တည်ဆောက်ပါတယ်။


ဖိလိပ္ပိဩဝါဒစာ ၁:၉-၁၁ “ငါသည်အဘယ်သို့ ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည် ခြားနားသော အရာတို့ကို ပိုင်းခြားစေခြင်းငှါ ဉာဏ်ပညာအမျိုးမျိုး ရှိလျက်၊
မေတ္တာပါရမီတိုးပွား၍ ပြည့်စုံမည်အကြောင်းကို၎င်း၊ ယေရှုခရစ် အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်း အကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက်ရှိမည် အကြောင်းကို၎င်း၊ ငါဆုတောင်း ပဌနာပြု၏။”

 

တမန်တော်ရှင်ပေါလုသည် သူ့အသက်တာရှိ လူတို့အတွက် ဝမ်းမြောက်ခြင်းနှင့်အတူ ဆုတောင်းပေးခဲ့ပါတယ်။  တခြားသူတို့၏ အသက်တာတွင် သင်ပြောင်းလဲပေးချင်သော ဖြစ်နိုင်ခြေအရာများစွာ ရှိပါတယ်။ သင်က သူတို့ကို ပြောင်းလဲစေချင်ပေမဲ့ သင့်ကိုယ်သင်တော့ မပြောင်းလဲချင်ပါဘူး။ လူတိုင်းကို ကျွန်ုပ်တို့ အမြဲပြောင်းလဲစေချင် ကြပါတယ်။ သို့ပေမဲ့ မလုပ်နိုင်ပါဘူး။

 

သင်လုပ်နိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဆုတောင်းပြီး တခြားသူတို့၌ ဘုရားသခင် လုပ်ဆောင်မည့်အရာကို စောင့်ကြည့်လိုက်ပါ။

 

အပြုသဘောဆောင်တဲ့ အတွေးတွေထက် အပြုသဘောဆောင်တဲ့ ဆုတောင်းခြင်းက ပိုပြီး ထိရောက်မှုရှိပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အပြုသဘောဆောင်တဲ့ တွေးခေါ်မှုတွေက သင်၏ ခင်ပွန်း/ဇနီး ၊ သားသမီး ၊ မိတ်ဆွေ (သို့) အခြေအနေတွေကို မပြောင်းလဲသွားစေပါဘူး။ အပြုသဘောဆောင်တဲ့ အတွေးအခေါ်တွေက သူတစ်ပါးကို မပြောင်းလဲနိုင်ပေမဲ့ သင့်ကိုတော့ ပြောင်းလဲစေနိုင်ပါတယ်။ သို့ပေမဲ့ အပြုသဘောဆောင်တဲ့ ဆုတောင်းခြင်းက တစ်စုံတစ်ယောက်၌ ထူးခြားမှုကို ဖြစ်စေနိုင်ပါတယ်။

 

ဆိုးတဲ့ ပေါင်းသင်းဆက်ဆံရေးကနေ အကောင်းဘက်ကို ပြောင်းလဲသွားဖို့ရန် အမြန်ဆန်ဆုံးသော နည်းလမ်းက ဘာဖြစ်မလဲ။ တခြားသူအတွက် စတင်ဆုတောင်းပါ။ ၎င်းသည် သင့်ကိုပြောင်းလဲစေမှာဖြစ်ပြီး ထိုသူကိုလည်း ပြောင်းလဲသွားစေနိုင်သည်။

တခြားသူတွေအတွက် မည်ကဲ့သို့ ဆုတောင်းပေးရမည်ကို တမန်တော်ရှင်ပေါလု ပြောခဲ့ပါတယ်။ ဖိလိပ္ပိဩဝါဒစာ ၁:၉-၁၁ “ငါသည်အဘယ်သို့ ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည် ခြားနားသော အရာတို့ကို ပိုင်းခြားစေခြင်းငှါ ဉာဏ်ပညာအမျိုးမျိုး ရှိလျက်၊မေတ္တာပါရမီတိုးပွား၍ ပြည့်စုံမည်အကြောင်းကို၎င်း၊ ယေရှုခရစ် အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်း အကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက်ရှိမည် အကြောင်းကို၎င်း၊ ငါဆုတောင်း ပဌနာပြု၏။”

 

ကျွန်ုပ်တို့အသက်တာတွင် နည်းလမ်း (၄) မျိုးဖြင့် သူတစ်ပါးတို့အတွက် ဆုတောင်းပေးဖို့ရန် အောက်ပါ ကျမ်းပိုဒ်တွေကနေ လေ့လာသင်ယူနိုင်ပါတယ်။

 

(၁) ချစ်ခြင်းမေတ္တာ၌ ကြီးထွားဖို့ရန် ဆုတောင်းပါ။

“သင်တို့သည် ခြားနားသော အရာတို့ကို ပိုင်းခြားစေခြင်းငှါ ဉာဏ်ပညာအမျိုးမျိုး ရှိလျက်၊မေတ္တာပါရမီတိုးပွား၍ ပြည့်စုံမည်အကြောင်းကို၎င်း”

 

(၂) ပညာရှိစွာ ရွေးချယ်မှုပြုဖို့ရန် ဆုတောင်းပါ။

“သင်တို့သည် အကောင်းဆုံးသောအရာကို သိမြင်ပိုင်းခြားနိုင်မည်အကြောင်းတည်း”

 

 (၃) သမာဓိရှိစွာ အသက်ရှင်နေထိုင်ဖို့ရန် ဆုတောင်းပါ။

ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက်ရှိမည် အကြောင်းကို၎င်း”

 

(၄) သခင်ယေရှုနည်းတူ ပိုပြီး တူလာဖို့ရန် ဆုတောင်းပါ။

“ယေရှုခရစ် အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်း အကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက်ရှိမည် အကြောင်းကို၎င်း”

 

ထိုဆုတောင်းတို့ကို သင့်အတွက် နှင့် သင့်အသက်တာရှိ လူတို့အတွက် ဆုတောင်းမှုပြုပါ။ မျှော်လင့်ချက်မရှိသော (သို့) ပြန်လည်ရှင်သန်ဖို့ရန် လိုအပ်သော ပေါင်းသင်းဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး ဘုရားသခင်မည်သို့ ပြုမည်ကို စောင့်ကြည့်လိုက်ပါ။

 

ဆင်ခြင်ရန်

- သင်၏ အသက်တာတွင် တင်းမာသော ဆက်ဆံရေးအကြောင်းကို စဉ်းစားကြည့်လိုက်ပါ။ ယနေ့ Daily Devotional မှ ဖော်ပြခဲ့သော ဆုတောင်းမှု (၄) မျိုးတို့ဖြင့် သင်မည်သို့ ဆုတောင်းနိုင်ပါသနည်း။

- အပြုသဘောဆောင်တဲ့ ဆုတောင်းတွေက သင်ဆုတောင်းပေးသောသူအတွက် သာမက သင့်ကိုပါ မည်ကဲ့သို့ ပြောင်းလဲသွားစေပါသနည်း။

- ဂလာတိဩဝါဒစာ ၅:၂၂-၂၃ ကို အချိန်ခဏယူလျက် ဖတ်ပါ။ သခင်ယေရှု နောက်လိုက်သော သင့်အဖို့ အသက်တာတွင် မည်ကဲ့သို့သော များစွာသော အသီးကို ပိုမိုမြင်ပါသနည်း။

---------------------------------------------------------------------------------

Zawgyi Version

အျပဳသေဘာေဆာင္တဲ့ ဆုေတာင္းမႈေတြက ခိုင္မာတဲ့ ေပါင္းသင္းဆက္ဆံေရးေတြကို တည္ေဆာက္ပါတယ္။


ဖိလိပၸိဩဝါဒစာ ၁:၉-၁၁ “ငါသည္အဘယ္သို႔ ဆုေတာင္းသနည္းဟူမူကား၊ သင္တို႔သည္ ျခားနားေသာ အရာတို႔ကို ပိုင္းျခားေစျခင္းငွါ ဉာဏ္ပညာအမ်ိဳးမ်ိဳး ရွိလ်က္၊ေမတၱာပါရမီတိုးပြား၍ ျပည့္စုံမည္အေၾကာင္းကို၎၊ ေယရႈခရစ္ အားျဖင့္ ဘုရားသခင္၏ ဘုန္းအသေရေတာ္ကို ထင္ရွားေစတတ္ေသာ ေျဖာင့္မတ္ျခင္း အက်င့္ႏွင့္ သင္တို႔သည္ ျပည့္စုံ၍ ခရစ္ေတာ္၏ ေန႔ရက္တိုင္ေအာင္ စိတ္ၾကည္ျဖဴလ်က္၊ တိမ္းလဲျခင္းအမႈႏွင့္ ကင္းလြတ္လ်က္ရွိမည္ အေၾကာင္းကို၎၊ ငါဆုေတာင္း ပဌနာျပဳ၏။”


တမန္ေတာ္ရွင္ေပါလုသည္ သူ႔အသက္တာရွိ လူတို႔အတြက္ ဝမ္းေျမာက္ျခင္းႏွင့္အတူ ဆုေတာင္းေပးခဲ့ပါတယ္။  တျခားသူတို႔၏ အသက္တာတြင္ သင္ေျပာင္းလဲေပးခ်င္ေသာ ျဖစ္ႏိုင္ေျခအရာမ်ားစြာ ရွိပါတယ္။ သင္က သူတို႔ကို ေျပာင္းလဲေစခ်င္ေပမဲ့ သင့္ကိုယ္သင္ေတာ့ မေျပာင္းလဲခ်င္ပါဘူး။ လူတိုင္းကို ကြၽႏ္ုပ္တို႔ အၿမဲေျပာင္းလဲေစခ်င္ ၾကပါတယ္။ သို႔ေပမဲ့ မလုပ္ႏိုင္ပါဘူး။


သင္လုပ္ႏိုင္ပါတယ္။ ဘယ္လိုဘဲျဖစ္ျဖစ္ ဆုေတာင္းၿပီး တျခားသူတို႔၌ ဘုရားသခင္ လုပ္ေဆာင္မည့္အရာကို ေစာင့္ၾကည့္လိုက္ပါ။ 


အျပဳသေဘာေဆာင္တဲ့ အေတြးေတြထက္ အျပဳသေဘာေဆာင္တဲ့ ဆုေတာင္းျခင္းက ပိုၿပီး ထိေရာက္မႈရွိပါတယ္။ ကမာၻေပၚမွာရွိတဲ့ အျပဳသေဘာေဆာင္တဲ့ ေတြးေခၚမႈေတြက သင္၏ ခင္ပြန္း/ဇနီး ၊ သားသမီး ၊ မိတ္ေဆြ (သို႔) အေျခအေနေတြကို မေျပာင္းလဲသြားေစပါဘူး။ အျပဳသေဘာေဆာင္တဲ့ အေတြးအေခၚေတြက သူတစ္ပါးကို မေျပာင္းလဲႏိုင္ေပမဲ့ သင့္ကိုေတာ့ ေျပာင္းလဲေစႏိုင္ပါတယ္။ သို႔ေပမဲ့ အျပဳသေဘာေဆာင္တဲ့ ဆုေတာင္းျခင္းက တစ္စုံတစ္ေယာက္၌ ထူးျခားမႈကို ျဖစ္ေစႏိုင္ပါတယ္။


ဆိုးတဲ့ ေပါင္းသင္းဆက္ဆံေရးကေန အေကာင္းဘက္ကို ေျပာင္းလဲသြားဖို႔ရန္ အျမန္ဆန္ဆုံးေသာ နည္းလမ္းက ဘာျဖစ္မလဲ။ တျခားသူအတြက္ စတင္ဆုေတာင္းပါ။ ၎သည္ သင့္ကိုေျပာင္းလဲေစမွာျဖစ္ၿပီး ထိုသူကိုလည္း ေျပာင္းလဲသြားေစႏိုင္သည္။

တျခားသူေတြအတြက္ မည္ကဲ့သို႔ ဆုေတာင္းေပးရမည္ကို တမန္ေတာ္ရွင္ေပါလု ေျပာခဲ့ပါတယ္။ ဖိလိပၸိဩဝါဒစာ ၁:၉-၁၁ “ငါသည္အဘယ္သို႔ ဆုေတာင္းသနည္းဟူမူကား၊ သင္တို႔သည္ ျခားနားေသာ အရာတို႔ကို ပိုင္းျခားေစျခင္းငွါ ဉာဏ္ပညာအမ်ိဳးမ်ိဳး ရွိလ်က္၊ေမတၱာပါရမီတိုးပြား၍ ျပည့္စုံမည္အေၾကာင္းကို၎၊ ေယရႈခရစ္ အားျဖင့္ ဘုရားသခင္၏ ဘုန္းအသေရေတာ္ကို ထင္ရွားေစတတ္ေသာ ေျဖာင့္မတ္ျခင္း အက်င့္ႏွင့္ သင္တို႔သည္ ျပည့္စုံ၍ ခရစ္ေတာ္၏ ေန႔ရက္တိုင္ေအာင္ စိတ္ၾကည္ျဖဴလ်က္၊ တိမ္းလဲျခင္းအမႈႏွင့္ ကင္းလြတ္လ်က္ရွိမည္ အေၾကာင္းကို၎၊ ငါဆုေတာင္း ပဌနာျပဳ၏။”


ကြၽႏ္ုပ္တို႔အသက္တာတြင္ နည္းလမ္း (၄) မ်ိဳးျဖင့္ သူတစ္ပါးတို႔အတြက္ ဆုေတာင္းေပးဖို႔ရန္ ေအာက္ပါ က်မ္းပိုဒ္ေတြကေန ေလ့လာသင္ယူႏိုင္ပါတယ္။


(၁) ခ်စ္ျခင္းေမတၱာ၌ ႀကီးထြားဖို႔ရန္ ဆုေတာင္းပါ။

“သင္တို႔သည္ ျခားနားေသာ အရာတို႔ကို ပိုင္းျခားေစျခင္းငွါ ဉာဏ္ပညာအမ်ိဳးမ်ိဳး ရွိလ်က္၊ေမတၱာပါရမီတိုးပြား၍ ျပည့္စုံမည္အေၾကာင္းကို၎”


(၂) ပညာရွိစြာ ေ႐ြးခ်ယ္မႈျပဳဖို႔ရန္ ဆုေတာင္းပါ။

“သင္တို႔သည္ အေကာင္းဆုံးေသာအရာကို သိျမင္ပိုင္းျခားႏိုင္မည္အေၾကာင္းတည္း” 


 (၃) သမာဓိရွိစြာ အသက္ရွင္ေနထိုင္ဖို႔ရန္ ဆုေတာင္းပါ။

ခရစ္ေတာ္၏ ေန႔ရက္တိုင္ေအာင္ စိတ္ၾကည္ျဖဴလ်က္၊ တိမ္းလဲျခင္းအမႈႏွင့္ ကင္းလြတ္လ်က္ရွိမည္ အေၾကာင္းကို၎”


(၄) သခင္ေယရႈနည္းတူ ပိုၿပီး တူလာဖို႔ရန္ ဆုေတာင္းပါ။

“ေယရႈခရစ္ အားျဖင့္ ဘုရားသခင္၏ ဘုန္းအသေရေတာ္ကို ထင္ရွားေစတတ္ေသာ ေျဖာင့္မတ္ျခင္း အက်င့္ႏွင့္ သင္တို႔သည္ ျပည့္စုံ၍ ခရစ္ေတာ္၏ ေန႔ရက္တိုင္ေအာင္ စိတ္ၾကည္ျဖဴလ်က္၊ တိမ္းလဲျခင္းအမႈႏွင့္ ကင္းလြတ္လ်က္ရွိမည္ အေၾကာင္းကို၎”


ထိုဆုေတာင္းတို႔ကို သင့္အတြက္ ႏွင့္ သင့္အသက္တာရွိ လူတို႔အတြက္ ဆုေတာင္းမႈျပဳပါ။ ေမွ်ာ္လင့္ခ်က္မရွိေသာ (သို႔) ျပန္လည္ရွင္သန္ဖို႔ရန္ လိုအပ္ေသာ ေပါင္းသင္းဆက္ဆံေရးတို႔ႏွင့္ ပတ္သက္ၿပီး ဘုရားသခင္မည္သို႔ ျပဳမည္ကို ေစာင့္ၾကည့္လိုက္ပါ။


ဆင္ျခင္ရန္

- သင္၏ အသက္တာတြင္ တင္းမာေသာ ဆက္ဆံေရးအေၾကာင္းကို စဥ္းစားၾကည့္လိုက္ပါ။ ယေန႔ Daily Devotional မွ ေဖာ္ျပခဲ့ေသာ ဆုေတာင္းမႈ (၄) မ်ိဳးတို႔ျဖင့္ သင္မည္သို႔ ဆုေတာင္းႏိုင္ပါသနည္း။

- အျပဳသေဘာေဆာင္တဲ့ ဆုေတာင္းေတြက သင္ဆုေတာင္းေပးေသာသူအတြက္ သာမက သင့္ကိုပါ မည္ကဲ့သို႔ ေျပာင္းလဲသြားေစပါသနည္း။

- ဂလာတိဩဝါဒစာ ၅:၂၂-၂၃ ကို အခ်ိန္ခဏယူလ်က္ ဖတ္ပါ။ သခင္ေယရႈ ေနာက္လိုက္ေသာ သင့္အဖို႔ အသက္တာတြင္ မည္ကဲ့သို႔ေသာ မ်ားစြာေသာ အသီးကို ပိုမိုျမင္ပါသနည္း။