သင့်အသက်တာ သတင်းစကားကိုသာ သင်ဝေမျှနိုင်ပါတယ်။ | Only you can share your life message

 Unicode Version

သင့်အသက်တာ သတင်းစကားကိုသာ သင်ဝေမျှနိုင်ပါတယ်။


သက်သာလောနိတ်ဩဝါဒစာ ပဌမစောင် ၁:၈ “အဘယ်သို့နည်းဟူမူကား၊ သင်တို့ထံက၊ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်အသံသည်၊ မာကေ ဒေါနိပြည်၊ အခါယပြည်၌ ကျော်စောသည်သာမက၊ ဘုရားသခင်ကို သင်တို့ ယုံကြည်ခြင်း၏ သိတင်းသည် အရပ်ရပ်တို့၌ နှံ့ပြားလေ၏။ သို့ဖြစ်၍ ငါတို့သည် တစုံတခုကိုမျှ ပြောစရာအကြောင်းမရှိ။

ထူးခြားသော အကြောင်းရင်းတစ်ခုအတွက် ဤလောကတွင် သင့်ကို ဘုရားဖန်ဆင်းခြင်းဖြစ်တယ်ဆိုတာကို သင်သိပါရဲ့လား။ သင့်အားဖြင့် တစ်စုံတစ်ခုကို ကမ္ဘာအနှံ့ ပြောကြားဖို့ရန် အလိုတော်ရှိပါတယ်။ ၎င်းကို သင့်အသက်တာ၏ သတင်းစကား (Life Message) လို့ခေါ်ပါတယ်။

 

သင့်အသက်တာ၏ သတင်းစကားကို စဉ်းစားဖို့ရန် နှင့် ထိုအရာဖြင့် သင်၏ ဝန်းကျင်ရှိ လူတွေကို ဝေမျှဖို့ရန် စိတ်ပိုင်းဖြတ်ခြင်း ပြုဖို့ရန် နှစ်သစ်၏အစအဉီး အချိန်သည် အကောင်းဆုံးနှင့် အပြည့်စုံဆုံးအချိန်ဖြစ်ပါတယ်။

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ သက်သာလောနိတ်ဩဝါဒစာ ပဌမစောင် ၁:၈ “အဘယ်သို့နည်းဟူမူကား၊ သင်တို့ထံက၊ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်အသံသည်၊ မာကေ ဒေါနိပြည်၊ အခါယပြည်၌ ကျော်စောသည်သာမက၊ ဘုရားသခင်ကို သင်တို့ ယုံကြည်ခြင်း၏ သိတင်းသည် အရပ်ရပ်တို့၌ နှံ့ပြားလေ၏။ သို့ဖြစ်၍ ငါတို့သည် တစုံတခုကိုမျှ ပြောစရာအကြောင်းမရှိ။

 

ဤအရာက ကျွန်ုပ်အသက်တာတွင် ဘုရားပြုတော်မူခြင်း ဖြစ်တယ်” လို့သင်ပြောဆိုခြင်းသည် သင်၏အသက် တာ သတင်းစကားကို ပေးနေခြင်းဖြစ်ပါတယ်။ အကယ်၍ သင်က “ဤအရာအတွက် ကျွန်ုပ်ဆုတောင်းခဲ့ပါတယ်၊ ဒီမှာ ရရှိပါပြီ” လို့ပြောခြင်းသည် သင့်အသက်တာ သတင်းစကားကို ပေးလိုက်ခြင်း ဖြစ်ပါတယ်။ အကယ်၍ သင်က “ကျွန်ုပ်ရင်ဆိုင်နေရတဲ့ ပြသနာပေါ်မှာ ဘုရားသခင် ကူညီပေးနေပါတယ်” လို့ ပြောခြင်းက သင့်အသက်တာ သတင်းစကားကို ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။

 

ထူးခြားတဲ့ အသက်တာ သတင်းစကားကိုသာ သင်ဝေမျှနိုင်ပါသည်။ ထိုအရာအတွက်လည်း သင့်အား မည်သူမှ မကူညီနိုင်ပါ။ အကယ်၍ သင်၏ အသက်တာ သတင်းစကားကို မဝေမျှပါလျှင် လောကြီးမှာအလိမ်အညာတွေ ခံနေရပါမည်။

 

သင့်အား ထူးခြားစွာ ဘုရားအသုံးပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကောင်းဆုံးသော သတင်းစကား ဆိုတာ အသက်တာ၏ ဇာတ်ကြောင်းမှ ပေးသောအရာဖြစ်ပါတယ်။ လူတွေဆီကနေ တစ်ဆင့် စွမ်းစားအကြီးဆုံး သတင်းစကားတွေ အများဆုံးရောက်ပါတယ်။

 

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဆိုင်ရာ သတင်းစကားကို ပို့ချချင်တဲ့အခါမှာ email မသုံးပါဘူး။ လူအားဖြင့် လာပါတယ်။ စကားလုံးတွေက သစ်လွင်ပါတယ်။ သခင်ယေရှု လောကသို့ ကြွဆင်းလာခဲ့တဲ့အတွက်ကြောင့်လည်း ဘုရားသခင်က ဘယ်လိုလဲဆိုတာကို ကျွန်ုပ်တို့ မြင်နိုင်ပါတယ်။

ယနေ့လောကသို့ ဝေမျှဖို့ရန် ဘုရားသခင်၌ သတင်းစကားရှိပါတယ်။ ကောင်းကင်ယံထက်တွင် ရေးနေမည့်အစား သင်မှ တစ်ဆင့် ဝေမျှဖို့ရန် အလိုတော်ရှိပါတယ်။

သင့်အသက်တာ သတင်းစကားကို ဝေမျှဖို့ရန် သင်ပြီးပြည့်စုံနေစရာ မလိုပါ။ ဖြောင့်မတ်ဖို့သာ လိုပါသည်။ စစ်မှန်ဖို့သာ လိုပါသည်။ “ကျွန်ုပ်အရာအားလုံးကို အတူတကွ မရှိပေမဲ့ ကျွန်ုပ်အသက်တာ၌ ဘုရားပြုသည့်အရာ ဖြစ်ပါတယ်။ သခင်ယေရှု  ပြုတော်မူသော ထူးခြားတဲ့အရာက ဒီမှာပါ”လို့သင်ပြောနိုင်ပါတယ်။

 

သင်၏အသက်တာ သတင်းစကားကို တခြားသူတို့နှင့် မဝေမျှပါလျှင် သူတို့အတွက် ဘုရားလုပ်ဆောင်နိုင် မည့်အရာကို သူတို့ဘယ်တော့မှ ကြားနိုင်မည် မဟုတ်ပါ။

 

ဆင်ခြင်ရန်

- သင့်အသက်တာ၌ သခင်ယေရှု ထူးခြားစွာ ပြုတော်မူသောအရာတို့ကို တခြားသော သူတို့အား ရဲရင့်စွာ ဝေမျှခြင်းအတွက် မည်သည့်အရာက တားဆီးနေပါသနည်း။

- မျှော်လင့်ခြင်းသတင်းစကားကို ဤနှစ်သစ်တွင် ကြားဖို့ လိုအပ်သောသူ သင်၏ အသက်တာတွင် ရှိပါသလား။ သင်၏ သတင်းစကားတစ်ချို့ (သို့) အားလုံးကို ဤတစ်ပတ်တွင် ထိုသူတို့နှင့်အတူ မည်ကဲ့သို့ ဝေမျှနိုင်ပါသနည်း။

- သင့်အသက်တာ သတင်းစကားကို ရေးသားဖို့ရန် အချိန်ယူပြီး သခင်ယေရှု သင့်အသက်တာအတွက် ပြုတော်မူသော ထူးခြားသော အရာတွေကို ပြုစုပါ။ သို့မှသာ ၎င်းတို့ကို ဝေမျှဖို့ သင် အဆင်သင့်ပြင်ဆင်ခြင်း ဖြစ်ပါတယ်။ သခင်ယေရှုကို မသိကျွမ်းခင် နှင့် သိကျွမ်းပြီး ချိန်တို့ ပါဝင်သင့်ပြီး ယခုတွင် သခင်ယေရှု၏ နောက်လိုက်အဖြစ် သင့်အသက်တာမည်သို့ ဖြစ်ကြောင်းကိုပါ ထည့်သွင်းရေးသားလိုက်ပါ။

----------------------------------------------------------------------------


Zawgyi Version

သင့္အသက္တာ သတင္းစကားကိုသာ သင္ေဝမွ်ႏိုင္ပါတယ္။


သက္သာေလာနိတ္ဩဝါဒစာ ပဌမေစာင္ ၁:၈ “အဘယ္သို႔နည္းဟူမူကား၊ သင္တို႔ထံက၊ သခင္ဘုရား၏ ႏႈတ္ကပတ္တရားေတာ္အသံသည္၊ မာေက ေဒါနိျပည္၊ အခါယျပည္၌ ေက်ာ္ေစာသည္သာမက၊ ဘုရားသခင္ကို သင္တို႔ ယုံၾကည္ျခင္း၏ သိတင္းသည္ အရပ္ရပ္တို႔၌ ႏွံ႔ျပားေလ၏။ သို႔ျဖစ္၍ ငါတို႔သည္ တစုံတခုကိုမွ် ေျပာစရာအေၾကာင္းမရွိ။”

ထူးျခားေသာ အေၾကာင္းရင္းတစ္ခုအတြက္ ဤေလာကတြင္ သင့္ကို ဘုရားဖန္ဆင္းျခင္းျဖစ္တယ္ဆိုတာကို သင္သိပါရဲ႕လား။ သင့္အားျဖင့္ တစ္စုံတစ္ခုကို ကမာၻအႏွံ႔ ေျပာၾကားဖို႔ရန္ အလိုေတာ္ရွိပါတယ္။ ၎ကို သင့္အသက္တာ၏ သတင္းစကား (Life Message) လို႔ေခၚပါတယ္။


သင့္အသက္တာ၏ သတင္းစကားကို စဥ္းစားဖို႔ရန္ ႏွင့္ ထိုအရာျဖင့္ သင္၏ ဝန္းက်င္ရွိ လူေတြကို ေဝမွ်ဖို႔ရန္ စိတ္ပိုင္းျဖတ္ျခင္း ျပဳဖို႔ရန္ ႏွစ္သစ္၏အစအဉီး အခ်ိန္သည္ အေကာင္းဆုံးႏွင့္ အျပည့္စုံဆုံးအခ်ိန္ျဖစ္ပါတယ္။

သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ သက္သာေလာနိတ္ဩဝါဒစာ ပဌမေစာင္ ၁:၈ “အဘယ္သို႔နည္းဟူမူကား၊ သင္တို႔ထံက၊ သခင္ဘုရား၏ ႏႈတ္ကပတ္တရားေတာ္အသံသည္၊ မာေက ေဒါနိျပည္၊ အခါယျပည္၌ ေက်ာ္ေစာသည္သာမက၊ ဘုရားသခင္ကို သင္တို႔ ယုံၾကည္ျခင္း၏ သိတင္းသည္ အရပ္ရပ္တို႔၌ ႏွံ႔ျပားေလ၏။ သို႔ျဖစ္၍ ငါတို႔သည္ တစုံတခုကိုမွ် ေျပာစရာအေၾကာင္းမရွိ။”


ဤအရာက ကြၽႏ္ုပ္အသက္တာတြင္ ဘုရားျပဳေတာ္မူျခင္း ျဖစ္တယ္” လို႔သင္ေျပာဆိုျခင္းသည္ သင္၏အသက္ တာ သတင္းစကားကို ေပးေနျခင္းျဖစ္ပါတယ္။ အကယ္၍ သင္က “ဤအရာအတြက္ ကြၽႏ္ုပ္ဆုေတာင္းခဲ့ပါတယ္၊ ဒီမွာ ရရွိပါၿပီ” လို႔ေျပာျခင္းသည္ သင့္အသက္တာ သတင္းစကားကို ေပးလိုက္ျခင္း ျဖစ္ပါတယ္။ အကယ္၍ သင္က “ကြၽႏ္ုပ္ရင္ဆိုင္ေနရတဲ့ ျပသနာေပၚမွာ ဘုရားသခင္ ကူညီေပးေနပါတယ္” လို႔ ေျပာျခင္းက သင့္အသက္တာ သတင္းစကားကို ေဝမွ်လိုက္ျခင္း ျဖစ္ပါတယ္။


ထူးျခားတဲ့ အသက္တာ သတင္းစကားကိုသာ သင္ေဝမွ်ႏိုင္ပါသည္။ ထိုအရာအတြက္လည္း သင့္အား မည္သူမွ မကူညီႏိုင္ပါ။ အကယ္၍ သင္၏ အသက္တာ သတင္းစကားကို မေဝမွ်ပါလွ်င္ ေလာႀကီးမွာအလိမ္အညာေတြ ခံေနရပါမည္။


သင့္အား ထူးျခားစြာ ဘုရားအသုံးျပဳခ်င္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အေကာင္းဆုံးေသာ သတင္းစကား ဆိုတာ အသက္တာ၏ ဇာတ္ေၾကာင္းမွ ေပးေသာအရာျဖစ္ပါတယ္။ လူေတြဆီကေန တစ္ဆင့္ စြမ္းစားအႀကီးဆုံး သတင္းစကားေတြ အမ်ားဆုံးေရာက္ပါတယ္။


ဘုရားသခင္သည္ ခ်စ္ျခင္းေမတၱာဆိုင္ရာ သတင္းစကားကို ပို႔ခ်ခ်င္တဲ့အခါမွာ email မသုံးပါဘူး။ လူအားျဖင့္ လာပါတယ္။ စကားလုံးေတြက သစ္လြင္ပါတယ္။ သခင္ေယရႈ ေလာကသို႔ ႂကြဆင္းလာခဲ့တဲ့အတြက္ေၾကာင့္လည္း ဘုရားသခင္က ဘယ္လိုလဲဆိုတာကို ကြၽႏ္ုပ္တို႔ ျမင္ႏိုင္ပါတယ္။

ယေန႔ေလာကသို႔ ေဝမွ်ဖို႔ရန္ ဘုရားသခင္၌ သတင္းစကားရွိပါတယ္။ ေကာင္းကင္ယံထက္တြင္ ေရးေနမည့္အစား သင္မွ တစ္ဆင့္ ေဝမွ်ဖို႔ရန္ အလိုေတာ္ရွိပါတယ္။

သင့္အသက္တာ သတင္းစကားကို ေဝမွ်ဖို႔ရန္ သင္ၿပီးျပည့္စုံေနစရာ မလိုပါ။ ေျဖာင့္မတ္ဖို႔သာ လိုပါသည္။ စစ္မွန္ဖို႔သာ လိုပါသည္။ “ကြၽႏ္ုပ္အရာအားလုံးကို အတူတကြ မရွိေပမဲ့ ကြၽႏ္ုပ္အသက္တာ၌ ဘုရားျပဳသည့္အရာ ျဖစ္ပါတယ္။ သခင္ေယရႈ  ျပဳေတာ္မူေသာ ထူးျခားတဲ့အရာက ဒီမွာပါ”လို႔သင္ေျပာႏိုင္ပါတယ္။


သင္၏အသက္တာ သတင္းစကားကို တျခားသူတို႔ႏွင့္ မေဝမွ်ပါလွ်င္ သူတို႔အတြက္ ဘုရားလုပ္ေဆာင္ႏိုင္ မည့္အရာကို သူတို႔ဘယ္ေတာ့မွ ၾကားႏိုင္မည္ မဟုတ္ပါ။


ဆင္ျခင္ရန္

- သင့္အသက္တာ၌ သခင္ေယရႈ ထူးျခားစြာ ျပဳေတာ္မူေသာအရာတို႔ကို တျခားေသာ သူတို႔အား ရဲရင့္စြာ ေဝမွ်ျခင္းအတြက္ မည္သည့္အရာက တားဆီးေနပါသနည္း။

- ေမွ်ာ္လင့္ျခင္းသတင္းစကားကို ဤႏွစ္သစ္တြင္ ၾကားဖို႔ လိုအပ္ေသာသူ သင္၏ အသက္တာတြင္ ရွိပါသလား။ သင္၏ သတင္းစကားတစ္ခ်ိဳ႕ (သို႔) အားလုံးကို ဤတစ္ပတ္တြင္ ထိုသူတို႔ႏွင့္အတူ မည္ကဲ့သို႔ ေဝမွ်ႏိုင္ပါသနည္း။

- သင့္အသက္တာ သတင္းစကားကို ေရးသားဖို႔ရန္ အခ်ိန္ယူၿပီး သခင္ေယရႈ သင့္အသက္တာအတြက္ ျပဳေတာ္မူေသာ ထူးျခားေသာ အရာေတြကို ျပဳစုပါ။ သို႔မွသာ ၎တို႔ကို ေဝမွ်ဖို႔ သင္ အဆင္သင့္ျပင္ဆင္ျခင္း ျဖစ္ပါတယ္။ သခင္ေယရႈကို မသိကြၽမ္းခင္ ႏွင့္ သိကြၽမ္းၿပီး ခ်ိန္တို႔ ပါဝင္သင့္ၿပီး ယခုတြင္ သခင္ေယရႈ၏ ေနာက္လိုက္အျဖစ္ သင့္အသက္တာမည္သို႔ ျဖစ္ေၾကာင္းကိုပါ ထည့္သြင္းေရးသားလိုက္ပါ။