သင်၌ ပိုပြီး ကျေးဇူးတင်စရာဖြစ်လေလေ ၊ သင်ပိုပြီး ပျော်ရွှင်ဝမ်းမြောက်လေလေ ဖြစ်လာပါမည်။ | The More Grateful You Are, the Happier You’ll Be

 Unicode Version

သင်၌ ပိုပြီး ကျေးဇူးတင်စရာဖြစ်လေလေ ၊ သင်ပိုပြီး ပျော်ရွှင်ဝမ်းမြောက်လေလေ ဖြစ်လာပါမည်။


ဖိလိပ္ပိဩဝါဒစာ ၁:၃ “ငါသည်ဆုတောင်းပဌနာပြုသောအခါခါ၊
ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှ အဘို့ကို အစဉ်ဆုတောင်းပဌနာပြုလျက်၊ သင်တို့ကို အောက်မေ့သော အခါခါ၊သင်တို့သည် ရှေ့ဦးစွာ သောနေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂလိတရားကို ဆက်ဆံ၍ ခံစားကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။

 

အခြေအနေ ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေးမျိုး သင်ပိုင်ဆိုင်ချင်ပါလျှင် ကျေးဇူးတင်ရှိခြင်း သဘောထား ဖြင့် စတင်ပါ။ သင့်အသက်တာဖြင့် လူတွေအတွက် ကျေးဇူးတင်ရှိခြင်း သဘောသဘာဝကို ဖွံ့ဖြိုးတိုးတက် စေပါလျှင် သင်၏ ပေါင်းသင်းဆက်ဆံရေးတို့တွင် ပိုပြီး ပျော်ရွှင် ဝမ်းမြောက်ရပါလိမ့်မည်။

ဖိလိပ္ပိဩဝါဒစာ ၁:၃ သည် ကောင်းသော ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ မှန်ကန်ရိုးစင်းသော အခြေခံအုတ်မြစ် ဖြစ်ပါတယ်။

 

သင့်အသက်တာတွင် တွေ့ရှိရတဲ့ လူတွေအကြောင်းကို သင်တွေးမြင်လိုက်တဲ့အခါမှာ ကျေးဇူးတင်စရာတွေက သင်ဉီးဆုံး ခံစားမိတဲ့အရာလား။ (သို့) “သူတို့ ငါ့အတွက် ဘာကို လုပ်စေချင်သနည်း။ ငါ့တို့၏ ပြသနာတွေက ဘာတွေလဲ။ ပြီးမြောက်အောင် ဘယ်လို လုပ်ရမည်နည်း” လို့မေးဖို့ရှိရင်တော့ သင်၏ ဉီးဆုံးအတွေးတွေက ကျေးဇူးတင်စရာ မဟုတ်ပါ။ သို့ပေမဲ့ တမန်တော်ရှင်ပေါလု၏ မိတ်ဆွေတွေပေါ် ထားရှိသော ဉီးဆုံးသော အတွေးက ကျေးဇူးတင်ရှိခြင်း ဖြစ်ပါတယ်။ ၎င်းသည် ပေါင်းသင်းဆက်ဆံရေးကို အဆုံးတိုင် ခိုင်မာစေချင်ပါလျှင် ကျွန်ုပ်တို့ လိုက်နာသင့်သည် သာဓက ဖြစ်ပါတယ်။

 

ပြသနာက ..တစ်စုံတစ်ယောက်ကို သင်သိကျွမ်းတဲ့အချိန်ကြာလာတဲ့အခါ ထိုသူကို သင်ပိုပြီး ခွင့်ပြုမှု ပြုလေလေဖြစ်ပါတယ်။ အချိန်တွေနှင့်အတူ ဖြတ်သန်းလာရတဲ့ ပျော်ရွှင်ချိန်တွေထက် ထိုသူ၏ မှားယွင်းမှုတွေနှင့် ဆိုးသော အချိန်တွေကို အာရုံစိုက်ဖို့က ပိုပြီး လွယ်ကူလာစေပါတယ်။

 

ဒါကြောင့် ကျွန်ုပ်တို့ အသက်တာမှာ ရှိနေတဲ့ လူတွေကို ကျေးဇူးတင် မြတ်နိုးတဲ့စိတ်လေး ထားရှိဖို့အတွက် ရွေးချယ်မှုပြုရန် အားထုတ်မှု လိုအပ်ပါတယ်။ ကျွန်ုပ်တို့၏ ဆက်ဆံရေး တည်တံ့လာသည်နှင့်အမျှ အမှတ်ရစရာတွေက အလေးအနက် ဖြစ်လာပါတယ်။ သို့ပေမဲ့ ကျွန်ုပ်တို့၏ ခင်ပွန်း/ဇနီး ၊ သားသမီး ၊ မိဘ ၊ ညီအစ်ကို မောင်နှမ ၊ လုပ်ဖော်ကိုင်ဖက် ၊ အိမ်နီးချင်း ၊ မိတ်ဆွေ အကြောင်းတို့ကို စဉ်းစားတဲ့အခါဖြစ်စေ ၊ ဘုရားသခင်ထံ ကျေးဇူးတော် ချီးမွမ်းခြင်း အလေ့အထ ကို ဖွံ့ဖြိုးတိုးတက်စေတဲ့အခါမှာ ကျွန်ုပ်တို့၏ ဆက်ဆံရေးပေါ် နိစ္စထာဝရအကျိုးသက်ရောက်တာကို ကျွန်ုပ်တို့ ခံစားတွေ့ကြုံရပါတယ်။

 

ဆင်ခြင်ရန်

- မည်ကဲ့သို့သော ဆိုးယုတ်သော အတွေးတွေအစား ကျေးဇူးတင်စရာ စကားလုံးတွေဖြင့် အစားထိုးဖို့ သင်လိုအပ်နေပါသနည်း။

- သင်၏ အသက်တာ၌ မည်သူ့ကို ကျေးဇူးတင်စရာ ရှိပါသနည်း။ ဘုရားသခင်ကို သင်ပြောခဲ့ပါသလား။ ထိုသူကိုရော ပြောပြီးပြီလား။

- ကျွန်ုပ်တို့ အသက်တာတွင် ဘုရားသခင် ထားရှိပေးသော လူတွေအတွက် သင်ကျေးဇူးတင်ဖို့ရန် ဘုရားအလိုတော်ရှိတယ်လို့ သင်ထင်မြင်ပါသနည်း။

--------------------------------------------------------------------------------

Zawgyi Version














ဆင်ခြင်ရန်


