Unicode Version
သင်၏ အချိန်တွေကို ရေတွက်မှုပြုပါ။
ကောလောသဲဩဝါဒစာ ၄:၅ “ပြင်ပလူတို့၏ မျက်နှာကိုထောက်လျက်၊ ပညာနှင့် ကျင့်ဆောင်၍ ကာလအချိန်ကို ရွေးနှုတ်ကြလော့။ ”
ဘုရားသခင်၏
အသုံးပြုခြင်းကို ခံရဖို့ရန် သင်အဆင်သင့် ဖြစ်လိုပါလျှင် ပထမဉီးစွာ သခင်ယေရှုကို သင်သိရှိဖို့
လိုပါသည်။ ပြီးနောက် သင်၏အချိန်တို့ကို ထာဝရအမြင်ဖြင့် အသုံးပြုဖို့ရန် လိုအပ်ပါသည်။
ကောလောသဲဩဝါဒစာ ၄:၅ “ပြင်ပလူတို့၏ မျက်နှာကိုထောက်လျက်၊ ပညာနှင့် ကျင့်ဆောင်၍
ကာလအချိန်ကို ရွေးနှုတ်ကြလော့။ ”
အချိန်ဆိုသည်မှာ သင်၏ တန်ဖိုးအရှိဆုံး အရင်းအမြစ်
ဖြစ်ပါတယ်။ ငွေကြေးထက် ပိုပါတယ်။ အရေးကြီးပါ တယ်။ ငွေကြေးကို သင်ပိုမို ရရှိနိုင်ပေမဲ့လည်း
အချိန်ကိုတော့ ပိုပြီး ရနိုင်ဖို့ မရှိပါ။ သင့်အသက်တာကို ကန့်သန်ပိုင်းခြားထားသော အတိုင်းအတာအတိုင်း
သင်ရရှိပါမည်။
အချိန်ကို သင်မပြုလုပ်နိုင်ပါဘူး။ ငှားရမ်းခြင်း ၊စုဆောင်းခြင်း ၊ ဆွဲဆန့်ခြင်းမျိုးလည်း
လုပ်လို့မရပါဘူး။ အသုံးပြုဖို့အတွက်သာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ အပတ်စဉ်တိုင်း ၁၆၈ နာရီ
တူညီစွာ အချိန်ကို ရရှိကြပါတယ်။ အချိန်ကို ကောင်းစွာ မည်သို့ စီမံဖို့ရန် သင်လေ့လာမှု
မလုပ်ဆောင်ပါလျှင် သင့်အသက်တာရှိ အရာရာတိုင်းကို သင်စီမံဖို့ရန် တတ်စွမ်းနိုင်မည် မဟုတ်ပါ။
သင်၏ အချိန်သည် သင်၏ အသက်တာဖြစ်ပါတယ်။
နစ္စထာဝရတွင် သင်မည်သည့်အရာ လုပ်ဆောင်ရမည်ကို ဆုံးဖြတ်ပေးဖို့ရန် ဤလောကတွင် သင်မည်ကဲ့သို့
အချိန်ကို စီမံနေသလဲဆိုတာကို ဘုရားသခင် စောင့်ကြည့်နေပါတယ်။
နိစ္စထာဝရအတွက်
ပြင်ဆင်ခြင်းအရာဖြစ်တဲ့ အဓိကကျသောအရာတို့အတွက် သင့်အသက်တာ၌ အချိန်မရှိခြင်း ဖြစ်စေရန်
အရေးမကြီးသောအရာတို့ဖြင့် အလုပ်ရှုပ်နေစေခြင်းသည် စာတန်၏ ဗျူဟာ တစ်ရပ်ဖြစ်ပါတယ်။ အကယ်၍
စာတန်က သင့်ကို အဆိုးတွေဖြင့် မပြုနိုင်တဲ့အခါမှာ သင့်ကို အလုပ်ရှုပ်တောင် ပြုပါလိမ့်မည်။
သင်၏
အချိန်ဖြင့် မည်သည့်အရာကို လုပ်ဆောင်ဖို့ရန် သမ္မာကျမ်းစာတွင် အတိအကျ သင့်ကို ပြောထားပါတယ်။
တမန်တော်ဝတ္တု ၂၀:၂၄ တွင် “သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သော
ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှါ၊ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသောဓမ္မဆရာ အမှုတည်း
ဟူသော ငါဆောင်ရွက်ရသော အမှုကို ဝမ်းမြောက် စွာ ပြီးစီးစေမည်အကြောင်း၊ ထိုညှဉ်းဆဲခြင်းအမှု
တစုံတခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ၊ ယခုမူကား၊ ငါလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောရာ၊
သင်တို့ရှိသမျှ သည် နောက်တဖန်ငါ့ မျက်နှာကို မမြင်ရကြဟုငါသိ၏။”
သင့်အား
ဘုရားသခင်အသုံးပြုချင်ပါတယ်။ သို့ပေမဲ့ အရေးကြီးတဲ့အရာများတို့အတွက် သင်၏အချိန်ကို
နှစ်မြှုပ်နေခြင်းကို သေချာစေဖို့ရန် အလိုတော်ရှိပါတယ်။ သင့်ကိုယ်သင် မေးလိုက်ပါ။ “ယခုတွင် ကျွန်ုပ်အချိန်ပေး ကုန်လွန်စေသောအရာတွေသည် နောင်လာမည့် (၅)
နှစ်တွင် မည်သို့ အရေးပါသော အရာတွေ ဖြစ်မည်နည်း။” နိစ္စထာဝရတွင် ရော မည်မျှအရေးပါမည်နည်း”။
ပြီးနောက် သင်၏အချိန်တွေကို အာရုံစိုက်စေမည့် သင်၏ အဖြေတို့ကို အသုံးချလိုက်ပါ။
၂၀၂၁ ရှေ့တွင် သင်၌ ၃၆၅ ရက်ရှိပါသည်။ သင်၏အချိန်တွေကို နိစ္စထာဝရအမြင်ဖြင့်
မည်ကဲ့သို့ အသုံးပြုနိုင်မည်နည်း။
ဆင်ခြင်ရန်
-
သင်၏ အချိန်ဇယားကို ကြည့်လိုက်ပါ။ သင်၏အချိန်အများစုသည် နိစ္စထာဝရအတွက် အရေးကြီးသော
အဓိပ္ပါယ်ရှိစေသော အရာပေါ် မည်မျှအသုံးပြုနေပါသနည်း။
-
ဤလောကတွင် မည်သည့်အရာကို သင်ပြုဖို့ရန် ဘုရားပေးအပ်ထားပါသနည်း။
-
ဘုရားပေးအပ်တဲ့အမှုကို ပြီးမြောက်နိုင်စေဖို့ရန် မည်သို့သော နည်းလမ်းများဖြင့် သင်၏အချိန်ကို
ထူးခြားစွာ အသုံးပြုပါမည်နည်း။
------------------------------------------------------------------------
Zawgyi Version
သင္၏ အခ်ိန္ေတြကို ေရတြက္မႈျပဳပါ။
ေကာေလာသဲဩဝါဒစာ ၄:၅ “ျပင္ပလူတို႔၏ မ်က္ႏွာကိုေထာက္လ်က္၊ ပညာႏွင့္ က်င့္ေဆာင္၍ ကာလအခ်ိန္ကို ေ႐ြးႏႈတ္ၾကေလာ့။ ”
ဘုရားသခင္၏ အသုံးျပဳျခင္းကို ခံရဖို႔ရန္ သင္အဆင္သင့္ ျဖစ္လိုပါလွ်င္ ပထမဉီးစြာ သခင္ေယရႈကို သင္သိရွိဖို႔ လိုပါသည္။ ၿပီးေနာက္ သင္၏အခ်ိန္တို႔ကို ထာဝရအျမင္ျဖင့္ အသုံးျပဳဖို႔ရန္ လိုအပ္ပါသည္။
ေကာေလာသဲဩဝါဒစာ ၄:၅ “ျပင္ပလူတို႔၏ မ်က္ႏွာကိုေထာက္လ်က္၊ ပညာႏွင့္ က်င့္ေဆာင္၍ ကာလအခ်ိန္ကို ေ႐ြးႏႈတ္ၾကေလာ့။ ”
အခ်ိန္ဆိုသည္မွာ သင္၏ တန္ဖိုးအရွိဆုံး အရင္းအျမစ္ ျဖစ္ပါတယ္။ ေငြေၾကးထက္ ပိုပါတယ္။ အေရးႀကီးပါ တယ္။ ေငြေၾကးကို သင္ပိုမို ရရွိႏိုင္ေပမဲ့လည္း အခ်ိန္ကိုေတာ့ ပိုၿပီး ရႏိုင္ဖို႔ မရွိပါ။ သင့္အသက္တာကို ကန႔္သန္ပိုင္းျခားထားေသာ အတိုင္းအတာအတိုင္း သင္ရရွိပါမည္။
အခ်ိန္ကို သင္မျပဳလုပ္ႏိုင္ပါဘူး။ ငွားရမ္းျခင္း ၊စုေဆာင္းျခင္း ၊ ဆြဲဆန႔္ျခင္းမ်ိဳးလည္း လုပ္လို႔မရပါဘူး။ အသုံးျပဳဖို႔အတြက္သာ ျဖစ္ပါတယ္။ ကြၽႏ္ုပ္တို႔ အပတ္စဥ္တိုင္း ၁၆၈ နာရီ တူညီစြာ အခ်ိန္ကို ရရွိၾကပါတယ္။ အခ်ိန္ကို ေကာင္းစြာ မည္သို႔ စီမံဖို႔ရန္ သင္ေလ့လာမႈ မလုပ္ေဆာင္ပါလွ်င္ သင့္အသက္တာရွိ အရာရာတိုင္းကို သင္စီမံဖို႔ရန္ တတ္စြမ္းႏိုင္မည္ မဟုတ္ပါ။ သင္၏ အခ်ိန္သည္ သင္၏ အသက္တာျဖစ္ပါတယ္။
နစၥထာဝရတြင္ သင္မည္သည့္အရာ လုပ္ေဆာင္ရမည္ကို ဆုံးျဖတ္ေပးဖို႔ရန္ ဤေလာကတြင္ သင္မည္ကဲ့သို႔ အခ်ိန္ကို စီမံေနသလဲဆိုတာကို ဘုရားသခင္ ေစာင့္ၾကည့္ေနပါတယ္။
နိစၥထာဝရအတြက္ ျပင္ဆင္ျခင္းအရာျဖစ္တဲ့ အဓိကက်ေသာအရာတို႔အတြက္ သင့္အသက္တာ၌ အခ်ိန္မရွိျခင္း ျဖစ္ေစရန္ အေရးမႀကီးေသာအရာတို႔ျဖင့္ အလုပ္ရႈပ္ေနေစျခင္းသည္ စာတန္၏ ဗ်ဴဟာ တစ္ရပ္ျဖစ္ပါတယ္။ အကယ္၍ စာတန္က သင့္ကို အဆိုးေတြျဖင့္ မျပဳႏိုင္တဲ့အခါမွာ သင့္ကို အလုပ္ရႈပ္ေတာင္ ျပဳပါလိမ့္မည္။
သင္၏ အခ်ိန္ျဖင့္ မည္သည့္အရာကို လုပ္ေဆာင္ဖို႔ရန္ သမၼာက်မ္းစာတြင္ အတိအက် သင့္ကို ေျပာထားပါတယ္။ တမန္ေတာ္ဝတၱဳ ၂၀:၂၄ တြင္ “သို႔ရာတြင္ ဘုရားသခင္၏ ေက်းဇူးေတာ္ႏွင့္ယွဥ္ေသာ ဧဝံေဂလိတရားကို သက္ေသခံေစျခင္းငွါ၊ သခင္ေယရႈ၏လက္မွ ငါခံခဲ့ၿပီးေသာဓမၼဆရာ အမႈတည္း ဟူေသာ ငါေဆာင္႐ြက္ရေသာ အမႈကို ဝမ္းေျမာက္ စြာ ၿပီးစီးေစမည္အေၾကာင္း၊ ထိုညႇဥ္းဆဲျခင္းအမႈ တစုံတခုကိုမွ် ငါသည္ပမာဏမျပဳ၊ ကိုယ္အသက္ကိုလည္း ႏွေျမာျခင္းမရွိ၊ ယခုမူကား၊ ငါလွည့္လည္၍ ဘုရားသခင္၏ ႏိုင္ငံေတာ္အေၾကာင္းကို ေဟာေျပာရာ၊ သင္တို႔ရွိသမွ် သည္ ေနာက္တဖန္ငါ့ မ်က္ႏွာကို မျမင္ရၾကဟုငါသိ၏။”
သင့္အား ဘုရားသခင္အသုံးျပဳခ်င္ပါတယ္။ သို႔ေပမဲ့ အေရးႀကီးတဲ့အရာမ်ားတို႔အတြက္ သင္၏အခ်ိန္ကို ႏွစ္ျမႇဳပ္ေနျခင္းကို ေသခ်ာေစဖို႔ရန္ အလိုေတာ္ရွိပါတယ္။ သင့္ကိုယ္သင္ ေမးလိုက္ပါ။ “ယခုတြင္ ကြၽႏ္ုပ္အခ်ိန္ေပး ကုန္လြန္ေစေသာအရာေတြသည္ ေနာင္လာမည့္ (၅) ႏွစ္တြင္ မည္သို႔ အေရးပါေသာ အရာေတြ ျဖစ္မည္နည္း။” နိစၥထာဝရတြင္ ေရာ မည္မွ်အေရးပါမည္နည္း”။ ၿပီးေနာက္ သင္၏အခ်ိန္ေတြကို အာ႐ုံစိုက္ေစမည့္ သင္၏ အေျဖတို႔ကို အသုံးခ်လိုက္ပါ။
၂၀၂၁ ေရွ႕တြင္ သင္၌ ၃၆၅ ရက္ရွိပါသည္။ သင္၏အခ်ိန္ေတြကို နိစၥထာဝရအျမင္ျဖင့္ မည္ကဲ့သို႔ အသုံးျပဳႏိုင္မည္နည္း။
ဆင္ျခင္ရန္
- သင္၏ အခ်ိန္ဇယားကို ၾကည့္လိုက္ပါ။ သင္၏အခ်ိန္အမ်ားစုသည္ နိစၥထာဝရအတြက္ အေရးႀကီးေသာ အဓိပၸါယ္ရွိေစေသာ အရာေပၚ မည္မွ်အသုံးျပဳေနပါသနည္း။
- ဤေလာကတြင္ မည္သည့္အရာကို သင္ျပဳဖို႔ရန္ ဘုရားေပးအပ္ထားပါသနည္း။
- ဘုရားေပးအပ္တဲ့အမႈကို ၿပီးေျမာက္ႏိုင္ေစဖို႔ရန္ မည္သို႔ေသာ နည္းလမ္းမ်ားျဖင့္ သင္၏အခ်ိန္ကို ထူးျခားစြာ အသုံးျပဳပါမည္နည္း။