သင်၏ အရည်အချင်းနှင့်ကျွမ်းကျင်မှုကို အရာရောက်စေပါ။ | Make your talent and skills matter

Unicode Version


ကောရိန္သုဩဝါဒစာ ပဌမစောင် ၆:၂၀ “သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသော သူဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကိုထင်ရှား စေကြလော့။

သင့်အား ဘုရားအသုံးပြုဖို့ရန် မည်ကဲ့သို့ အလိုရှိပါသနည်း။ နိစ္စထာဝရဆိုင်ရာ အမြင်၌ သင်၏စွမ်းရည်တို့ကို မည်သို့သော နည်းလမ်းတွေဖြင့် အသုံးပြုနိုင်မည်နည်း။ ဆိုလိုသည်မှာ ဤလောကတွင် သင်၏အချိန်ကို အသုံးပြုခြင်းသည် နိစ္စထာဝရရှိ သင်၏အချိန်အတွက် ပြင်ဆင်ခြင်းဖြစ်ပါတယ်။

ကောရိန္သုဩဝါဒစာ ပဌမစောင် ၆:၂၀ “သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသော သူဖြစ်သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကိုထင်ရှား စေကြလော့။

 

ခရစ်ယာန်တစ်ချို့အပါအဝင် လူတော်တော်များများတို့သည် ကောင်းကင်ဘုံနှင့်ပတ်သက်ပြီး ကြီးမားတဲ့ နားလည်မှုလွှဲခြင်း ရှိကြပါတယ်။ သူတို့ ထင်မြင်ကြတာက - ကောင်းကင်ဘုံဝင်ရတဲ့အခါမှာ စားကောင်းလှတဲ့ ချော့ကလက်ကို စားမယ်၊ အဖြူရောင်ဝတ်စုံကို ဝတ်လျက် စောင်းတီးကြမယ်၊ တိမ်တိုက်တွေမှာ စီးမျှောကြ တယ်လို့ တွေးထင်ကြပေမဲ့ ဤအရာတွေက သမ္မာကျမ်းစာမှာ မရှိပါဘူး။

ဒါဆိုရင် ကောင်းကင်ဘုံ ဝင်ရတဲ့အခါမှာ နှစ်ပေါင်းကုဋေချီတဲ့ ကာလတွေအတွက် ဘာကို လုပ်ဆောင်ဖို့ ရှိမည်နည်း။

 

ကောင်းကင်ဘုံမှာ သင်အမှုထမ်းဖို့ရန် ဘုရားသခင်၌ အစီအစဉ်ရှိပါတယ်။ ဝမ်းမြောက်ဖွယ်သောအရာတွေကို ဘုရားအတွက် ဝန်ထမ်းဖို့ရန် သင်လုပ်ဆောင်ပါလိမ့်မည်။ ထိုအရာအတွက် ယခုကမ္ဘာလောကတွင် သင်အလေ့ အကျင့် ပြုနေခြင်းဖြစ်ပါတယ်။

 

နိစ္စထာဝရတွင် အထူးတာဝန် ထမ်းဆောင်မှုနေရာတွင် သင့်အား တာဝန်ပေးဖို့ရန် သင်မျှော်လင့်ပါလျှင် ဤလောကတွင် သင့်အတွက်သင် အသက်ရှင်ရုံလေးနေထိုင်ပြီး အချိန်ကုန်ဆုံးနေလို့ မရပါ။

 

ခုံတန်းတစ်ခုမှာ ထိုင်ပြီး အသက်တာတစ်လျှောက်လုံး ငါ့အတွက်ငါ အသက်ရှင်တယ် လို့ တွေးမြင်ကြည့်လိုက်ပါ။ ထို့နောက် ကောင်းကင်ဘုံရောက်တော့လည်း “အဖဘုရား… ကျွန်ုပ်ကို ခုံတန်းကနေ ဖယ်ပြီး အဖွဲ့ A ကိုပို့လိုက်ပါ။ အမှုတော်ထမ်းပါရစေ” လို့ သင်ပြောတဲ့အခါ ဘုရားရှင်က “မေ့လိုက်ပါ….. မြေကြီးပေါ်မှာ သင်၏အချိန်နှင့်အတူ ဘယ်အရာကို စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေခဲ့သနည်း။ သင်၌ ထမ်းရွက်ဖို့ရန် အရည်အချင်းမရှိပါ။”

 

ဘုရားသခင်သည် သင့်အား နားလည်စေလိုသည်မှာ ယခုတွင် စစ်မှန်သော အရာအတွက် အဆင်သင့်ဖြစ်ရန် ဖြစ်ပါတယ်။ သင်၏ အကျင့်စရိုက်နှင့် အရည်အချင်း နှစ်မျိုးကိုသာ ကောင်းကင်ဘုံသို့ သယ်ဆောင်နိုင်ပါလိမ့်မည်။ ပိုင်ဆိုင်မှု (သို့) ငွေတွေနှင့် လောကအရာတစ်ခုကိုမှ ယူဆောင်နိုင်ဖို့မရှိပါ။

ဒါကြောင့် သင်သယ်ဆောင်လို့မရနိုင်တဲ့ အရာတွေဖြင့် ဤလောကတွင် အချိန်မဖြုန်းလိုက်ပါနဲ့။ သခင်ယေရှု နည်းတူ သင်၏လက္ခဏာကို တည်ဆောက်ခြင်းနှင့် ဝန်ဆောင်မှုစွမ်းရည်တို့ တိုးတက်ဖို့ရန် အချိန်တွေကို အသုံးပြုလိုက်ပါ။

 

ဘုရားသခင်အတွက် သင်၏စွမ်းရည်တွေကို သင်မည်သို့ အသုံးပြုနေပါသနည်း။ သင်၏စွမ်းရည်တွေကို သင့်အတွက်သာ သင်အသုံးပြုနေပါသလား။ ကောင်းကင်ဘုံတွင် ထာဝရအတွက် သာမက ဤလောကတွင်လည်း ဘုရားသခင်အတွက် ကောင်းစွာဝန်ထမ်းဖို့ရန် သင့်အား ဘုရားအလိုတော်ရှိပါတယ်။

 

ဆင်ခြင်ရန်

- ဘုရားသခင်၏ အမှုတော်ထမ်းရွက်ဖို့ရန် မည်သို့သော နည်းလမ်းတို့ဖြင့် သင်၏စွမ်းရည်နှင့် အရည်အချင်းတို့ကို အသုံးပြုပါသနည်း။ မည်သို့သော နည်းလမ်းတွေဖြင့် သင်၏စွမ်းရည်နှင့်အရည်အချင်းကို သင့်အတွက်သာ သင်အသုံးပြုပါသနည်း။

- တခြားသော သူတို့ကို ကူညီထမ်းရွက်မှုပြုဖို့ရန် သင်၏စွမ်းရည်တို့ကို အသုံးပြုခြင်း၌ ဝမ်းမြောက်ခြင်းကို သင်တွေ့မြင်ပါသလား။ မတွေ့မြင်ပါလျှင် ထမ်းရွက်ခြင်းအရာအတွက် သင်၏စိတ်ခံစားမှု ၊ စိတ်လှုံ့ဆော်မှုနှင့် ပတ်သက်ပြီး မည်သို့ပြောနိုင်မည်နည်း။

- အမှုထမ်းရွက်ခြင်းစွမ်းရည်ကို ဖွံ့ဖြိုးတိုးတက်စေရန် ဆိုသည်မှာ မည်သို့သောအဓိပ္ပါယ်ဖြစ်မည်နည်း။

-----------------------------------------------------------------------------

Zawgyi Version


ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၆:၂၀ “သင္တို႔သည္ အဘိုးႏွင့္ ဝယ္ေတာ္မူေသာ သူျဖစ္ေသာေၾကာင့္၊ ဘုရားသခင္ပိုင္ေတာ္မူေသာ သင္တို႔၏ ကိုယ္ခႏၶာႏွင့္ စိတ္ဝိညာဥ္အားျဖင့္ ဘုရားသခင္၏ ဂုဏ္ေတာ္ကိုထင္ရွား ေစၾကေလာ့။”

သင့္အား ဘုရားအသုံးျပဳဖို႔ရန္ မည္ကဲ့သို႔ အလိုရွိပါသနည္း။ နိစၥထာဝရဆိုင္ရာ အျမင္၌ သင္၏စြမ္းရည္တို႔ကို မည္သို႔ေသာ နည္းလမ္းေတြျဖင့္ အသုံးျပဳႏိုင္မည္နည္း။ ဆိုလိုသည္မွာ ဤေလာကတြင္ သင္၏အခ်ိန္ကို အသုံးျပဳျခင္းသည္ နိစၥထာဝရရွိ သင္၏အခ်ိန္အတြက္ ျပင္ဆင္ျခင္းျဖစ္ပါတယ္။


ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၆:၂၀ “သင္တို႔သည္ အဘိုးႏွင့္ ဝယ္ေတာ္မူေသာ သူျဖစ္ေသာေၾကာင့္၊ ဘုရားသခင္ပိုင္ေတာ္မူေသာ သင္တို႔၏ ကိုယ္ခႏၶာႏွင့္ စိတ္ဝိညာဥ္အားျဖင့္ ဘုရားသခင္၏ ဂုဏ္ေတာ္ကိုထင္ရွား ေစၾကေလာ့။”


ခရစ္ယာန္တစ္ခ်ိဳ႕အပါအဝင္ လူေတာ္ေတာ္မ်ားမ်ားတို႔သည္ ေကာင္းကင္ဘုံႏွင့္ပတ္သက္ၿပီး ႀကီးမားတဲ့ နားလည္မႈလႊဲျခင္း ရွိၾကပါတယ္။ သူတို႔ ထင္ျမင္ၾကတာက - ေကာင္းကင္ဘုံဝင္ရတဲ့အခါမွာ စားေကာင္းလွတဲ့ ေခ်ာ့ကလက္ကို စားမယ္၊ အျဖဴေရာင္ဝတ္စုံကို ဝတ္လ်က္ ေစာင္းတီးၾကမယ္၊ တိမ္တိုက္ေတြမွာ စီးေမွ်ာၾက တယ္လို႔ ေတြးထင္ၾကေပမဲ့ ဤအရာေတြက သမၼာက်မ္းစာမွာ မရွိပါဘူး။

ဒါဆိုရင္ ေကာင္းကင္ဘုံ ဝင္ရတဲ့အခါမွာ ႏွစ္ေပါင္းကုေဋခ်ီတဲ့ ကာလေတြအတြက္ ဘာကို လုပ္ေဆာင္ဖို႔ ရွိမည္နည္း။


ေကာင္းကင္ဘုံမွာ သင္အမႈထမ္းဖို႔ရန္ ဘုရားသခင္၌ အစီအစဥ္ရွိပါတယ္။ ဝမ္းေျမာက္ဖြယ္ေသာအရာေတြကို ဘုရားအတြက္ ဝန္ထမ္းဖို႔ရန္ သင္လုပ္ေဆာင္ပါလိမ့္မည္။ ထိုအရာအတြက္ ယခုကမာၻေလာကတြင္ သင္အေလ့ အက်င့္ ျပဳေနျခင္းျဖစ္ပါတယ္။


နိစၥထာဝရတြင္ အထူးတာဝန္ ထမ္းေဆာင္မႈေနရာတြင္ သင့္အား တာဝန္ေပးဖို႔ရန္ သင္ေမွ်ာ္လင့္ပါလွ်င္ ဤေလာကတြင္ သင့္အတြက္သင္ အသက္ရွင္႐ုံေလးေနထိုင္ၿပီး အခ်ိန္ကုန္ဆုံးေနလို႔ မရပါ။


ခုံတန္းတစ္ခုမွာ ထိုင္ၿပီး အသက္တာတစ္ေလွ်ာက္လုံး ငါ့အတြက္ငါ အသက္ရွင္တယ္ လို႔ ေတြးျမင္ၾကည့္လိုက္ပါ။ ထို႔ေနာက္ ေကာင္းကင္ဘုံေရာက္ေတာ့လည္း “အဖဘုရား… ကြၽႏ္ုပ္ကို ခုံတန္းကေန ဖယ္ၿပီး အဖြဲ႕ A ကိုပို႔လိုက္ပါ။ အမႈေတာ္ထမ္းပါရေစ” လို႔ သင္ေျပာတဲ့အခါ ဘုရားရွင္က “ေမ့လိုက္ပါ….. ေျမႀကီးေပၚမွာ သင္၏အခ်ိန္ႏွင့္အတူ ဘယ္အရာကို စြမ္းရည္ဖြံ႕ၿဖိဳးတိုးတက္ေစခဲ့သနည္း။ သင္၌ ထမ္း႐ြက္ဖို႔ရန္ အရည္အခ်င္းမရွိပါ။”


ဘုရားသခင္သည္ သင့္အား နားလည္ေစလိုသည္မွာ ယခုတြင္ စစ္မွန္ေသာ အရာအတြက္ အဆင္သင့္ျဖစ္ရန္ ျဖစ္ပါတယ္။ သင္၏ အက်င့္စ႐ိုက္ႏွင့္ အရည္အခ်င္း ႏွစ္မ်ိဳးကိုသာ ေကာင္းကင္ဘုံသို႔ သယ္ေဆာင္ႏိုင္ပါလိမ့္မည္။ ပိုင္ဆိုင္မႈ (သို႔) ေငြေတြႏွင့္ ေလာကအရာတစ္ခုကိုမွ ယူေဆာင္ႏိုင္ဖို႔မရွိပါ။

ဒါေၾကာင့္ သင္သယ္ေဆာင္လို႔မရႏိုင္တဲ့ အရာေတြျဖင့္ ဤေလာကတြင္ အခ်ိန္မျဖဳန္းလိုက္ပါနဲ႔။ သခင္ေယရႈ နည္းတူ သင္၏လကၡဏာကို တည္ေဆာက္ျခင္းႏွင့္ ဝန္ေဆာင္မႈစြမ္းရည္တို႔ တိုးတက္ဖို႔ရန္ အခ်ိန္ေတြကို အသုံးျပဳလိုက္ပါ။


ဘုရားသခင္အတြက္ သင္၏စြမ္းရည္ေတြကို သင္မည္သို႔ အသုံးျပဳေနပါသနည္း။ သင္၏စြမ္းရည္ေတြကို သင့္အတြက္သာ သင္အသုံးျပဳေနပါသလား။ ေကာင္းကင္ဘုံတြင္ ထာဝရအတြက္ သာမက ဤေလာကတြင္လည္း ဘုရားသခင္အတြက္ ေကာင္းစြာဝန္ထမ္းဖို႔ရန္ သင့္အား ဘုရားအလိုေတာ္ရွိပါတယ္။


ဆင္ျခင္ရန္

- ဘုရားသခင္၏ အမႈေတာ္ထမ္း႐ြက္ဖို႔ရန္ မည္သို႔ေသာ နည္းလမ္းတို႔ျဖင့္ သင္၏စြမ္းရည္ႏွင့္ အရည္အခ်င္းတို႔ကို အသုံးျပဳပါသနည္း။ မည္သို႔ေသာ နည္းလမ္းေတြျဖင့္ သင္၏စြမ္းရည္ႏွင့္အရည္အခ်င္းကို သင့္အတြက္သာ သင္အသုံးျပဳပါသနည္း။

- တျခားေသာ သူတို႔ကို ကူညီထမ္း႐ြက္မႈျပဳဖို႔ရန္ သင္၏စြမ္းရည္တို႔ကို အသုံးျပဳျခင္း၌ ဝမ္းေျမာက္ျခင္းကို သင္ေတြ႕ျမင္ပါသလား။ မေတြ႕ျမင္ပါလွ်င္ ထမ္း႐ြက္ျခင္းအရာအတြက္ သင္၏စိတ္ခံစားမႈ ၊ စိတ္လႈံ႕ေဆာ္မႈႏွင့္ ပတ္သက္ၿပီး မည္သို႔ေျပာႏိုင္မည္နည္း။

- အမႈထမ္း႐ြက္ျခင္းစြမ္းရည္ကို ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ဆိုသည္မွာ မည္သို႔ေသာအဓိပၸါယ္ျဖစ္မည္နည္း။