Let Trials Make You More Like Jesus

 Unicode Version


ရှင်ယာကုပ်ဩဝါဒစာ ၁:၃-၄ “ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။ 
သင်တို့သည် အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြု ပြင်ပါစေ။”

 

သခင်ယေရှုပြန်လာနေပြီ။ ထိုသို့ပြန်လာတဲ့အချိန်တွင် အရာရာကို တည့်မတ်စွာပြန်လည်လုပ်ဆောင်ပါလိမ့်မည်။ သင်က သခင်ယေရှု နောက်လိုက်တစ်ဉီးအဖြစ် ရှိနေပါလျှင် သူနှင့်အတူ နိစ္စထာဝရတွင် ရှိပါလိမ့်မည်။ ဇာတ်ကြောင်း၏ အဆုံးသတ်တို့ကို ကျွန်ုပ်တို့ သိရှိကြပါတယ်။

 

ဇာတ်ကြောင်းဘယ်လိုအဆုံးသတ်သလဲဆိုတာကို သိရှိခြင်းက အရာအားလုံးကို ပြောင်းလဲသင့်ပါတယ်။ သင်၏ အသက်တာကို အကြီးမားဆုံး အကျိုးသက်ရောက်စေနိုင်သော နည်းလမ်းတစ်ခုမှာ ဝိညာဉ်ရေးရာ အားကောင်း လာစေရန် အခက်အခဲများကို အသုံးပြုဖို့ရန် လှုံ့ဆော်သင့်ပါတယ်။

 

၎င်းသည် သခင်ယေရှု ဒုတိယကြွလာခြင်းအတွက် ဤလောကတွင် သင်စောင့်ဆိုင်းစဉ် လုပ်ဆောင် သင့်သော အရာဖြစ်ကြောင်းကို ရှင်ယာကုပ်ပြောဆိုထားပါတယ်။ ရှင်ယာကုပ်ဩဝါဒစာ ၁:၃-၄ “ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။ သင်တို့သည် အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြုပြင်ပါစေ။

 

အသက်တာတွင် စိတ်ဖိစီးမှုများ ၊ ပြသနာများ ၊ အခက်အခဲများ နှင့် ဒုက္ခများစွာကို ရင်ဆိုင်ရမည်မှာ သေချာ ပါတယ်။ သင်သေဆုံးချိန် (သို့) သခင်ယေရှု ပြန်လာချိန် နှင့် ယခုကြားကာလတွင် သခင်ခရစ်တော်၏ လက္ခဏာနည်းတူ ပိုပြီးဖြစ်လာဖို့ရန် နှင့် ခံနိုင်ရန်ရှိဖို့ရန် ထိုအခက်အခဲများကို သင်အသုံးပြုသင့်ပါတယ်။

 

သခင်ယေရှုနည်းတူ ဖြစ်လာဖို့ဆိုတာ ဖြစ်နိုင်ပါသလား။ ဘုရားသခင်သည် ကျွန်ုပ်တို့အတွင်း၌ လုပ်ဆောင်မှု ပြုနိုင်ပါတယ်လို့ သမ္မာကျမ်းစာတွင် ဆိုပါတယ်။ သက်သာလောနိတ်ဩဝါဒစာ ပဌမစောင် ၅:၂၃ “ငြိမ်သက်ခြင်း ၏အရှင်ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူ ပါစေသော။ ငါတို့ သခင် ယေရှု ခရစ်ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ် စေခြင်းငှါ စောင့်မတော်မူပါစေသော။ 

 

ဤကျမ်းပိုဒ်က ဆိုထားသလိုမျိုး သင် တစ်စိတ်တစ်ပိုင်းလား (သို့) တစ်ခုလုံး ဖြစ်နိုင်ပါသလား။ အားလုံးကို စုစည်းပါသလား (သို့) ပြိုလဲသွားစေပါသလား။ ယခုနေ့ရက်တွေမှာ ကျွန်ုပ်တို့အားလုံး အနည်းငယ် ပြိုလဲနေ ကြပြီလို့ ခံစားရသလိုဖြစ်နေပါတယ်။ အဆင်လည်း ပြေပါတယ်။ ထိုအရာအားလုံးတို့ကို တစ်စုတစ်စည်းတည်း ဖြစ်ကြဖို့ ယူဆကြပါတယ်။ ဤလောကတွင် ရှိစဉ်ကာလမှာတော့ သင်မပြည့်စုံနိုင်ပါဘူး။ ထိုအရာကို သင်ပြောင်း လဲလို့မရပါ။

 

သင်လုပ်ဆောင်နိုင်သည့်အရာမှာ သခင်ယေရှု ပြန်လာခြင်းအတွက် ဝိညာဉ်ရေးရာပြင်ဆင်ခြင်းတွေကို လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

ခန္ဓာကျန်းမာအောင် နေထိုင်ဖို့ရန် အရေးကြီးပါတယ်။ ပြီးတော့ သင်၏စိတ်အခြေအနေကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ သို့ပေမဲ့ သင်၏ ဝိညာဉ်ရေးရာ ကြံ့ခိုင်မှုကိုလည်း သင်လစ်လျှူရှုလို့မရပါဘူး။ ဝိညာဉ်ရေးရာ ကြံ့ခိုင်ခြင်း ဖြစ်လာတဲ့အခါတွင်လည်း သင်သည် အကျန်းမာဆုံး ၊ အလျင်မြန်ဆုံး ၊ အသန်မာဆုံးသော သူလည်း ဖြစ်ဖို့ မလိုပါ။ ၎င်းကို ဆက်လက်လုပ်ဆောင်နေဖို့သာ လိုအပ်ပြီး သင်ရင်ဆိုင်နေရတဲ့ အခက်အခဲပြသနာတွေသည် ယုံကြည်ခြင်း၌ ကြီးထွားဖို့ရန် အခွင့်အရေး ဖြစ်ကြောင်းကို အသိအမှတ်ပြုဖို့ရန်သာ ဖြစ်ပါတယ်။

 

သင်အလုပ်လက်မဲ့ ဖြစ်နေသော်လည်းကောင်း ၊ မကျန်းမာသော်လည်းကောင်း ၊ မနာလိုမုန်းတီးမှုတွေ ၏ဖိနှိပ်မှုတွေကနေ ခံစားရခြင်းတွေ ရှိနေပါလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ကတိတော်တွေဆီ သင့်ကိုယ်သင် ပြန်လှည့်လိုက်ပါ။ သင့်ကိုယ်သင် တစ်စစီ ပြိုလဲနေတယ်လို့ ခံစားရတဲ့အခါမှာ ဘုရားသခင်သည် သင့်အား သူနှင့်ပိုပြီး တူလာစေဖို့ရန် လုပ်ဆောင်မှုပြုစဲဖြစ်ကြောင်းနှင့် သင့်အသက်တာရှိ အခက်ခဲဆုံး အခြေအနေကိုလည်း အသုံးပြုနိုင်ကြောင်းကို သတိရပါ။

 

ဆင်ခြင်ရန်

- မည်သို့သော သင်၏အခက်အခဲ ပြသနာတို့အတွက် ဘုရားသခင်ထံ မေးခွန်းထုတ်ပါသနည်း။ ထိုအခက်အခဲ တွေက သင့်အား သခင်ခရစ်တော်နည်းတူ ပိုမိုဖြစ်လာဖို့ရန် မည်သို့ အကူအညီပေးပါသနည်း။

- သင်၏ ဝိညာဉ်ရေးရာ တိုးတက်မှုနှင့် ပတ်သက်၍ ဆုံးမပဲ့ပြင်ရန် ဘာကြောင့်အရေးကြီးပါသနည်း။

- စိတ်ဖိစီးမှု နှင့် အခက်အခဲများကြုံတွေ့ရချိန်တွင် ဘုရားသခင်၏ ကတိတော်များက သင့်အား မည်သို့ ကူညီပေးပါသနည်း။


--------------------------------------------------------------------------

Zawgyi Version


ရွင္ယာကုပ္ဩဝါဒစာ ၁:၃-၄ “ဝမ္းေျမာက္စရာ အေၾကာင္းသက္သက္ျဖစ္သည္ဟု မွတ္ၾကေလာ့။ သင္တို႔သည္ အလွ်င္းမခ်ိဳ႕တဲ့ဘဲ ေစ့စပ္စုံလင္မည္အေၾကာင္း၊ သည္းခံျခင္းစိတ္သည္ အကုန္အစင္ျပဳ ျပင္ပါေစ။”


သခင္ေယရႈျပန္လာေနၿပီ။ ထိုသို႔ျပန္လာတဲ့အခ်ိန္တြင္ အရာရာကို တည့္မတ္စြာျပန္လည္လုပ္ေဆာင္ပါလိမ့္မည္။ သင္က သခင္ေယရႈ ေနာက္လိုက္တစ္ဉီးအျဖစ္ ရွိေနပါလွ်င္ သူႏွင့္အတူ နိစၥထာဝရတြင္ ရွိပါလိမ့္မည္။ ဇာတ္ေၾကာင္း၏ အဆုံးသတ္တို႔ကို ကြၽႏ္ုပ္တို႔ သိရွိၾကပါတယ္။


ဇာတ္ေၾကာင္းဘယ္လိုအဆုံးသတ္သလဲဆိုတာကို သိရွိျခင္းက အရာအားလုံးကို ေျပာင္းလဲသင့္ပါတယ္။ သင္၏ အသက္တာကို အႀကီးမားဆုံး အက်ိဳးသက္ေရာက္ေစႏိုင္ေသာ နည္းလမ္းတစ္ခုမွာ ဝိညာဥ္ေရးရာ အားေကာင္း လာေစရန္ အခက္အခဲမ်ားကို အသုံးျပဳဖို႔ရန္ လႈံ႕ေဆာ္သင့္ပါတယ္။


၎သည္ သခင္ေယရႈ ဒုတိယႂကြလာျခင္းအတြက္ ဤေလာကတြင္ သင္ေစာင့္ဆိုင္းစဥ္ လုပ္ေဆာင္ သင့္ေသာ အရာျဖစ္ေၾကာင္းကို ရွင္ယာကုပ္ေျပာဆိုထားပါတယ္။ ရွင္ယာကုပ္ဩဝါဒစာ ၁:၃-၄ “ဝမ္းေျမာက္စရာ အေၾကာင္းသက္သက္ျဖစ္သည္ဟု မွတ္ၾကေလာ့။ သင္တို႔သည္ အလွ်င္းမခ်ိဳ႕တဲ့ဘဲ ေစ့စပ္စုံလင္မည္အေၾကာင္း၊ သည္းခံျခင္းစိတ္သည္ အကုန္အစင္ျပဳျပင္ပါေစ။”


အသက္တာတြင္ စိတ္ဖိစီးမႈမ်ား ၊ ျပသနာမ်ား ၊ အခက္အခဲမ်ား ႏွင့္ ဒုကၡမ်ားစြာကို ရင္ဆိုင္ရမည္မွာ ေသခ်ာ ပါတယ္။ သင္ေသဆုံးခ်ိန္ (သို႔) သခင္ေယရႈ ျပန္လာခ်ိန္ ႏွင့္ ယခုၾကားကာလတြင္ သခင္ခရစ္ေတာ္၏ လကၡဏာနည္းတူ ပိုၿပီးျဖစ္လာဖို႔ရန္ ႏွင့္ ခံႏိုင္ရန္ရွိဖို႔ရန္ ထိုအခက္အခဲမ်ားကို သင္အသုံးျပဳသင့္ပါတယ္။


သခင္ေယရႈနည္းတူ ျဖစ္လာဖို႔ဆိုတာ ျဖစ္ႏိုင္ပါသလား။ ဘုရားသခင္သည္ ကြၽႏ္ုပ္တို႔အတြင္း၌ လုပ္ေဆာင္မႈ ျပဳႏိုင္ပါတယ္လို႔ သမၼာက်မ္းစာတြင္ ဆိုပါတယ္။ သက္သာေလာနိတ္ဩဝါဒစာ ပဌမေစာင္ ၅:၂၃ “ၿငိမ္သက္ျခင္း ၏အရွင္ဘုရားသခင္ ကိုယ္ေတာ္တိုင္လည္း၊ သင္တို႔ကို အကုန္အစင္ သန္႔ရွင္းေစေတာ္မူ ပါေစေသာ။ ငါတို႔ သခင္ ေယရႈ ခရစ္ႂကြလာေတာ္မူေသာအခါ၊ သင္တို႔၏ ကိုယ္ခႏၶာ၊ စိတ္၊ ဝိညာဥ္အေပါင္းကို အျပစ္တင္ခြင့္ႏွင့္ ကင္းလြတ္ ေစျခင္းငွါ ေစာင့္မေတာ္မူပါေစေသာ။ ”


ဤက်မ္းပိုဒ္က ဆိုထားသလိုမ်ိဳး သင္ တစ္စိတ္တစ္ပိုင္းလား (သို႔) တစ္ခုလုံး ျဖစ္ႏိုင္ပါသလား။ အားလုံးကို စုစည္းပါသလား (သို႔) ၿပိဳလဲသြားေစပါသလား။ ယခုေန႔ရက္ေတြမွာ ကြၽႏ္ုပ္တို႔အားလုံး အနည္းငယ္ ၿပိဳလဲေန ၾကၿပီလို႔ ခံစားရသလိုျဖစ္ေနပါတယ္။ အဆင္လည္း ေျပပါတယ္။ ထိုအရာအားလုံးတို႔ကို တစ္စုတစ္စည္းတည္း ျဖစ္ၾကဖို႔ ယူဆၾကပါတယ္။ ဤေလာကတြင္ ရွိစဥ္ကာလမွာေတာ့ သင္မျပည့္စုံႏိုင္ပါဘူး။ ထိုအရာကို သင္ေျပာင္း လဲလို႔မရပါ။


သင္လုပ္ေဆာင္ႏိုင္သည့္အရာမွာ သခင္ေယရႈ ျပန္လာျခင္းအတြက္ ဝိညာဥ္ေရးရာျပင္ဆင္ျခင္းေတြကို လုပ္ေဆာင္ျခင္း ျဖစ္ပါတယ္။

ခႏၶာက်န္းမာေအာင္ ေနထိုင္ဖို႔ရန္ အေရးႀကီးပါတယ္။ ၿပီးေတာ့ သင္၏စိတ္အေျခအေနကိုလည္း ဂ႐ုစိုက္ဖို႔ လိုပါတယ္။ သို႔ေပမဲ့ သင္၏ ဝိညာဥ္ေရးရာ ႀကံ့ခိုင္မႈကိုလည္း သင္လစ္လွ်ဴရႈလို႔မရပါဘူး။ ဝိညာဥ္ေရးရာ ႀကံ့ခိုင္ျခင္း ျဖစ္လာတဲ့အခါတြင္လည္း သင္သည္ အက်န္းမာဆုံး ၊ အလ်င္ျမန္ဆုံး ၊ အသန္မာဆုံးေသာ သူလည္း ျဖစ္ဖို႔ မလိုပါ။ ၎ကို ဆက္လက္လုပ္ေဆာင္ေနဖို႔သာ လိုအပ္ၿပီး သင္ရင္ဆိုင္ေနရတဲ့ အခက္အခဲျပသနာေတြသည္ ယုံၾကည္ျခင္း၌ ႀကီးထြားဖို႔ရန္ အခြင့္အေရး ျဖစ္ေၾကာင္းကို အသိအမွတ္ျပဳဖို႔ရန္သာ ျဖစ္ပါတယ္။


သင္အလုပ္လက္မဲ့ ျဖစ္ေနေသာ္လည္းေကာင္း ၊ မက်န္းမာေသာ္လည္းေကာင္း ၊ မနာလိုမုန္းတီးမႈေတြ ၏ဖိႏွိပ္မႈေတြကေန ခံစားရျခင္းေတြ ရွိေနပါလွ်င္ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ႏွင့္ ကတိေတာ္ေတြဆီ သင့္ကိုယ္သင္ ျပန္လွည့္လိုက္ပါ။ သင့္ကိုယ္သင္ တစ္စစီ ၿပိဳလဲေနတယ္လို႔ ခံစားရတဲ့အခါမွာ ဘုရားသခင္သည္ သင့္အား သူႏွင့္ပိုၿပီး တူလာေစဖို႔ရန္ လုပ္ေဆာင္မႈျပဳစဲျဖစ္ေၾကာင္းႏွင့္ သင့္အသက္တာရွိ အခက္ခဲဆုံး အေျခအေနကိုလည္း အသုံးျပဳႏိုင္ေၾကာင္းကို သတိရပါ။


ဆင္ျခင္ရန္

- မည္သို႔ေသာ သင္၏အခက္အခဲ ျပသနာတို႔အတြက္ ဘုရားသခင္ထံ ေမးခြန္းထုတ္ပါသနည္း။ ထိုအခက္အခဲ ေတြက သင့္အား သခင္ခရစ္ေတာ္နည္းတူ ပိုမိုျဖစ္လာဖို႔ရန္ မည္သို႔ အကူအညီေပးပါသနည္း။

- သင္၏ ဝိညာဥ္ေရးရာ တိုးတက္မႈႏွင့္ ပတ္သက္၍ ဆုံးမပဲ့ျပင္ရန္ ဘာေၾကာင့္အေရးႀကီးပါသနည္း။

- စိတ္ဖိစီးမႈ ႏွင့္ အခက္အခဲမ်ားႀကဳံေတြ႕ရခ်ိန္တြင္ ဘုရားသခင္၏ ကတိေတာ္မ်ားက သင့္အား မည္သို႔ ကူညီေပးပါသနည္း။