မသေချာ မရောရာသော အချိန်ကာလတွင် “နိစ္စထာဝရအတွက် အာမခံချက်” သင်လိုအပ်ပါသည်။ | In Uncertain Times, You Need Eternal Security
Unicode Version
မသေချာ
မရောရာသော အချိန်ကာလတွင် “နိစ္စထာဝရအတွက် အာမခံချက်” သင်လိုအပ်ပါသည်။
သုတ္တံ ၁၁:၄ “အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။ ”
နောက်ဆုံးတွင်
သင်၏ငွေကြေးက ဘာကောင်းကျိုးဖြစ်သနည်း။
သုတ္တံ ၁၁:၇ “ဆိုးသောသူသည် သေသောအခါ မြော်လင့်ခြင်း ပျက်တတ်၏။ မတရားသောသူ၏
တောင့်တ ခြင်းလည်း ပျက်တတ်၏။ ”
သုတ္တံ ၁၁:၄ “အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊
သေခြင်းမှကယ်တင်တတ်၏။”
သင်၏ အသက်တာကို ကျော်လွှားနိုင်မည့် တစ်ခုတည်းသော အာမခံချက်သည်
သခင်ယေရှုနှင့်အတူ သိကျွမ်းခြင်းရှိဖို့ ဖြစ်ပါတယ်။
ယခုတွင်
အာမခံချက်မရှိ ၊ မလုံခြုံသော ငွေကြေး အရေးကိစ္စ အခြေအနေကို သင်ရင်ဆိုင်နေရပါလျှင် “ဘုရားသခင် သင့်ကို
ဂရုပြုလိမ့်မည် ၊ စောင့်ရှောက်လိမ့်မည်” ဆိုတဲ့ အရာပေါ် သင်၏ယုံကြည်ခြင်းကို ရပ်တန့်ဖို့ရန်
သွေးဆောင်ခံရပါလိမ့်မည်။
သိုပေမဲ့
ဘုရားသခင်၏ သတ်မှတ်ပြဠာန်းချိန်ရောက်လာတဲ့အခါမှာ သမ္မာကျမ်းစာက အလွန်ရှင်းလင်းစွာ ဖြစ်စေ
ပါတယ်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ … ဘုရားသခင် ပေးလိမ့်မည်။ သို့ပေမဲ့ တစ်ခါတစ်ရံတွင်
ကျွန်ုပ်တို့ မမျှော်လင့်သော (သို့) နားမလည်သော နည်းလမ်းဖြင့် ပေးပါသည်။ သင်၏ အရင်းအမြစ်တို့ကို
စုဆည်းဖို့ရန် သွေးဆောင်ခံရတဲ့အခါ နှင့် လုံလောက်မှု မရှိတော့တဲ့ အခြေအနေမျိုး ခံစားရချိန်တွင်
သမ္မာကျမ်းစာက ဘာကို လုပ်ဆောင်ရမည်ကို သင့်အား သိစေပါတယ်။
သင်၏ ပိုင်ဆိုင်မှုပေါ် မဟုတ်ဘဲ ဘုရားသခင်ကို သင်ယုံကြည်ဖို့
လိုပါတယ်။ ဘုရားသခင်ကို ရုပ်ဝါဒတစ်ခုအဖြစ် မဟုတ်စေဘဲ သင်၏အသက်တာ အလယ်ဗဟိုတွင်ထားရှိဖို့
လိုအပ်ပါတယ်။ ပြီးတော့
မှန်ကန်သော အကြောင်းရင်းအတွက် သင်စုဆောင်းမှု ပြုသင့်ပါတယ်။
သခင်ယေရှုထံ သင်၏အသက်တာကို ဖွင့်ဟခြင်း မရှိပါလျှင် သင်၏ငွေကြေးအတွက် သူ့အား ယုံကြည်ဖို့ရန်
ဘယ်တော့မှ တတ်နိုင်မည် မဟုတ်သလို ၊ သူ့အား ချီးမွမ်းဖို့ရန် သင်၏ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို
လုပ်ဆောင်ဖို့ရန် ဘယ်တော့မှ တတ်နိုင်မည် မဟုတ်ပါ။
ယခု
မရေရာသော အချိန်ကာလကို ကိုင်တွယ်ဖို့ရန် လိုအပ်သော ဘုရားသခင်နှင့် သိကျွမ်းခြင်းဆိုင်ရာ အာမခံချက် သင်၌မရှိပါ။ သို့ပေမဲ့ သင်သည် သင့်၏အသက်တာနှင့်အတူ ဘုရားသခင်အား သိရှိခြင်း ၊ယုံကြည်ခြင်းမှ
ဝေးကွာ နေသော ဆုတောင်းသူ တစ်ဉီးဖြစ်ပါတယ်။
မနက်ဖြန်တွေ
ဘာတွေ ဖြစ်ပျက်မည်ကို သင်သိဖို့ မလိုအပ်ပါ။ အနာဂတ်က ဘာတွေကို ကိုင်တွယ်မလဲ ဆိုတာကို
သင်သိဖို့ မလိုပါ။ အနာဂတ်ကို မည်သူကိုင်တွယ်သလဲဆိုတာကိုသာ
သင်သိဖို့လိုပါတယ်။ သင်၏ ဖန်ဆင်းရှင်နှင့် သင်သိကျွမ်းတဲ့အခါမှာ သင်လိုအပ်နေသော အာမခံချက်ကို
ရရှိပါလိမ့်မည်။
ခရစ်ယာန်တစ်ဉီး
ဖြစ်လာဖို့ရန် ဤဆုတောင်းချက်ကို သင်၏ စိတ်နှလုံးဖြင့် ရိုးရှင်းစွာ
ဆုတောင်းလိုက်ပါ။ “ အဖဘုရားသခင် .. ကျွန်ုပ်ဆီကနေ ယူဆောင်သွားလို့ မရနိုင်တဲ့ တစ်စုံတစ်ခုသော အာမခံချက်ကို ကျွန်ုပ် လိုချင်ပါသည်။ အဖဘုရား ကျွန်ုပ်အား ဘယ်တော့မှ မစွန်ပစ်ဘူးဆိုတဲ့ ကတိတော်ကို ယုံကြည်သည်အတိုင်း
အဖဘုရားနှင့်အတူ ကျွန်ုပ်၏ သိကျွမ်းမှုကို အာမခံချက် ၊ လုံခြုံမှုကို လိုချင်ပါ၏။ ထိုကတိတော်ကို
ယနေ့ပင် ကျွန်ုပ်တောင်းဆိုချင်ပါသည်။ ကျွန်ုပ်၏ စိတ်နှလုံးအား သခင်ယေရှုအား ဖွင့်ဟပါ၏။
ကျွန်ုပ်၏ ဉီးစားပေးမှု ၊ ကျွန်ုပ်၏ တန်ဖိုးရှိမှုများ ၊ ကျွန်ုပ်၏ ရည်ရွယ်ချက်များ
နှင့် ကျွန်ုပ်၏ လမ်းညွှန်ရာတို့ကို ပြောင်းလဲပေးဖို့ရန် ဖိတ်ခေါ်ပါသည်။ ကျွန်ုပ်အား
အလိုတော်ရှိသော သူတစ်ဉီးအဖြစ် လုပ်ဆောင်တော်မူပါ။ သခင်ယေရှု၏ နာမတော်အားဖြင့် ကျိုးနွံစွာ
တောင်းလျှောက်ပါ၏။ …. အာမင်။”
သခင်ယေရှုကို
လက်ခံဖို့ရန် သင်ဆုတောင်းခဲ့ပါလျှင် ထိုအကြောင်းနှင့် ပတ်သက်ပြီး ကျွန်ုပ်ထံ စာပို့ပေးပါ
Rick@PastorRick.com ။ သခင်ယေရှုနှင့်အတူ သင်၏ အသက်တာခရီးကို
စတင်ဖို့ရန် အကူအညီဖြစ်စေမည့် အခမဲ့ ပစ္စည်းတစ်ချို့ကို ကျွန်ုပ် ပို့ပေးချင်ပါသည်။
ဆင်ခြင်ရန်
- သခင်ယေရှု နှင့် သိကျွမ်းခြင်းက ဘာကြောင့် သင့်ကို ယုံကြည်စိတ်ချမှု
ဖြစ်စေပြီး သင်၏ ငွေကြေးကို ပိုပြီး ဂရုပြုမှုတွေ ဖြစ်စေပါသနည်း။
-
သင်၏ ပိုင်ဆိုင်မှုပေါ် ယုံကြည်ဖို့ရန် ဆိုသည်မှာ အဘယ်နည်း။ သင်၏ ပိုင်ဆိုင်မှုပေါ်
ယုံကြည်ခြင်း (သို့) ဘုရားသခင်အား ယုံကြည်ခြင်း အားဖြင့် သင်၏အသက်တာကို မှတ်သားမှု
ပြုခဲ့ပါသလား။
-
ကပ်ရောဂါ ဖြစ်ပွားမှု ကာလတွင် မည်သို့သော အရင်းအမြစ်တွေကို သိုလှောင်ဖို့ရန် သွေးဆောင်ခံရပါသနည်း။
ထိုလိုအင်တွေကို လက်လွှတ်ဖို့ရန် ဘုရားသခင်ထံ အကူအညီတောင်းပါ။ သင်၏ စိတ်နှလုံးကို ဖွင့်ဟပြီး
သူတစ်ပါးတို့အား ရက်ရောပေးကမ်းမှုဖြစ်ခြင်း ဖြင့် အသက်တာကို ဝေမျှလိုက်ပါ။
-----------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်