ပြသနာတွေကို ရင်ဆိုင်ဖြတ်သန်းနိုင်ဖို့ရန် ကျေးဇူးတော်ကို မည်ကဲ့သို့ လက်ခံမည်နည်း။ | How to Receive the Grace to Keep Going Through Troubles
Unicode Version
ပြသနာတွေကို ရင်ဆိုင်ဖြတ်သန်းနိုင်ဖို့ရန် ကျေးဇူးတော်ကို မည်ကဲ့သို့ လက်ခံမည်နည်း။
ပြသနာတစ်ခုကို
ဖြေရှင်းခြင်း မပြုနိုင်တဲ့အခါ ၊ စကားဝှက်တစ်ခုကို မဖြေရှင်း မပြုနိုင်တဲ့အခါ ၊ အခြေအနေတစ်ခုသို့
ပြောင်းလဲဖို့ရန် မပြုနိုင်တဲ့အခါ (သို့) နာကျင်မှုကို ထိန်းချုပ်ခြင်း မပြုနိုင်တဲ့အခါ
တွေမှာ သင်ဘာကို လုပ်ဆောင်မည်နည်း။ ဘုရားသခင်၏ ကျေးဇူးတော်ပေါ်မှာ သင့်ကိုယ်သင် ပစ်တင်လိုက်ပါ။
စုံးစမ်းနှောင့်ယှက်ခြင်း
၊ စမ်းသပ်ခြင်းများ ၊ တင်းမာမှုများ ၊ ပင်ပန်းနွမ်းနယ်မှုများ နှင့် ပြသနာတွေကြားထဲမှာ
သင်လိုအပ်သော ရင်ဆိုင်ကျော်လွှားနိုင်မှုကို ရရှိဖို့ရန် ဘုရားသခင်သည် ကျေးဇူးတော်ကို
ပေးကမ်းနေပါတယ်။ ထိုကျေးဇူးတော်ကို သင်လက်ခံရရှိဖို့ရန် အောက်ပါ (၄) မျိုးသောအရာကို
လုပ်ဆောင်ပါ။
ဘုရားသခင်၏ အကူအညီအတွက် ငိုကြွေးဟစ်အော်လိုက်ပါ။
သင့်ကိုယ်သင်
ပြည့်စုံသလို ဟန်ဆောင်တဲ့အခါမှာ ဘုရားသခင်၏ တန်ခိုးတော်ကို သင့်အသက်တာတွင် တိုတောင်းစေပါတယ်။
“အဖဘုရားသခင် ဤအရာကို ကျွန်ုပ် မကိုင်တွယ်နိုင်ပါ”
လို့ပြောပြီး သင်၏ ချို့တဲ့မှုတွေ ကို ဝန်ခံဖို့ရန် လိုအပ်ပါတယ်။ သမ္မာကျမ်းစာတွင်
ဆိုထားသည်မှာ “ကျမ်းစာလာ သည်ကား၊ ထောင်လွှား စော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။
စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ဟု လာသတည်း။ ထိုကြောင့်၊ ဘုရားသခင်၏
အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက
ပြေးသွား လိမ့်မည်။ ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်း
ကပ်တော်မူလိမ့်မည်။ အပြစ်ရှိသောသူတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသာသူတို့၊
သင်တို့ စိတ်နှလုံးကို သန့်ရှင်းစေကြလော့။” ရှင်ယာကုပ်ဩဝါဒစာ ၄:၆-၈
သင့်၏ စိတ်နှလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ဖြည့်ပါ။
သင်ဆက်လက်ရပ်တန်နိုင်ဖို့ရန်
ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် သင့်ကိုယ်သင် နှစ်သိမ့်စေပါ ၊ သက်သာ စေပါ ၊ လှုံ့ဆော်မှု
ဖြစ်စေပါ။ ထိုနှုတ်ကပတ်တော်ကို သင့်အသက်တာ နေ့ရက်တိုင်းတွင် ရယူပါ။ ဆာလံဆရာ ဆုတောင်းထားသည်မှာ
“အကျွန်ုပ်၏ အသက်သည် မြေမှုန့်၌ မှီဝဲလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း
အသက်ရှင်စေတော် မူပါ။” ဆာလံကျမ်း ၁၁၉:၂၅
အကယ်၍
အဖြေတွေကို သင်၌သာ ရှာဖွေတွေ့ရှိမယ်ဆိုလျှင် သင်ပြောင်းလဲနှင့်ပြီ ဖြစ်ပါတယ်။ ဘုရားသခင်ကိုသာ
သင်ကြည့်ဖို့ လိုအပ်ပါတယ်။ တည်မြဲသော ခွန်အားကို ပေးစွမ်းနိုင်သော ဘုရားသခင် ဖြစ်ပါတယ်။
ဘုရားသခင်၏ လူတွေဆီကနေ အထောက်အမကို လက်ခံပါ။
တစ်ဉီးပြသနာတစ်ဉီးကူညီပေးခြင်းသည်
“ကိုယ်နှင့် စပ်ဆိုင်သော သူကို ကိုယ်နှင့်အမျှချစ်လော့”
ဆိုတဲ့ သခင်ယေရှု၏ နည်းဉပဒေသကို ကျွန်ုပ်တို့ နာခံခြင်းဖြစ်တယ်လို့ သမ္မာကျမ်းစာက ဆိုပါတယ်။
အသက်တာကို သင်တစ်ဉီးတည်း ဖြတ်သန်းရဖို့ ဘုရားသခင် ဘယ်တော့မှ မဖြစ်စေလို့ပါ။ တစ်ဉီးနှင့်
တစ်ဉီး အကူအညီ မည်မျှ လိုအပ်ကြောင်းကို ကျွန်ုပ်တို့၏ အားနည်းချက်တွေက နားလည်သဘောပေါက်စေဖို့
အကူအညီပေးပါတယ်။ ဘုရားသခင်၏ လူတွေဆီမှာ အထောက်အမကို လက်ခံဖို့ရန် လိုအပ်ပါတယ်။
ဘုရားသခင်၏ ကတိတော်တို့ကို ဆုပ်ကိုင်ထားပါ။
ယေရှာယအနာဂတ္တိကျမ်း ၄၀:၂၉-၃၁“ထိုဘုရားသည်
မောသောသူတို့အား၊ ခွန်အား ကို ပေးတော်မူ၏။ နွမ်းနယ် သော သူတို့အား၊ အစွမ်းသတ္တိ နှင့်
ပြည့်စုံသော အခွင့်ကို ပေးတော်မူ၏။ လူပျိုတို့သည် မော၍ ပင်ပန်း ခြင်းသို့ ရောက်ကြ
လိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ထာဝရဘုရားကို မြော်လင့်သော
သူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင်
ကြလိမ့် မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။” ဤလောကအရာတွေပေါ် အာရုံမပြုပါနှင့်။ ကောင်းကင်ဘုံဆိုင်ရာ
မျှော်လင်ခြင်းဆီ သင်၏မျက်လုံးကို အာရုံစိုက်လျက် ဘုရားသခင်၌ သင်၏မျှော်လင့်ချက်တို့ကို
ထားရှိပါ။
သမ္မာကျမ်းစာက
ဆိုထားသည်မှာ “ထိုဆင်းရဲခြင်းနှင့်ကင်းလွတ်မည်အကြောင်း
သုံးကြိမ်မြောက်အောင် သခင်ဘုရားကိုငါဆုတောင်း၍ အသနားတော်ခံပြီးလျှင်၊ ငါ့ကျေးဇူးသည်
သင့်အဘို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည် ဟု မိန့်တော်မူ၏။
ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါကိုယ်၌ အားနည်းခြင်းအဖြစ်ကို
ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှါ သာ၍ ငါအလိုရှိ၏။” ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၁၂:၈-၉
ပြသနာတွေကို သင်မကိုင်တွယ်နိုင်တဲ့အခါမှာ လက်မလျော့ပါနှင့်။
မျှော်ကြည့်လိုက်ပါ။
ဆင်ခြင်ရန်
-
မည်သို့သော အခြေအနေ၌ ဘုရားသခင်၏ ကျေးဇူးတော်ကို သင်လိုအပ်သနည်း။
-
ထိုအခြေအနေအတွက် မည်သို့သော ဘုရား၏ကတိတော်ကို သင်တောင်းဆိုဖို့ လိုအပ်ပါသနည်း။
-
ဘုရားသခင်၏လူတွေက သင်လိုအပ်နေသော မည်သည့်အထောက်အမကို ပေးနိုင်မည်နည်း။
--------------------------------------------------------------------
Zawgyi Version
ျပသနာေတြကို ရင္ဆိုင္ျဖတ္သန္းႏိုင္ဖို႔ရန္ ေက်းဇူးေတာ္ကို မည္ကဲ့သို႔ လက္ခံမည္နည္း။
ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၁၂:၈-၉ “ထိုဆင္းရဲျခင္းႏွင့္ကင္းလြတ္မည္အေၾကာင္း သုံးႀကိမ္ေျမာက္ေအာင္ သခင္ဘုရားကိုငါဆုေတာင္း၍ အသနားေတာ္ခံၿပီးလွ်င္၊ ငါ့ေက်းဇူးသည္ သင့္အဘို႔ေလာက္ေပ၏။ ငါ့တန္ခိုးသည္ အားနည္းျခင္းအျဖစ္၌ စုံလင္တတ္သည္ ဟု မိန္႔ေတာ္မူ၏။ ထိုေၾကာင့္ ခရစ္ေတာ္၏ တန္ခိုးသည္ ငါ့အေပၚ၌ က်ိန္းဝပ္မည္အေၾကာင္း ငါကိုယ္၌ အား နည္းျခင္းအျဖစ္ကို ဝမ္းေျမာက္ေသာစိတ္ႏွင့္ ဝါႂကြားျခင္းငွါ သာ၍ ငါအလိုရွိ၏။”
ျပသနာတစ္ခုကို ေျဖရွင္းျခင္း မျပဳႏိုင္တဲ့အခါ ၊ စကားဝွက္တစ္ခုကို မေျဖရွင္း မျပဳႏိုင္တဲ့အခါ ၊ အေျခအေနတစ္ခုသို႔ ေျပာင္းလဲဖို႔ရန္ မျပဳႏိုင္တဲ့အခါ (သို႔) နာက်င္မႈကို ထိန္းခ်ဳပ္ျခင္း မျပဳႏိုင္တဲ့အခါ ေတြမွာ သင္ဘာကို လုပ္ေဆာင္မည္နည္း။ ဘုရားသခင္၏ ေက်းဇူးေတာ္ေပၚမွာ သင့္ကိုယ္သင္ ပစ္တင္လိုက္ပါ။
စုံးစမ္းေႏွာင့္ယွက္ျခင္း ၊ စမ္းသပ္ျခင္းမ်ား ၊ တင္းမာမႈမ်ား ၊ ပင္ပန္းႏြမ္းနယ္မႈမ်ား ႏွင့္ ျပသနာေတြၾကားထဲမွာ သင္လိုအပ္ေသာ ရင္ဆိုင္ေက်ာ္လႊားႏိုင္မႈကို ရရွိဖို႔ရန္ ဘုရားသခင္သည္ ေက်းဇူးေတာ္ကို ေပးကမ္းေနပါတယ္။ ထိုေက်းဇူးေတာ္ကို သင္လက္ခံရရွိဖို႔ရန္ ေအာက္ပါ (၄) မ်ိဳးေသာအရာကို လုပ္ေဆာင္ပါ။
ဘုရားသခင္၏ အကူအညီအတြက္ ငိုေႂကြးဟစ္ေအာ္လိုက္ပါ။
သင့္ကိုယ္သင္ ျပည့္စုံသလို ဟန္ေဆာင္တဲ့အခါမွာ ဘုရားသခင္၏ တန္ခိုးေတာ္ကို သင့္အသက္တာတြင္ တိုေတာင္းေစပါတယ္။ “အဖဘုရားသခင္ ဤအရာကို ကြၽႏ္ုပ္ မကိုင္တြယ္ႏိုင္ပါ” လို႔ေျပာၿပီး သင္၏ ခ်ိဳ႕တဲ့မႈေတြ ကို ဝန္ခံဖို႔ရန္ လိုအပ္ပါတယ္။ သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “က်မ္းစာလာ သည္ကား၊ ေထာင္လႊား ေစာ္ကားေသာသူတို႔ကို ဘုရားသခင္ ဆီးတားေတာ္မူ၏။ စိတ္ႏွိမ့္ခ်ေသာ သူတို႔အား ေက်းဇူးျပဳေတာ္မူ၏ဟု လာသတည္း။ ထိုေၾကာင့္၊ ဘုရားသခင္၏ အလိုေတာ္သို႔ လိုက္ၾကေလာ့။ မာရ္နတ္ကို ဆီးတားၾကေလာ့။ သို႔ျပဳလွ်င္၊ သူသည္ သင္တို႔ထံက ေျပးသြား လိမ့္မည္။ ဘုရားသခင္၌ခ်ဥ္းကပ္ၾကေလာ့။ သို႔ျပဳလွ်င္၊ သင္တို႔၌ခ်ဥ္း ကပ္ေတာ္မူလိမ့္မည္။ အျပစ္ရွိေသာသူတို႔၊ သင္တို႔လက္ကို စင္ၾကယ္ေစၾကေလာ့။ စိတ္ႏွစ္ခြရွိသာသူတို႔၊ သင္တို႔ စိတ္ႏွလုံးကို သန္႔ရွင္းေစၾကေလာ့။” ရွင္ယာကုပ္ဩဝါဒစာ ၄:၆-၈
သင့္၏ စိတ္ႏွလုံးကို ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ျဖင့္ ျဖည့္ပါ။
သင္ဆက္လက္ရပ္တန္ႏိုင္ဖို႔ရန္ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ျဖင့္ သင့္ကိုယ္သင္ ႏွစ္သိမ့္ေစပါ ၊ သက္သာ ေစပါ ၊ လႈံ႕ေဆာ္မႈ ျဖစ္ေစပါ။ ထိုႏႈတ္ကပတ္ေတာ္ကို သင့္အသက္တာ ေန႔ရက္တိုင္းတြင္ ရယူပါ။ ဆာလံဆရာ ဆုေတာင္းထားသည္မွာ “အကြၽႏ္ုပ္၏ အသက္သည္ ေျမမႈန္႔၌ မွီဝဲလ်က္ ရွိပါ၏။ ႏႈတ္ကပတ္ေတာ္အတိုင္း အသက္ရွင္ေစေတာ္ မူပါ။” ဆာလံက်မ္း ၁၁၉:၂၅
အကယ္၍ အေျဖေတြကို သင္၌သာ ရွာေဖြေတြ႕ရွိမယ္ဆိုလွ်င္ သင္ေျပာင္းလဲႏွင့္ၿပီ ျဖစ္ပါတယ္။ ဘုရားသခင္ကိုသာ သင္ၾကည့္ဖို႔ လိုအပ္ပါတယ္။ တည္ၿမဲေသာ ခြန္အားကို ေပးစြမ္းႏိုင္ေသာ ဘုရားသခင္ ျဖစ္ပါတယ္။
ဘုရားသခင္၏ လူေတြဆီကေန အေထာက္အမကို လက္ခံပါ။
တစ္ဉီးျပသနာတစ္ဉီးကူညီေပးျခင္းသည္ “ကိုယ္ႏွင့္ စပ္ဆိုင္ေသာ သူကို ကိုယ္ႏွင့္အမွ်ခ်စ္ေလာ့” ဆိုတဲ့ သခင္ေယရႈ၏ နည္းဉပေဒသကို ကြၽႏ္ုပ္တို႔ နာခံျခင္းျဖစ္တယ္လို႔ သမၼာက်မ္းစာက ဆိုပါတယ္။ အသက္တာကို သင္တစ္ဉီးတည္း ျဖတ္သန္းရဖို႔ ဘုရားသခင္ ဘယ္ေတာ့မွ မျဖစ္ေစလို႔ပါ။ တစ္ဉီးႏွင့္ တစ္ဉီး အကူအညီ မည္မွ် လိုအပ္ေၾကာင္းကို ကြၽႏ္ုပ္တို႔၏ အားနည္းခ်က္ေတြက နားလည္သေဘာေပါက္ေစဖို႔ အကူအညီေပးပါတယ္။ ဘုရားသခင္၏ လူေတြဆီမွာ အေထာက္အမကို လက္ခံဖို႔ရန္ လိုအပ္ပါတယ္။
ဘုရားသခင္၏ ကတိေတာ္တို႔ကို ဆုပ္ကိုင္ထားပါ။
ေယရွာယအနာဂတၱိက်မ္း ၄၀:၂၉-၃၁“ထိုဘုရားသည္ ေမာေသာသူတို႔အား၊ ခြန္အား ကို ေပးေတာ္မူ၏။ ႏြမ္းနယ္ ေသာ သူတို႔အား၊ အစြမ္းသတၱိ ႏွင့္ ျပည့္စုံေသာ အခြင့္ကို ေပးေတာ္မူ၏။ လူပ်ိဳတို႔သည္ ေမာ၍ ပင္ပန္း ျခင္းသို႔ ေရာက္ၾက လိမ့္မည္။ လုလင္တို႔သည္လည္း ထိမိ၍ လဲၾကလိမ့္မည္။ ထာဝရဘုရားကို ေျမာ္လင့္ေသာ သူတို႔မူကား၊ အားျပည့္ၾကလိမ့္မည္။ ေ႐ႊလင္းတကဲ့သို႔ မိမိတို႔ အေတာင္ ကို အသစ္ျပဳျပင္ ၾကလိမ့္ မည္။ ေျပးေသာ္လည္း မပင္ပန္း၊ ခရီးသြားေသာအခါ မေမာရၾက။” ဤေလာကအရာေတြေပၚ အာ႐ုံမျပဳပါႏွင့္။ ေကာင္းကင္ဘုံဆိုင္ရာ ေမွ်ာ္လင္ျခင္းဆီ သင္၏မ်က္လုံးကို အာ႐ုံစိုက္လ်က္ ဘုရားသခင္၌ သင္၏ေမွ်ာ္လင့္ခ်က္တို႔ကို ထားရွိပါ။
သမၼာက်မ္းစာက ဆိုထားသည္မွာ “ထိုဆင္းရဲျခင္းႏွင့္ကင္းလြတ္မည္အေၾကာင္း သုံးႀကိမ္ေျမာက္ေအာင္ သခင္ဘုရားကိုငါဆုေတာင္း၍ အသနားေတာ္ခံၿပီးလွ်င္၊ ငါ့ေက်းဇူးသည္ သင့္အဘို႔ေလာက္ေပ၏။ ငါ့တန္ခိုးသည္ အားနည္းျခင္းအျဖစ္၌ စုံလင္တတ္သည္ ဟု မိန္႔ေတာ္မူ၏။ ထိုေၾကာင့္ ခရစ္ေတာ္၏ တန္ခိုးသည္ ငါ့အေပၚ၌ က်ိန္းဝပ္မည္အေၾကာင္း ငါကိုယ္၌ အားနည္းျခင္းအျဖစ္ကို ဝမ္းေျမာက္ေသာစိတ္ႏွင့္ ဝါႂကြားျခင္းငွါ သာ၍ ငါအလိုရွိ၏။” ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၁၂:၈-၉
ျပသနာေတြကို သင္မကိုင္တြယ္ႏိုင္တဲ့အခါမွာ လက္မေလ်ာ့ပါႏွင့္။ ေမွ်ာ္ၾကည့္လိုက္ပါ။
ဆင္ျခင္ရန္
- မည္သို႔ေသာ အေျခအေန၌ ဘုရားသခင္၏ ေက်းဇူးေတာ္ကို သင္လိုအပ္သနည္း။
- ထိုအေျခအေနအတြက္ မည္သို႔ေသာ ဘုရား၏ကတိေတာ္ကို သင္ေတာင္းဆိုဖို႔ လိုအပ္ပါသနည္း။
- ဘုရားသခင္၏လူေတြက သင္လိုအပ္ေနေသာ မည္သည့္အေထာက္အမကို ေပးႏိုင္မည္နည္း။