မှောင်မိုက်ခြင်းတွေကို အလင်းနှင့်အတူ မည်ကဲ့သို့ တိုက်လှန်မည်နည်း။ | How to Fight Darkness with Light
Unicode Version
မှောင်မိုက်ခြင်းတွေကို အလင်းနှင့်အတူ မည်ကဲ့သို့ တိုက်လှန်မည်နည်း။
ရောမဩဝါဒစာ ၁၂:၂၁ “အဆိုးအာဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကို နိုင်လော့။”
မကောင်းမှုဒုစရိုက်တွေကို အပြုသဘောဆောင်ခြင်းနှင့်တူ တုံ့ပြန်တာထက် ဤလောကတွင် တခြားသော အတွင်း ဇာတိပကတိထက်ပိုတဲ့ တစ်စုံတစ်ရာရှိမည်ကို ကျွန်ုပ်မသိပါ။ ဘာကြောင့်လဲဆိုတော့ အတွင်းရှိဇာတိ သဘောက ပိုမိုတဲ့အတွက်ကြောင့် အပြုသဘောဆောင်ဖို့ရန် အခက်ခဲဆုံးသော အရာတစ်ခု ဖြစ်နိုင် ပါတယ်။
အနိုင်ကျင့်ဗိုလ်ကျမှုတွေ သင့်အသက်တာ၌ ပြသနာဖြစ်အောင် ကြိုးစားလုပ်ဆောင်နေတဲ့အခါမှာ အပြုသဘော ဆောင်မှုဖြင့် တုံ့ပြန်ဖို့ရန် လိုအပ်ပါတယ်။ “အဆိုးအာဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကို နိုင်လော့။” ရောမဩဝါဒစာ ၁၂:၂၁
ယုံကြည်ခြင်း၌
လည်း ခြေလှမ်းရှိတယ် မဟုတ်လား။ ဘာကြောင့်လဲဆိုတော့ အရာရာအားလုံးက အဆိုးကို အဆိုးအားဖြင့်
၊ မှောင်မိုက်ခြင်းကို မှောင်မိုက်သောလမ်းဖြင့် ဖြတ်ကျော်အနိုင်ယူလိုကြပါတယ်။ ကမ္ဘာကြီးက
လည်း ထိုသို့ပြုဖို့ရန် ပြောနေပါတယ်။ ညစ်ပတ်စွာ တိုက်ခိုက်ကြတယ်။ ဒါကြောင့် သင်၏ ဇာတိက
ပြောနေသော အရာတွေအစား ဘုရားသခင်ကို ယုံကြည်ပြီး အဆိုးကို အကောင်းအားဖြင့် တုံ့ပြန်ဖို့ရန်အတွက်
ယုံကြည်ခြင်း လိုအပ်ပါတယ်။
အဆိုးကို
အကောင်းဖြင့် သင်တုံ့ပြန်ပါ။ အမုန်းကို မေတ္တာဖြင့် တုံ့ပြန်ပါ။ ရိုင်းစိုင်းမှုကို
ကြင်နာခြင်းဖြင့် တုံ့ပြန်ပါ။ ထိုသို့ပြုလျှင် အဆိုးတွေကို သင့်ပေါ် အနိုင်မယူနိုငါတော့ပါ။
ဘာကြောင့်လဲဆိုတော့ အဆိုးကို သင်က အကောင်းအားဖြင့် အနိုင်ယူလို့ ဖြစ်ပါတယ်။
၎င်းက
လုပ်ဆောင်ဖို့ ခက်ခဲပါတယ်။ သို့ပေမဲ့ ပိုပြီးတော့တောင် ခက်ခဲမှုရှိနေပါတယ်။ ရှင်မဿဲခရစ်ဝင်ကျမ်း
၅:၄၄ “ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသောငှါ။
သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။
သင်တို့ကို မုန်း သောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့
ဘုရားသခင်ကို ဆုတောင်း ကြလော့။”
ထိုအရာက
လွယ်ကူပါသလား။ မလွယ်ပါဘူး။ သာမာန်လည်း မဟုတ်ပါဘူး။ လုံးဝကို ရွေးချယ်မှု ဖြစ်ပါတယ်။
အနိုင်ကျင့်တာထက် ပိုကောင်းသော သင်၏ ရွေးချယ်မှုဖြစ်ပါတယ်။ မှောင်မိုက်ခြင်းအရာထက်
ကောင်းခြင်း အကျိုးအတွက် ရွေးချယ်ခြင်းဆိုသည်မှာ သခင်ယေရှု နည်းလမ်းအတိုင်း လိုက်လျှောက်ခြင်း
ဖြစ်ပါတယ်။ ပြန်လည်တုံ့ပြန်ရင်ဆိုင်ရတဲ့အရာကနေ မေ့ပျောက်ပစ်ပြီး သခင်ယေရှု မထွက်ခွါပါ။
တစ်စုံတစ်ယောကို သူမည်မျှချစ်တယ်ဆိုတာကို ဖော်ပြဖို့ရန် သူ၏အသက်ကိုတောင် လိုအပ်ပါလျှင်
သူပေးပါမည်။ ထိုကဲ့သို့ပင် ပြုခဲ့ပြီး ဖြစ်ပါတယ်။
သင့်အား လက်တုံ့ပြန်ဖို့ရန် ဘုရားအလိုတော်မရှိပါ။ ကောင်းသောအမှုတို့ဖြင့်
လုပ်ဆောင်ဖို့ရန် အလိုတော် ရှိပါတယ်။ သင့်အား နာကျင်စေသောသူတို့အတွက် ဆုတောင်းခြင်းနှင့်
သူတို့အား နှလုံးသား အသစ်ပေးဖို့ရန် ဘုရားသခင်ထံ တောင်းလျှောက်ခြင်းအားဖြင့် သူတို့ကို
မေတ္တာပြဖို့ရန် အလိုတော် ရှိပါတယ်။
မေတ္တာဖြင့်
တုံ့ပြန်ဖို့ရန် နှင့် ရန်သူတို့ကို ဆုတောင်းပေးခြင်းအားဖြင့် တုံ့ပြန်မှုပြုဖို့ရန်
သခင်ယေရှု အကြီးမားဆုံးသော ဉပမာပေးခဲ့ပါတယ်။ သူ၏ ဉပမာတို့ကို သင်လိုက်လျှောက်တဲ့အခါမှာ
မိမိကိုယ်ကို ရှေ့တန်းတင်နေသော လူတကာတို့ထက် သင်က ထူးခြားစွာ ရပ်တည်နေပါလိမ့်မည်။
အဆိုးကို အကောင်းဖြင့် အနိုင်ယူဖို့ဆိုတာ အမြဲတမ်းတော့ မလွယ်ကူပါဘူး။
သို့ပေမဲ့ ထိုသို့ပြုခြင်းသည် သခင်ယေရှုအတွက် တန်ခိုးကြီးသော သက်သေကို သင်ပြုခြင်း
ဖြစ်ပါသည်။
ဆင်ခြင်ရန်
-
အဆိုးကို အကောင်းဖြင့် အနိုင်ယူပြီး ရန်သူတို့ကို မည်ကဲ့သို့ချစ်ကြောင်းကို သခင်ယေရှု
မည်ကဲ့သို့ ဖော်ပြပေးခဲ့ပါသနည်း။
-
ကျွန်ုပ်တို့အား အနိုင်ထက် ဗိုလ်ကျသော သူတို့ကို ဆုတောင်းပေးဖို့ရန် ဘုရားသခင် အလိုရှိတယ်လို့
ဘာကြောင့် ထင်မြင်ပါသနည်း။ ထိုသို့ပြုခြင်း၌ မည်သို့သော ထူးခြားချက်ရှိမည်နည်း။
-
သင်၏ ရန်သူတစ်ဉီးအတွက် အစဉ်ဆုတောင်းပေးခဲ့ဖူးပါသလား။ ထိုသူအပေါ်၌ ထားသော သင်၏ စိတ်နှလုံးတို့
မည်ကဲ့သို့ ပြောင်းလဲသွားခဲ့ပါသနည်း။
--------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်