Unicode Version
လူတိုင်းဆီ မည်သို့ ဂရုဏာစိတ် ရှိရမည်နည်း။
ရှင်ပေတရုဩဝါဒစာ ပဌမစောင် ၂:၁၇ “ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ ခြင်း၊ ရှင်ဘုရင်ကိုရိုသေခြင်း ရှိကြလော့။”
လူတိုင်းကို ဂရုဏာထားဖို့ရန် ဘုရားသခင် မျှော်လင့်တယ်လို့ သမ္မာကျမ်းစာက ဆိုပါတယ်။ ဒါဆို ဘယ်လို လုပ်ရမလဲ။ ဤကမ္ဘာလောကတွင် ဘုရားသခင်၏ ဂရုဏာရှင်ကိုယ်စားလှယ်အဖြစ် လက်တွေ့ကျသော ရိုးရှင်းတဲ့ နည်းလမ်း (၃) မျိုးကို ကြည့်လိုက်ပါ။
(၁) ရှုပ်ထွေးမှုပြသနာတွေ ရှိတဲ့လူတွေကို ခွင့်လွှတ်ပါ။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၂:၇ “သို့ဖြစ်၍ ထိုသို့သောသူသည် ဝမ်းနည်းခြင်း
အားကြီးလျက်၊ မိန်းမော တွေဝေခြင်း မရှိစေခြင်းငှါ၊ သင်တို့သည်ခြားနားသော အားဖြင့် သူ၏အပြစ်ကို
လွှတ်၍ သူ့ကိုနှစ်သိမ့် စေခြင်းငှါ ပြုသင့်၏။” တစ်စုံတစ်ယောက်က သင့်ကို နာကျင်စေသောအခါတွင်
နာကျင်စေသည့်အတိုင်း ထပ်တူ ပြန်လည်နာကျင်စေခြင်း (သို့) သူတို့ကို စိတ်ထဲကနေ ဖယ်ထုတ်ပစ်လိုက်ခြင်းလိုမျိုး
သာမန်တုံ့ပြန်မှု ရှိပါတယ်။ သို့ပေမဲ့ ဂရုဏာစိတ်ရှိတဲ့သူတွေမှာ အကျင့်ပျက်ကျရှုံးမှုတွေ
၊ ဒုစရိုက်အမှုတွေကို ခွင့်လွှတ်ပါတယ်။
ပဌနာတော်ရှိ
စကားလုံးတစ်ချို့က ပြောနေသည်မှာ “အကျွန်ုပ်တို့ကို ပြစ်မှားသောသူရှိသမျှတို့၏ အပြစ်ကို
အကျွန်ုပ်သည်လွှတ်သောကြောင့်၊ အကျွန်ုပ် တို့၏အပြစ်များကို လွှတ်တော်မူပါ။ ”
ရှင်လုကာခရစ်ဝင် ၁၁:၄။ ဤဆုတောင်းကို သင်တောင်းတဲ့အခါမှာ သင်က ဘုရားသခင်ကို
“အဖဘုရား…
ကျွန်ုပ်အား နာကျင်စေသော လူတိုင်းကို ကျွန်ုပ်ခွင့်လွှတ်သကဲ့သို့ ကျွန်ုပ်ကိုလည်း ထိုသို့
ခွင့်လွှတ်ပေးဖို့ရန် အလိုရှိပါ၏” လို့ဆိုနေပါတယ်။ ဤဆုတောင်းကို ပြုဖို့
သင်အဆင်သင့် ဖြစ်ပြီလား။
(၂) ပင်ကိုစရိုက် ဖြစ်စဉ်မဟုတ်တဲ့ လူတွေကို သည်းခံပါ။
ကျွန်ုပ်တို့
တစ်ဉီးချင်းအလိုက် ထူးခြားမှုတွေ နှင့် ကျိန်းစပ်သော အကျင့်စရိုက်တွေ ရှိကြပါတယ်။ ဤအရာက
- သင်အပါအဝင် မှန်ကန်ပါတယ်။ လူတွေ၏ အကျင့်စရိုက်ပေါ်မှာ သင်စိတ်ပျက်သွားဖို့ရန် ပယ်ရှင်းခြင်းသည်
ဂရုဏာစိတ်ကို ဖော်ပြပါတယ်။
ကပ်ရောဂါ
ကာလအတွင်းမှာ လူအများစုတို့ အိမ်တွင် သောင်တင်နေတဲ့အခါမှာ ဧဖက်ဩဝါဒစာ ၄:၂ ဖြင့် အရေးကြီးသော အိမ်ထောင်ရေးအတွက် အကြံဉာဏ်ပေးပါရစေ။
“အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့်
ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တယောက်ကို တယောက်သည်းခံခြင်းရှိကြ၍၊ အသင့်အတင့်
ပေါင်းဘော်ခြင်း အဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြားမနား တလုံးတဝတည်း
ဖြစ်အံ့သောငှါ ကြိုးစားအားထုတ်ကြလော့။” သင်ပထမဉီးဆုံး ဂရုဏာ ထားရှိရမည့်
နေရာသည် အိမ်ဖြစ်ပါတယ်။
(၃) သင်မနှစ်သက်သော လူတွေကို ရိုသေပါ။
လူတိုင်းကို
သင်နှစ်သက်စရာတော့ မလိုပါ။ သို့ပေမဲ့ နှစ်မြို့ခြင်းမရှိဘဲလျက် လူတွေကို သင်မနှစ်သက်နိုင်ပါဘူး။
ရှင်ပေတရုဩဝါဒစာ ပဌမစောင် ၂:၁၇ တွင် ဘုရားသခင် ဆိုထားသည်မှာ
“ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို
ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ ခြင်း၊ ရှင်ဘုရင်ကိုရိုသေခြင်း ရှိကြလော့။”
ထိုကျမ်းပိုဒ်တွင် သင်မနှစ်မြို့သော သူတွေ ပါဝင်ပါသလား။ ပါဝင်ပါတယ်။ လူတိုင်းကို သိက္ခာရှိရှိ
ဆက်ဆံပါ။
သခင်ယေရှုကား
ဂရုဏာနှင့် ပတ်သက်၍ အစွန်းရောက်ပါတယ်။ ရှင်လုကာခရစ်ဝင်ကျမ်း
၆:၃၅ တွင် သခင်ယေရှု ဆိုထားသည်မှာ “သင်တို့မူကား
ရန်သူတို့ကိုချစ်ကြသလော။ ကျေးဇူးပြုကြလော့။” ဟုဆိုပါတယ်။ ၎င်းသည်
အချိန်တိုင်း အခြေအတင်ငြင်းခုံခြင်းတွေကို အောင်နိုင်ဖို့ရန် သင်၏လိုအပ်ချက်ကို မှန်ကန်စွာ
ဖော်ပြခြင်းမှ စတင်ပါသည်။
အခြေအတင်
အငြင်းအခုံတွင် သင် အောင်မြင်လိုပါသလား။ (သို့) လူတွေကို သခင်ယေရှုဆီ ပို့ဆောင်ခြင်းတွင်
အောင်မြင်လိုပါသလား။ သခင်ယေရှုဆီ လူတွေကို ပို့ဆောင်ခြင်းအတွက် ဂရုဏာထားခြင်းကို ရွေးချယ်ပါ။
သင်၏
ရန်သူအတွက် ကောင်းသော တစ်စုံတစ်ခုကို နောက်ဆုံးပြုပေးခဲ့သော အချိန်ကား ဘယ်အချိန် ဖြစ်သနည်း။
တစ်စုံတစ်ယောက်ပေါ် ကောင်းမှု ပြုခဲ့သော အရာသည် နိုင်ငံရေး (သို့) ဝိညာဉ်ရေးတို့နှင့်
လုံးဝ ဆန့်ကျင်နေခဲ့သလား။ သင်၏ အိမ်တွင် တစ်ယောက်ယောက်ပေါ် ဂရုဏာ ပြခဲ့သောနောက်ဆုံးအချိန်ကား
ဘယ်အချိန်ဖြစ်သနည်း။
ဂရုဏာတရားကို သင်ရွေးချယ်တဲ့အခါမှာ ဘုရားသခင် မြင်ပါတယ်။ သင်၏ နာခံခြင်းအတွက်
သင့်အား ဂုဏ်ပြုပါလိမ့်မည်။ ဂရုဏာထားခြင်းက ခက်ခဲပါတယ်။ သို့ပေမဲ့ ထိုသို့ပြုခြင်းအတွက်
အမြဲတမ်း ထိုက်တန်ပါ လိမ့်မည်။ သင်၏ အဖ ထာဝရဘုရားရှင်သည် မေတ္တာဂရုဏာရှင် ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-
မကြာသေးခင်က သင့်အား အဆိုးဆုံး နာကျင်စေခဲသူကား မည်သူနည်း။ ထိုသူကို သင်၏ ဂရုဏာစိတ်
မည်သို့ ထားရှိနိုင်မည်နည်း။
-
ရန်သူတစ်ယောက် (သို့) သင်၏ မိသားစုဝင် တစ်ယောက်ကို ဂရုဏာထားခြင်းအတွက် ဘယ်တစ်ခုက ပိုပြီး
ခက်ခဲပါသနည်း။ ဘာကြောင့်နည်း။
-
“သင်တို့မူကား ရန်သူတို့ကိုချစ်ကြသလော။ ကျေးဇူးပြုကြလော့။” လို့သခင်ယေရှု ဘာကြောင့်
ပြောသည်ဟု သင်ထင်မြင်ပါသနည်း။
---------------------------------------------------------------------------------------------
Zawgyi Version
လူတိုင္းဆီ မည္သို႔ ဂ႐ုဏာစိတ္ ရွိရမည္နည္း။
ရွင္ေပတ႐ုဩဝါဒစာ ပဌမေစာင္ ၂:၁၇ “ခပ္သိမ္းေသာသူတို႔ကို ႐ိုေသၾကေလာ့။ ညီအစ္ကိုမ်ားကို ခ်စ္ၾကေလာ့။ ဘုရားသခင္ကို ေၾကာက္႐ြံ႕ ျခင္း၊ ရွင္ဘုရင္ကို႐ိုေသျခင္း ရွိၾကေလာ့။”
လူတိုင္းကို ဂ႐ုဏာထားဖို႔ရန္ ဘုရားသခင္ ေမွ်ာ္လင့္တယ္လို႔ သမၼာက်မ္းစာက ဆိုပါတယ္။ ဒါဆို ဘယ္လို လုပ္ရမလဲ။ ဤကမာၻေလာကတြင္ ဘုရားသခင္၏ ဂ႐ုဏာရွင္ကိုယ္စားလွယ္အျဖစ္ လက္ေတြ႕က်ေသာ ႐ိုးရွင္းတဲ့ နည္းလမ္း (၃) မ်ိဳးကို ၾကည့္လိုက္ပါ။
(၁) ရႈပ္ေထြးမႈျပသနာေတြ ရွိတဲ့လူေတြကို ခြင့္လႊတ္ပါ။
ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၂:၇ “သို႔ျဖစ္၍ ထိုသို႔ေသာသူသည္ ဝမ္းနည္းျခင္း အားႀကီးလ်က္၊ မိန္းေမာ ေတြေဝျခင္း မရွိေစျခင္းငွါ၊ သင္တို႔သည္ျခားနားေသာ အားျဖင့္ သူ၏အျပစ္ကို လႊတ္၍ သူ႔ကိုႏွစ္သိမ့္ ေစျခင္းငွါ ျပဳသင့္၏။” တစ္စုံတစ္ေယာက္က သင့္ကို နာက်င္ေစေသာအခါတြင္ နာက်င္ေစသည့္အတိုင္း ထပ္တူ ျပန္လည္နာက်င္ေစျခင္း (သို႔) သူတို႔ကို စိတ္ထဲကေန ဖယ္ထုတ္ပစ္လိုက္ျခင္းလိုမ်ိဳး သာမန္တုံ႔ျပန္မႈ ရွိပါတယ္။ သို႔ေပမဲ့ ဂ႐ုဏာစိတ္ရွိတဲ့သူေတြမွာ အက်င့္ပ်က္က်ရႈံးမႈေတြ ၊ ဒုစ႐ိုက္အမႈေတြကို ခြင့္လႊတ္ပါတယ္။
ပဌနာေတာ္ရွိ စကားလုံးတစ္ခ်ိဳ႕က ေျပာေနသည္မွာ “အကြၽႏ္ုပ္တို႔ကို ျပစ္မွားေသာသူရွိသမွ်တို႔၏ အျပစ္ကို အကြၽႏ္ုပ္သည္လႊတ္ေသာေၾကာင့္၊ အကြၽႏ္ုပ္ တို႔၏အျပစ္မ်ားကို လႊတ္ေတာ္မူပါ။ ” ရွင္လုကာခရစ္ဝင္ ၁၁:၄။ ဤဆုေတာင္းကို သင္ေတာင္းတဲ့အခါမွာ သင္က ဘုရားသခင္ကို “အဖဘုရား… ကြၽႏ္ုပ္အား နာက်င္ေစေသာ လူတိုင္းကို ကြၽႏ္ုပ္ခြင့္လႊတ္သကဲ့သို႔ ကြၽႏ္ုပ္ကိုလည္း ထိုသို႔ ခြင့္လႊတ္ေပးဖို႔ရန္ အလိုရွိပါ၏” လို႔ဆိုေနပါတယ္။ ဤဆုေတာင္းကို ျပဳဖို႔ သင္အဆင္သင့္ ျဖစ္ၿပီလား။
(၂) ပင္ကိုစ႐ိုက္ ျဖစ္စဥ္မဟုတ္တဲ့ လူေတြကို သည္းခံပါ။
ကြၽႏ္ုပ္တို႔ တစ္ဉီးခ်င္းအလိုက္ ထူးျခားမႈေတြ ႏွင့္ က်ိန္းစပ္ေသာ အက်င့္စ႐ိုက္ေတြ ရွိၾကပါတယ္။ ဤအရာက - သင္အပါအဝင္ မွန္ကန္ပါတယ္။ လူေတြ၏ အက်င့္စ႐ိုက္ေပၚမွာ သင္စိတ္ပ်က္သြားဖို႔ရန္ ပယ္ရွင္းျခင္းသည္ ဂ႐ုဏာစိတ္ကို ေဖာ္ျပပါတယ္။
ကပ္ေရာဂါ ကာလအတြင္းမွာ လူအမ်ားစုတို႔ အိမ္တြင္ ေသာင္တင္ေနတဲ့အခါမွာ ဧဖက္ဩဝါဒစာ ၄:၂ ျဖင့္ အေရးႀကီးေသာ အိမ္ေထာင္ေရးအတြက္ အႀကံဉာဏ္ေပးပါရေစ။ “အရာရာ၌ စိတ္ႏွိမ့္ခ်ျခင္း၊ ႏူးညံ့သိမ္ေမြ႕ျခင္း၊ စိတ္ရွည္ျခင္းႏွင့္ ျပည့္စုံသျဖင့္၊ ေမတၱာစိတ္ႏွင့္ တေယာက္ကို တေယာက္သည္းခံျခင္းရွိၾက၍၊ အသင့္အတင့္ ေပါင္းေဘာ္ျခင္း အဖြဲ႕အစည္းအားျဖင့္၊ သင္တို႔သည္ အခ်င္းခ်င္း စိတ္သေဘာ မျခားမနား တလုံးတဝတည္း ျဖစ္အံ့ေသာငွါ ႀကိဳးစားအားထုတ္ၾကေလာ့။” သင္ပထမဉီးဆုံး ဂ႐ုဏာ ထားရွိရမည့္ ေနရာသည္ အိမ္ျဖစ္ပါတယ္။
(၃) သင္မႏွစ္သက္ေသာ လူေတြကို ႐ိုေသပါ။
လူတိုင္းကို သင္ႏွစ္သက္စရာေတာ့ မလိုပါ။ သို႔ေပမဲ့ ႏွစ္ၿမိဳ႕ျခင္းမရွိဘဲလ်က္ လူေတြကို သင္မႏွစ္သက္ႏိုင္ပါဘူး။ ရွင္ေပတ႐ုဩဝါဒစာ ပဌမေစာင္ ၂:၁၇ တြင္ ဘုရားသခင္ ဆိုထားသည္မွာ “ခပ္သိမ္းေသာသူတို႔ကို ႐ိုေသၾကေလာ့။ ညီအစ္ကိုမ်ားကို ခ်စ္ၾကေလာ့။ ဘုရားသခင္ကို ေၾကာက္႐ြံ႕ ျခင္း၊ ရွင္ဘုရင္ကို႐ိုေသျခင္း ရွိၾကေလာ့။” ထိုက်မ္းပိုဒ္တြင္ သင္မႏွစ္ၿမိဳ႕ေသာ သူေတြ ပါဝင္ပါသလား။ ပါဝင္ပါတယ္။ လူတိုင္းကို သိကၡာရွိရွိ ဆက္ဆံပါ။
သခင္ေယရႈကား ဂ႐ုဏာႏွင့္ ပတ္သက္၍ အစြန္းေရာက္ပါတယ္။ ရွင္လုကာခရစ္ဝင္က်မ္း ၆:၃၅ တြင္ သခင္ေယရႈ ဆိုထားသည္မွာ “သင္တို႔မူကား ရန္သူတို႔ကိုခ်စ္ၾကသေလာ။ ေက်းဇူးျပဳၾကေလာ့။” ဟုဆိုပါတယ္။ ၎သည္ အခ်ိန္တိုင္း အေျခအတင္ျငင္းခုံျခင္းေတြကို ေအာင္ႏိုင္ဖို႔ရန္ သင္၏လိုအပ္ခ်က္ကို မွန္ကန္စြာ ေဖာ္ျပျခင္းမွ စတင္ပါသည္။
အေျခအတင္ အျငင္းအခုံတြင္ သင္ ေအာင္ျမင္လိုပါသလား။ (သို႔) လူေတြကို သခင္ေယရႈဆီ ပို႔ေဆာင္ျခင္းတြင္ ေအာင္ျမင္လိုပါသလား။ သခင္ေယရႈဆီ လူေတြကို ပို႔ေဆာင္ျခင္းအတြက္ ဂ႐ုဏာထားျခင္းကို ေ႐ြးခ်ယ္ပါ။
သင္၏ ရန္သူအတြက္ ေကာင္းေသာ တစ္စုံတစ္ခုကို ေနာက္ဆုံးျပဳေပးခဲ့ေသာ အခ်ိန္ကား ဘယ္အခ်ိန္ ျဖစ္သနည္း။ တစ္စုံတစ္ေယာက္ေပၚ ေကာင္းမႈ ျပဳခဲ့ေသာ အရာသည္ ႏိုင္ငံေရး (သို႔) ဝိညာဥ္ေရးတို႔ႏွင့္ လုံးဝ ဆန႔္က်င္ေနခဲ့သလား။ သင္၏ အိမ္တြင္ တစ္ေယာက္ေယာက္ေပၚ ဂ႐ုဏာ ျပခဲ့ေသာေနာက္ဆုံးအခ်ိန္ကား ဘယ္အခ်ိန္ျဖစ္သနည္း။
ဂ႐ုဏာတရားကို သင္ေ႐ြးခ်ယ္တဲ့အခါမွာ ဘုရားသခင္ ျမင္ပါတယ္။ သင္၏ နာခံျခင္းအတြက္ သင့္အား ဂုဏ္ျပဳပါလိမ့္မည္။ ဂ႐ုဏာထားျခင္းက ခက္ခဲပါတယ္။ သို႔ေပမဲ့ ထိုသို႔ျပဳျခင္းအတြက္ အၿမဲတမ္း ထိုက္တန္ပါ လိမ့္မည္။ သင္၏ အဖ ထာဝရဘုရားရွင္သည္ ေမတၱာဂ႐ုဏာရွင္ ျဖစ္ပါတယ္။
ဆင္ျခင္ရန္
- မၾကာေသးခင္က သင့္အား အဆိုးဆုံး နာက်င္ေစခဲသူကား မည္သူနည္း။ ထိုသူကို သင္၏ ဂ႐ုဏာစိတ္ မည္သို႔ ထားရွိႏိုင္မည္နည္း။
- ရန္သူတစ္ေယာက္ (သို႔) သင္၏ မိသားစုဝင္ တစ္ေယာက္ကို ဂ႐ုဏာထားျခင္းအတြက္ ဘယ္တစ္ခုက ပိုၿပီး ခက္ခဲပါသနည္း။ ဘာေၾကာင့္နည္း။
- “သင္တို႔မူကား ရန္သူတို႔ကိုခ်စ္ၾကသေလာ။ ေက်းဇူးျပဳၾကေလာ့။” လို႔သခင္ေယရႈ ဘာေၾကာင့္ ေျပာသည္ဟု သင္ထင္ျမင္ပါသနည္း။