Unicode Version
နောက်ထပ် မည်မျှ သင်လိုနေမည်နည်း။
ဟေဗြဲဩဝါဒစာ ၁၃:၅ “သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသော ဥစ္စာနှင့် ရောင့်ရဲ ခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်း ပစ်၍မထားဟု ဂတိတော်ရှိ၏။”
ယခု
နေ့ရက်ကာလတွင် လူတော်တော်များများ ဘဏ္ဍာရေး မတည်ငြိမ်မှုကို (သူတို့ဘဏ်စာရင်းထဲ၌ ငွေဘယ်
လောက်ရှိရှိ) ခံစားနေကြရပါတယ်။ တချို့ကြတော့ “နောက်တစ်ပတ်မှာ
ငါအလုပ်ရမလား ၊ စီးပွားရေးမှာ ဘာတွေ ဖြစ်လာမလဲ ၊ ငါ့ဘဝမှာ လုပ်ချင်တာတွေကို လုပ်ရပါ့မလား”
လို့ သိချင်နေကြပါတယ်။
သင်က
ထိုမေးခွန်းတွေကို မေးချင်ပါလျှင် ဟေဗြဲ ၁၃:၅တွင် ဖော်ပြထားသော ဘုရားသခင်၏ ကတိတော်ကို
သင်အမှတ်ရဖို့ လိုအပ်ပါတယ်။ “သင်တို့၏ကျင့်ကြံပြုမူခြင်းသည်
ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ ရှိသော ဥစ္စာနှင့် ရောင့်ရဲ ခြင်းရှိကြလော့။
အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်း ပစ်၍မထားဟု ဂတိတော်ရှိ၏။”
၎င်းကို
သင်သိမြင်ပါသလား။ ဘုရားသခင်၏ ကတိတော်သည် သင့်ကို ဘယ်တော့မှ မစွန့်ဘူးဆိုတာသည် သင်၏
အနာဂတ်ငွေကြေးကဏ္ဍနှင့် သက်ဆိုင်ပါတယ်။ သင်၏ ငွေကြေးကို မြတ်နိုးနှစ်သက်စရာ မလိုဘူးလို့
ပြောနေပါတယ်။ သင်၌ရှိသောအရာဖြင့် သင်ရောင့်ရဲနိုင်ပါတယ်။ သင်၏ အရင်းအမြစ်တို့ကို သိုမှီးစရာ
မလိုခြင်းသည် သင်၌ “ဘုရား၏ တည်ရှိခြင်းဆိုတဲ့”
အာမခံချက်ရှိနေလို့ ဖြစ်ပါတယ်။ သင့်ကို ဘုရားသခင်သည် အမြဲတမ်းမြင်နေရပြီး သင်၏ လိုအပ်သည့်အရာကိုလည်း
အမြဲတမ်းသိတော်မူသည်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသည်။
သင်လိုအပ်သောနေသော အခြေအနေအပါအဝင် သင့်ကို မစွန့်ပယ်ပါ။
သင်၏ အနာဂတ် ဘဏ္ဍာရေးရာ လုံခြုံမှုအတွက် သင်ဘာကို
ယုံကြည်နေပါသနည်း။ သင်၏ ပိုင်ဆိုင်မှုတွေပေါ် ယုံကြည်ပါသလား (သို့) ဘုရားသခင်၏ တည်ရှိခြင်းကို
ယုံကြည်ပါသလား။
ငွေကြေး
လက်လွှတ်လိုက်ရခြင်း ၊ သဿမေဓအခွန်ပေးခြင်း ၊ (သို့) ရက်ရောပေးကမ်းခြင်းတွေအတွက် သင်အခက်အခဲအချိန်ဖြစ်နေပါလျှင်
သင်၌ ယုံကြည်ခြင်းကင်းမဲ့တယ်လို့ ဖော်ပြနေခြင်းဖြစ်ပါတယ်။ ဘုရားသခင် သင့်အား
စောင့်ရှောက်မည့် ကတိတော်များစွာကို သင်တကယ် မယုံကြည်ခြင်းဖြစ်ပါတယ်။ စိတ်မချနိုင်သော
စိတ်နေသဘောထားဖြင့် အသက်ရှင်နေထိုင်ခြင်းဖြစ်ပါတယ်။
၎င်းအစား ဘုရားသခင်၏ ကတိတော်ကို စိတ်နှလုံးသွင်းပြီး
စတင်အသက်ရှင်နေထိုင်ဖို့ ကြိုးစားပါ။ ထိုအရာကို လုပ်ဆောင်သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်ကို သင်ယုံကြည်သည့်အတွက်ကြောင့်
သင်သိုမှီးသိမ်းဆည်းစရာ မလိုတော့ပေ။ သင်၏ အရင်းအမြစ်
၊ ပိုင်ဆိုင်မှုတွေကို ရက်ရောခြင်းအသက်တာဖြင့် ကိုင်တွယ်ပါလိမ့်မည်။ ၎င်းသည် အသက်တာကို
ရည်ရွယ်ချက်ရှိရှိနေထိုင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
ဆင်ခြင်ရန်
-
ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ကုန်ပစ္စည်း ၊ရိက္ခာတို့ကို ခရစ်ယာန်တို့ သိုလှောင်သင့်တယ်လို့
သင်ထင်မြင်ပါသလား။ ဘာကြောင့်နည်း (သို့) ဘာကြောင့် မဟုတ်သနည်း။
-
ဘုရားသခင်၏ တည်ရှိခြင်းနှင့် သင့်အားဂရုစိုက်ခြင်းနှင့် ပတ်သက်၍ ဘုရား၏ ကတိတော်တစ်ချို့ကား
မည်သို့နည်း။
-
သင်၏ ဘဏ်စာရင်းက သင်၏ယုံကြည်ရသော နေရာကို မည်သို့ ဖော်ပြပါသနည်း။ “ဘုရားသခင် ပေးတော်မူမည်”
ဟူသော သင်၏ယုံကြည်ခြင်းကို မည်သို့ပြပါသနည်း။
-----------------------------------------------------------------------------
Zawgyi Version
ေနာက္ထပ္ မည္မွ် သင္လိုေနမည္နည္း။
ေဟၿဗဲဩဝါဒစာ ၁၃:၅ “သင္တို႔၏က်င့္ႀကံျပဳမူျခင္းသည္ ေငြကိုတပ္မက္ျခင္းႏွင့္ ကင္းလြတ္၍၊ ကိုယ္၌ရွိေသာ ဥစၥာႏွင့္ ေရာင့္ရဲ ျခင္းရွိၾကေလာ့။ အေၾကာင္းမူကား၊ ငါသည္ သင့္ကိုမစြန္႔၊ သင့္ကိုအလွ်င္း ပစ္၍မထားဟု ဂတိေတာ္ရွိ၏။”
ယခု ေန႔ရက္ကာလတြင္ လူေတာ္ေတာ္မ်ားမ်ား ဘ႑ာေရး မတည္ၿငိမ္မႈကို (သူတို႔ဘဏ္စာရင္းထဲ၌ ေငြဘယ္ ေလာက္ရွိရွိ) ခံစားေနၾကရပါတယ္။ တခ်ိဳ႕ၾကေတာ့ “ေနာက္တစ္ပတ္မွာ ငါအလုပ္ရမလား ၊ စီးပြားေရးမွာ ဘာေတြ ျဖစ္လာမလဲ ၊ ငါ့ဘဝမွာ လုပ္ခ်င္တာေတြကို လုပ္ရပါ့မလား” လို႔ သိခ်င္ေနၾကပါတယ္။
သင္က ထိုေမးခြန္းေတြကို ေမးခ်င္ပါလွ်င္ ေဟၿဗဲ ၁၃:၅တြင္ ေဖာ္ျပထားေသာ ဘုရားသခင္၏ ကတိေတာ္ကို သင္အမွတ္ရဖို႔ လိုအပ္ပါတယ္။ “သင္တို႔၏က်င့္ႀကံျပဳမူျခင္းသည္ ေငြကိုတပ္မက္ျခင္းႏွင့္ ကင္းလြတ္၍၊ ကိုယ္၌ ရွိေသာ ဥစၥာႏွင့္ ေရာင့္ရဲ ျခင္းရွိၾကေလာ့။ အေၾကာင္းမူကား၊ ငါသည္ သင့္ကိုမစြန္႔၊ သင့္ကိုအလွ်င္း ပစ္၍မထားဟု ဂတိေတာ္ရွိ၏။”
၎ကို သင္သိျမင္ပါသလား။ ဘုရားသခင္၏ ကတိေတာ္သည္ သင့္ကို ဘယ္ေတာ့မွ မစြန႔္ဘူးဆိုတာသည္ သင္၏ အနာဂတ္ေငြေၾကးက႑ႏွင့္ သက္ဆိုင္ပါတယ္။ သင္၏ ေငြေၾကးကို ျမတ္ႏိုးႏွစ္သက္စရာ မလိုဘူးလို႔ ေျပာေနပါတယ္။ သင္၌ရွိေသာအရာျဖင့္ သင္ေရာင့္ရဲႏိုင္ပါတယ္။ သင္၏ အရင္းအျမစ္တို႔ကို သိုမွီးစရာ မလိုျခင္းသည္ သင္၌ “ဘုရား၏ တည္ရွိျခင္းဆိုတဲ့” အာမခံခ်က္ရွိေနလို႔ ျဖစ္ပါတယ္။ သင့္ကို ဘုရားသခင္သည္ အၿမဲတမ္းျမင္ေနရၿပီး သင္၏ လိုအပ္သည့္အရာကိုလည္း အၿမဲတမ္းသိေတာ္မူသည္။ ဘာေၾကာင့္လဲဆိုေတာ့ ဘုရားသခင္သည္ ခ်စ္ျခင္းေမတၱာျဖစ္ေတာ္မူသည္။ သင္လိုအပ္ေသာေနေသာ အေျခအေနအပါအဝင္ သင့္ကို မစြန႔္ပယ္ပါ။
သင္၏ အနာဂတ္ ဘ႑ာေရးရာ လုံၿခဳံမႈအတြက္ သင္ဘာကို ယုံၾကည္ေနပါသနည္း။ သင္၏ ပိုင္ဆိုင္မႈေတြေပၚ ယုံၾကည္ပါသလား (သို႔) ဘုရားသခင္၏ တည္ရွိျခင္းကို ယုံၾကည္ပါသလား။
ေငြေၾကး လက္လႊတ္လိုက္ရျခင္း ၊ သႆေမဓအခြန္ေပးျခင္း ၊ (သို႔) ရက္ေရာေပးကမ္းျခင္းေတြအတြက္ သင္အခက္အခဲအခ်ိန္ျဖစ္ေနပါလွ်င္ သင္၌ ယုံၾကည္ျခင္းကင္းမဲ့တယ္လို႔ ေဖာ္ျပေနျခင္းျဖစ္ပါတယ္။ ဘုရားသခင္ သင့္အား ေစာင့္ေရွာက္မည့္ ကတိေတာ္မ်ားစြာကို သင္တကယ္ မယုံၾကည္ျခင္းျဖစ္ပါတယ္။ စိတ္မခ်ႏိုင္ေသာ စိတ္ေနသေဘာထားျဖင့္ အသက္ရွင္ေနထိုင္ျခင္းျဖစ္ပါတယ္။
၎အစား ဘုရားသခင္၏ ကတိေတာ္ကို စိတ္ႏွလုံးသြင္းၿပီး စတင္အသက္ရွင္ေနထိုင္ဖို႔ ႀကိဳးစားပါ။ ထိုအရာကို လုပ္ေဆာင္သည္ႏွင့္ တစ္ၿပိဳင္နက္ ဘုရားသခင္ကို သင္ယုံၾကည္သည့္အတြက္ေၾကာင့္ သင္သိုမွီးသိမ္းဆည္းစရာ မလိုေတာ့ေပ။ သင္၏ အရင္းအျမစ္ ၊ ပိုင္ဆိုင္မႈေတြကို ရက္ေရာျခင္းအသက္တာျဖင့္ ကိုင္တြယ္ပါလိမ့္မည္။ ၎သည္ အသက္တာကို ရည္႐ြယ္ခ်က္ရွိရွိေနထိုင္ရန္ တစ္ခုတည္းေသာ နည္းလမ္းျဖစ္ပါတယ္။
ဆင္ျခင္ရန္
- ကပ္ေရာဂါ ျဖစ္ပြားေနခ်ိန္တြင္ ကုန္ပစၥည္း ၊ရိကၡာတို႔ကို ခရစ္ယာန္တို႔ သိုေလွာင္သင့္တယ္လို႔ သင္ထင္ျမင္ပါသလား။ ဘာေၾကာင့္နည္း (သို႔) ဘာေၾကာင့္ မဟုတ္သနည္း။
- ဘုရားသခင္၏ တည္ရွိျခင္းႏွင့္ သင့္အားဂ႐ုစိုက္ျခင္းႏွင့္ ပတ္သက္၍ ဘုရား၏ ကတိေတာ္တစ္ခ်ိဳ႕ကား မည္သို႔နည္း။
- သင္၏ ဘဏ္စာရင္းက သင္၏ယုံၾကည္ရေသာ ေနရာကို မည္သို႔ ေဖာ္ျပပါသနည္း။ “ဘုရားသခင္ ေပးေတာ္မူမည္” ဟူေသာ သင္၏ယုံၾကည္ျခင္းကို မည္သို႔ျပပါသနည္း။