Unicode Version
ရှင်မဿဲခရစ်ဝင်ကျမ်း ပဌမစောင် ၅:၁၂ “ငါသည်သင်တို့ကို တိုက်တွန်းသွေးဆောင်လျက်၊ သင်တို့မှီဝဲ ဆည်းကပ် သောဤအရာများသည် ဘုရား သခင်၏ကျေးဇူးတော်အမှန် ဖြစ်သည်ဟု သက်သေခံလျက်၊ ဤစာကို အကျဉ်း အားဖြင့် ရေးပြီးမှ၊ ငါစိတ်ထင် သည်အတိုင်း သင်တို့အမှု၌ သစ္စာရှိသောညီအစ်ကို သိလွာနုလက် ဖြင့်ယခုပေး လိုက်၏။”
မာရသွန်ဆိုတဲ့
ပြေးရတဲ့ အသက်တာမှာ ဘေးအန္တရာယ်များစွာကို သင်ရင်ဆိုင်ရပါလိမ့်မည်။ သို့ပေမဲ့ ဘယ်လိုအရာ တွေကို ရင်ဆိုင်ဖြတ်သန်းရပါစေ ဘုရားသခင်၏ ကျေးဇူးတော်ကို သင်ရေတွက်နေ နိုင်ပါတယ်။
သင်
ဘဝတွင် လွယ်ကူစေတဲ့ အချိန်အခါ (၃) ရပ်ရှိပါတယ်။ ခလုတ်တိုက်မိဖို့ရန် ၊ ပြိုင်ပွဲ၏ဘေးဘက်သို့
နှင်ချခံရဖို့ရန် ၊ ကောင်းမွန်စွာ မပြီးမြောက်စေဖို့ရန် တို့ဖြစ်ပါတယ်။ သို့ပေမဲ့ ထိုအခြေအနေ
တစ်ခုစီတိုင်းတွင် ဘုရားသခင်၏ တည်မြဲသော ကျေးဇူးတော်သည် သင်နှင့်အတူရှိနေပါသည်။
သင်စုံစမ်းခံရချိန်တွင်
ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်အား ရပ်တည်နေနိုင်ဖို့ရန် အကူအညီပေးပါသည်။
စုံစမ်းခြင်းသည်
သင့်အား ခလုတ်တိုက်မိဖို့ရန် ဖြစ်စေနိုင်သော ဉီးဆုံးသော အရာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာက
ဆိုထားသည်မှာ “လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ
သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့ မခံနိုင်သော
စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေး တော်မမူ။ သင်တို့သည်
ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း
စီရင်ပြုပြင်တော်မူလိမ့်မည်။” ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၀:၁၃
“သင် လွှတ်မြောက်မည့်နည်းလမ်းကို အမြဲတမ်းပေးမည့် ငါ၏ ကျေးဇူးတော်ကို
ကမ်းလှမ်းမည်” လို့ ဘုရားသခင်
ဆိုပါတယ်။ လွှတ်မြောက်ခြင်း နည်းလမ်းဆိုတာ တီဗွီ Channel တွေကို ပြောင်းလဲလိုက်ခြင်းဖြစ်ကောင်းဖြစ်မည်
၊ တံခါး အပြင်ဘက်သို့ ထွက်လာခြင်း ဖြစ်ကောင်းဖြစ်မည်။ သင်၏ အတွေးအခေါ်တွေကို ပြောင်းလဲလိုက်ခြင်း
ဖြစ်ကောင်း ဖြစ်ပါမည်။ သို့ပေမဲ့ စုံစမ်းခြင်းကနေ လွှတ်မြောက်စေသော နည်းလမ်းကို ဘုရားသခင်
ပေးပါလိမ့်မည်။
သင် မောပန်းနေချိန်တွင် ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်အား ရပ်တည်နေနိုင်ဖို့ရန်
အကူအညီပေး ပါသည်။
တစ်ခါတစ်ရံတွင် သင်စုံစမ်းခြင်း မခံရပါဘူး။ တစ်ခါတစ်ရံတွင် ပင်ပန်းနေပါမည်။ အသက်တာတွင်
မကြာခဏ ဆိုသလို စိုးရိမ်ထိတ်လန့်စရာတွေ ရှိပါတယ်။ အထူးသဖြင့် လွယ်ကူသော အရာထက် မှန်ကန်သော
အရာတွေကို ကြိုးစားလုပ်ဆောင်တဲ့အခါမှာ များစွာသော အင်အားတွေ လိုအပ်ပါတယ်။
သို့ပေမဲ့
သင်အင်မတန် ပင်ပန်းနွမ်းလျတဲ့အချိန်အခါမှာ မှန်ကန်သောအရာကို လုပ်ဆောင်ဖို့ရန် အင်အားကို
ဘယ်မှာ ရမည်နည်း။ ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၁:၂၁-၂၂
“သင်တို့နှင့်ငါတို့ကို ခရစ်တော်၌တည်စေ၍ ဘိသိက်ပေးသော သူကား၊ ဘုရားသခင်ဖြစ်သတည်း။ ထိုဘုရားသခင်သည်
ငါတို့ကိုတံဆိပ်ခတ်၍ ငါတို့စိတ် နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသော စားရန်ကိုသွင်းပေးတော်မူ၏။”
သင်
ပြသနာရင်ဆိုင်ကြုံတွေ့ရချိန်တွင် ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်အား လိုအပ်သော စွမ်းအင်ကို
ပေးပါသည်။
ကမ္ဘာပေါ်ရှိ
ဆုတောင်းမေတ္တာ ပို့သောအရာတွေက တချို့သော နာကျင်မှုတွေကို မပယ်ရှင်းနိုင်ကြပါ။ အသက်တာရှိ
တစ်ချို့သော အရာတွေက အစီအစဉ်မရှိမှုတွေ ၊ ရက်စက်တင်းမာမှုတွေ ၊ မခံစားထိုက်သော အရာများဖြစ်ပြီး
၎င်းတို့က အများဆုံး ထိခိုက်မှုတွေဖြစ်ပါတယ်။
ထိုအခြေအနေတွေမှာ
သင်ဘာကို လုပ်ဆောင်မည်နည်း။ သခင်ယေရှုနှင့် သူ၏တန်ခိုးတော်တို့ပေါ် သင်အားရုံစိုက်
နေခြင်းအစား “အကယ်၍များ” ဆိုတဲ့ လှည့်ကွက်တွေကို ဉီးဆုံးသင်ရပ်တန့်ပစ်လိုက်ပါ။ ဟေရှာယအနာ ဂတ္တိကျမ်း ၄၁:၁၀ “မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ
ရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့ စေမည်။ သင့်ကို စောင့်မမည်။
ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။”
သင်တစ်ဉီးတည်း မဟုတ်ပါ။ ဘယ်တော့မှလည်း အထီးကျန်မည် မဟုတ်ကြောင်းကို
သတိရပါ။ စုံစမ်းခြင်း ခံရချိန်ဖြစ်စေ ၊ ပင်ပန်းနွမ်းလျသည့်အခါဖြစ်စေ (သို့) ပြသနာ ရင်ဆိုင်တွေ့ကြုံရချိန်ဖြစ်စေ
သင့်အား ထောက်မပေးနေသည့် ဘုရားသခင်၏ ကျေးဇူးတော်အပေါ်တွင် သင်ရေတွက် ချီးမွမ်းနိုင်ပါတယ်။
ဆင်ခြင်ရန်
-
သင်ခက်ခဲနေသော အချိန်တွင် ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်အားမည်ကဲ့သို့ ကယ်မခဲ့ပါသနည်း။
-
မည်ကဲ့သို့သော လက်တွေ့ကျသော နည်းလမ်းဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို သူတစ်ပါးတို့အား
တိုးချဲ့စေနိုင်ပါမည်နည်း။
- “အကယ်၍များ” ဆိုတဲ့ လှည့်ကွက်သည် ဘာကို ဆိုလိုသည်ဟု သင်ထင်မြင်ပါသနည်း။ ၎င်းကဲ့သို့ သောဆင်ခြေကို မည်သည့်အချိန်တို့တွင် သင်အသုံးပြုပါသနည်း။
-------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်