Unicode Version
မိမိ၏စိတ်ကို မည်ကဲ့သို့ စင်ကြယ်အောင် ထားမည်နည်း။
ဆာလံကျမ်း ၃၂:၁-၂ “ပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏။
ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ် ၍၊ လှည့်စားတတ်သော စိတ်သဘောနှင့် ကင်းစင်သော သူသည် မင်္ဂလာရှိ၏။”
အပြစ်ရှိခြင်း
(သို့) ရှက်ကြောက်ခြင်းက ကျွန်ုပ်တို့၏ ပျော်ရွှင်မှုကို ဆုံးရှုံးစေတဲ့ အကြောင်းရင်
ဖြစ်စေနိုင်ပါတယ်။ သင်ပျော်ရွှင်ချင်တယ်ဆိုလျှင် အပြစ်ရှိခြင်းဆိုတဲ့အရာကို ဖယ်ရှားပြီး
စင်ကြယ်သောစိတ်သဘောကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချိန်တည်းမှာ
အပြစ်ရှိခြင်းနှင့် ပျော်ရွှင်ခြင်းကို အတူခံစားလို့ မရနိုင်ပါ။
ဖိလိပ္ပိဩဝါဒစာ ၂:၁၅ တွင် ဆိုထားသည်မှာ “သို့ပြုလျှင်
အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍၊ မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ၌
အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏ သားဖြစ်ကြ လိမ့်မည်။ ”
“ငါပျော်ရွှင်ချင်ပါတယ်။ ဒါပေမဲ့ ယခုအချိန်တွင် မကြည်လင်တဲ့
ငါ့ရဲ့စိတ်ကို စင်ကြယ်အောင် ဘယ်လို လုပ်ရမလဲ” သို့ သင်ပြောကောင်း ပြောပါမည်။ ဆာလံဆရာ
ဆိုထားသည့်အတိုင်း လုပ်ဆောင်ပါ။ ဆာလံကျမ်း ၃၂:
၁-၂ “ပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်
ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏။
ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ် ၍၊ လှည့်စားတတ်သော
စိတ်သဘောနှင့် ကင်းစင်သော သူသည် မင်္ဂလာရှိ၏။”
အသက်တာတွင် လူတိုင်း ပျော်ရွှင်ခြင်း ၊ ဝမ်းမြောက်ခြင်း နှင့် လွှတ်မြောက်ခြင်း
စတဲ့ သုံးမျိုးသော အရာကို ရှာဖွေနေကြပါတယ်။ ကျွန်ုပ်တို့အားလုံး ပျော်ရွှင်ချင်ကြပါတယ်။
အသက်တာကို ပျော်ရွှင်စွာ ဖြတ်သန်းချင်ကြပါတယ်။ နာကျင်မှုတွေကနေ သက်သာရာ ရချင်ကြပါတယ်။
ဤအရာအားလုံးတို့သည် သန့်ရှင်းစင်ကြယ်ခြင်း ကလာပြီး ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်
ပေးသော ခွင့်လွှတ်ခြင်းကနေ လာတယ်လို့ သမ္မာကျမ်းစာက ဆိုပါတယ်။
ဤသို့ဆိုလျှင် စင်ကြယ်သော စိတ်ကို ဘယ်လိုထားရမလဲ
နေ့ရက်တိုင်း၏
အစနှင့် အဆုံးပိုင်းတို့ကို ဝိညာဉ်ရေးရာ စစ်တမ်းပြုစုပါ။ သင်နှင့် ဘုရားသခင်ကြားက အရာတို့နှင့်
သင်၏နေ့ရက်တို့မှ ရင်ဆိုင်ရမှုတွေကို ဘုရားသခင်အား ပြောကြားလိုက်ပါ။
ကျွန်ုပ်တို့၏
အပြစ်တို့ကို ဖော်ပြပါလျှင် ရှင်ယောဟန်ပဌမစောင် ၁:၉ “ကိုယ်အပြစ်တို့ကို
ဘော်ပြတောင်းပန် လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ
ဘုရားသခင်သည် သစ္စာတရား နှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။”
ဆင်ခြင်ရန်
-
သင်၏ စိတ်ကို စင်ကြယ်စေနိုင်ဖို့ရန် ယနေ့တွင် ဘုရားသခင်နှင့် ပတ်သက်ပြီး မည်သည့်အရာကို
ပြောဆိုဖို့ သင်လိုမည်နည်း။
-
ဝိညာဉ်ရေးရာ စစ်တမ်းအတွက် နေ့ရက်တိုင်းတွင် အချိန်ပြုဖို့ရန် သင့်အသက်တာကို မည်သို့
ပြန်လည် တည်ဆောက်မည်နည်း။
---------------------------------------------------
Zawgyi Version
မိမိ၏စိတ္ကို မည္ကဲ့သို႔ စင္ၾကယ္ေအာင္ ထားမည္နည္း။
ဆာလံက်မ္း ၃၂:၁-၂ “ျပစ္မွလႊတ္ျခင္း၊ ဒုစ႐ိုက္အျပစ္ကို ဖုံးအုပ္ျခင္းသို႔ ေရာက္ေသာသူသည္ မဂၤလာရွိ၏။ ထာဝရဘုရား အျပစ္တင္ေတာ္မူျခင္းႏွင့္ လြတ္ ၍၊ လွည့္စားတတ္ေသာ စိတ္သေဘာႏွင့္ ကင္းစင္ေသာ သူသည္ မဂၤလာရွိ၏။”
အျပစ္ရွိျခင္း (သို႔) ရွက္ေၾကာက္ျခင္းက ကြၽႏ္ုပ္တို႔၏ ေပ်ာ္႐ႊင္မႈကို ဆုံးရႈံးေစတဲ့ အေၾကာင္းရင္ ျဖစ္ေစႏိုင္ပါတယ္။ သင္ေပ်ာ္႐ႊင္ခ်င္တယ္ဆိုလွ်င္ အျပစ္ရွိျခင္းဆိုတဲ့အရာကို ဖယ္ရွားၿပီး စင္ၾကယ္ေသာစိတ္သေဘာကို ထိန္းသိမ္းဖို႔ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တစ္ခ်ိန္တည္းမွာ အျပစ္ရွိျခင္းႏွင့္ ေပ်ာ္႐ႊင္ျခင္းကို အတူခံစားလို႔ မရႏိုင္ပါ။
ဖိလိပၸိဩဝါဒစာ ၂:၁၅ တြင္ ဆိုထားသည္မွာ “သို႔ျပဳလွ်င္ အျပစ္တင္ခြင့္မရွိ၊ အဘယ္သူကိုမွ် မျပစ္မွားဘဲေန၍၊ မေျဖာင့္မမွန္ ေဖာက္ျပန္ေသာလူမ်ိဳးအထဲ၌ အဘယ္အျပစ္မွ်မပါေသာ ဘုရားသခင္၏ သားျဖစ္ၾက လိမ့္မည္။ ”
“ငါေပ်ာ္႐ႊင္ခ်င္ပါတယ္။ ဒါေပမဲ့ ယခုအခ်ိန္တြင္ မၾကည္လင္တဲ့ ငါ့ရဲ႕စိတ္ကို စင္ၾကယ္ေအာင္ ဘယ္လို လုပ္ရမလဲ” သို႔ သင္ေျပာေကာင္း ေျပာပါမည္။ ဆာလံဆရာ ဆိုထားသည့္အတိုင္း လုပ္ေဆာင္ပါ။ ဆာလံက်မ္း ၃၂: ၁-၂ “ျပစ္မွလႊတ္ျခင္း၊ ဒုစ႐ိုက္အျပစ္ကို ဖုံးအုပ္ ျခင္းသို႔ ေရာက္ေသာသူသည္ မဂၤလာရွိ၏။
ထာဝရဘုရား အျပစ္တင္ေတာ္မူျခင္းႏွင့္ လြတ္ ၍၊ လွည့္စားတတ္ေသာ စိတ္သေဘာႏွင့္ ကင္းစင္ေသာ သူသည္ မဂၤလာရွိ၏။”
အသက္တာတြင္ လူတိုင္း ေပ်ာ္႐ႊင္ျခင္း ၊ ဝမ္းေျမာက္ျခင္း ႏွင့္ လႊတ္ေျမာက္ျခင္း စတဲ့ သုံးမ်ိဳးေသာ အရာကို ရွာေဖြေနၾကပါတယ္။ ကြၽႏ္ုပ္တို႔အားလုံး ေပ်ာ္႐ႊင္ခ်င္ၾကပါတယ္။ အသက္တာကို ေပ်ာ္႐ႊင္စြာ ျဖတ္သန္းခ်င္ၾကပါတယ္။ နာက်င္မႈေတြကေန သက္သာရာ ရခ်င္ၾကပါတယ္။ ဤအရာအားလုံးတို႔သည္ သန႔္ရွင္းစင္ၾကယ္ျခင္း ကလာၿပီး ဘုရားသခင္၏ ေက်းဇူးေတာ္အားျဖင့္ ေပးေသာ ခြင့္လႊတ္ျခင္းကေန လာတယ္လို႔ သမၼာက်မ္းစာက ဆိုပါတယ္။
ဤသို႔ဆိုလွ်င္ စင္ၾကယ္ေသာ စိတ္ကို ဘယ္လိုထားရမလဲ
ေန႔ရက္တိုင္း၏ အစႏွင့္ အဆုံးပိုင္းတို႔ကို ဝိညာဥ္ေရးရာ စစ္တမ္းျပဳစုပါ။ သင္ႏွင့္ ဘုရားသခင္ၾကားက အရာတို႔ႏွင့္ သင္၏ေန႔ရက္တို႔မွ ရင္ဆိုင္ရမႈေတြကို ဘုရားသခင္အား ေျပာၾကားလိုက္ပါ။
ကြၽႏ္ုပ္တို႔၏ အျပစ္တို႔ကို ေဖာ္ျပပါလွ်င္ ရွင္ေယာဟန္ပဌမေစာင္ ၁:၉ “ကိုယ္အျပစ္တို႔ကို ေဘာ္ျပေတာင္းပန္ လွ်င္၊ ငါတို႔အျပစ္မ်ားကိုလႊတ္၍ ဒုစ႐ိုက္ရွိသမွ်ႏွင့္ ကင္းစင္ေစျခင္းငွါ ဘုရားသခင္သည္ သစၥာတရား ႏွင့္၎၊ ေျဖာင့္မတ္ျခင္းတရားႏွင့္၎ ျပည့္စုံေတာ္မူ၏။”
ဆင္ျခင္ရန္
- သင္၏ စိတ္ကို စင္ၾကယ္ေစႏိုင္ဖို႔ရန္ ယေန႔တြင္ ဘုရားသခင္ႏွင့္ ပတ္သက္ၿပီး မည္သည့္အရာကို ေျပာဆိုဖို႔ သင္လိုမည္နည္း။
- ဝိညာဥ္ေရးရာ စစ္တမ္းအတြက္ ေန႔ရက္တိုင္းတြင္ အခ်ိန္ျပဳဖို႔ရန္ သင့္အသက္တာကို မည္သို႔ ျပန္လည္ တည္ေဆာက္မည္နည္း။