Unicode Version
ကြီးထွားပါ၊ မျိုးကြဲပါ။ ယုံကြည်ခြင်း၌ သွားပါ။
ကောလောသဲ ဩဝါဒစာ ၂:၇ “ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်း တိုးပွါးပြည့်စုံလျက်၊ ထိုသခင်၌ ကျင်လည်ကြလော့။”
ကြီးထွားခြင်း
၊ မျိုးကြဲခြင်းနှင့် ယုံကြည်ခြင်း၌ အာရုံထားရှိဖို့ရန် သင့်အား ဘုရားသခင် အလိုတော်ရှိပါတယ်။
ပထမဉီးစွာ
ယုံကြည်ခြင်း၌ ကြီးထွားဖို့ရန် အလိုတော်ရှိပါတယ်။ သင့်အား ဝိညာဉ်ရေးရာ
သူငယ်အရွယ်ဖြစ်ခြင်း ကို မဖြစ်စေချင်ပါ။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ ကောလောသဲ ဩဝါဒစာ ၂:၇ “ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ
ယုံကြည်ခြင်း တိုးပွါးပြည့်စုံလျက်၊ ထိုသခင်၌ ကျင်လည်ကြလော့။”
သင့်အား
ယုံကြည်ခြင်း၌လည်း မျိုးစေ့ကြဲဖို့ရန် ဘုရားအလိုတော်ရှိပါတယ်။ စေတနာကောင်းခြင်း မပါဘဲလျက်
သခင်ယေရှုနည်းတူ မဖြစ်လာနိုင်ဘူးဆိုတာကို သင်သိရှိတဲ့အတွက်ကြောင့် စေတနာထားရှိဖို့ရန်
လေ့လာမှုပြု ဖို့ရန် သင့်အား အလိုတော်ရှိပါသည်။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ “အနည်းငယ်သောမျိုးစေ့ကို ကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည်။ များစွာကြဲသောသူသည်
များစွာရိတ်ရမည်ဟု မှတ်ကြလော့။” ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၉: ၆
၎င်းသည်
သင်၏အသက်တာ ကဏ္ဍအစိတ်အပိုင်းအားလုံးပေါ် မှန်ကန်ပြီး စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းဆိုင်ရာ နည်းဉပဒေသ ဖြစ်ပါတယ်။ ဝေဖန်စီရင်ခြင်းကို သင်ပြုပါလျှင် ဝေဖန်စီရင်ခြင်းကို သင်ရိတ်သိမ်းရပါမည်။ ချစ်ခြင်းမေတ္တာ ၊ သနားကြင်နားမှု တို့ကို
သင်စိုက်ပျိုးပါလျှင် ထိုအရာတို့ကို သင်ရိတ်သိမ်းရပါမည်။ ပြီးတော့ သင်စိုက်ပျိုးထားတာထက်ကို ပိုပြီး ရိတ်သိမ်းရပါမည်။
ပြောင်းစေ့ တစ်စေ့ကို သင်မြေကြီးပေါ် စိုက်ပျိုးလိုက်တဲ့အခါ အစေ့တစ်ခုကိုသာ သင်မရရှိပါ။
ရိုးတံ တစ်ခုလုံးကို သင်ရရှိပါမည်။ သင့်အသက်တာတွင် စိုက်ပျိုးသောအရာမှန်သမျှ- အပြုသဘောဆောင်ခြင်း
(သို့) အပျက်သဘောဆောင်ခြင်းအရာတွေ ကိုသင် အမြဲတမ်း ပြန်လည်ရရှိပါမည်။
ဟေဗြဲဩဝါဒစာ ၁၁:၈ “အာဗြဟံသည် အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊
ဘုရားသခင် ခေါ်တော်မူ သောအခါ၊ သူသည်အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့်
နားထောင် ၍ ထွက်သွားလေ၏။”
သင်ကော
ထိုသို့ ပြုမည်လား။ အာဗြဟံသည် အနားယူမည်ဖြစ်ကာ ၎င်းကိုချိတ်ဆွဲပြီး နေရာချတော့မည်ဖြစ်သည်။
ထို့နောက် ဘုရားသခင်က “မငြင်းပါနဲ့။ သင့်အသက်တာ၏ အကြီးမားဆုံးအရာအတွက်
အဆင်သင့်ဖြစ်စေပါ။” လို့ဆိုပါတယ်။ သင်သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သောအခါ
သင်သွားဖို့ရန် မရည်ရွယ်သော နေရာများသို့ မကြာခဏ သွားခြင်းဖြစ်ပါတယ်။
သင်၏ယုံကြည်ခြင်းကို
ဖွံ့ဖြိုးတိုးတက်အောင် ဘာကြောင့် လုပ်ဆောင်ရန် အရေးကြီးပါသနည်း။ သမ္မာကျမ်းစာက ထိုအရာကို
ကြိမ်ဖန်များစွာ ရှင်းပြထားပါတယ်။
ဟေဗြဲဩဝါဒစာ ၁၁:၆ “ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။
အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊
ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။”
ရှင်မဿဲခရစ်ဝင်ကျမ်း
၉:၂၉ “ထိုအခါ သူတို့၏ မျက်စိကို တို့တော်မူ၍၊ သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေဟု
မိန့်တော် မူလျှင်၊ သူတို့သည် မျက်စိပွင့်လင်းလေ၏။
ယေရှုကလည်း၊ အဘယ်သူမျှ မသိစေခြင်းငှါ သတိပြုကြလော့ဟု မြစ်တားတော်မူ၏။”
ရောမဩဝါဒစာ ၁၄:၂၃ “ယုံမှားသောသူသည် စားလျှင်၊ ယုံသောစိတ် မရှိဘဲ စားသောကြောင့်
အပြစ်စီရင်ခြင်း ကိုခံရ၏။ ယုံသောစိတ်မရှိဘဲ ကျင့်သမျှသော အကျင့်တို့သည် အပြစ်ရှိကြ၏။”
သင်၏
အသက်တာ၌ ဘုရားသခင် ပြုသမျှသည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် သင်၏ယုံကြည်ခြင်းအားဖြင့်
ပြုပါသည်။
ဆင်ခြင်ရန်
-
လွန်ခဲ့သော (၆) လအတွင်းတွင် သင်၏ ယုံကြည်ခြင်း မည်သို့ တိုးတက်လာပါသနည်း။
-
သင်၏အသက်တာဖြင့် သင်မျိုးစေ့ကြဲနေခြင်းအရာကို သင်နှင့်ရင်းနှီးသော သူတွေက မည်သို့ပြောမည်နည်း။
- ယုံကြည်ခြင်းအားဖြင့် တစ်နေရာရာသို့ သွားရန် ဘုရားသခင်ထံ တောင်းလျှောက်ပါသလား။ သင်၌ နာခံမှု ရှိပါသလား (သို့) မရှိဘူးလား။ သင်၏ နာခံခြင်း (သို့) မနာခံခြင်းက မည်သို့ သက်ရောက်မှု ရှိမည်နည်း။
-----------------------------------------------------------------------
Zawgyi Version
ႀကီးထြားပါ၊ မ်ိဳးႀကဲပါ။ ယုံၾကည္ျခင္း၌ သြားပါ။
ေကာေလာသဲ ဩဝါဒစာ ၂:၇ “ေက်းဇူးေတာ္ကို ခ်ီးမြမ္းျခင္းႏွင့္တကြ ယုံၾကည္ျခင္း တိုးပြါးျပည့္စုံလ်က္၊ ထိုသခင္၌ က်င္လည္ၾကေလာ့။”
ႀကီးထြားျခင္း ၊ မ်ိဳးႀကဲျခင္းႏွင့္ ယုံၾကည္ျခင္း၌ အာ႐ုံထားရွိဖို႔ရန္ သင့္အား ဘုရားသခင္ အလိုေတာ္ရွိပါတယ္။
ပထမဉီးစြာ ယုံၾကည္ျခင္း၌ ႀကီးထြားဖို႔ရန္ အလိုေတာ္ရွိပါတယ္။ သင့္အား ဝိညာဥ္ေရးရာ သူငယ္အ႐ြယ္ျဖစ္ျခင္း ကို မျဖစ္ေစခ်င္ပါ။ သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ ေကာေလာသဲ ဩဝါဒစာ ၂:၇ “ေက်းဇူးေတာ္ကို ခ်ီးမြမ္းျခင္းႏွင့္တကြ ယုံၾကည္ျခင္း တိုးပြါးျပည့္စုံလ်က္၊ ထိုသခင္၌ က်င္လည္ၾကေလာ့။”
သင့္အား ယုံၾကည္ျခင္း၌လည္း မ်ိဳးေစ့ႀကဲဖို႔ရန္ ဘုရားအလိုေတာ္ရွိပါတယ္။ ေစတနာေကာင္းျခင္း မပါဘဲလ်က္ သခင္ေယရႈနည္းတူ မျဖစ္လာႏိုင္ဘူးဆိုတာကို သင္သိရွိတဲ့အတြက္ေၾကာင့္ ေစတနာထားရွိဖို႔ရန္ ေလ့လာမႈျပဳ ဖို႔ရန္ သင့္အား အလိုေတာ္ရွိပါသည္။ သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ “အနည္းငယ္ေသာမ်ိဳးေစ့ကို ႀကဲေသာသူသည္ စပါးအနည္းငယ္သာရိတ္ရမည္။ မ်ားစြာႀကဲေသာသူသည္ မ်ားစြာရိတ္ရမည္ဟု မွတ္ၾကေလာ့။” ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၉: ၆
၎သည္ သင္၏အသက္တာ က႑အစိတ္အပိုင္းအားလုံးေပၚ မွန္ကန္ၿပီး စိုက္ပ်ိဳးျခင္းႏွင့္ ရိတ္သိမ္းျခင္းဆိုင္ရာ နည္းဉပေဒသ ျဖစ္ပါတယ္။ ေဝဖန္စီရင္ျခင္းကို သင္ျပဳပါလွ်င္ ေဝဖန္စီရင္ျခင္းကို သင္ရိတ္သိမ္းရပါမည္။ ခ်စ္ျခင္းေမတၱာ ၊ သနားၾကင္နားမႈ တို႔ကို သင္စိုက္ပ်ိဳးပါလွ်င္ ထိုအရာတို႔ကို သင္ရိတ္သိမ္းရပါမည္။ ၿပီးေတာ့ သင္စိုက္ပ်ိဳးထားတာထက္ကို ပိုၿပီး ရိတ္သိမ္းရပါမည္။ ေျပာင္းေစ့ တစ္ေစ့ကို သင္ေျမႀကီးေပၚ စိုက္ပ်ိဳးလိုက္တဲ့အခါ အေစ့တစ္ခုကိုသာ သင္မရရွိပါ။ ႐ိုးတံ တစ္ခုလုံးကို သင္ရရွိပါမည္။ သင့္အသက္တာတြင္ စိုက္ပ်ိဳးေသာအရာမွန္သမွ်- အျပဳသေဘာေဆာင္ျခင္း (သို႔) အပ်က္သေဘာေဆာင္ျခင္းအရာေတြ ကိုသင္ အၿမဲတမ္း ျပန္လည္ရရွိပါမည္။
ေဟၿဗဲဩဝါဒစာ ၁၁:၈ “အာျဗဟံသည္ အေမြခံရလတံ့ေသာျပည္သို႔ ထြက္သြားမည္အေၾကာင္း၊ ဘုရားသခင္ ေခၚေတာ္မူ ေသာအခါ၊ သူသည္အဘယ္အရပ္သို႔သြားသည္ကို ကိုယ္တိုင္မသိဘဲလ်က္၊ ယုံၾကည္ျခင္းအားျဖင့္ နားေထာင္ ၍ ထြက္သြားေလ၏။”
သင္ေကာ ထိုသို႔ ျပဳမည္လား။ အာျဗဟံသည္ အနားယူမည္ျဖစ္ကာ ၎ကိုခ်ိတ္ဆြဲၿပီး ေနရာခ်ေတာ့မည္ျဖစ္သည္။ ထို႔ေနာက္ ဘုရားသခင္က “မျငင္းပါနဲ႔။ သင့္အသက္တာ၏ အႀကီးမားဆုံးအရာအတြက္ အဆင္သင့္ျဖစ္ေစပါ။” လို႔ဆိုပါတယ္။ သင္သည္ ယုံၾကည္ျခင္းအားျဖင့္ အသက္ရွင္ေသာအခါ သင္သြားဖို႔ရန္ မရည္႐ြယ္ေသာ ေနရာမ်ားသို႔ မၾကာခဏ သြားျခင္းျဖစ္ပါတယ္။
သင္၏ယုံၾကည္ျခင္းကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ဘာေၾကာင့္ လုပ္ေဆာင္ရန္ အေရးႀကီးပါသနည္း။ သမၼာက်မ္းစာက ထိုအရာကို ႀကိမ္ဖန္မ်ားစြာ ရွင္းျပထားပါတယ္။
ေဟၿဗဲဩဝါဒစာ ၁၁:၆ “ယုံၾကည္ျခင္းမရွိလွ်င္၊ ဘုရားသခင္၏ စိတ္ေတာ္ႏွင့္မေတြ႕ႏိုင္။ အေၾကာင္းမူကား၊ ဘုရားသခင့္ အထံေတာ္သို႔ ခ်ဥ္းကပ္ေသာသူသည္၊ ဘုရားသခင္ရွိေတာ္မူသည္ကို၎၊ ကိုယ္ေတာ္ကို ရွာေသာသူအား အက်ိဳးေပးေတာ္မူသည္ကို၎၊ ယုံၾကည္ရမည္။”
ရွင္မႆဲခရစ္ဝင္က်မ္း ၉:၂၉ “ထိုအခါ သူတို႔၏ မ်က္စိကို တို႔ေတာ္မူ၍၊ သင္တို႔ ယုံျခင္းရွိသည္အတိုင္း သင္တို႔၌ျဖစ္ေစဟု မိန္႔ေတာ္ မူလွ်င္၊ သူတို႔သည္ မ်က္စိပြင့္လင္းေလ၏။ ေယရႈကလည္း၊ အဘယ္သူမွ် မသိေစျခင္းငွါ သတိျပဳၾကေလာ့ဟု ျမစ္တားေတာ္မူ၏။”
ေရာမဩဝါဒစာ ၁၄:၂၃ “ယုံမွားေသာသူသည္ စားလွ်င္၊ ယုံေသာစိတ္ မရွိဘဲ စားေသာေၾကာင့္ အျပစ္စီရင္ျခင္း ကိုခံရ၏။ ယုံေသာစိတ္မရွိဘဲ က်င့္သမွ်ေသာ အက်င့္တို႔သည္ အျပစ္ရွိၾက၏။”
သင္၏ အသက္တာ၌ ဘုရားသခင္ ျပဳသမွ်သည္ ဘုရားသခင္၏ ေက်းဇူးေတာ္ႏွင့္ သင္၏ယုံၾကည္ျခင္းအားျဖင့္ ျပဳပါသည္။
ဆင္ျခင္ရန္
- လြန္ခဲ့ေသာ (၆) လအတြင္းတြင္ သင္၏ ယုံၾကည္ျခင္း မည္သို႔ တိုးတက္လာပါသနည္း။
- သင္၏အသက္တာျဖင့္ သင္မ်ိဳးေစ့ႀကဲေနျခင္းအရာကို သင္ႏွင့္ရင္းႏွီးေသာ သူေတြက မည္သို႔ေျပာမည္နည္း။
- ယုံၾကည္ျခင္းအားျဖင့္ တစ္ေနရာရာသို႔ သြားရန္ ဘုရားသခင္ထံ ေတာင္းေလွ်ာက္ပါသလား။ သင္၌ နာခံမႈ ရွိပါသလား (သို႔) မရွိဘူးလား။ သင္၏ နာခံျခင္း (သို႔) မနာခံျခင္းက မည္သို႔ သက္ေရာက္မႈ ရွိမည္နည္း။