သင်ရရှိပိုင်ဆိုင်ထားသော မည်သည့်အရာကိုမဆို ဘုရားသခင် အလိုတော်ရှိပါသည်။ | God Wants Whatever You’ve Got
Unicode Version
သင်ရရှိပိုင်ဆိုင်ထားသော မည်သည့်အရာကိုမဆို ဘုရားသခင် အလိုတော်ရှိပါသည်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၆:၅-၆ “ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာ ကြသည်ကို မြင်တော် မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့စားစရာမုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟု မေးတော် မူ၏။ ထိုသို့မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကိုသိတော်မူလျက်ပင် ဖိလိပ္ပုကိုစုံစမ်းခြင်းငှါသာ မေးတော် မူ၏။”
မုန့်ငါးလုံးနှင့်
ငါးနှစ်ကောင်ဖြင့် လူအုပ်ကြီး ၅၀၀၀ ကို သခင်ယေရှု ကျွေးမွေးခဲ့တဲ့အကြောင်းကို သင်မှတ်မိပါသလား။
ထိုအရာက အံ့ဩဖို့ကောင်းတယ်လို့ ကျွန်တော် တွေးမိပါတယ်။ လူတစ်ဉီးကသာ စားစရာဖို့ သယ်ဆောင်လာခဲ့တယ်။
ကျန်တဲ့သူတွေကတော့ သူတို့ယူလာတဲ့ အစာတွေကို မဝေမျှချင်လို့ သူတို့၏ ဝတ်ရုံ အောက်မှာ
ဖွက်ထားတယ်လို့ ကျွန်တော် တွေးမြင်ပါတယ်။
သို့ပေမဲ့ သူငယ်လေးသည် စားဖို့ရန် သူယူဆောင်လာခဲ့တဲ့ စားစရာဖြစ်တဲ့ မုန့်နှင့်ငါးကို
ပေးအပ်ခဲ့ပါတယ်။ သူ၌ရှိသောအရာ အနည်းငယ်လေးကို သခင်ယေရှုကို ပေးခဲ့ပါတယ်။ ထိုအစာကို
ဘုရားသခင်သည် အသုံးပြုပြီး လူအုပ်ကြီးကို ကျွေးမွေးမှုပြုရုံသာမက သူတို့အား မည်မျှဂရုစိုက်ကြောင်းနှင့်
ဘုန်းတန်းခိုးအာဏုဖော်သည် အလွန်ကြီးမားကြောင်းကို သူတို့အား ဖော်ပြခဲ့ပါတယ်။
သင်၌ရှိသောအရာဖြင့်သာ
ဘုရားသခင် စတင်မှု အမြဲပြုပါတယ်။ သင်၌ အချိန်အများကြီး မရှိနေနိုင်ပါ။ ကြွယ်ဝသော ငွေကြေးဉစ္စာရှိမည်
မဟုတ်ပါ။ သင်၌အရည်အချင်းတို့ များစွာရှိတယ်လို့လည်း သင်မထင်ပါ။
သို့ပေမဲ့
သင်၏အသက်တာရှိ အရာအားလုံးတို့ကို ဘုရားသခင်ထံ သင်ပေးနိုင်ပါတယ်။ သင်၏ စိတ်နှလုံးသားကို
ဘုရားသခင်ထံ ပေးပါ။ သင်၏ ကျော်ဇောမှု ၊ သင်၏ အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂတ်တို့ကို
ပေးလိုက်ပါ။ များပြားလှစွာ မဟုတ်ပေးမဲ့လည်း သင်၏ မုန့် (၅) လုံးနှင့် ငါး(၂) ကောင်ကို
ပေးနိုင်ပါတယ်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၆:၅-၆ တွင် သခင်ယေရှုဆိုထားသည်မှာ “ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေး အပေါင်းတို့သည်
အထံတော်သို့လာ ကြသည်ကို မြင်တော် မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့ စားစရာမုန့်ကို အဘယ်မှာ
ဝယ်မည်နည်းဟု မေးတော်မူ၏။ ထိုသို့မေးတော်မူသော်၊ မိမိအဘယ်သို့ ပြုမည်ကို သိတော်မူလျက်ပင်
ဖိလိပ္ပုကိုစုံစမ်းခြင်းငှါသာ မေးတော်မူ၏။”
လူအုပ်ကြီး
၅၀၀၀ ကို မည်သို့ကျွေးမွေးရမည်ကို သခင်ယေရှု မစိုးရိမ်ခဲ့ပါ။ ဘာကို လုပ်ဆောင်ရမည်ကို
သူ၏အတွေးထဲတွင် သိနှင့်နေပြီးဖြစ်ပါတယ်။ တပည့်တော်တို့ မပြုခင် အချိန် မတိုင်မီကတည်းကပင်
သူမြင်ခဲ့ပါတယ်။ သူ၌ အကြံအစည်ရှိခဲ့ပါတယ်။
ယနေ့တွင်
ဤသမ္မာတရားကို သင်နားလည်သဘောပေါက်ဖို့ရန် လိုအပ်ပါတယ်။ ပြသနာကို သိရှိခြင်း အချိန်မတိုင်မီတည်းက
ဘုရားသခင်၌ အမြဲတမ်းအဖြေရှိပါတယ်။ သင် မဖြေရှင်းနိုင်တဲ့ ပြသနာကို ဘုရားသခင် မစိုးရိမ်ခဲ့ပါ။
သခင်ယေရှုအတွက် အလွန်နောက်ကျတဲ့ နေ့ရက်ဆိုတာ မရှိပါဘူး။ သင်မပြုခင်ကတည်းက သင်၏ ပြသနာကို
သူမြင်ပါတယ်။ ဖြစ်ပျက်လာတော့မည်ကို သူသိရှိခဲ့ပြီး ၎င်းအတွက် အကြံအစည်ရှိနှင့်ပြီး
ဖြစ်ပါတယ်။ သင်က ထိုအရာကို ပြသနာလို့ သတိပြုမိခြင်း အချိန်မတိုင်မှီကပင် ဖြေရှင်းနည်းတွေကို
ဘုရားသခင် သိပါတယ်။
ဤသို့ဆိုလျှင် သင်ဘာကြောင့် စိုးရိမ်နေမည်နည်း။ သင်မဖြေရှင်းနိုင်သော
ပြသနာကို ဝန်ခံလျက် သင်၌ ရှိသောအရာအားလုံးတို့ကို ဘုရားသခင်ထံ အပ်နှံလိုက်ပါ။ ပြီးနောက်
သင်၏ မုန့် (၅) လုံးနှင့် ငါး (၂) ကောင်ကို ဘုရားသခင် ယူဆောင်ပြီး မည်ကဲ့သို့ စားပွဲတစ်ခုအဖြစ်
လုပ်ဆောင်မည်ကို စောင့်ကြည့်လိုက်ပါ။
ဆင်ခြင်ရန်
-
သင် မဖြေရှင်းတိုင်တဲ့ ပြသနာတစ်ခု ရင်ဆိုင်ရတဲ့အခါမှာ သင်၏ ကိုယ်ပိုင်အစွမ်းအစကို ကြည့်ပါသလား
(သို့) ဘုရားသခင်၏ ကတိတော်ကို ရှာဖွေပါသလား။ ဘာကြောင့်လဲ။
-
ဘုရားသခင်ထံ တစ်စုံတစ်ရာအပ်နှံခြင်းဆိုတာ ဘာကို ဆိုလိုပါသနည်း။
-
ကျွန်ုပ်တို့၌ ရှိသောအရာတို့ဖြင့် ဘုရားသခင် အံ့ဩဖွယ်ရာ မလုပ်ဆောင်ခင်မှာ အပ်နှံဖို့ရန်
ဘာကြောင့် ဘုရား အလိုတော်ရှိတယ်လို့ သင်ထင်မြင်ပါသနည်း။
Zawgyi Version
ဆင်ခြင်ရန်