God Never Plays Favorites

 Unicode Version


ရောမဩဝါဒစာ ၄:၁၆ “ထိုကြောင့်၊ ဂတိတော်သည် ပညတ်တရားနှင့်ဆိုင်သော အမျိုးအနွယ်တို့၌ ပြည့်စုံသည် သာမက၊ အာဗြဟံ၏ယုံကြည်ခြင်း တရားနှင့်ဆိုင်သော သူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏အမျိုးအနွယ် အပေါင်းတို့၌ ပြည့်စုံမည်အကြောင်း၊ ကျေးဇူးတော်ကြောင့်ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ၊ ယုံကြည်ခြင်းတရား ကိုသာ အမှီပြု၍ ရောက်နိုင်၏။

 

ဘုရားသခင်သည် သင်၏ နောက်ခံအကြောင်း ၊ အဆင့်အတန်း ၊ အခြေအနေ (သို့) အပြစ်တို့ပေါ် ပဓာနမထားပါ။ သင်၏ကောင်းမှုကုသိုလ်တွေပေါ် ဘယ်တော့မှ ထည့်သွင်းစဉ်းစားခြင်းမပြုပါ။ သင်က ဘာသာရေးသမား (သို့) ယခင် ဘာသာရေးကိုင်းရှိုင်းသူ ၊ (သို့) ဘာသာရေးဆိုင်ရာ နောက်ခံရှိသူ ဖြစ်နေပါစေ အရေးမကြီးပါ။

 

ရောမဩဝါဒစာ ၄:၁၆ တွင်ဖော်ပြသော ကတိတော်သည် “ပညတ်တရားနှင့်ဆိုင်သော အမျိုးအနွယ်တို့၌ ပြည့်စုံသည် သာမက၊ အာဗြဟံ၏ယုံကြည်ခြင်း တရားနှင့်ဆိုင်သော သူတို့၌ ပြည့်စုံလျက်၊”။ မောရှေ၏ ပညတ် တရား အောက်တွင် အသက်ရှင်သန်နေကြသောသူတွေ ဂျူးလူမျိုးတွေ ဖြစ်ကြပါတယ်။ ဂျူးလူမျိုးတို့သည် ဘုရား သခင်၏ နည်းလမ်းတို့ကို တခြားသူတွေ ထက်အရင် ရရှိခဲ့ကြပါတယ်။

 

ဂျူးလူမျိုးတို့ကို ဘုရားသခင်ရွေးကောက်သော လူမျိုးတော်လို့ ဘာကြောင့် ခေါ်ဝေါ်သလဲဆိုတာ သင်စဉ်းစားဖူး ပါသလား။ ဘုရားသခင်က ကျွန်ုပ်တို့အားလုံးထက် ဂျူးလူမျိုးတို့ကို ပိုပြီးချစ်ပါသလား။ မဟုတ်ပါ။ စစ်မှန်သော ဘုရားသခင်ရှိတယ်ဆိုတာကို လူတိုင်းဆီသို့ ပို့ဆောင် ဖြန့်ဝေစေလိုသော ရည်ရွယ်ချက်တစ်ခုအတွက် သူတို့ကို ဘုရားသခင် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့လိုပင် သူတို့သည်လည်း ခရစ်ယာန်သာသနာပြုတွေ နှင့် တူပါတယ်။

 

ယခုအချိန်တွင် လူတို့သည် မိမိတို့၏ နောက်ခံအကြောင်းကို ပဓာနမထားဘဲ သခင်ယေရှု၌ သူတို့၏ ယုံကြည်ခြင်း ကို ထားရှိသောသူတို့ဆီ ဘုရားသခင်သည် လုပ်ဆောင်စရာနှင့် အသင်းတော်ကို ပေးအပ်ထား ပါတယ်။ ယုံကြည် ခြင်း၌ စိတ်နှလုံးကို ဖွင့်လျက်ရှိသော လူတွေဆီ ကယ်တင်ခြင်းရရှိမည် အကြောင်းကို ဘုရားသခင် ဆိုထား ပါတယ်။ ရောမဩဝါဒစာ ၁၀:၁၃ “အကြောင်းမူကား၊ ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။

 

ကောင်းကင်ဘုံတွင် အကန့်အသတ်မရှိပါဘူး။ အကယ်၍ ကောင်းမှုကုသိုလ်လုပ်ဆောင်ကြတဲ့ သူတွေက ဘုရားသခင်၏ နာမတော်ကို ခေါ်ပါလျှင် ကယ်တင်ခြင်းရမည်ဟု သမ္မာကျမ်းစာက မဆိုထားပါ။ ဘုရားသခင်ကို ကိုပဌနာပြုသောသူ အယောက်စီတိုင်း ကယ်တင်ခြင်းရပါသည်။

 

ဆုကျေးဇူးတော်ကို ဘုရားသခင် ကမ်းလှမ်းပေးနေသည်ကို လူတွေ သိနေသော်ငြားလည်း ဝမ်းနည်းစရာ တစ်ခုက လူတော်တော်များများ ကောင်းကင်ဘုံဝင်ရောက်နိုင်ဖို့ရန် မိမိနည်းလမ်းဖြင့် လုပ်ဆောင်မှုတွေ ကြိုးစားပြုနေကြစဲ ဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ ကောင်းစွာ အသက်ရှင်နေထိုင်နိုင်ကြတယ်လို့ ထင်မှတ်နေပြီး သခင်ယေရှုအားဖြင့် ပေးသော ဘုရားသခင်၏ လက်ဆောင်မွန် ကယ်တင်ခြင်းကို မလိုအပ်ကြတော့ပါ။

 

အသက်တာမှာ သင်က တကယ့်ကို လက်ဖျားခါရလောက်တဲ့ အရာတစ်ချို့ သင်ပြုမိပါလိမ့်မည်။ သို့ပေမဲ့ ထိုအရာတွေက သင့်ကို ကောင်းကင်ဘုံဝင်ရောက်ရဖို့ရန်ရှိတယ်လို့ သင်ထင်မြင်ပါလျှင် ထိုအရာကို မေ့လိုက်ပါ။ လူတိုင်းအတွက် ရှိနေတဲ့ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ဆုကျေးဇူးတော်ဖြစ်တဲ့ ကယ်တင်ခြင်းကို ရရှိခြင်း အားဖြင့်သာ ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်မည့် တစ်ခုတည်းသော လမ်းဖြစ်ပါတယ်။

 

ဆင်ခြင်ရန်

- ကယ်တင်ခြင်း သတင်းစကားကို မကြားဖူးသေးသော လူတို့ဆီ ရောက်ရှိဖို့ရန် အသင်းတော်တွင် မည်သည့်အခန်းကဏ္ဍ၌ သင်ပါဝင်ပါသနည်း။

- “ထာဝရဘုရားသခင်ကို ပဌနာပြုခြင်း” ဆိုသည့် အဓိပ္ပါယ်ကား မည်သို့နည်း။

 

သင်၏ ကယ်တင်ခြင်းအတွက် သခင်ယေရှုကို သင်ယုံကြည်ပါသလား။

သမ္မာကျမ်းစာက ရှင်းလင်းထားပါတယ်။ သင့်ကိုယ်သင် ကောင်းကင်ဘုံဝင်ရောက်ရဖို့ရန် ဘာကိုမှ လုပ်ဆောင်လို့ မရနိုင်ပါဘူး။ သို့ပေမဲ့ သခင်ယေရှုကို ခေါ်သောသူတို့အဖို့ ကယ်တင်ခံရမည်ဆိုသည့် သတင်းကောင်းရှိပါတယ်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။” ဖိလိပ္ပိဩဝါဒစာ ၂: ၈-၉

 

အကယ်၍ သင်က သခင်ယေရှုနောက်လိုက်အဖြစ် ဝန်ခံပြီး ယုံကြည်ဖို့ရန် မပြုရသေးပါလျှင် ဘာကြောင့် အကြာကြီး စောင့်နေရသနည်း။ သခင်ယေရှုကို ယုံကြည်ပြီး သူ့နောက်လိုက်ဖို့ရန် ဆုံးဖြတ်ချက်ချခြင်းကို သင်အဆင်သင့်ဖြစ်နေပါလျှင် ဤဆုတောင်းကို ပြုလိုက်ပါ။

 

“သခင်ယေရှု……. သခင့်အား ယုံကြည်ပါလျှင် ကျွန်ုပ်မှားယွင်းခဲ့သော အရာတိုင်းကို ခွင့်လွှတ်ပေးမည်ဟု ကတိပေးထားခဲ့ပါတယ်။ ကျွန်ုပ်အသက်တာ ရည်ရွယ်ရာကို ကျွန်ုပ်လေ့လာပါမည်။ သခင်သည်လည်း တစ်နေ့တွင် နိစ္စထာဝရအိမ်တော်တွင် ကျွန်ုပ်အား လက်ခံပါလိမ့်မည်။

 

ကျွန်ုပ်၏ အပြစ်တို့ကို ဝန်ခံပါ၏။ သခင့်အား ကျွန်ုပ်၏ ကယ်တင်ရှင်အဖြစ် ယုံကြည်ပါသည်။ ကျွန်ုပ်၏ အပြစ်တို့ကို ဝန်ချပြီး သခင့်အား ယုံကြည်ပါလျှင် ကယ်တင်ခံရမည်ဟူသော ကတိတော်ကို သခင်ပေးထား ပါတယ်။ ကျွန်ုပ်၏ လုပ်ဆောင်ချက်တွေကြောင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင် ဆီမှလာသော ကောင်းချီးဖြစ်တဲ့ ကယ်တင်ခြင်းအကြောင်းကို ကျွန်ုပ်ယုံကြည်ပါသည်။ သခင့်အား အကျွန်ုပ်၏ အရှင်သခင် ဘုရားသခင် အဖြစ် လက်ခံပါသည်။ ကျွန်ုပ်၏ အသက်တာအစိတ်အပိုင်း ကဏ္ဍမှန်သမျှတို့ကို သခင် စီမံပေးဖို့ရန် အပ်နှံပါ၏။

 

သခင့်၏ ချစ်ခြင်းမေတ္တာ၌ ကျွန်ုပ်တည်ချင်ပါသည်။ ထိုအရာကို ရရှိဖို့ရန် ကျွန်ုပ်ကြိုးစား စရာမလိုသည့် အတွက်လည်း ကျေးဇူးတင်ပါသည်။ ကောင်းကင်ဘုံဝင်ရဖို့ရန် ကျွန်ုပ်၏ ကြိုးစားလုပ်ဆောင် နေမှုတို့အစား ကျွန်ုပ်၏ အသက်တာဖြင့် သာသနာအမှုပြုနိုင်ဖို့ရန် ကျွန်ုပ်အား အသုံးပြုစေပါသည်။ ကျွန်ုပ်၏ အသက်တာကို သခင့်၏ မိသားစုဝင်တို့တွင် လက်ခံပေးဖို့ရန် နှင့် ကယ်တင်ပေးဖို့ရန် နှိမ့်ချစွာဖြင့် အပ်နှံပါ၏။ နာမတော်အားဖြင့် တောင်းလျှောက်ပါ၏။ … အာမင်။

--------------------------------------------------------------------

Zawgyi Version


ေရာမဩဝါဒစာ ၄:၁၆ “ထိုေၾကာင့္၊ ဂတိေတာ္သည္ ပညတ္တရားႏွင့္ဆိုင္ေသာ အမ်ိဳးအႏြယ္တို႔၌ ျပည့္စုံသည္ သာမက၊ အာျဗဟံ၏ယုံၾကည္ျခင္း တရားႏွင့္ဆိုင္ေသာ သူတို႔၌ ျပည့္စုံလ်က္၊ အာျဗဟံ၏အမ်ိဳးအႏြယ္ အေပါင္းတို႔၌ ျပည့္စုံမည္အေၾကာင္း၊ ေက်းဇူးေတာ္ေၾကာင့္ေျဖာင့္မတ္ရာသို႔ေရာက္ေစျခင္းငွါ၊ ယုံၾကည္ျခင္းတရား ကိုသာ အမွီျပဳ၍ ေရာက္ႏိုင္၏။”


ဘုရားသခင္သည္ သင္၏ ေနာက္ခံအေၾကာင္း ၊ အဆင့္အတန္း ၊ အေျခအေန (သို႔) အျပစ္တို႔ေပၚ ပဓာနမထားပါ။ သင္၏ေကာင္းမႈကုသိုလ္ေတြေပၚ ဘယ္ေတာ့မွ ထည့္သြင္းစဥ္းစားျခင္းမျပဳပါ။ သင္က ဘာသာေရးသမား (သို႔) ယခင္ ဘာသာေရးကိုင္းရႈိင္းသူ ၊ (သို႔) ဘာသာေရးဆိုင္ရာ ေနာက္ခံရွိသူ ျဖစ္ေနပါေစ အေရးမႀကီးပါ။


ေရာမဩဝါဒစာ ၄:၁၆ တြင္ေဖာ္ျပေသာ ကတိေတာ္သည္ “ပညတ္တရားႏွင့္ဆိုင္ေသာ အမ်ိဳးအႏြယ္တို႔၌ ျပည့္စုံသည္ သာမက၊ အာျဗဟံ၏ယုံၾကည္ျခင္း တရားႏွင့္ဆိုင္ေသာ သူတို႔၌ ျပည့္စုံလ်က္၊”။ ေမာေရွ၏ ပညတ္ တရား ေအာက္တြင္ အသက္ရွင္သန္ေနၾကေသာသူေတြ ဂ်ဴးလူမ်ိဳးေတြ ျဖစ္ၾကပါတယ္။ ဂ်ဴးလူမ်ိဳးတို႔သည္ ဘုရား သခင္၏ နည္းလမ္းတို႔ကို တျခားသူေတြ ထက္အရင္ ရရွိခဲ့ၾကပါတယ္။


ဂ်ဴးလူမ်ိဳးတို႔ကို ဘုရားသခင္ေ႐ြးေကာက္ေသာ လူမ်ိဳးေတာ္လို႔ ဘာေၾကာင့္ ေခၚေဝၚသလဲဆိုတာ သင္စဥ္းစားဖူး ပါသလား။ ဘုရားသခင္က ကြၽႏ္ုပ္တို႔အားလုံးထက္ ဂ်ဴးလူမ်ိဳးတို႔ကို ပိုၿပီးခ်စ္ပါသလား။ မဟုတ္ပါ။ စစ္မွန္ေသာ ဘုရားသခင္ရွိတယ္ဆိုတာကို လူတိုင္းဆီသို႔ ပို႔ေဆာင္ ျဖန႔္ေဝေစလိုေသာ ရည္႐ြယ္ခ်က္တစ္ခုအတြက္ သူတို႔ကို ဘုရားသခင္ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ ကြၽႏ္ုပ္တို႔လိုပင္ သူတို႔သည္လည္း ခရစ္ယာန္သာသနာျပဳေတြ ႏွင့္ တူပါတယ္။


ယခုအခ်ိန္တြင္ လူတို႔သည္ မိမိတို႔၏ ေနာက္ခံအေၾကာင္းကို ပဓာနမထားဘဲ သခင္ေယရႈ၌ သူတို႔၏ ယုံၾကည္ျခင္း ကို ထားရွိေသာသူတို႔ဆီ ဘုရားသခင္သည္ လုပ္ေဆာင္စရာႏွင့္ အသင္းေတာ္ကို ေပးအပ္ထား ပါတယ္။ ယုံၾကည္ ျခင္း၌ စိတ္ႏွလုံးကို ဖြင့္လ်က္ရွိေသာ လူေတြဆီ ကယ္တင္ျခင္းရရွိမည္ အေၾကာင္းကို ဘုရားသခင္ ဆိုထား ပါတယ္။ ေရာမဩဝါဒစာ ၁၀:၁၃ “အေၾကာင္းမူကား၊ ထာဝရဘုရားကို ပဌနာျပဳေသာသူရွိသမွ်တို႔သည္ ကယ္တင္ေတာ္မူျခင္းသို႔ ေရာက္ရၾကလတံ့။”


ေကာင္းကင္ဘုံတြင္ အကန႔္အသတ္မရွိပါဘူး။ အကယ္၍ ေကာင္းမႈကုသိုလ္လုပ္ေဆာင္ၾကတဲ့ သူေတြက ဘုရားသခင္၏ နာမေတာ္ကို ေခၚပါလွ်င္ ကယ္တင္ျခင္းရမည္ဟု သမၼာက်မ္းစာက မဆိုထားပါ။ ဘုရားသခင္ကို ကိုပဌနာျပဳေသာသူ အေယာက္စီတိုင္း ကယ္တင္ျခင္းရပါသည္။


ဆုေက်းဇူးေတာ္ကို ဘုရားသခင္ ကမ္းလွမ္းေပးေနသည္ကို လူေတြ သိေနေသာ္ျငားလည္း ဝမ္းနည္းစရာ တစ္ခုက လူေတာ္ေတာ္မ်ားမ်ား ေကာင္းကင္ဘုံဝင္ေရာက္ႏိုင္ဖို႔ရန္ မိမိနည္းလမ္းျဖင့္ လုပ္ေဆာင္မႈေတြ ႀကိဳးစားျပဳေနၾကစဲ ျဖစ္ပါတယ္။ သူတို႔ကိုယ္သူတို႔ ေကာင္းစြာ အသက္ရွင္ေနထိုင္ႏိုင္ၾကတယ္လို႔ ထင္မွတ္ေနၿပီး သခင္ေယရႈအားျဖင့္ ေပးေသာ ဘုရားသခင္၏ လက္ေဆာင္မြန္ ကယ္တင္ျခင္းကို မလိုအပ္ၾကေတာ့ပါ။ 


အသက္တာမွာ သင္က တကယ့္ကို လက္ဖ်ားခါရေလာက္တဲ့ အရာတစ္ခ်ိဳ႕ သင္ျပဳမိပါလိမ့္မည္။ သို႔ေပမဲ့ ထိုအရာေတြက သင့္ကို ေကာင္းကင္ဘုံဝင္ေရာက္ရဖို႔ရန္ရွိတယ္လို႔ သင္ထင္ျမင္ပါလွ်င္ ထိုအရာကို ေမ့လိုက္ပါ။ လူတိုင္းအတြက္ ရွိေနတဲ့ ဘုရားသခင္၏ ေကာင္းခ်ီးမဂၤလာ ဆုေက်းဇူးေတာ္ျဖစ္တဲ့ ကယ္တင္ျခင္းကို ရရွိျခင္း အားျဖင့္သာ ေကာင္းကင္ဘုံသို႔ ဝင္ေရာက္ႏိုင္မည့္ တစ္ခုတည္းေသာ လမ္းျဖစ္ပါတယ္။


ဆင္ျခင္ရန္

- ကယ္တင္ျခင္း သတင္းစကားကို မၾကားဖူးေသးေသာ လူတို႔ဆီ ေရာက္ရွိဖို႔ရန္ အသင္းေတာ္တြင္ မည္သည့္အခန္းက႑၌ သင္ပါဝင္ပါသနည္း။

- “ထာဝရဘုရားသခင္ကို ပဌနာျပဳျခင္း” ဆိုသည့္ အဓိပၸါယ္ကား မည္သို႔နည္း။


သင္၏ ကယ္တင္ျခင္းအတြက္ သခင္ေယရႈကို သင္ယုံၾကည္ပါသလား။

သမၼာက်မ္းစာက ရွင္းလင္းထားပါတယ္။ သင့္ကိုယ္သင္ ေကာင္းကင္ဘုံဝင္ေရာက္ရဖို႔ရန္ ဘာကိုမွ လုပ္ေဆာင္လို႔ မရႏိုင္ပါဘူး။ သို႔ေပမဲ့ သခင္ေယရႈကို ေခၚေသာသူတို႔အဖို႔ ကယ္တင္ခံရမည္ဆိုသည့္ သတင္းေကာင္းရွိပါတယ္။ သမၼာက်မ္းစာက ဆိုထားသည္မွာ “ယုံၾကည္ေသာအားျဖင့္ ေက်းဇူးေတာ္ေၾကာင့္ ကယ္တင္ျခင္းသို႔ ေရာက္ရ၏။ ကိုယ္အလိုအေလ်ာက္ ေရာက္သည္မဟုတ္။ ဘုရားသခင္ သနားေတာ္မူရာျဖစ္သတည္း။ ကိုယ္ကုသိုလ္ေၾကာင့္ ကယ္တင္ေတာ္မူျခင္းသို႔ ေရာက္သည္မဟုတ္။ သို႔ျဖစ္၍ အဘယ္သူမွ် ဝါႂကြားစရာ အခြင့္မရွိ။” ဖိလိပၸိဩဝါဒစာ ၂: ၈-၉


အကယ္၍ သင္က သခင္ေယရႈေနာက္လိုက္အျဖစ္ ဝန္ခံၿပီး ယုံၾကည္ဖို႔ရန္ မျပဳရေသးပါလွ်င္ ဘာေၾကာင့္ အၾကာႀကီး ေစာင့္ေနရသနည္း။ သခင္ေယရႈကို ယုံၾကည္ၿပီး သူ႔ေနာက္လိုက္ဖို႔ရန္ ဆုံးျဖတ္ခ်က္ခ်ျခင္းကို သင္အဆင္သင့္ျဖစ္ေနပါလွ်င္ ဤဆုေတာင္းကို ျပဳလိုက္ပါ။


“သခင္ေယရႈ……. သခင့္အား ယုံၾကည္ပါလွ်င္ ကြၽႏ္ုပ္မွားယြင္းခဲ့ေသာ အရာတိုင္းကို ခြင့္လႊတ္ေပးမည္ဟု ကတိေပးထားခဲ့ပါတယ္။ ကြၽႏ္ုပ္အသက္တာ ရည္႐ြယ္ရာကို ကြၽႏ္ုပ္ေလ့လာပါမည္။ သခင္သည္လည္း တစ္ေန႔တြင္ နိစၥထာဝရအိမ္ေတာ္တြင္ ကြၽႏ္ုပ္အား လက္ခံပါလိမ့္မည္။ 


ကြၽႏ္ုပ္၏ အျပစ္တို႔ကို ဝန္ခံပါ၏။ သခင့္အား ကြၽႏ္ုပ္၏ ကယ္တင္ရွင္အျဖစ္ ယုံၾကည္ပါသည္။ ကြၽႏ္ုပ္၏ အျပစ္တို႔ကို ဝန္ခ်ၿပီး သခင့္အား ယုံၾကည္ပါလွ်င္ ကယ္တင္ခံရမည္ဟူေသာ ကတိေတာ္ကို သခင္ေပးထား ပါတယ္။ ကြၽႏ္ုပ္၏ လုပ္ေဆာင္ခ်က္ေတြေၾကာင့္မဟုတ္ဘဲ ယုံၾကည္ျခင္းအားျဖင့္ ဘုရားသခင္ ဆီမွလာေသာ ေကာင္းခ်ီးျဖစ္တဲ့ ကယ္တင္ျခင္းအေၾကာင္းကို ကြၽႏ္ုပ္ယုံၾကည္ပါသည္။ သခင့္အား အကြၽႏ္ုပ္၏ အရွင္သခင္ ဘုရားသခင္ အျဖစ္ လက္ခံပါသည္။ ကြၽႏ္ုပ္၏ အသက္တာအစိတ္အပိုင္း က႑မွန္သမွ်တို႔ကို သခင္ စီမံေပးဖို႔ရန္ အပ္ႏွံပါ၏။


သခင့္၏ ခ်စ္ျခင္းေမတၱာ၌ ကြၽႏ္ုပ္တည္ခ်င္ပါသည္။ ထိုအရာကို ရရွိဖို႔ရန္ ကြၽႏ္ုပ္ႀကိဳးစား စရာမလိုသည့္ အတြက္လည္း ေက်းဇူးတင္ပါသည္။ ေကာင္းကင္ဘုံဝင္ရဖို႔ရန္ ကြၽႏ္ုပ္၏ ႀကိဳးစားလုပ္ေဆာင္ ေနမႈတို႔အစား ကြၽႏ္ုပ္၏ အသက္တာျဖင့္ သာသနာအမႈျပဳႏိုင္ဖို႔ရန္ ကြၽႏ္ုပ္အား အသုံးျပဳေစပါသည္။ ကြၽႏ္ုပ္၏ အသက္တာကို သခင့္၏ မိသားစုဝင္တို႔တြင္ လက္ခံေပးဖို႔ရန္ ႏွင့္ ကယ္တင္ေပးဖို႔ရန္ ႏွိမ့္ခ်စြာျဖင့္ အပ္ႏွံပါ၏။ နာမေတာ္အားျဖင့္ ေတာင္းေလွ်ာက္ပါ၏။ … အာမင္။