Unicode Version

ရောမဩဝါဒစာ ၈:၂၈ “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသော သူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။ ”
သင်နှင့်
ကျွန်ုပ်တို့သည် ဆိုးမိုက်သော အရာတို့ကို ရံဖန်ရံခါ လုပ်ဆောင်ကြပါတယ်။ အမှားတွေကို
လုပ်မိကြ ပါတယ်။
သို့သော်
ကျွန်ုပ်တို့ လုပ်ဆောင်သောအရာတစ်ခုကမှ ဘုရားသခင် အသုံးပြုနိုင်မည့် စွမ်းရည်ထက် မကျော်ပါ။
သင်က အမှားတွေ လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သော်လည်း ဘုရားသခင်ကတော့ ထိုသို့မဟုတ်ပါ။
သမ္မာကျမ်းစာတွင်
ဖော်ပြထားသည်မှာ ရောမဩဝါဒစာ ၈:၂၈ “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသော သူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။ ”
သင်က
မိုက်မဲတဲ့ မှားယွင်းမှုတစ်ခုကို လုပ်ဆာင်တဲ့အခါမှာ ဘုရားသခင်က “ထိုအမှားကို ငါပြုပြင်ပေးနိုင်တယ်
ကောင်းကျိုးအတွက်လည်း အသုံးပြုနိုင်တယ်” လို့ဆိုပါတယ်။
ရှင်းရှင်းလင်းလင်း ဖြစ်စေချင်ပါတယ်။ ဤအရာက လူတိုင်းအတွက် ကတိတော် မဟုတ်ပါဘူး။
ဘုရားသခင်အား ဆန့်ကျင်ပုန်ကန်ခြင်း အသက်တာတွင် နေထိုင်သောသူ (သို့) ဘုရားအလိုတော်အတိုင်း
အသက်မရှင်ကြသော သူတွေ လုပ်ဆောင်သမျှသော အရာတိုင်းကို ကောင်းကျိုးအဖြစ် ပြုမည်ဟု ဤကျမ်းပိုဒ်က
မဆိုလိုပါဘူး။
ဘုရားသခင်ဆီ
ချဉ်းကပ်ပြီး ဤစကားဆိုသော သူတွေအတွက်သာ ကတိတော်ပေးပါတယ်။ “အဖဘုရား… အဖ၏ ရည်ရွယ်ချက်အတိုင်း
အသက်ရှင်ချင်ပါတယ်။ ဖြောင့်မတ်သောလမ်းသို့ အစဉ်မရောက်ရှိပါ။ သို့ပေမဲ့ ဖြောင့်မတ်မှန်ကန်သောအရာကို
ပြုချင်ပါသည်။ သခင့်နောက် လိုက်ချင်ပါတယ်။ ယုံကြည်ချင်ပါတယ်”။ ထိုအတိုင်းပြုပါ။
ဘုရားသခင်က ထိုအရာအားလုံးကို ကောင်းကျိုးအတွက် အသုံးပြုသွားပါလိမ့်မည်။
ဤအရာက
ဝမ်းမြောက်ခြင်း အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ သင်၏ အသက်တာကို ဘုရားသခင် လက်တော်အပ်နှံလိုက်တဲ့အခါမှာ
သင့်အသက်တာ ထပ်မတက်လာဘူးလို့ မဆိုလိုပါ။ မှားယွင်းတဲ့ဆုံးဖြတ် ချက်တွေ ရှိပါလိမ့်မည်။
စိတ်ရှုပ်ထွေးမှုတွေ ရှိပါလိမ့်မည်။ သို့ပေမဲ့ ထိုအရာအားလုံးကို ဘုရားသခင်သည် အကြံအ
စည်တော်အတိုင်း ပြုနိုင်ပါသည်။
သင့်အသက်တာအတွက်
Plan B မရှိပါဘူး။ သင်မမွေးဖွားခင် ကတည်းက သင်ပြုသည့် အမှားတွေအားလုံးကို ဘုရားသိပါတယ်။
ထိုအမှားတွေကိုလည်း သူ၏အစီအစဉ်အတိုင်းပြန်ပြီး အံကိုက်စေမှာကိုလည်း သိရှိထားပါတယ်။
ဆိုလိုသည်မှာ သင်စိတ်ချနိုင်ပါတယ်။ စိုးရိမ်ကြောင့်ကျစရာ တွေကို သင်ရပ်တန့်နိုင်ပါတယ်။
ဘုရားသခင်၏ ကျေးဇူးတော်ကို ယုံကြည်ခြင်းဖြင့် နှစ်သစ်ထဲသို့ အသက်တာကို နှိုးကြားမှုနှင့်အတူ
ဝင်ရောက်နိုင်ပါတယ်။
ဘုရားသခင် ပေးအပ်ထားသောအရာဖြင့် အကောင်းဆုံးလုပ်ဆောင်ပါ။ အရာအားလုံးကို
အကြံအစည် တော်အတိုင်း ဘုရားပြုပါလိမ့်မည်။
ဆင်ခြင်ရန်
-
ဘုရားသခင်သည် သင်၏ အမှားများကို ကောင်းသောအရာ အဖြစ်သို့ ဘယ်လို ပြောင်းလဲစေခဲ့ပါသနည်း။
တခြားသူတို့၏ အသက်တာတွင်လည်း မည်သို့ လုပ်ဆောင်ခဲ့ပါသနည်း။
-
ဘုရားသခင်သည် သင်၏ အမှားများကို ကောင်းကျိုးအတွက် သုံးနိုင်သည်ကို သင်သိမြင်ခြင်းက
သင်၏အနာဂတ်ပေါ် ရှုမြင်ပုံသည် မည်သို့ ပြောင်းလဲသွားပါသနည်း။
-
သင်၏အသက်တာ၌ ဘုရားသခင်က သူ၏ ကောင်းကျိုးအတွက် လုပ်ဆောင်နေကြောင်း သိထားခြင်းဖြင့် မည်သည့်
ယုံကြည်ခြင်းခြေလှမ်းကို စိတ်ချစွာဖြင့် သင်လုပ်ဆောင်နိုင်ပါမည်နည်း။
----------------------------------------------------------------------------------
Zawgyi Version

ေရာမဩဝါဒစာ ၈:၂၈ “ဘုရားသခင္ကို ခ်စ္ေသာသူတည္းဟူေသာ ႀကံစည္ေတာ္မူျခင္းအတိုင္း ေခၚေတာ္မူေသာ သူတို႔၏ အက်ိဳးကို ခပ္သိမ္းေသာအရာတို႔သည္ တညီတၫြတ္တည္း ျပဳစုၾကသည္ကို ငါတို႔သိၾက၏။ ”
သင္ႏွင့္ ကြၽႏ္ုပ္တို႔သည္ ဆိုးမိုက္ေသာ အရာတို႔ကို ရံဖန္ရံခါ လုပ္ေဆာင္ၾကပါတယ္။ အမွားေတြကို လုပ္မိၾက ပါတယ္။
သို႔ေသာ္ ကြၽႏ္ုပ္တို႔ လုပ္ေဆာင္ေသာအရာတစ္ခုကမွ ဘုရားသခင္ အသုံးျပဳႏိုင္မည့္ စြမ္းရည္ထက္ မေက်ာ္ပါ။ သင္က အမွားေတြ လုပ္ေဆာင္ေကာင္း လုပ္ေဆာင္ႏိုင္ေသာ္လည္း ဘုရားသခင္ကေတာ့ ထိုသို႔မဟုတ္ပါ။
သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ ေရာမဩဝါဒစာ ၈:၂၈ “ဘုရားသခင္ကို ခ်စ္ေသာသူတည္းဟူေသာ ႀကံစည္ေတာ္မူျခင္းအတိုင္း ေခၚေတာ္မူေသာ သူတို႔၏ အက်ိဳးကို ခပ္သိမ္းေသာအရာတို႔သည္ တညီတၫြတ္တည္း ျပဳစုၾကသည္ကို ငါတို႔သိၾက၏။ ”
သင္က မိုက္မဲတဲ့ မွားယြင္းမႈတစ္ခုကို လုပ္ဆာင္တဲ့အခါမွာ ဘုရားသခင္က “ထိုအမွားကို ငါျပဳျပင္ေပးႏိုင္တယ္ ေကာင္းက်ိဳးအတြက္လည္း အသုံးျပဳႏိုင္တယ္” လို႔ဆိုပါတယ္။
ရွင္းရွင္းလင္းလင္း ျဖစ္ေစခ်င္ပါတယ္။ ဤအရာက လူတိုင္းအတြက္ ကတိေတာ္ မဟုတ္ပါဘူး။ ဘုရားသခင္အား ဆန႔္က်င္ပုန္ကန္ျခင္း အသက္တာတြင္ ေနထိုင္ေသာသူ (သို႔) ဘုရားအလိုေတာ္အတိုင္း အသက္မရွင္ၾကေသာ သူေတြ လုပ္ေဆာင္သမွ်ေသာ အရာတိုင္းကို ေကာင္းက်ိဳးအျဖစ္ ျပဳမည္ဟု ဤက်မ္းပိုဒ္က မဆိုလိုပါဘူး။
ဘုရားသခင္ဆီ ခ်ဥ္းကပ္ၿပီး ဤစကားဆိုေသာ သူေတြအတြက္သာ ကတိေတာ္ေပးပါတယ္။ “အဖဘုရား… အဖ၏ ရည္႐ြယ္ခ်က္အတိုင္း အသက္ရွင္ခ်င္ပါတယ္။ ေျဖာင့္မတ္ေသာလမ္းသို႔ အစဥ္မေရာက္ရွိပါ။ သို႔ေပမဲ့ ေျဖာင့္မတ္မွန္ကန္ေသာအရာကို ျပဳခ်င္ပါသည္။ သခင့္ေနာက္ လိုက္ခ်င္ပါတယ္။ ယုံၾကည္ခ်င္ပါတယ္”။ ထိုအတိုင္းျပဳပါ။ ဘုရားသခင္က ထိုအရာအားလုံးကို ေကာင္းက်ိဳးအတြက္ အသုံးျပဳသြားပါလိမ့္မည္။
ဤအရာက ဝမ္းေျမာက္ျခင္း အေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။ သင္၏ အသက္တာကို ဘုရားသခင္ လက္ေတာ္အပ္ႏွံလိုက္တဲ့အခါမွာ သင့္အသက္တာ ထပ္မတက္လာဘူးလို႔ မဆိုလိုပါ။ မွားယြင္းတဲ့ဆုံးျဖတ္ ခ်က္ေတြ ရွိပါလိမ့္မည္။ စိတ္ရႈပ္ေထြးမႈေတြ ရွိပါလိမ့္မည္။ သို႔ေပမဲ့ ထိုအရာအားလုံးကို ဘုရားသခင္သည္ အႀကံအ စည္ေတာ္အတိုင္း ျပဳႏိုင္ပါသည္။
သင့္အသက္တာအတြက္ Plan B မရွိပါဘူး။ သင္မေမြးဖြားခင္ ကတည္းက သင္ျပဳသည့္ အမွားေတြအားလုံးကို ဘုရားသိပါတယ္။ ထိုအမွားေတြကိုလည္း သူ၏အစီအစဥ္အတိုင္းျပန္ၿပီး အံကိုက္ေစမွာကိုလည္း သိရွိထားပါတယ္။
ဆိုလိုသည္မွာ သင္စိတ္ခ်ႏိုင္ပါတယ္။ စိုးရိမ္ေၾကာင့္က်စရာ ေတြကို သင္ရပ္တန႔္ႏိုင္ပါတယ္။ ဘုရားသခင္၏ ေက်းဇူးေတာ္ကို ယုံၾကည္ျခင္းျဖင့္ ႏွစ္သစ္ထဲသို႔ အသက္တာကို ႏႈိးၾကားမႈႏွင့္အတူ ဝင္ေရာက္ႏိုင္ပါတယ္။
ဘုရားသခင္ ေပးအပ္ထားေသာအရာျဖင့္ အေကာင္းဆုံးလုပ္ေဆာင္ပါ။ အရာအားလုံးကို အႀကံအစည္ ေတာ္အတိုင္း ဘုရားျပဳပါလိမ့္မည္။
ဆင္ျခင္ရန္
- ဘုရားသခင္သည္ သင္၏ အမွားမ်ားကို ေကာင္းေသာအရာ အျဖစ္သို႔ ဘယ္လို ေျပာင္းလဲေစခဲ့ပါသနည္း။ တျခားသူတို႔၏ အသက္တာတြင္လည္း မည္သို႔ လုပ္ေဆာင္ခဲ့ပါသနည္း။
- ဘုရားသခင္သည္ သင္၏ အမွားမ်ားကို ေကာင္းက်ိဳးအတြက္ သုံးႏိုင္သည္ကို သင္သိျမင္ျခင္းက သင္၏အနာဂတ္ေပၚ ရႈျမင္ပုံသည္ မည္သို႔ ေျပာင္းလဲသြားပါသနည္း။
- သင္၏အသက္တာ၌ ဘုရားသခင္က သူ၏ ေကာင္းက်ိဳးအတြက္ လုပ္ေဆာင္ေနေၾကာင္း သိထားျခင္းျဖင့္ မည္သည့္ ယုံၾကည္ျခင္းေျခလွမ္းကို စိတ္ခ်စြာျဖင့္ သင္လုပ္ေဆာင္ႏိုင္ပါမည္နည္း။