Unicode Version
အသက်တာတွင် သာမန်အရာလေးတွေအတွက် ကျေးဇူးတော်
ချီးမွမ်းလိုက်ပါ။
တမန်တော်ဝတ္တု ၁၄:၁၇ “သို့သော်လည်း၊
သင်တို့အား ကျေးဇူးပြုလျက်၊ အစာအာဟာရနှင့် ဝပြော၍ဝမ်းမြောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်မှ မိုဃ်းရွာစေတော်မူ၍၊ အသီးအနှံတို့ကို သီးစေတတ်သော ဥတုကိုပေးတော်မူသော အားဖြင့်၊ ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်မမူဟု ပေါလုနှင့် ဗာနဗသည်ကြွေးကြော် လေ၏။”
အသက်တာတွင်
ကျွန်ုပ်တို့ အလေးမထား တတ်ကြတဲ့ ကောင်းမွန်သော အရာများစွာရှိပါတယ်။ အသက်ရှင် နေထိုင်ဖို့ရန်
အိမ်ရာ ပိုင်ဆိုင်ခြင်း ၊ စားသုံးဖို့ရန် အစာ ၊ ကျန်းမာနေခြင်း ၊ အလုပ်အကိုင် ၊ ကျွန်ုပ်တို့ကို
ချစ်ပြီး ဂရုစိုက်တဲ့ ကျွန်ုပ်တို့ အနားရှိလူတွေ …. ဤအရာတွေက မရှိမဖြစ်ပေမဲ့ အလိုအလျောက်ဖြစ်လာတာ
မဟုတ်ပါဘူး။ ဘုရားသခင် ဆီမှလာတဲ့ ဆုလက်ဆောင်တွေ ဖြစ်ပါတယ်။
တရားဟောရာကျမ်းတွင် ဣသရေလ လူတို့ကို ဘယ်လိုကောင်းချီးပေးမည်ကို ဘုရားသခင် ရှင်းပြခဲ့ပါတယ်။ ထိုကောင်းချီးတွေသည် ဝိညာဉ်ရေးရာ တစ်ခုတည်းအတွက်သာ မဟုတ်ခဲ့ပါ။ မောရှေက လူထုကြီးဆီ ပြောသည်မှာ “သင့်ကိုချစ်သဖြင့် ကောင်းကြီးပေး၍ များပြား စေတော်မူမည်။ သင့်အား ပေးခြင်းငှာ၊ သင်၏ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသောပြည်၌ သင်ဘွားမြင်သော သားတို့ကို ၎င်း၊ သင်၏မြေ အသီးအနှံ၊ စပါး၊ စပျစ်ရည်၊ ဆီ၊ နွား အစီးအပွား၊ သိုးစုတို့ကို၎င်း ကောင်းကြီးပေး တော်မူမည်။“ တရားဟောရာကျမ်း ၇:၁၃
ကျေးဇူးတင်ရသည့်
အကြောင်းရင်းမှာ ထူးခြားအံ့ဩဖွယ်သော ကောင်းချီးတွေကြောင့်သာ မဟုတ်ပါ။ ကျွန်ုပ်တို့
ကျန်းမာစေဖို့ရန် အစားအစာ ၊ ကောင်းမွန်စွာ အိပ်စက်ရခြင်းတို့လို ပုံမှန် နေ့စဉ်ရရှိနေသော
ကောင်းချီးတွေပေါ်မှာလည်း ကျေးဇူးတင်နိုင်ပါတယ်။ ရှင်ယာကုပ်ဩဝါဒစာ ၁:၁၆
“ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊
အထက်အရပ်မှ လာကြ၏။ ”
သင်၏
နေ့စဉ်အစားအစာကို ဘုရားသခင်၏ ဆုကျေးဇူးအဖြစ် မှတ်ယူပါသလား။
***************************************************************************************
ကျွန်ုပ်တို့၏
ကျေးဇူးတုံ့ပြန်မှုကို တခြားသူတို့နှင့် မျှဝေပါ။
ဆာလံ
၃၅:၁၈ “ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာပရိသတ် အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည်။
များစွာသော လူစုတွင် ကိုယ်တော်ကိုချီးမွမ်းပါမည်။”
ကျေးဇူးတင်ခြင်းသည်
ပုဂ္ဂိုလ်ရေး အကျင့်စရိုက်နှင့် စိတ်ခံစားချက်မှု ဖြစ်ပါတယ်။ တစ်စုံတစ်ဉီး အစား ကျွန်ုပ်တို့
ကျေးဇူးတင်လို့ မရပါ။ သို့ပေမဲ့ ကျွန်ုပ်တို့၏ ကျေးဇူးတင်ရှိခြင်းကို တခြားသူတို့နှင့်
ဝေမျှနိုင်ပါတယ်။ များစွာသော သာဓကတွေကို သမ္မာကျမ်းစာတွင် ပေးထားပါတယ်။ ဒါဝိလ်မင်းကြီးက
ဆိုထားသည်မှာ ဆာလံ ၂၆:၇ “အံဩဘွယ်သော အမှုတော်အလုံးစုံတို့ကို
ကြား ပြောခြင်းငှါ၊ အကျွန်ုပ်သည် ကိုယ်လက်ကို အပြစ် ကင်းခြင်းနှင့်ဆေး၍၊ ယဇ်ပလ္လင်တော်ကို
ဝန်းရံလျက် နေပါသည်၊ ထာဝရဘုရား။” ဆာလံကျမ်း နောက်တစ်ကျမ်းတွင်လည်း ဘုရားသခင်
သူ့အား အန္တရာယ်များသော အခြေအနေတစ်ခုကနေ ကယ်တင်ခဲ့ခြင်းအတွက် ကျေးဇူးတင်ထားပါတယ်။ သူဖွင့်ဟ
လိုက်သည်မှာ ဆာလံကျမ်း ၅၇:၉
“အိုထာဝရဘုရား၊ ပရိသတ်အလယ်၌ ကိုယ် တော်ကို ချီးမွမ်းပါမည်။ လူမျိုးတို့တွင် ကိုယ်တော်အား
ထောမနာသီးချင်းဆိုပါမည်။ ”
ဘုရားသခင်
မည်မျှ ကောင်းမြတ်သည်ကို တခြားသူတို့အား ဝေမျှပါ။ ကျွန်ုပ်တို့ အခက်အခဲဖြစ်ချိန်မှာ
တခြားသူတို့အား ဆုတောင်းပေးဖို့ရန် တောင်းလျှောက်သကဲ့သို့ ဘုရားသခင် မည်သို့ ကောင်းချီးပေးသည်ကိုလည်း
သူတစ်ပါးတို့နှင့် ဝေမျှခြင်းက ကောင်းမြတ်ပါတယ်။ ရောမဩဝါဒစာ ၁၂:၁၅ “ဝမ်းမြောက်သောသူတို့နှင့်အတူ၊ ဝမ်းမြောက်ခြင်းကို၎င်း၊
ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကို ၎င်း ပြုကြလော့။ ” ကျေးဇူးတင်ဖို့
အကြောင်းရင်းရှိတဲ့သူတွေနှင့်အတူ ကျွန်ုပ်တို့ ကျေးဇူးတော် ချီးမွမ်းနိုင်ပါတယ်။
ဒါ့အပြင်
“ကြီးစွာသော ဝတ်ပြုကိုးကွယ်ခြင်း” ၌ ဘုရားသခင်ကို ကျေးဇူးတင်ရှိခြင်းသည် သူတစ်ပါးတို့အား
ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို လမ်းညွှန်ပေးဖို့ရန် လှုံ့ဆော်နိုင်ပါတယ်။ အထူးသဖြင့်
ယုံကြည်ခြင်း၌ သံသယရှိမှုတွေဖြင့် ရင်ဆိုင်နေရသော ယုံကြည်သူတွေ (သို့) မျှော်လင့်ချက်
ပျက်သုန်းသော သူတို့ကို သင်၏အသက်တာပေါ် ဘုရားသခင်၏လုပ်ဆောင်မှုတို့ကို တွေ့မြင်ခြင်းအားဖြင့်
သူတို့ကို အကူအညီ ဖြစ်စေပါ တယ်။
ယခုတွင်
သူတစ်ပါးတို့နှင့် ဝေမျှနိုင်မည့် ကျေးဇူးတင်ချီးမွမ်းစရာ တစ်စုံတစ်ရာ သင်၌ ရှိပါသလား။
------------------------------------------------------------------------------------
Zawgyi Version
အသက္တာတြင္ သာမန္အရာေလးေတြအတြက္ ေက်းဇူးေတာ္ ခ်ီးမြမ္းလိုက္ပါ။
တမန္ေတာ္ဝတၱဳ ၁၄:၁၇ “သို႔ေသာ္လည္း၊ သင္တို႔အား ေက်းဇူးျပဳလ်က္၊ အစာအာဟာရႏွင့္ ဝေျပာ၍ဝမ္းေျမာက္ေစျခင္းငွါ၊ မိုဃ္းေကာင္းကင္မွ မိုဃ္း႐ြာေစေတာ္မူ၍၊ အသီးအႏွံတို႔ကို သီးေစတတ္ေသာ ဥတုကိုေပးေတာ္မူေသာ အားျဖင့္၊ ကိုယ္ေတာ္ရွိေတာ္မူသည္ကို သက္ေသမခံဘဲေနေတာ္မမူဟု ေပါလုႏွင့္ ဗာနဗသည္ေႂကြးေၾကာ္ ေလ၏။”
အသက္တာတြင္ ကြၽႏ္ုပ္တို႔ အေလးမထား တတ္ၾကတဲ့ ေကာင္းမြန္ေသာ အရာမ်ားစြာရွိပါတယ္။ အသက္ရွင္ ေနထိုင္ဖို႔ရန္ အိမ္ရာ ပိုင္ဆိုင္ျခင္း ၊ စားသုံးဖို႔ရန္ အစာ ၊ က်န္းမာေနျခင္း ၊ အလုပ္အကိုင္ ၊ ကြၽႏ္ုပ္တို႔ကို ခ်စ္ၿပီး ဂ႐ုစိုက္တဲ့ ကြၽႏ္ုပ္တို႔ အနားရွိလူေတြ …. ဤအရာေတြက မရွိမျဖစ္ေပမဲ့ အလိုအေလ်ာက္ျဖစ္လာတာ မဟုတ္ပါဘူး။ ဘုရားသခင္ ဆီမွလာတဲ့ ဆုလက္ေဆာင္ေတြ ျဖစ္ပါတယ္။
မိုး ၊ ေနေရာင္ျခည္ႏွင့္ သီးႏွံစိုက္ပ်ိဳးျခင္း ၊ ႀကီးထြားျခင္း ကဲ့သို႔ေသာ သဘာဝျဖစ္ရပ္ေတြေတာင္ ဘုရားသခင္၏ လမ္းၫႊန္ျခင္းမွ ျဖစ္တယ္လို႔ သမၼာက်မ္းစာက ရွင္းလင္းစြာ ေဖာ္ျပထားပါတယ္။ ဘုရားသခင္သည္ အရာအားလုံးကို ဖန္ဆင္းထားၿပီး ထိန္းခ်ဳပ္ေနစဲ ျဖစ္ပါတယ္။
တရားေဟာရာက်မ္းတြင္ ဣသေရလ လူတို႔ကို ဘယ္လိုေကာင္းခ်ီးေပးမည္ကို ဘုရားသခင္ ရွင္းျပခဲ့ပါတယ္။ ထိုေကာင္းခ်ီးေတြသည္ ဝိညာဥ္ေရးရာ တစ္ခုတည္းအတြက္သာ မဟုတ္ခဲ့ပါ။ ေမာေရွက လူထုႀကီးဆီ ေျပာသည္မွာ “သင့္ကိုခ်စ္သျဖင့္ ေကာင္းႀကီးေပး၍ မ်ားျပား ေစေတာ္မူမည္။ သင့္အား ေပးျခင္းငွာ၊ သင္၏ဘိုးေဘးတို႔ အား က်ိန္ဆိုေတာ္မူေသာျပည္၌ သင္ဘြားျမင္ေသာ သားတို႔ကို ၎၊ သင္၏ေျမ အသီးအႏွံ၊ စပါး၊ စပ်စ္ရည္၊ ဆီ၊ ႏြား အစီးအပြား၊ သိုးစုတို႔ကို၎ ေကာင္းႀကီးေပး ေတာ္မူမည္။“ တရားေဟာရာက်မ္း ၇:၁၃
ေက်းဇူးတင္ရသည့္ အေၾကာင္းရင္းမွာ ထူးျခားအံ့ဩဖြယ္ေသာ ေကာင္းခ်ီးေတြေၾကာင့္သာ မဟုတ္ပါ။ ကြၽႏ္ုပ္တို႔ က်န္းမာေစဖို႔ရန္ အစားအစာ ၊ ေကာင္းမြန္စြာ အိပ္စက္ရျခင္းတို႔လို ပုံမွန္ ေန႔စဥ္ရရွိေနေသာ ေကာင္းခ်ီးေတြေပၚမွာလည္း ေက်းဇူးတင္ႏိုင္ပါတယ္။ ရွင္ယာကုပ္ဩဝါဒစာ ၁:၁၆ “ေကာင္းျမတ္စုံလင္ေသာ ဆုေက်းဇူးရွိသမွ်တို႔သည္ အလင္းတို႔၏ အဘထံေတာ္က သက္ေရာက္သည္ျဖစ္၍၊ အထက္အရပ္မွ လာၾက၏။ ”
သင္၏ ေန႔စဥ္အစားအစာကို ဘုရားသခင္၏ ဆုေက်းဇူးအျဖစ္ မွတ္ယူပါသလား။
**********************************************************************
ကြၽႏ္ုပ္တို႔၏ ေက်းဇူးတုံ႔ျပန္မႈကို တျခားသူတို႔ႏွင့္ မွ်ေဝပါ။
ဆာလံ ၃၅:၁၈ “ေက်းဇူးေတာ္ႀကီးလွပါ၏ဟု မဟာပရိသတ္ အလယ္မွာ အကြၽႏ္ုပ္ဝန္ခံပါမည္။ မ်ားစြာေသာ လူစုတြင္ ကိုယ္ေတာ္ကိုခ်ီးမြမ္းပါမည္။”
ေက်းဇူးတင္ျခင္းသည္ ပုဂၢိဳလ္ေရး အက်င့္စ႐ိုက္ႏွင့္ စိတ္ခံစားခ်က္မႈ ျဖစ္ပါတယ္။ တစ္စုံတစ္ဉီး အစား ကြၽႏ္ုပ္တို႔ ေက်းဇူးတင္လို႔ မရပါ။ သို႔ေပမဲ့ ကြၽႏ္ုပ္တို႔၏ ေက်းဇူးတင္ရွိျခင္းကို တျခားသူတို႔ႏွင့္ ေဝမွ်ႏိုင္ပါတယ္။ မ်ားစြာေသာ သာဓကေတြကို သမၼာက်မ္းစာတြင္ ေပးထားပါတယ္။ ဒါဝိလ္မင္းႀကီးက ဆိုထားသည္မွာ ဆာလံ ၂၆:၇ “အံဩဘြယ္ေသာ အမႈေတာ္အလုံးစုံတို႔ကို ၾကား ေျပာျခင္းငွါ၊ အကြၽႏ္ုပ္သည္ ကိုယ္လက္ကို အျပစ္ ကင္းျခင္းႏွင့္ေဆး၍၊ ယဇ္ပလႅင္ေတာ္ကို ဝန္းရံလ်က္ ေနပါသည္၊ ထာဝရဘုရား။” ဆာလံက်မ္း ေနာက္တစ္က်မ္းတြင္လည္း ဘုရားသခင္ သူ႔အား အႏၲရာယ္မ်ားေသာ အေျခအေနတစ္ခုကေန ကယ္တင္ခဲ့ျခင္းအတြက္ ေက်းဇူးတင္ထားပါတယ္။ သူဖြင့္ဟ လိုက္သည္မွာ ဆာလံက်မ္း ၅၇:၉ “အိုထာဝရဘုရား၊ ပရိသတ္အလယ္၌ ကိုယ္ ေတာ္ကို ခ်ီးမြမ္းပါမည္။ လူမ်ိဳးတို႔တြင္ ကိုယ္ေတာ္အား ေထာမနာသီးခ်င္းဆိုပါမည္။ ”
ဘုရားသခင္ မည္မွ် ေကာင္းျမတ္သည္ကို တျခားသူတို႔အား ေဝမွ်ပါ။ ကြၽႏ္ုပ္တို႔ အခက္အခဲျဖစ္ခ်ိန္မွာ တျခားသူတို႔အား ဆုေတာင္းေပးဖို႔ရန္ ေတာင္းေလွ်ာက္သကဲ့သို႔ ဘုရားသခင္ မည္သို႔ ေကာင္းခ်ီးေပးသည္ကိုလည္း သူတစ္ပါးတို႔ႏွင့္ ေဝမွ်ျခင္းက ေကာင္းျမတ္ပါတယ္။ ေရာမဩဝါဒစာ ၁၂:၁၅ “ဝမ္းေျမာက္ေသာသူတို႔ႏွင့္အတူ၊ ဝမ္းေျမာက္ျခင္းကို၎၊ ငိုေႂကြးေသာသူတို႔ႏွင့္အတူ ငိုေႂကြးျခင္းကို ၎ ျပဳၾကေလာ့။ ” ေက်းဇူးတင္ဖို႔ အေၾကာင္းရင္းရွိတဲ့သူေတြႏွင့္အတူ ကြၽႏ္ုပ္တို႔ ေက်းဇူးေတာ္ ခ်ီးမြမ္းႏိုင္ပါတယ္။
ဒါ့အျပင္ “ႀကီးစြာေသာ ဝတ္ျပဳကိုးကြယ္ျခင္း” ၌ ဘုရားသခင္ကို ေက်းဇူးတင္ရွိျခင္းသည္ သူတစ္ပါးတို႔အား ဘုရားသခင္၏ ေကာင္းျမတ္ျခင္းကို လမ္းၫႊန္ေပးဖို႔ရန္ လႈံ႕ေဆာ္ႏိုင္ပါတယ္။ အထူးသျဖင့္ ယုံၾကည္ျခင္း၌ သံသယရွိမႈေတြျဖင့္ ရင္ဆိုင္ေနရေသာ ယုံၾကည္သူေတြ (သို႔) ေမွ်ာ္လင့္ခ်က္ ပ်က္သုန္းေသာ သူတို႔ကို သင္၏အသက္တာေပၚ ဘုရားသခင္၏လုပ္ေဆာင္မႈတို႔ကို ေတြ႕ျမင္ျခင္းအားျဖင့္ သူတို႔ကို အကူအညီ ျဖစ္ေစပါ တယ္။
ယခုတြင္ သူတစ္ပါးတို႔ႏွင့္ ေဝမွ်ႏိုင္မည့္ ေက်းဇူးတင္ခ်ီးမြမ္းစရာ တစ္စုံတစ္ရာ သင္၌ ရွိပါသလား။