Unicode Version
ကောင်းသော အချိန်ကာလတွေပေါ်မှာ အာရုံပြုပါ။
ဖိလိပ္ပိဩဝါဒစာ ၁:၅ “သင်တို့သည် ရှေ့ဦးစွာသော နေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂလိတရားကို ဆက်ဆံ၍ ခံစားကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။”
ဖိလိပ္ပိမြို့၌ရှိသော
အသင်းတော်ဆီ တမန်တော်ရှင်ပေါလု ရေးသားသော ဖိလိပ္ပိကျမ်းတွင် “လုဒိ” အမည်ရှိသော မိန်းမတစ်ယောက်သည်
သူမ၏အိမ်ကို တမန်တော်ရှင်ပေါလုနှင့် အပေါင်းအပါတို့အတွက် တည်းခိုစေခဲ့ပါတယ်။ ဖိလိပ္ပိအသင်းတော်သည်
ရှင်ပေါလု၏ သာသနာခရီးစဉ်တွေကိုလည်း ငွေကြေးပံ့ပိုးကူညီမှုတောင် ပေးခဲ့ပါတယ်။ ဖိလိပ္ပိဩဝါဒစာ ၁:၅ တွင် ရှင်ပေါလု ဆိုထားသည်မှာ “သင်တို့သည် ရှေ့ဦးစွာ
သောနေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂလိတရားကို ဆက်ဆံ၍ ခံစားကြောင်းကို ငါထောက်သဖြင့်၊
ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။”
ယခုတိုင်
ယုံကြည်သူတွေကို ရှင်ပေါလု ပြောခဲ့တဲ့အရာက “ ငါသည်ဆုတောင်းပဌနာပြုသောအခါခါ၊ ဝမ်းမြောက် သော စိတ်နှင့်
သင်တို့ရှိသမျှအဘို့ကို အစဉ်ဆုတောင်းပဌနာပြုလျက်” ဖိလိပ္ပိဩဝါဒစာ ၁:၃
ဖိလိပ္ပိမြို့တွင် ရှင်ပေါလု ဘာကို လုပ်ဆောင်နေခဲ့သနည်း။ အမှတ်ရစရာတွေကို သူသီးသန့်စီစစ်ရွေးချယ်ပါတယ်။ ရှင်ပေါလုအတွက်
ထိုမြို့သည် ပျော်ရွှင်စရာ မဖြစ်ခဲ့ပါ။ ထိုမြို့၌ နေထိုင်စဉ်တွင် ညှဉ်းပမ်းနှိပ်စက်မှုများစွာ
ခံစားခဲ့ ရပါတယ်။ သို့ပေမဲ့ နာကျင်စရာ မှတ်ဉာဏ်တွေပေါ်မှာ စွဲလမ်းမှု မဖြစ်အောင် သူရွေးချယ်ပါတယ်။
ထိုနာကျင်မှု တွေအစား သူအတွက် ကောင်းခဲ့တဲ့အရာတွေအတွက် သူ၏ကျေးဇူးတရားတွေကို သူဖော်ပြခဲ့ပါတယ်။
တစ်စုံတစ်ဉီးနှင့်
သိကျွမ်းလေလေ ထိုသူအား ပေါ့ပေါ့တန်တန် သဘောထားခြင်း နှင့် သူ၏ အမှားတွေကို ရှာဖွေခြင်း
နှင့် ကောင်းတဲ့အရာတွေထက် ဆိုးသောအရာတို့ကို အမှတ်ရနေခြင်းတွေက ပိုပြီးများလာ လေလေ
ဖြစ်ပါတယ်။
သင့်အသက်တာရှိ
အချို့သော သူတို့နှင့် နာကျင်စရာ အမှတ်တရတွေကို သင်စွဲမြဲ နေစဲလား။ ၎င်းစိတ်စွဲ နေမှုကြီးကို
သင်ဘယ်တော့မှ လက်မလွှတ်တာလည်း ဖြစ်နိုင်ပါတယ်။ အတိတ်ကအရာကို သင်ဆက်လက် ဆုပ်ကိုင်ထားတဲ့အတွက်ကြောင့်
ထိုပေါင်းသင်းဆက်ဆံရေး၌ သင်ပျော်ရွှင်ရမှာ မဟုတ်တော့ပါ။
အမှတ်ရစရာတွေသည် ရွေးချယ်မှုတစ်ခု ဖြစ်တယ်ဆိုတာကို သင်နားလည် သဘောပေါက်ဖို့
လိုပါတယ်။ American Red Cross ကိုတည်ထောင်ခဲ့သူ Clara Barton အကြောင်းကို ယခင်က ကျွန်တော်
ဖော်ပြခဲ့ဖူးပါတယ်။ မိတ်ဆွေတစ်ဉီးက သူမအား လွန်ခဲ့တဲ့ နှစ်များစွာက တစ်စုံတစ်ယောက်ပြုခဲ့သော
ရက်စက်ကြမ်းကြုတ် သောအမှုကို သတိရစေခဲ့ပါတယ်။ ထိုမိတ်ဆွေက “နင်သတိမရဘူးလား” လို့မေးပါတယ်။
သူမ၏ ထင်ရှားခဲ့တဲ့ အဖြေကတော့ “သတိမရပါ။ ငါ မေ့ထားတယ်ဆိုတာ ထင်ရှားသေချာပါတယ်” လို့
ဖြေခဲ့ပါတယ်။
သင်၏
အမှတ်ရစရာတွေက ရွေးချယ်မှု တစ်ခု ဖြစ်ပါတယ်။ သင်၏ နာကျင်ဖွယ် အမှတ်တရများကို စွဲမြဲစွာ
ဆုပ်ကိုင်လိုပါက ဆက်လက်လုပ်ဆောင်သွားပါ။ သို့ပေမဲ့ သင်ပျော်ရွှင်ရမှာ မဟုတ်ပါ။ တမန်တော်
ရှင်ပေါလု သည်လည်း ဖိလိပ္ပိမြို့တွင် နာကျင်စရာ အမှတ်ရမှုတွေပေါ်မှာ အာရုံထားဖို့ အကြောင်းရင်းများစွာ
ရှိနေခဲ့ပါတယ်။ သို့ပေမဲ့ ထိုအရာတွေအစား သူ့အသက်တာရှိ လူတွေအားဖြင့်သော်လည်းကောင်း
၊ သူ့အားဖြင့် ဘုရားသခင် ပြုသောအမှုတွေအားဖြင့် ကျေးဇူးတင်ရှိခြင်းကိုသာ ရွေးချယ်ခဲ့ပါတယ်။
ထိုနည်းတူစွာ သင်ပြုပါလျှင် သင်၏ မျှော်လင့်ချက်များထက် ကျော်လွန်၍ သင်၏ ပေါင်းသင်းဆက်ဆံရေးကို
ဘုရားသခင် ကောင်းချီး ပေးပါလိမ့်မည်။
ဆင်ခြင်ရန်
-
တစ်ခါတစ်ရံတွင် ကောင်းသောအရာထက် နာကျင်သော အမှတ်တရများကို အစားထိုး အမှတ်ရနေခြင်းက
ဘာကြောင့် ပို၍ လွယ်ကူစေပါသနည်း။
-
ကောင်းသော အမှတ်ရစရာများကို အာရုံစိုက်ခြင်းက သင်၏အနာဂတ် မျှော်လင့်ချက်တို့ကို မည်ကဲ့သို့
ပြောင်းလဲပေးပါသနည်း။
- သင့်အသက်တာရှိ ပေးသနားတော်မူသော လူတို့အား ကျေးဇူးတင်ကြောင်း သင်မည်သို့ ဖော်ပြနိုင်ပါသနည်း။ အတတ်နိုင်ဆုံး တိတိကျကျ ဖော်ပြပေးပါ။
----------------------------------------------------------------------------------------------
Zawgyi Version
ေကာင္းေသာ အခ်ိန္ကာလေတြေပၚမွာ အာ႐ုံျပဳပါ။
ဖိလိပၸိဩဝါဒစာ ၁:၅ “သင္တို႔သည္ ေရွ႕ဦးစြာေသာ ေန႔ရက္မွစ၍ ယခုတိုင္ေအာင္ ဧဝံဂလိတရားကို ဆက္ဆံ၍ ခံစားေၾကာင္းကို ငါေထာက္သျဖင့္၊ ဘုရားသခင္၏ ေက်းဇူးေတာ္ကို ခ်ီးမြမ္းပါ၏။”
ဖိလိပၸိၿမိဳ႕၌ရွိေသာ အသင္းေတာ္ဆီ တမန္ေတာ္ရွင္ေပါလု ေရးသားေသာ ဖိလိပၸိက်မ္းတြင္ “လုဒိ” အမည္ရွိေသာ မိန္းမတစ္ေယာက္သည္ သူမ၏အိမ္ကို တမန္ေတာ္ရွင္ေပါလုႏွင့္ အေပါင္းအပါတို႔အတြက္ တည္းခိုေစခဲ့ပါတယ္။ ဖိလိပၸိအသင္းေတာ္သည္ ရွင္ေပါလု၏ သာသနာခရီးစဥ္ေတြကိုလည္း ေငြေၾကးပံ့ပိုးကူညီမႈေတာင္ ေပးခဲ့ပါတယ္။ ဖိလိပၸိဩဝါဒစာ ၁:၅ တြင္ ရွင္ေပါလု ဆိုထားသည္မွာ “သင္တို႔သည္ ေရွ႕ဦးစြာ ေသာေန႔ရက္မွစ၍ ယခုတိုင္ေအာင္ ဧဝံဂလိတရားကို ဆက္ဆံ၍ ခံစားေၾကာင္းကို ငါေထာက္သျဖင့္၊ ဘုရားသခင္၏ ေက်းဇူးေတာ္ကို ခ်ီးမြမ္းပါ၏။”
ယခုတိုင္ ယုံၾကည္သူေတြကို ရွင္ေပါလု ေျပာခဲ့တဲ့အရာက “ ငါသည္ဆုေတာင္းပဌနာျပဳေသာအခါခါ၊ ဝမ္းေျမာက္ ေသာ စိတ္ႏွင့္ သင္တို႔ရွိသမွ်အဘို႔ကို အစဥ္ဆုေတာင္းပဌနာျပဳလ်က္” ဖိလိပၸိဩဝါဒစာ ၁:၃
ဖိလိပၸိၿမိဳ႕တြင္ ရွင္ေပါလု ဘာကို လုပ္ေဆာင္ေနခဲ့သနည္း။ အမွတ္ရစရာေတြကို သူသီးသန႔္စီစစ္ေ႐ြးခ်ယ္ပါတယ္။ ရွင္ေပါလုအတြက္ ထိုၿမိဳ႕သည္ ေပ်ာ္႐ႊင္စရာ မျဖစ္ခဲ့ပါ။ ထိုၿမိဳ႕၌ ေနထိုင္စဥ္တြင္ ညႇဥ္းပမ္းႏွိပ္စက္မႈမ်ားစြာ ခံစားခဲ့ ရပါတယ္။ သို႔ေပမဲ့ နာက်င္စရာ မွတ္ဉာဏ္ေတြေပၚမွာ စြဲလမ္းမႈ မျဖစ္ေအာင္ သူေ႐ြးခ်ယ္ပါတယ္။ ထိုနာက်င္မႈ ေတြအစား သူအတြက္ ေကာင္းခဲ့တဲ့အရာေတြအတြက္ သူ၏ေက်းဇူးတရားေတြကို သူေဖာ္ျပခဲ့ပါတယ္။
တစ္စုံတစ္ဉီးႏွင့္ သိကြၽမ္းေလေလ ထိုသူအား ေပါ့ေပါ့တန္တန္ သေဘာထားျခင္း ႏွင့္ သူ၏ အမွားေတြကို ရွာေဖြျခင္း ႏွင့္ ေကာင္းတဲ့အရာေတြထက္ ဆိုးေသာအရာတို႔ကို အမွတ္ရေနျခင္းေတြက ပိုၿပီးမ်ားလာ ေလေလ ျဖစ္ပါတယ္။
သင့္အသက္တာရွိ အခ်ိဳ႕ေသာ သူတို႔ႏွင့္ နာက်င္စရာ အမွတ္တရေတြကို သင္စြဲၿမဲ ေနစဲလား။ ၎စိတ္စြဲ ေနမႈႀကီးကို သင္ဘယ္ေတာ့မွ လက္မလႊတ္တာလည္း ျဖစ္ႏိုင္ပါတယ္။ အတိတ္ကအရာကို သင္ဆက္လက္ ဆုပ္ကိုင္ထားတဲ့အတြက္ေၾကာင့္ ထိုေပါင္းသင္းဆက္ဆံေရး၌ သင္ေပ်ာ္႐ႊင္ရမွာ မဟုတ္ေတာ့ပါ။
အမွတ္ရစရာေတြသည္ ေ႐ြးခ်ယ္မႈတစ္ခု ျဖစ္တယ္ဆိုတာကို သင္နားလည္ သေဘာေပါက္ဖို႔ လိုပါတယ္။ American Red Cross ကိုတည္ေထာင္ခဲ့သူ Clara Barton အေၾကာင္းကို ယခင္က ကြၽန္ေတာ္ ေဖာ္ျပခဲ့ဖူးပါတယ္။ မိတ္ေဆြတစ္ဉီးက သူမအား လြန္ခဲ့တဲ့ ႏွစ္မ်ားစြာက တစ္စုံတစ္ေယာက္ျပဳခဲ့ေသာ ရက္စက္ၾကမ္းၾကဳတ္ ေသာအမႈကို သတိရေစခဲ့ပါတယ္။ ထိုမိတ္ေဆြက “နင္သတိမရဘူးလား” လို႔ေမးပါတယ္။ သူမ၏ ထင္ရွားခဲ့တဲ့ အေျဖကေတာ့ “သတိမရပါ။ ငါ ေမ့ထားတယ္ဆိုတာ ထင္ရွားေသခ်ာပါတယ္” လို႔ ေျဖခဲ့ပါတယ္။
သင္၏ အမွတ္ရစရာေတြက ေ႐ြးခ်ယ္မႈ တစ္ခု ျဖစ္ပါတယ္။ သင္၏ နာက်င္ဖြယ္ အမွတ္တရမ်ားကို စြဲၿမဲစြာ ဆုပ္ကိုင္လိုပါက ဆက္လက္လုပ္ေဆာင္သြားပါ။ သို႔ေပမဲ့ သင္ေပ်ာ္႐ႊင္ရမွာ မဟုတ္ပါ။ တမန္ေတာ္ ရွင္ေပါလု သည္လည္း ဖိလိပၸိၿမိဳ႕တြင္ နာက်င္စရာ အမွတ္ရမႈေတြေပၚမွာ အာ႐ုံထားဖို႔ အေၾကာင္းရင္းမ်ားစြာ ရွိေနခဲ့ပါတယ္။ သို႔ေပမဲ့ ထိုအရာေတြအစား သူ႔အသက္တာရွိ လူေတြအားျဖင့္ေသာ္လည္းေကာင္း ၊ သူ႔အားျဖင့္ ဘုရားသခင္ ျပဳေသာအမႈေတြအားျဖင့္ ေက်းဇူးတင္ရွိျခင္းကိုသာ ေ႐ြးခ်ယ္ခဲ့ပါတယ္။ ထိုနည္းတူစြာ သင္ျပဳပါလွ်င္ သင္၏ ေမွ်ာ္လင့္ခ်က္မ်ားထက္ ေက်ာ္လြန္၍ သင္၏ ေပါင္းသင္းဆက္ဆံေရးကို ဘုရားသခင္ ေကာင္းခ်ီး ေပးပါလိမ့္မည္။
ဆင္ျခင္ရန္
- တစ္ခါတစ္ရံတြင္ ေကာင္းေသာအရာထက္ နာက်င္ေသာ အမွတ္တရမ်ားကို အစားထိုး အမွတ္ရေနျခင္းက ဘာေၾကာင့္ ပို၍ လြယ္ကူေစပါသနည္း။
- ေကာင္းေသာ အမွတ္ရစရာမ်ားကို အာ႐ုံစိုက္ျခင္းက သင္၏အနာဂတ္ ေမွ်ာ္လင့္ခ်က္တို႔ကို မည္ကဲ့သို႔ ေျပာင္းလဲေပးပါသနည္း။
- သင့္အသက္တာရွိ ေပးသနားေတာ္မူေသာ လူတို႔အား ေက်းဇူးတင္ေၾကာင္း သင္မည္သို႔ ေဖာ္ျပႏိုင္ပါသနည္း။ အတတ္ႏိုင္ဆုံး တိတိက်က် ေဖာ္ျပေပးပါ။