Unicode Version
သင်ပျော်ရွှင်ချင်ပါသလား။ သနားခြင်းဂရုဏာကို ရွေးချယ်ပါ။
သုတ္တံကျမ်း ၁၁:၁၇ “သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိ ကိုယ်ကိုပင် နှောင့်ရှက်တတ်၏။”
စကြာဝဋာဆိုင်ရာ
အခြေခံသဘောတရားတို့ဖြင့် ဤကမ္ဘာကြီးကို ဘုရားသခင် ဖြစ်တည်စေခဲ့ပါတယ်။ ထိုအခြေခံ သဘောတရားတွေထဲက
တစ်ခုဖြစ်တဲ့ သူတစ်ပါးကို အကူအညီပိုပြီး ပေးခြင်းအတွက် သင်ပိုပြီး အောင်မြင်ပြီး
ပျော်ရွှင်မှုတွေ ရရှိလာလိမ့်မည်။ ပျော်ရွှင်ခြင်းဆိုတာ သင့်အတွက်သင် အသက်ရှင်ခြင်းကနေ
မဖြစ်လာပါဘူး။ သင်၏အသက်တာကို ပေးအပ်ပြီး သနားခြင်းဂရုဏာစိတ်ရှိနေမှသာ ပျော်ရွှင်ဝမ်းမြောက်ခြင်းတွေ
လာပါသည်။
သုတ္တံကျမ်း ၁၁:၁၇ တွင် ဆိုထားသည်မှာ “သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး
ပြုတတ်၏။ ကြမ်း ကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။”
သမ္မာကျမ်းစာတွင်
အကြီးမားဆုံးသော သာဓကမှာ ယောဘအကြောင်းဖြစ်ပါတယ်။ ယောဘသည် သူ၏ မိသားစု ၊ ကျန်းမာရေး
၊ အသက်မွေးဝမ်းကျောင်း နှင့် ပစ္စည်းဉစ္စာ အားလုံးတို့ကို ဆုံးရှုံးခဲ့ပါတယ်။ သူ၏ လိုအပ်မှု
အရှိဆုံးအချိန်တွေမှာ သူ၏မိတ်ဆွေသူငယ်ချင်းတို့ ရောက်လာခဲ့ပါတယ်။ သို့ပေမဲ့ သူတို့တွေက
သနားခြင်း ဂရုဏာကို ပြခဲ့သလား။ မပြခဲ့ပါ။ သူတို့ ဝေဖန်စီရင် ခဲ့ကြပါတယ်။ သူ့အပေါ် ခန့်မှန်းတွက်ဆခဲ့ကြပါတယ်။
သူပြုခဲ့သော မှားယွင်းမှုအရာတို့ကို ပြောနေခဲ့ကြပါတယ်။ ပြီးတော့ “ဒါတွေက သင်၏အမှားလို့” ပြောဆိုခဲ့ ကြပါတယ်။
ယောဘသည် သူ့အကြောင်း စဉ်းစားနေခြင်းထက် သူ့အား ဝေဖန်စီရင်သော သူတို့အတွက် ဂရုဏာထားပြီး
ဆုတောင်းပေးခဲ့တဲ့အခါမှာ အသက်တာ၏ ကြီးစွာသော အလှည့်အပြောင်း ဖြစ်ပေါ်လာခဲ့ပါတယ်။ ယောဘဝတ္တု
၄၂:၁၀ “ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ
ဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။”
သင့်အား
ဝေဖန် စီရင်သောသူအပါအဝင် တခြားသောသူတို့ကို သင် ဂရုဏာထားပါသလား။ အသက်တာကို ဝေဖန်စီရင်သူအဖြစ်
(သို့) သနားခြင်းဂရုဏာရှိသူအဖြစ် နေထိုင်သွားနိုင်ပါတယ်။ အကယ်၍ ပြစ်တင်ဝေဖန်မှုကို
သင်ကရွေးချယ်ပြီး စီရင်မယ်ဆိုလျှင် သင့်ကိုယ်သင်နှင့် သင့်အနီးအနားရှိ လူတွေကို သင်စိတ်ဆင်းရဲ
စေပါလိမ့် မည်။
၎င်းသည် သင်၏ရွေးချယ်မှုသာ ဖြစ်ပါတယ်။ ဤလောကတွင် ဝေဖန်စီရင်မှု ဖန်တီးသူ
(သို့) ဂရုဏာ ဖန်တီးသူအဖြစ် နေနိုင်ပါတယ်။ ဂရုဏာတရားကို သင်ရွေးချယ်မှု ပြုတဲ့အခါမှာ
သင့်အတွက် နှင့် သင့်ဝန်းကျင်ရှိ လူတွေကို ပြီးပြည့်စုံတဲ့ ဝမ်းမြောက်ပျော်ရွှင်ခြင်း
အသက်တာတွေ ရောက်ရှိလာပါလိမ့်မည်။
မွန်မြတ်တဲ့နည်းလမ်းဖြင့် သခင်ယေရှု ဆိုထားသည်မှာ “သနားစုံမက်တတ်သောသူတို့သည်
မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်း ကို ခံကြလတံ့။”
ရှင်မဲဿဲခရစ်ဝင်ကျမ်း ၅:၇
သင်ပျော်ရွှင်ချင်ပါသလား။ ဂရုဏာစိတ် ထားရှိပါ။
ဆင်ခြင်ရန်
-
တစ်စုံတစ်ယောက်ကို အပြစ်တင်ဖို့ရန် သင်ရွေးချယ်တဲ့အခါမှာ ထိုအရာက သင့်ကို မည်ကဲ့သို့
ခံစားစေပါသနည်း။ သင့်အား တစ်ခုခုအမှားပြုခဲ့သူ တစ်ယောက်ကို ဂရုဏာထားရှိဖို့ရန် သင်ရွေးချယ်တဲ့အခါမှာ
မည်သို့သော ခံစားချက်မျိုး ရရှိခံစားရပါသနည်း။
-
ကြင်နာမှုသည် ဂရုဏာနှင့် မည်သို့ သက်ဆိုင်သနည်း။
-
သင့်အား ဝေဖန်သူတစ်ဉီးအကြောင်းကို စဉ်းစားကြည့်လိုက်ပါ။ ထိုသူအတွက် သင်ဆုတောင်းနိုင်ပါသလား။
ဘာကြောင့်နည်း (သို့) ဘာကြောင့် မဟုတ်သနည်း။
-----------------------------------------------------------------------------------
Zawgyi Version
သင္ေပ်ာ္႐ႊင္ခ်င္ပါသလား။ သနားျခင္းဂ႐ုဏာကို ေ႐ြးခ်ယ္ပါ။
သုတၱံက်မ္း ၁၁:၁၇ “သနားတတ္ေသာသူသည္ မိမိကိုယ္၌ ေက်းဇူး ျပဳတတ္၏။ ၾကမ္းၾကဳတ္ေသာသူမူကား၊ မိမိ ကိုယ္ကိုပင္ ေႏွာင့္ရွက္တတ္၏။”
စၾကာဝဋာဆိုင္ရာ အေျခခံသေဘာတရားတို႔ျဖင့္ ဤကမာၻႀကီးကို ဘုရားသခင္ ျဖစ္တည္ေစခဲ့ပါတယ္။ ထိုအေျခခံ သေဘာတရားေတြထဲက တစ္ခုျဖစ္တဲ့ သူတစ္ပါးကို အကူအညီပိုၿပီး ေပးျခင္းအတြက္ သင္ပိုၿပီး ေအာင္ျမင္ၿပီး ေပ်ာ္႐ႊင္မႈေတြ ရရွိလာလိမ့္မည္။ ေပ်ာ္႐ႊင္ျခင္းဆိုတာ သင့္အတြက္သင္ အသက္ရွင္ျခင္းကေန မျဖစ္လာပါဘူး။ သင္၏အသက္တာကို ေပးအပ္ၿပီး သနားျခင္းဂ႐ုဏာစိတ္ရွိေနမွသာ ေပ်ာ္႐ႊင္ဝမ္းေျမာက္ျခင္းေတြ လာပါသည္။
သုတၱံက်မ္း ၁၁:၁၇ တြင္ ဆိုထားသည္မွာ “သနားတတ္ေသာသူသည္ မိမိကိုယ္၌ ေက်းဇူး ျပဳတတ္၏။ ၾကမ္း ၾကဳတ္ေသာသူမူကား၊ မိမိကိုယ္ကိုပင္ ေႏွာင့္ရွက္တတ္၏။”
သမၼာက်မ္းစာတြင္ အႀကီးမားဆုံးေသာ သာဓကမွာ ေယာဘအေၾကာင္းျဖစ္ပါတယ္။ ေယာဘသည္ သူ၏ မိသားစု ၊ က်န္းမာေရး ၊ အသက္ေမြးဝမ္းေက်ာင္း ႏွင့္ ပစၥည္းဉစၥာ အားလုံးတို႔ကို ဆုံးရႈံးခဲ့ပါတယ္။ သူ၏ လိုအပ္မႈ အရွိဆုံးအခ်ိန္ေတြမွာ သူ၏မိတ္ေဆြသူငယ္ခ်င္းတို႔ ေရာက္လာခဲ့ပါတယ္။ သို႔ေပမဲ့ သူတို႔ေတြက သနားျခင္း ဂ႐ုဏာကို ျပခဲ့သလား။ မျပခဲ့ပါ။ သူတို႔ ေဝဖန္စီရင္ ခဲ့ၾကပါတယ္။ သူ႔အေပၚ ခန႔္မွန္းတြက္ဆခဲ့ၾကပါတယ္။ သူျပဳခဲ့ေသာ မွားယြင္းမႈအရာတို႔ကို ေျပာေနခဲ့ၾကပါတယ္။ ၿပီးေတာ့ “ဒါေတြက သင္၏အမွားလို႔” ေျပာဆိုခဲ့ ၾကပါတယ္။
ေယာဘသည္ သူ႔အေၾကာင္း စဥ္းစားေနျခင္းထက္ သူ႔အား ေဝဖန္စီရင္ေသာ သူတို႔အတြက္ ဂ႐ုဏာထားၿပီး ဆုေတာင္းေပးခဲ့တဲ့အခါမွာ အသက္တာ၏ ႀကီးစြာေသာ အလွည့္အေျပာင္း ျဖစ္ေပၚလာခဲ့ပါတယ္။ ေယာဘဝတၱဳ ၄၂:၁၀ “ေယာဘသည္ အေဆြခင္ပြန္းတို႔အဘို႔ ဆုေတာင္းၿပီးမွ၊ သူခံရေသာဒုကၡအေၾကာင္းကို ထာဝရ ဘုရားသည္ ပယ္ရွင္း၍၊ အရင္ထက္ ႏွစ္ဆေသာဥစၥာကို ေပးေတာ္မူ၏။”
သင့္အား ေဝဖန္ စီရင္ေသာသူအပါအဝင္ တျခားေသာသူတို႔ကို သင္ ဂ႐ုဏာထားပါသလား။ အသက္တာကို ေဝဖန္စီရင္သူအျဖစ္ (သို႔) သနားျခင္းဂ႐ုဏာရွိသူအျဖစ္ ေနထိုင္သြားႏိုင္ပါတယ္။ အကယ္၍ ျပစ္တင္ေဝဖန္မႈကို သင္ကေ႐ြးခ်ယ္ၿပီး စီရင္မယ္ဆိုလွ်င္ သင့္ကိုယ္သင္ႏွင့္ သင့္အနီးအနားရွိ လူေတြကို သင္စိတ္ဆင္းရဲ ေစပါလိမ့္ မည္။
၎သည္ သင္၏ေ႐ြးခ်ယ္မႈသာ ျဖစ္ပါတယ္။ ဤေလာကတြင္ ေဝဖန္စီရင္မႈ ဖန္တီးသူ (သို႔) ဂ႐ုဏာ ဖန္တီးသူအျဖစ္ ေနႏိုင္ပါတယ္။ ဂ႐ုဏာတရားကို သင္ေ႐ြးခ်ယ္မႈ ျပဳတဲ့အခါမွာ သင့္အတြက္ ႏွင့္ သင့္ဝန္းက်င္ရွိ လူေတြကို ၿပီးျပည့္စုံတဲ့ ဝမ္းေျမာက္ေပ်ာ္႐ႊင္ျခင္း အသက္တာေတြ ေရာက္ရွိလာပါလိမ့္မည္။
မြန္ျမတ္တဲ့နည္းလမ္းျဖင့္ သခင္ေယရႈ ဆိုထားသည္မွာ “သနားစုံမက္တတ္ေသာသူတို႔သည္ မဂၤလာရွိၾက၏။ အေၾကာင္းမူကား၊ ထိုသူတို႔သည္ သနားစုံမက္ျခင္း ကို ခံၾကလတံ့။” ရွင္မဲႆဲခရစ္ဝင္က်မ္း ၅:၇
သင္ေပ်ာ္႐ႊင္ခ်င္ပါသလား။ ဂ႐ုဏာစိတ္ ထားရွိပါ။
ဆင္ျခင္ရန္
- တစ္စုံတစ္ေယာက္ကို အျပစ္တင္ဖို႔ရန္ သင္ေ႐ြးခ်ယ္တဲ့အခါမွာ ထိုအရာက သင့္ကို မည္ကဲ့သို႔ ခံစားေစပါသနည္း။ သင့္အား တစ္ခုခုအမွားျပဳခဲ့သူ တစ္ေယာက္ကို ဂ႐ုဏာထားရွိဖို႔ရန္ သင္ေ႐ြးခ်ယ္တဲ့အခါမွာ မည္သို႔ေသာ ခံစားခ်က္မ်ိဳး ရရွိခံစားရပါသနည္း။
- ၾကင္နာမႈသည္ ဂ႐ုဏာႏွင့္ မည္သို႔ သက္ဆိုင္သနည္း။
- သင့္အား ေဝဖန္သူတစ္ဉီးအေၾကာင္းကို စဥ္းစားၾကည့္လိုက္ပါ။ ထိုသူအတြက္ သင္ဆုေတာင္းႏိုင္ပါသလား။ ဘာေၾကာင့္နည္း (သို႔) ဘာေၾကာင့္ မဟုတ္သနည္း။