Unicode Version
ရှင်လုကာခရစ်ဝင်ကျမ်း ၁၂:၃၃ “သင်တို့ဥစ္စာများကို ရောင်း၍ ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ မဆွေး မဟောင်းတတ်သော အိတ် တို့ကို ကိုယ်သုံးဘို့ လုပ်ကြလော့။ သူခိုးမရောက်၊ ပိုးများမဖျက်ဆီးရာအရပ်၊ ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင် သော ဘဏ္ဍာကို ဆည်းဖူးကြလော့။”
ကောင်းကင်ဘုံတွင် ဘဏ္ဍာတိုက်ရှိတယ်ဆိုတာ သင်သိပါသလား။ ရှိပါတယ်။ ကောင်းကင်ဘုံ၌ရှိသော ဘဏ္ဍာတိုက်သို့ သိုမှီးခြင်းအကြောင်းကိုလည်း ရှင်လုကာခရစ်ဝင်ကျမ်းတွင် ဖော်ပြထားပါတယ်။ ၎င်းသည် ခရစ်ယာန်တစ်ဉီးဖြစ်သည့်အလျှောက် သင်၏အချိန်၊ စွမ်းရည် နှင့် အရင်းအမြစ်တို့ကို အကြီးများဆုံး ရင်းနှီးမြှုပ်နှံမှု ပြုမည့် ဘဏ္ဍာတိုက် ဖြစ်သင့်ပါတယ်။
ရှင်ယာကုပ်ကျမ်းတွင်လည်း ဘုရားသခင်သည် သူ၏ နောက်လိုက်များအားပေးသော ကောင်းမြတ်ခြင်း အကြောင်းကို ဖော်ပြထားပါတယ်။ သင်၌ ရရှိပိုင်ဆိုင်ထားသော အရာအားလုံးတို့သည် ဘုရားသခင်၏ ကောင်းမြတ်ခြင်း၊ ကျေးဇူးတော်ကြောင့်လို့ ပြောထားပါတယ်။ ဘုရားဆီကနေ မဟုတ်ဘူးဆိုလျှင် သင်၌ ဘာမှ ရှိမည်မဟုတ်ပါ။ သင်တောင်ရှိလာမည် မဟုတ်ပါ။ ကောင်းမွန်သော ၊ ပြီးပြည့်စုံသော ဆုလဒ်တိုင်းသည် ဘုရားသခင်ဆီမှ လာခြင်းဖြစ်ပြီး သူ၏ကျေးဇူးတော်ကြောင့်သာလျှင် ဖြစ်ပါတယ်။
သင့်အား ဘုရားကောင်းချီးပေးသောအရာတွေဖြင့် တခြားသော သူတို့နှင့်အတူ ပေးကမ်းရက်ရောမှု ပြုသင့် ပါတယ်။ သူတစ်ပါးကို ကူညီဖို့ရန် ပေးသနားတော်မူသောအရာတို့ကို သင်အသုံးပြုသင့်ပါတယ်။
သင်အသုံးပြုသော အရာတို့သည် သူတစ်ပါးအား သခင်ယေရှုကို ညွှန်ပြစေသောအရာဖြစ်ပါလျှင်
ထိုအသုံးပြုသော အရာတို့သည် ကောင်းကင်ဘဏ္ဍာတိုက်တွင် သိုမှီးလိုက်ခြင်း ဖြစ်ပါတယ်။ ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်စေဖို့ရန်
သင်၏ အင်အား ၊ အရင်းအမြစ်တို့ကို အသုံးပြုခြင်းသည် နိစ္စထာဝရအတွက် ရင်းနှီးမြှုပ်နှံမှုပြုခြင်း
ဖြစ်ပါတယ်။
ကောင်းကင်ဘုံထက် နိစ္စထာဝရအတွက် မည်ကဲ့သို့ ပြင်ဆင်ရမလဲလို့ သခင်ယေရှုအား သူဌေးတစ်ဉီးက မေးလျှောက်ခဲ့ပါတယ်။ ထိုသူဌေးသည် သူလိုအပ်ထက်ပိုပြီး ငွေကြေးကို ပိုင်ဆိုင်ခဲ့ပါတယ်။ နိစ္စထာဝရအသက် တာကို သူဘယ်လို ရရှိနိုင်မလဲလို့ သိချင်နေခဲ့ပါတယ်။
သခင်ယေရှုက
ထိုသူအား တစ်ချို့သော ရင်းနှီးမြှုပ်နှံမှု အကြံဉာဏ်ကို ပေးခဲ့ပါတယ်။ ရှင်လုကာခရစ်ဝင်ကျမ်း ၁၂:၃၃ “သင်တို့ဥစ္စာများကို ရောင်း၍ ဆင်းရဲသားတို့အား
စွန့်ကြဲကြလော့။ မဆွေး မဟောင်းတတ်သော အိတ် တို့ကို ကိုယ်သုံးဘို့ လုပ်ကြလော့။ သူခိုးမရောက်၊
ပိုးများမဖျက်ဆီးရာအရပ်၊ ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင် သော ဘဏ္ဍာကို ဆည်းဖူးကြလော့။”
တနည်းအားဖြင့် ဤလောကရှိ သင်၏ပိုင်ဆိုင်မှု တစ်ချို့ကို ပယ်ရှင်းပြီး ထာဝရတည်မြဲမည့်နေရာ ကောင်းကင်ဘုံထက် ဉီးစွာ ပို့ဆောင်ပါ။
သင်၌ရှိသော
အရာအားလုံးကို သင်တကယ်လိုအပ်ပါသလား။ (သို့) ဤကျမ်းပိုဒ်အားဖြင့် သခင်ယေရှုစကား ပြောနေပါသလား။
နွမ်းပါးသော သူတို့ကို ကူညီဖို့ရန် သင်၌ရှိသော အရာတစ်ချို့ကို ပေးဖို့ပြောနေပါသလား။
သင်က
စေတနာကောင်းပြီး ရက်ရောသောသူဖြစ်တဲ့အခါမှာ ၎င်းသည် သင်တကယ် လိုအပ်သောအရာပေါ်တွင် သင်၏အမြင်ကို
ပြောင်းလဲစေပါတယ်။
ပြီးတော့ ပိုပြီးအရေးကြီးသောအရာက …ရက်ရောမှုကို
သင်ရွေးချယ်လိုက်တိုင်း ကောင်းကင်ဘဏ္ဍာကို သိုမှီးနေခြင်း ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-
ယခုအချိန်တွင် သင်၏ အချိန်၊ စွမ်းရည် နှင့် ငွေကြေးတို့ကို မည်သို့သော နေရာတွင် အများဆုံး
မြှုပ်နှံပါသနည်း။ ထို မြှုပ်နှံမှုတွေက လောကအရာ (သို့) ထာဝရအရာကို သက်ရောက်မှု ဖြစ်စေပါသလား။
-
လောက အရာတွေပေါ် ပိုပြီး တောင့်တခြင်းတွေသည် နိစ္စထာဝရပေါ် အာရုံစိုက်ခြင်းမှ မည်သို့
ကင်းဝေးစေပါသနည်း။
-
ကောင်းကင်ဘုံ၌ ဘဏ္ဍာသိုမှီးဖို့ဆိုတာ မည်ကဲ့သို့ဖြစ်သည်လို့ သင်ထင်မြင်ပါသနည်း။
------------------------------------------------------------------------------------
Zawgyi Version
ရွင္လုကာခရစ္ဝင္က်မ္း ၁၂:၃၃ “သင္တို႔ဥစၥာမ်ားကို ေရာင္း၍ ဆင္းရဲသားတို႔အား စြန္႔ႀကဲၾကေလာ့။ မေဆြး မေဟာင္းတတ္ေသာ အိတ္ တို႔ကို ကိုယ္သုံးဘို႔ လုပ္ၾကေလာ့။ သူခိုးမေရာက္၊ ပိုးမ်ားမဖ်က္ဆီးရာအရပ္၊ ေကာင္းကင္ဘုံ၌ မကုန္မဆုံးႏိုင္ ေသာ ဘ႑ာကို ဆည္းဖူးၾကေလာ့။”
ေကာင္းကင္ဘုံတြင္ ဘ႑ာတိုက္ရွိတယ္ဆိုတာ သင္သိပါသလား။ ရွိပါတယ္။ ေကာင္းကင္ဘုံ၌ရွိေသာ ဘ႑ာတိုက္သို႔ သိုမွီးျခင္းအေၾကာင္းကိုလည္း ရွင္လုကာခရစ္ဝင္က်မ္းတြင္ ေဖာ္ျပထားပါတယ္။ ၎သည္ ခရစ္ယာန္တစ္ဉီးျဖစ္သည့္အေလွ်ာက္ သင္၏အခ်ိန္၊ စြမ္းရည္ ႏွင့္ အရင္းအျမစ္တို႔ကို အႀကီးမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳမည့္ ဘ႑ာတိုက္ ျဖစ္သင့္ပါတယ္။
ရွင္ယာကုပ္က်မ္းတြင္လည္း ဘုရားသခင္သည္ သူ၏ ေနာက္လိုက္မ်ားအားေပးေသာ ေကာင္းျမတ္ျခင္း အေၾကာင္းကို ေဖာ္ျပထားပါတယ္။ သင္၌ ရရွိပိုင္ဆိုင္ထားေသာ အရာအားလုံးတို႔သည္ ဘုရားသခင္၏ ေကာင္းျမတ္ျခင္း၊ ေက်းဇူးေတာ္ေၾကာင့္လို႔ ေျပာထားပါတယ္။ ဘုရားဆီကေန မဟုတ္ဘူးဆိုလွ်င္ သင္၌ ဘာမွ ရွိမည္မဟုတ္ပါ။ သင္ေတာင္ရွိလာမည္ မဟုတ္ပါ။ ေကာင္းမြန္ေသာ ၊ ၿပီးျပည့္စုံေသာ ဆုလဒ္တိုင္းသည္ ဘုရားသခင္ဆီမွ လာျခင္းျဖစ္ၿပီး သူ၏ေက်းဇူးေတာ္ေၾကာင့္သာလွ်င္ ျဖစ္ပါတယ္။
သင့္အား ဘုရားေကာင္းခ်ီးေပးေသာအရာေတြျဖင့္ တျခားေသာ သူတို႔ႏွင့္အတူ ေပးကမ္းရက္ေရာမႈ ျပဳသင့္ ပါတယ္။ သူတစ္ပါးကို ကူညီဖို႔ရန္ ေပးသနားေတာ္မူေသာအရာတို႔ကို သင္အသုံးျပဳသင့္ပါတယ္။
သင္အသုံးျပဳေသာ အရာတို႔သည္ သူတစ္ပါးအား သခင္ေယရႈကို ၫႊန္ျပေစေသာအရာျဖစ္ပါလွ်င္ ထိုအသုံးျပဳေသာ အရာတို႔သည္ ေကာင္းကင္ဘ႑ာတိုက္တြင္ သိုမွီးလိုက္ျခင္း ျဖစ္ပါတယ္။ ဘုရားသခင္ႏွင့္ ရင္းႏွီးကြၽမ္းဝင္ေစဖို႔ရန္ သင္၏ အင္အား ၊ အရင္းအျမစ္တို႔ကို အသုံးျပဳျခင္းသည္ နိစၥထာဝရအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈျပဳျခင္း ျဖစ္ပါတယ္။
ေကာင္းကင္ဘုံထက္ နိစၥထာဝရအတြက္ မည္ကဲ့သို႔ ျပင္ဆင္ရမလဲလို႔ သခင္ေယရႈအား သူေဌးတစ္ဉီးက ေမးေလွ်ာက္ခဲ့ပါတယ္။ ထိုသူေဌးသည္ သူလိုအပ္ထက္ပိုၿပီး ေငြေၾကးကို ပိုင္ဆိုင္ခဲ့ပါတယ္။ နိစၥထာဝရအသက္ တာကို သူဘယ္လို ရရွိႏိုင္မလဲလို႔ သိခ်င္ေနခဲ့ပါတယ္။
သခင္ေယရႈက ထိုသူအား တစ္ခ်ိဳ႕ေသာ ရင္းႏွီးျမႇဳပ္ႏွံမႈ အႀကံဉာဏ္ကို ေပးခဲ့ပါတယ္။ ရွင္လုကာခရစ္ဝင္က်မ္း ၁၂:၃၃ “သင္တို႔ဥစၥာမ်ားကို ေရာင္း၍ ဆင္းရဲသားတို႔အား စြန္႔ႀကဲၾကေလာ့။ မေဆြး မေဟာင္းတတ္ေသာ အိတ္ တို႔ကို ကိုယ္သုံးဘို႔ လုပ္ၾကေလာ့။ သူခိုးမေရာက္၊ ပိုးမ်ားမဖ်က္ဆီးရာအရပ္၊ ေကာင္းကင္ဘုံ၌ မကုန္မဆုံးႏိုင္ ေသာ ဘ႑ာကို ဆည္းဖူးၾကေလာ့။”
တနည္းအားျဖင့္ ဤေလာကရွိ သင္၏ပိုင္ဆိုင္မႈ တစ္ခ်ိဳ႕ကို ပယ္ရွင္းၿပီး ထာဝရတည္ၿမဲမည့္ေနရာ ေကာင္းကင္ဘုံထက္ ဉီးစြာ ပို႔ေဆာင္ပါ။
သင္၌ရွိေသာ အရာအားလုံးကို သင္တကယ္လိုအပ္ပါသလား။ (သို႔) ဤက်မ္းပိုဒ္အားျဖင့္ သခင္ေယရႈစကား ေျပာေနပါသလား။ ႏြမ္းပါးေသာ သူတို႔ကို ကူညီဖို႔ရန္ သင္၌ရွိေသာ အရာတစ္ခ်ိဳ႕ကို ေပးဖို႔ေျပာေနပါသလား။
သင္က ေစတနာေကာင္းၿပီး ရက္ေရာေသာသူျဖစ္တဲ့အခါမွာ ၎သည္ သင္တကယ္ လိုအပ္ေသာအရာေပၚတြင္ သင္၏အျမင္ကို ေျပာင္းလဲေစပါတယ္။
ၿပီးေတာ့ ပိုၿပီးအေရးႀကီးေသာအရာက …ရက္ေရာမႈကို သင္ေ႐ြးခ်ယ္လိုက္တိုင္း ေကာင္းကင္ဘ႑ာကို သိုမွီးေနျခင္း ျဖစ္ပါတယ္။
ဆင္ျခင္ရန္
- ယခုအခ်ိန္တြင္ သင္၏ အခ်ိန္၊ စြမ္းရည္ ႏွင့္ ေငြေၾကးတို႔ကို မည္သို႔ေသာ ေနရာတြင္ အမ်ားဆုံး ျမႇဳပ္ႏွံပါသနည္း။ ထို ျမႇဳပ္ႏွံမႈေတြက ေလာကအရာ (သို႔) ထာဝရအရာကို သက္ေရာက္မႈ ျဖစ္ေစပါသလား။
- ေလာက အရာေတြေပၚ ပိုၿပီး ေတာင့္တျခင္းေတြသည္ နိစၥထာဝရေပၚ အာ႐ုံစိုက္ျခင္းမွ မည္သို႔ ကင္းေဝးေစပါသနည္း။
- ေကာင္းကင္ဘုံ၌ ဘ႑ာသိုမွီးဖို႔ဆိုတာ မည္ကဲ့သို႔ျဖစ္သည္လို႔ သင္ထင္ျမင္ပါသနည္း။